• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • “ထူးထူးနဲ့ အံ့ဖွယ်ကျွန်း” ကာတွန်းဇာတ်ကား ဖန်တီးသူ ဒေါက်တာသူရသိန်းတင် ကွယ်လွန်
  • ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွင် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် ၁၂၀၀ ကျော်အထိ ကျူးလွန်ခဲ့
  • လက်နက်ကြီးကျ၍ ပေါက်တောဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရ
  • စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် CRPH နှင့် NUCC ပူးတွဲကြေညာ
  • မြန်မာကို ပံ့ပိုးထားသော တရုတ်၏ ကမ္ဘာ့အကြီးဆုံးအင်တာနက်ဆင်ဆာစနစ်ပေါက်ကြား
  • နယူးယောက်တိုင်းမ်နှင့် ထုတ်ဝေရေးလုပ်ငန်းတို့ကို ဒေါ်လာ ၁၅ ဘီလီယံဖြင့် ထရမ့် တရားစွဲ
  • ဝေါ်လေ စစ်ရှောင်များ ရေဘေးအန္တရာယ် ထပ်ကြုံရ
  • နှစ်လသားကလေးငယ် ခွေးဘီလူးကိုက်၍ သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»ရှမ်းပြည်တပ်မတော် ဒီရေတက်ချိန်နှင့်ကျချိန် (တတိယပိုင်း)
သတင်းဆောင်းပါး

ရှမ်းပြည်တပ်မတော် ဒီရေတက်ချိန်နှင့်ကျချိန် (တတိယပိုင်း)

thanlwinkhetBy thanlwinkhetSeptember 25, 2023No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်
စက်တင်ဘာ ၂၅၊ ၂၀၂၃။

၂၀၁၅ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ရှမ်းနိုင်ငံရေးအပြောင်းအလဲ

နအဖ အစိုးရလက်ထက် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာပဲ ၂၀၀၈ အခြေခံဥပဒေကိုအပြီးသတ်ရေးဆွဲနိုင်ခဲ့ပါ သည်။ ၂၀၁၁ ခုနှစ် မတ်လမှာတော့ ဦးသိန်းစိန်ခေါင်းဆောင်သောစစ်ယူနီဖောင်းချွတ်ဗိုလ်ချုပ်ကြီးများ၏ အရပ်ဘက် -စစ်ဘက်အုပ်ချုပ်ရေးစနစ်သစ်ပေါ်ပေါက်လာခဲ့သည်။ အဆိုပါဖြစ်ရပ်များနှင့်အပြိုင် သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးလုပ်ငန်းစဥ်သစ်တစ်ရပ်ကိုကြေညာခဲ့ပြီး SSPP၊ RCSS ၊ UWSA နှင့်အခြားတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆက်မပြတ်ကျင်းပ ခဲ့သည်။

NCA သည် မရေးဆွဲမီကပင် စိန်ခေါ်မှုပေါင်းများစွာနှင့်ရင်ဆိုင်ခဲ့ရပြီးအချေအတင်ပေါင်းများစွာဖြစ်ပေါ်ခဲ့ကာ အတက်အကျ၊ အပြောင်းအလဲ များခဲ့သည်။တစ်ချိန်တည်းမှာပင် ဦးသိန်းစိန်၏ နောက်ထပ်သမ္မတသက်တမ်း ဆိုသည်ကလည်းမသေချာမရေရာတော့ပါ။ ထို့ကြောင့်လည်း တာဝန်ရှိသူများက ၎င်းတို့သက်တမ်းအတွင်း စာချုပ်အပြီးသတ်လက်မှတ်ရေးထိုးနိုင်ရန် အပူတပြင်းဆောင်ရွက်ခဲ့ကြသည်။

RCSS နှင့်အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ကသာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ရက်တွင် လက်မှတ်ရေးထိုးမည့် NCA တွင် ပါဝင်ရန်ပြင်ဆင်ခဲ့ကြပြီး ကျန် EAO များကတော့ဆုံးဖြတ်ချက်မချမှတ်နိုင်ခြင်းနှင့် မြန်မာစစ်တပ်၏ချန်လှပ်ထားခံရမှုများကြောင့် NCA တွင်ပါဝင်နိုင်ခဲ့ခြင်းမရှိပါ။ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲများ တွင် SSPP ၊ UWSA နှင့် KIO တို့ပါဝင်ခဲ့သော်လည်း NCA တွင် ကျေနပ်မှုမရှိသောကြောင့် ပါဝင်လက်မှတ်ရေးထိုး ခြင်း မရှိခဲ့ပါ။

ဤသို့ဖြင့် ကဏ္ဍသစ်တစ်ရပ်ပေါ်ပေါက်လာခဲ့ပါတော့သည်။ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းနိုင်ငံအတွင်း ပိုပြီးပွင့်လင်းမြင်သာစွာလုပ်ကိုင်နိုင်ဖို့ မြန်မာစစ်တပ်ထံက ခွင့်ပြုလိုင်စင်ရရှိလိမ့်မည်ဟုRCSS ကမျှော်လင့်ထားခဲ့ ပုံပေါ်သည်။ အတိတ်တစ်ချိန်ကတားမြစ်ခံထားရသော RCSS ၏ရုံးခွဲများမြို့ပြနေရာများစွာတွင် အမှန်တကယ် လည်း ဖွင့်လှစ်ခွင့်ရရှိခဲ့ပါသည်။ နိုင်ငံတွင်းရှိရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီများနှင့် စကားပြောခွင့်ရရှိခဲ့သလို အခြားသောနိုင်ငံရေးအဖွဲ့အစည်းများ ၊လူမှုအဖွဲ့အစည်းများထံသွားရောက်ပြီးစကားပြောဆိုခွင့်များ RCSS အနေ ဖြင့်ရရှိခဲ့ပါသည်။ RCSS ကသာ ငြိမ်းချမ်းရေးသဘောတူညီမှုကိုလက်မခံခဲ့ပါက ထိုသို့ပြုလုပ်နိုင်ရန် မဖြစ်နိုင်ပါ။

နောက်ပိုင်းနှစ်များမှာတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က NCAကိုဆက်လက်ဦးဆောင်ခဲ့ သည်။ NLD က အစိုးရတာဝန်ယူပြီးနောက်မှာတော့ဦးသိန်းစိန်ဆောင်ရွက်ခဲ့သော ”ငြိမ်းချမ်းရေးလုပ်ငန်းစဥ်"ကို NLD အစိုးရက”ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ”အဖြစ် ကင်ပွန်းသစ်တပ်ခဲ့ပြီး ငြိမ်းချမ်း‌ရေးသဘောတူညီချက်များ ရယူခဲ့လေသည်။ သို့သော်လည်း SSPP အပါအဝင် အခြား EAO များကို NCAတွင် ပါဝင် လက်မှတ်ရေးထိုးရန် NLD အနေဖြင့် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပါ။ NLDအစိုးရ ဖြစ်နေစဥ်ကာလအတွင်း နောက်ထပ် ၂ ဖွဲ့ ကိုသာ NCA တွင်ပါဝင်ရန်စွမ်းဆောင်နိုင်ခဲ့သည်။ ထို ၂ဖွဲ့မှာ မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ဖြစ်ကြပြီး စုစုပေါင်း ၁၀ဖွဲ့ဖြစ်လာခဲ့သည်။

မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြစဥ်။ (ဓာတ်ပုံ - Twitter)
မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ကြစဥ်။ (ဓာတ်ပုံ – Twitter)

NCA သည်လည်းပဲ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးခေတ်သစ်တစ်ခုကိုယူဆောင်ပေးရန်ပျက်ကွက်ခဲ့ပါသည်။ အထူး အားဖြင့် TNLA၊ MNDAA နှင့် AA တို့ကို မြန်မာစစ်တပ်က NCAကချန်လှပ်ထားခဲ့သဖြင့် အတားအဆီးတစ်ခုဖြစ်ခဲ့ သည်။ တစ်ချိန်တည်းမှာပင်နိုင်ငံတစ်ဝှမ်းလုံးတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများသည်လည်း အဆုံးသတ်သွားခြင်း မရှိခဲ့ပါ။အထူးသဖြင့် ကချင် ၊ ရခိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်ဖြစ်သည်။ ထို့အတူ ၂၀၀၈ဖွဲ့စည်းပုံအခြေ ခံဥပဒေအရကျင်းပမည့် ရွေးကောက်ပွဲကို အကြောင်းပြလမ်းခင်းပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လက်နက်ချရန် မြန်မာစစ်တပ်ကရန်လိုသောသဘောထားဖြင့် စဥ်ဆက်မပြတ်တောင်းဆိုခဲ့ပါသည်။ EAO များကို နယ်ခြားစောင့်တပ်(BGF) အဖြစ်ပြောင်းလဲပစ်ရန်က မြန်မာစစ်တပ်၏ နည်းဗျူဟာအစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အကယ်၍လက်နက်ချဖို့ EAO များက ဆက်လက်ငြင်းဆန်နေမည်ဆိုလျှင်လည်း မြန်မာစစ်တပ်က ဖိအားပေးမှုများအရှိန်မြှင့်လုပ်ဆောင်ရန်ရည်ရွယ်ထားခဲ့သည်။

BGF များအဖြစ်အသွင်ပြောင်းရန် ပစ်မှတ်ထားခံခဲ့ရသော EAO များကြားတွင် SSPP သည်လည်းအပါအဝင်ဖြစ်ခဲ့ပြီး ပြင်းထန်သောဖိအားများကြောင့် အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများပေါ်ပေါက်လာခဲ့သည်။ ပါတီခေါင်းဆောင် ပိုင်းများအကြား ဆွေးနွေးမှုများမအောင်မြင်သောကြောင့်SSPP ၏ တပ်မတော်ဖြစ်သော SSA ၏ တပ်မဟာ ၃ နှင့် ၇ တို့ဒေသခံပြည်သူ့စစ်များအဖြစ်အသွင်ပြောင်းသွားခဲ့ကြပြီး တပ်မဟာ ၁ တစ်ခုတည်းသာ SSPP/SSA ၏မူလဖွဲ့ စည်းပုံအတိုင်း ကျန်နေရစ်ခဲ့တော့သည်။

တစ်ချိန်တည်းမှာပင် သီပေါအခြေစိုက် SSA ၏ စိန်ကျော်တပ်စခန်း နှင့် ကွန်ဟိန်းအခြေစိုက်ကာလိတပ်စခန်းတို့ သည်လည်း ပြည်သူ့စစ်အဖြစ်ပြောင်းလဲသွားခဲ့ပြီး ကျောက်မဲအခြေစိုက်တပ်စခန်းတစ်ခုကိုတော့ ဖျက်သိမ်းခဲ့ရ သည်။ SSPP ၏ဌာနချုပ်ကို ကျေးသီး မြို့နယ်တွင်းရှိဝမ်ဟိုင်းတွင် အမာခံအဖြစ်ထားရှိခဲ့သည်။ SSPP/SSA သည် ၁၉၈၉ ခုနှစ်တွင် မြန်မာစစ်တပ်နှင့်အပစ်အခတ်ရပ်စဲခဲ့သော်ငြား ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းရန် ငြင်းဆန်ခဲ့ သောကြောင့်ဝမ်ဟိုင်းကိုသိမ်းပိုက်နိုင်ရန် မြန်မာစစ်တပ်၏ကြီးမားသောထိုးစစ်များကို ၂၀၁၅ ခုနှစ်တွင် ရင်ဆိုင်ခဲ့ရသည်။ ဖြစ်ပွားခဲ့သောတိုက်ပွဲများ အဆမတန်ပြင်းထန်ခဲ့ကြောင်း SSPP ခေါင်းဆောင်များအမှတ်ရနေတုန်းပင် ဖြစ် ၏။ သို့သော် နောက်ဆုံးတော့လည်း SSPP သည် ၎င်းတို့ဌာနချုပ်ကိုကောင်းမွန်စွာကာကွယ်နိုင်ခဲ့ပါသည်။

 စစ်ရေးပြနေသော SSPP / SSA တပ်သားများ။ (ဓာတ်ပုံ - SSPP Info)
စစ်ရေးပြနေသော SSPP / SSA တပ်သားများ။ (ဓာတ်ပုံ – SSPP Info)

လက်ရှိအချိန်မှာလည်း SSPP အပေါ်တွင် ကြီးမားသောဖိအားများရှိနေဆဲသာဖြစ်၏။နိုင်ငံရေးအပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်နေသကဲ့သို့ SSA ၏တပ်မဟာ ၁ အနေဖြင့်လည်းတစ်ချိန်ကထိန်းချုပ်ထားနိုင်ခဲ့သော ကျယ်ပြန့် သည့်နယ်မြေများတွင် အုပ်ချုပ်ရေး၊ စည်းရုံးရေးနှင့်တပ်အင်အာားဖြန့်ကျက်ချထားနိုင်ရေးတို့အတွက် ကြီးမား သောစိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရလေသည်။ဤနေရာတွင် မှတ်သားစရာအနည်းငယ်ရှိပါသည်။ ထိုအချက်မှာ ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊မူဆယ်နှင့် နမ့်ခမ်းမြို့နယ်များရှိလူငယ်အများအပြားက ထိုင်းနိုင်ငံနယ်စပ်ရှိ RCSSကိုထောက်ပံ့ကူညီရန်အတွက် အာရုံကျလာကြပြီး ရှမ်းပြည်တောင်ပိုင်းသို့သွားရောက်ကာ RCSS တွင်စစ်မှု ထမ်းခဲ့ကြခြင်းဖြစ်သည်။ တိုင်းရင်းသားလူမျိုးစု – နိုင်ငံရေးအရှိန်ကပြောင်းလဲနေပြီလည်းဖြစ်သည်။

NCA လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဖော်ပြပါအချက်အလက်များအားလုံးကဖော်ပြနေသည်မှာတစ်ချိန်က SSNA ထိန်းချုပ်မှုအောက်တွင်ရှိခဲ့သော ရှမ်းပြည်မြောက်ပိုင်းရှိနယ်မြေများကို RCSSခေါင်းဆောင်မှုအောက်သို့ပြောင်းရွှေ့ ရန် တွန်းအားပေးမှုတစ်ခု ဖြစ်လာခဲ့ပုံပေါ်သည်။ တရုတ် -မြန်မာကုန်သွယ်ရေးတွင် စီးပွားရေးကြီးထွားလာနေမှု အလားအလာများနှင့် မန္တလေး -မူဆယ်အမြန်လမ်းတလျှောက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမှုတို့ ကြောင့်တရုတ်နှင့်ဆက်ဆံရေးအရေးကြီးပုံကို MTA လက်နက်ချပြီးနောက်ပိုင်းတွင်မှ RCSS ခေါင်းဆောင်များသဘောပေါက်လာခဲ့သည်။ အဆိုပါနည်းဗျူဟာကို အရှိန်မြှင့်ရန်အတွက် RCSS ခေါင်းဆောင်များက
ယခင် SSNA ထိန်းချုပ်ထားခဲ့သော RCSS ပိုင်နယ်မြေများကို ဝင်ရောက်ထိန်းချုပ်ဖို့ဆုံးဖြတ်ချက်ချခဲ့လေသည်။ အဆိုပါဆုံးဖြတ် ချက်နှင့်ပတ်သက်ပြီး လေ့လာသုံးသပ်သူတချို့ကတော့ရဲတင်းသောလှုပ်ရှားမှုတစ်ခုဖြစ်သည်ဟု ဆိုကြသည်။

နောက်ပိုင်းဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများတော့ရှိပါသည်။ပထမ အဆင့်ဖြစ်သည့် ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းပြည်မြောက်ပိုင်းသို့ RCSS ၏စည်းရုံးရေးနှင့်တပ်များပြောင်းရွှေ့ရေး ကိစ္စရပ်များတွင် SSPP ခေါင်းဆောင်များ၏ သဘောတူညီမှုကိုရယူခဲ့သည်ဟုဆိုသည်။ ကနဦးကာလ RCSS တပ်များဖြန့်ကျက်မှုတွင် RCSS သည် SSPP၏မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော TNLA အပြင် KIO နှင့်ပါကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ထားနိုင်ခဲ့သည်ဟုဆိုသည်။ ယင်းအချက်မှာမှတ်သားဖွယ်ရာပင် ဖြစ် ၏။ အဆိုပါအခြေခံကတဆင့် RCSS တပ်ဖွဲ့များသည်မိုင်းကိုင်မြို့နယ်တွင်တပ်စွဲပြီး ကျောက်မဲ၊ သီပေါနှင့် နမ္မတူ မြို့များအထိ တပ်ဖြန့်လာနိုင်ခဲ့သလိုသီပေါမြို့နယ်အတွင်း အခိုင်အမာတပ်စွဲထားနိုင်ခဲ့သည်။

RCSS/SSA နှင့် SSPP/SSA ခေါင်းဆောင်များ။ (ဓာတ်ပုံ - Twitter)
RCSS/SSA နှင့် SSPP/SSA ခေါင်းဆောင်များ။ (ဓာတ်ပုံ – Twitter)

မည်သို့ပင်ဖြစ်စေကာမူ အဆိုပါပျားရည်ဆမ်းကာလများက တာရှည်မခံခဲ့ပါ။ RCSS နှင့် SSPPတပ်ဖွဲ့များကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး မတူညီသောတပ်ဖွဲ့များကကြားဝင်ညှိနှိုင်းပေးခဲ့ပါသော်လည်း ရှမ်းအဖွဲ့အစည်း ၂ ခု ကခေါင်းဆောင်များအကြား
သဘောတူညီမှုများမရရှိခဲ့ပါ။ တပ်အင်အားဖြန့်ကျက်နေရာချထားမှု၊ လူသစ်စုဆောင်း မှု၊ဒေသအုပ်ချုပ်ရေးတို့နှင့်ပတ်သက်ပြီး မဖြေရှင်းနိုင်သောပြဿနာများကြောင့် အဆိုပါအစပျိုးမှုကတဖြည်း ဖြည်းနှင့် ပြင်းထန်သောအငြင်းပွားမှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေတော့သည်။တင်းမာမှုများ ပိုမိုနက်ရှိုင်းလာ သည်နှင့်အမျှ SSPP အုပ်ချုပ်ရေးခရိုင်အတွင်းကကျေးရွာများရှိအချို့သောအုပ်ချုပ်ရေးမှူးများကို RCSS ကခန့် ထားသောအုပ်ချုပ်ရေးမှူးများဖြင့် အစားထိုးခဲ့သဖြင့်ဒေသခံလူထုအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ပါသည်။ဒေသခံတွေဘက်ကလည်းရှမ်းအဖွဲ့အစည်းများဖြစ်ကြသော SSPP သို့မဟုတ် RCSS ကို ထောက်ခံမည်လား၊ ထောက်ပံ့မည်လားရွေးချယ်ရတော့မည်ဖြစ်သည်။

ဇာတ်သိမ်းပိုင်း ဆက်လက်ဖော်ပြပါမည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleပေးဆပ်ခဲ့ရပြီးသော အသက်၊ဘဝပေါင်း များစွာရဲ့ပျောက်ဆုံးနေဆဲ မျှော်လင့်ချက်
Next Article နမ့်ဖတ်ကာရှိ စစ်ကောင်စီဝင်းအတွင်း တရုတ်အမျိုးသားမိုင်းနင်းမိ
thanlwinkhet
  • Website

Related Posts

စစ်မီးလျှံကြား သုံးကြိမ်မြောက် ဘဝစရသူများ

September 12, 2025

ကိုယ့်ဖဲကိုယ်ဝေပြီး ရွေးကောက်ပွဲကျင်းပဦးမယ်တဲ့လား. . . . . .? အပိုင်း – ၁

August 29, 2025

လူငယ်တွေရဲ့ အနာဂတ် ခရီးကြမ်း

August 5, 2025

Leave A Reply Cancel Reply

Recent Posts

  • “ထူးထူးနဲ့ အံ့ဖွယ်ကျွန်း” ကာတွန်းဇာတ်ကား ဖန်တီးသူ ဒေါက်တာသူရသိန်းတင် ကွယ်လွန်
  • ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွင် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် ၁၂၀၀ ကျော်အထိ ကျူးလွန်ခဲ့
  • လက်နက်ကြီးကျ၍ ပေါက်တောဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရ
  • စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် CRPH နှင့် NUCC ပူးတွဲကြေညာ
  • မြန်မာကို ပံ့ပိုးထားသော တရုတ်၏ ကမ္ဘာ့အကြီးဆုံးအင်တာနက်ဆင်ဆာစနစ်ပေါက်ကြား

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

“ထူးထူးနဲ့ အံ့ဖွယ်ကျွန်း” ကာတွန်းဇာတ်ကား ဖန်တီးသူ ဒေါက်တာသူရသိန်းတင် ကွယ်လွန်

ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွင် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် ၁၂၀၀ ကျော်အထိ ကျူးလွန်ခဲ့

လက်နက်ကြီးကျ၍ ပေါက်တောဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရ

စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် CRPH နှင့် NUCC ပူးတွဲကြေညာ

ယခင်သတင်းများ

  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

“ထူးထူးနဲ့ အံ့ဖွယ်ကျွန်း” ကာတွန်းဇာတ်ကား ဖန်တီးသူ ဒေါက်တာသူရသိန်းတင် ကွယ်လွန်

September 19, 2025

ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွင် စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ် ၁၂၀၀ ကျော်အထိ ကျူးလွန်ခဲ့

September 19, 2025

လက်နက်ကြီးကျ၍ ပေါက်တောဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရ

September 18, 2025

စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် CRPH နှင့် NUCC ပူးတွဲကြေညာ

September 18, 2025

မြန်မာကို ပံ့ပိုးထားသော တရုတ်၏ ကမ္ဘာ့အကြီးဆုံးအင်တာနက်ဆင်ဆာစနစ်ပေါက်ကြား

September 17, 2025

နယူးယောက်တိုင်းမ်နှင့် ထုတ်ဝေရေးလုပ်ငန်းတို့ကို ဒေါ်လာ ၁၅ ဘီလီယံဖြင့် ထရမ့် တရားစွဲ

September 17, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.