• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရွှေကျင်တွင် မင်္ဂလာဆောင် ဗုံးကြဲခံရ သတို့သမီးအပါအဝင် ကလေးငယ်များပါ သေဆုံး
  • မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 
  • မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ
  • မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ
  • NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း
  • ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်
  • ပြည်ပသို့ ထွက်ခွာခွင့် အေအေ ပိတ်ပင်မှုအပေါ် ရခိုင်လူငယ်တွေ ကြိုဆိုသလား
  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»တကြော့ပြန်တော်လှန်ရေးခရီးထဲက စစ်တပ်နည်းပညာကောလိပ်ကျောင်းသား
သတင်းဆောင်းပါး

တကြော့ပြန်တော်လှန်ရေးခရီးထဲက စစ်တပ်နည်းပညာကောလိပ်ကျောင်းသား

thanlwinkhetBy thanlwinkhetSeptember 23, 2023No Comments7 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်၊ အေကေ
စက်တင်ဘာ ၂၃၊ ၂၀၂၃။

“တပ်မတော်နည်းပညာကောလိပ်အရေးအခင်းက မြန်မာနိုင်ငံမှာ ပထမဦးဆုံးနဲ့ နောက်ဆုံးအရေးအခင်းလို့ ပြောလို့ရတယ်”

အသက်လေးဆယ်အရွယ် အမျိုးသားတစ်ဦးက မာန်ပါပါဟန်ဖြင့် ပြန်လည် ပြောပြနေသည်။

ထိုသူမှာ ကိုစိုးဝင်းဆွေ ဖြစ်၏။ သူသည် လွန်ခဲ့သော ၂၀၀၂ ခုနှစ် တပ်မတော်နည်းပညာကောလိပ်တက်ရောက်နေစဥ်တုန်းကလည်း ”ကြွေးကြော်သံ”အမည်ရှိ ကဗျာတစ်ပုဒ်ကို ဆွေး (လာ-ဝမ်း)ကလောင်အမည်ဖြင့် ရေးသားခဲ့သဖြင့် စစ်အာဏာရှင်လက်ထက် ထောင်သွင်း အကျဥ်းချခြင်း ခံခဲ့ရသူဖြစ်သည်။ သူရေးခဲ့သော ကဗျာနှင့်ပတ် သက်ပြီး သူ၏ သဘောထားမှာ

”ကျွန်တော့်ကဗျာအပေါ် သစ္စာပြန်မဖောက်နိုင်ပါဘူး”

 

တောတွင်းတစ်နေရာက ကိုစိုးဝင်းဆွေ။ (ဓာတ်ပုံ - Soe Win Swe's Facebook)
တောတွင်းတစ်နေရာက ကိုစိုးဝင်းဆွေ။ (ဓာတ်ပုံ – Soe Win Swe’s Facebook)

ကိုစိုးဝင်းဆွေသည် လက်ရှိနွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာခဲ့သောတိုင်းနိုင်ငံရေးအစုအဖွဲ့တစ်ခု ဖြစ် သည့် စစ်ကိုင်းဖိုရမ်တွင်လည်း ဦးဆောင်ပါဝင်နေပါသည်။

တပ်မတော်နည်းပညာကောလိပ် အပတ်စဉ် ၃ ကျောင်း သားဟောင်းတစ်ဦးဖြစ်သော သူသည်စစ်တပ်လက်အောက်ခံ တပ်မတော်နည်းပညာကောလိပ်ကျောင်းသားများ ၏ စစ်တပ်ကိုပြန်လည်ပုန်ကန်သူများတွင် ပါဝင်ခဲ့သလို လက်ရှိနွေဦးတော်လှန်ရေးတွင်လည်း စစ်အာဏာရှင်များကိုဆန့်ကျင်နေသူတစ်ဦးပင် ဖြစ်၏။

ကျောင်းသားများ၏ စစ်တပ်ကို ပြန်လည်ပုန်ကန်ခဲ့မှုတွင် ပါဝင်ခဲ့သည့်အတွက်အခြားကျောင်းသားများနှင့်အတူ ကိုစိုးဝင်းဆွေလည်း ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။ ၂၀၀၇ ခုနှစ်တွင်သူ ပြန်လည် လွတ်မြောက်လာသည့်အခါ ဇာတိမြေဖြစ်သည့် မုံရွာသို့ ပြန်လာခဲ့ပြီး ဒေသတွင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီ(PP) သို့ ဝင်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်း၏တိုင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီးနောက် လေး၊ ငါးလအကြာတွင် တိုင်းဥက္ကဋ္ဌရာထူးကို စွန့်လွှတ်ကာပါတီဝင်အဖြစ်ကပါ နုတ်ထွက်သွားခဲ့သည်။

ကိုစိုးဝင်းဆွေသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇၊ ၂၀၁၈ကြားဖြတ်ရွေးကောက်ပွဲများအပါအဝင် ၂၀၂၀ ရွေးကောက်ပွဲတို့တွင်ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ရွေးကောက်ပွဲရလဒ်ကို မကျေနပ်သဖြင့် ၂၀၂၁ စစ်တပ်က အာဏာသိမ်းသည့်အချိန်တွင် သူသည်လည်းအများနည်းတူ အကြမ်းမဖက် ငြိမ်းချမ်းစွာ ချီတက် ဆန္ဒထုတ်ဖော်မှုများ၌ပါဝင်ခဲ့သလိုမုံရွာလူထုသပိတ် တိုက်ပွဲ ဦးဆောင်ကော်မတီတွင် ကော်မတီဝင်တစ်ယောက်အနေဖြင့်လည်းပါဝင်ခဲ့ပါသည်။

၂၀၀၂ ခုနှစ် တပ်မတော်နည်းပညာကောလိပ် တက်ရောက်ခဲ့စဥ်မှာပင် စစ်တပ်ကို ပုန်ကန်ခဲ့ပြီးနောက်ထပ် နှစ်ပေါင်း ၂၀ နီးပါးအကြာတွင်လည်း စစ်အာဏာရှင်များကိုထပ်မံဆန့်ကျင်နေခြင်းနှင့်ပတ်သက် ပြီ ကိုစိုးဝင်းဆွေက “ဒီတစ်ကြိမ်မှာတော့ ပြည်သူအားလုံးက ၈၈ ထက်လည်း သာတယ်။ နောက်တစ်ခုက ကာလရှည်ကြာ ပါဝင်မှုကလည်း သာတယ်။ နောက်တစ်ခုကလက်နက်ကိုင်တော်လှန်ရေးမှာ ပြည်သူ ပါဝင်ထောက်ပံ့မှုကလည်း အများကြီး အားကောင်းတဲ့ ကာလဖြစ်တဲ့အခါကျတော့ ဒီတစ်ချီမှာ အဆုံးသတ်လိုက်ချင်တယ်။နောင်အနာဂတ်မှာတော့ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို လူငယ်တွေအတွက် အမွေထားခဲ့ချင်တယ်” ဟုသူ့ခံယူချက်ကို ပြောသည်။

ငြိမ်းချမ်းစွာ ချီတက်ဆန္ဒထုတ်ဖော်သည့် သပိတ်စစ်ကြောင်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များကအကြမ်းဖက် ဖြိုခွင်းခဲ့သည့်နောက် ဆန္ဒထုတ်ဖော်မှုများ လျော့ကျသွားချိန်တွင် ကိုစိုးဝင်းဆွေသည် ချင်း၊ယောနှင့် စစ်ကိုင်းတိုင်းတခွင် လှည့်လည်ကာ တော်လှန်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးတာဝန်ရှိသူ ကိုစိုးဝင်းဆွေ။ (ဓာတ်ပုံ - Twitter)
စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးတာဝန်ရှိသူ ကိုစိုးဝင်းဆွေ။ (ဓာတ်ပုံ – Twitter)

နိုင်ငံရေးပိုင်းဆောင်ရွက်မှုကို ပိုမိုအားသန်သည့်အတွက် နိုင်ငံရေးနှင့်သက်ဆိုင်သော အလုပ်များကိုလက်ရှိအချိန်တွင် ပိုမိုလုပ်ဆောင်ဖြစ်နေသော်လည်း တပ်ပိုင်းဆိုင်ရာ စုဖွဲ့သည့် ကိစ္စရပ်များကိုလည်းဆောင်ရွက်ပေးနေသည်ဟု ၎င်းက ဆိုသည်။

၂၀၂၃ ခုနှစ် မေ ၃၀ ရက်နှင့် ၃၁ ရက်တွင် ကိုစိုးဝင်းဆွေအပါအဝင် စစ်ကိုင်းတိုင်း မြို့နယ် ၂၈ မြို့နယ်ကအဖွဲ့အစည်းပေါင်း ၁၇၃ ဖွဲ့နှင့် လေ့လာသူ ၃၁ ဦးတို့က စစ်ကိုင်းဖိုရမ်သို့ တက်ရောက်ဆွေးနွေးမှုများလုပ်ဆောင်ခဲ့သည်။ စစ်ကိုင်းဖိုရမ်ပေါ်ပေါက်လာရခြင်းမှာ စစ်ကိုင်းတိုင်း၏တော်လှန်ရေးကိစ္စရပ်များတွင် ကြုံတွေ့နေရသည့် အခက်အခဲ၊ ပြဿနာများနှင့်ပတ်သက်၍ ပြောနိုင်ဆိုနိုင်ဖြစ်မည့် ပလက်ဖောင်း လိုအပ်ချက်ကြောင့် တိုင်းနိုင်ငံရေးစုဖွဲ့မှု လိုအပ်သည်ဟူသောစဉ်းစားချက်များကြောင့်ဖြစ်သည်။

ထိုကဲ့သို့ အစုအဖွဲ့များ ပေါ်ပေါက်လာစေရန်အတွက် စစ်ကိုင်းဖိုရမ်ကဲ့သို့ နိုင်ငံရေးစကားဝိုင်းကို စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကိုစိုးဝင်းဆွေက ပြောသည်။

“နိုင်ငံရေးအစုအဖွဲ့ဆိုတာ ကျွန်တော်တို့ချည်းပဲ လုပ်မရဘူး။ စစ်ကိုင်းတိုင်းထဲမှာ ရှိနေတဲ့တော်လှန်အင်အားစုတွေ တွေ့ဆုံဆွေးနွေးပြီးမှ ထွက်ပေါ်လာတဲ့ ရလဒ်ကနေ ဖော်ဆောင်တာမျိုးဖြစ်သင့်တယ်လို့ စဉ်းစားတဲ့အတွက်ကြောင့် စစ်ကိုင်းတိုင်းထဲမှာ ရှိတဲ့ တော်လှန်အင်အားစုတွေ အားလုံးတွေ့ဆုံဆွေးနွေးနိုင်မယ့် စစ်ကိုင်းဖိုရမ်လို နိုင်ငံရေး စကားဝိုင်း စ,ဖန်တီးခဲ့တာဖြစ်တယ်”ဟု သူကဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်းအတွင်း ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့် ရရှိရေးနှင့် တိုင်းအတွင်း ရှိနေသည့်နိုင်ငံရေး၊ စစ်ရေး အင်အားစုများ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်သည့် အဖွဲ့ တစ်ခု၊ပလက်ဖောင်းတစ်ခု ပေါ်ပေါက်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့်လည်း ဖိုရမ်ကိုဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

တပ်မတော်ကို ဆန့်ကျင်သည့် ကဗျာတစ်ပုဒ်ကြောင့် ထောင်ဒဏ်ကျခံခဲ့ရသူ
******************

”ကြွေးကြော်သံ”

ငါတို့ဘဝ ဆက်နေရလျှင်
သုံးရစ်တင်ကပ် ၊ ဖွတ်တက်တက်မွဲ
စိတ်ဆင်းရဲကာ ၊ သိက္ခာကွာကျ
ဘဝပါဆုံးရတော့မယ်။

ဒါကြောင့်
ငါတို့ဘဝ မနစ်ရအောင်
ကြိုးကာဆောင်လို့ လမ်းရွေးစို့
မိမိကိုယ်သာ ကိုးကွယ်ရာမို့
ငါတို့ရွက်ထမ်း ဘဝတက်လမ်းကို
ပေါင်းစည်း၍သာ လျှောက်ကြစို့။
စုပေါင်းညီညာ လမ်းကြစို့။
ရဲသွေးစိတ်ကိုပြကြစို့. . . . . .
ဆွေး (လာ-ဝမ်း)

စစ်တက္ကသိုလ်များ တည်ရှိသော မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်တွင် ၂၀၀၂ ခုနှစ် မေလ ၃၁ ရက်ကဖြစ်ပွားခဲ့သည့် တပ်မတော်နည်းပညာကောလိပ် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ကိုစိုးဝင်းဆွေပါဝင်ခဲ့သလို စစ်တပ်ကို ပုန်ကန်သည့် ကဗျာတစ်ပုဒ်ကြောင့်ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံခဲ့ရသည်။

တပ်မတော်နည်းပညာကောလိပ်၏ မူလအစမှာ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာကျောင်းဖြစ်ပြီးပထမဆုံး အပတ်စဥ်ကို ၁၉၉၉ ခုနှစ်တွင် ခေါ်ယူခဲ့သည်။ ၂၀၀၀ ခုနှစ်တွင်တော့ကာကွယ်ရေးဝန်ကြီးဌာန၊ စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးကတပ်မတော်နည်းပညာကောလိပ်အမည်ဖြင့် ဒုတိယအပတ်စဥ် သင်တန်းသားများ ခေါ်ယူခဲ့သည်။အဆိုပါကျောင်းကို တည်ထောင်ခဲ့သူမှာ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး တင်လှ ဖြစ်ပြီး ၂၀၀၁ခုနှစ်တွင် ရာထူးက အနားပေးခံခဲ့ရသည်။ အပတ်စဥ် ၄ အထိ ရှိခဲ့သောတပ်မတော်နည်းပညာကောလိပ်၏ သက်တမ်းက ၄ နှစ်ပင် မရှိခဲ့ပါ။

တပ်မတော်နည်းပညာကောလိပ်ကျောင်းနှင့်အတူ တစ်ချိန်တည်း ခေါ်ယူခဲ့သောကျောင်းက တပ်မတော်သူနာပြု တက္ကသိုလ်ဖြစ်သည်။ ဝင်ခွင့်ဖြေဆိုချိန်ကလည်း အချိန်အနည်းငယ်သာခြားသည်။ တချို့ကျောင်းသားများက ဝင်ခွင့်နှစ်ခုစလုံး ဖြေဆိုခဲ့ကြသည်။ ဝင်ခွင့်နှစ်ခုစလုံး အောင်မြင်ခဲ့ကြသောကျောင်းသားများရှိသော်လည်း အများစုက တပ်မတော်နည်းပညာကောလိပ်တက်ရန်သာရွေးချယ်ခဲ့ကြသည်။ အဆိုပါ ကျောင်း ၂ ကျောင်း စလုံးတွင် သတ်မှတ်ထားသော အသက်ကန့်သတ်ချက်ရှိပြီး ၁၆ နှစ်အထက်မှ ၁၉ နှစ်အောက်များ လျှောက်ထားနိုင်သည်။ တက္ကသိုလ်ဝင်တန်းကိုအမှတ်ကောင်းကောင်းဖြင့် အောင်မြင်သော်လည်း အသက် ၁၆ နှစ် ကျော်လွန်သွားသောလူငယ်များအနေဖြင့် တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) ကို မလျှောက်နိုင်တော့သဖြင့်တပ်မတော်နည်းပညာကောလိပ် (Military Technological College – MTC) ကို လျှောက်ခဲ့ကြသည်။

တပ်မတော်နည်းပညာကောလိပ်၏ အပတ်စဉ် ၁ နှင့် ၂ အတွက် ကျောင်းသားဦးရေ ၄၀၀ ကျော်သာခေါ်ယူခဲ့ပြီး အပတ်စဉ် ၃ တွင် ကျောင်းသားဦးရေ ၂၀၀၀ ကျော်ခေါ်ယူခဲ့ကာ အပတ်စဥ် ၄ တွင် ၁၀၀၀ ကျော်ခေါ်ယူခဲ့သည်။ တပ်မတော်နည်းပညာကောလိပ်တွင် ၂ နှစ်ဖြင့် သင်တန်းဆင်းလျှင် A.G.T.I လက်မှတ်နှင့်တပ်ကြပ်ကြီးရာထူးရရှိမည်ဖြစ်ကာ ၂ နှစ်သင်တန်းတွင် အရည်အချင်းပြည့်မီပြီး Qualified ( Q )ဝင်သူများသည် B. Tech ဘွဲ့ကို ၂ နှစ် ဆက်လက် တက်ရောက်နိုင်သည်။ ထပ်မံ၍ Q ဝင်သူများအနေဖြင့် B.E ဘွဲ့အတွက် ၁ နှစ် ထပ်မံ တက်ရောက်ရမည်ဖြစ်သည့်အတွက် စုစုပေါင်း ၅ နှစ် ဖြစ်သည်။

B. Tech ဘွဲ့ဖြင့် သင်တန်းပြီးဆုံးပါက ဒုအရာခံဗိုလ်ရာထူး ရရှိမည်ဖြစ်ပြီး B.E ဘွဲ့ဖြင့်သင်တန်းပြီးဆုံးပါက အရာခံဗိုလ်ရာထူး ရရှိမည်ဟု သင်တန်းခေါ်ယူစဉ်က ထည့်သွင်းကြေညာခဲ့သည်။ သင်တန်းသားခေါ်ယူရာတွင် ထိုသို့ ထည့်သွင်းဖော်ပြခဲ့သော်လည်း

တကယ့်လက်တွေ့မြေပြင်အခြေအနေမှာတော့ ကွာဟချက် အလွန်ကြီးမားခဲ့သည်။

ထိုကိစ္စများနှင့်ပတ်သက်ပြီး ဒုတိယနှစ် တက်ရောက်နေခဲ့သည့် အပတ်စဉ် ၃ ကျောင်းသားကိုစိုးဝင်းဆွေက သူ့စိတ်တွင်း ဖြစ်ပေါ်ခဲ့သော စိတ်ခံစားချက်များနှင့်ပတ်သက်ပြီး ယခုကဲ့သို့ ပြန်လည်ပြောပြသည်။

“၂၀၀၂ ဖြစ်စဉ်က အဓိကကတော့ ကျောင်းသားတွေကို နားလည်ပါးရိုက် လုပ်ပြီးတော့စစ်သားစုဆောင်းရေး လုပ်လိုက်တဲ့ ပုံစံလို့ ခံစားရတယ်”

အရေးအခင်းဖြစ်ချိန်တွင် အပတ်စဉ် ၁ က ကျောင်းသားတချို့ B. Tech ဘွဲ့အတွက် စတုတ္ထနှစ်တွင်တက်ရောက် သင်ကြားနေကြပြီး အပတ်စဉ် ၂ က ကျောင်းသားတချို့သည်လည်း B. Tech ဘွဲ့အတွက် တတိယနှစ်တွင် ပညာသင်ကြားနေချိန် ဖြစ်သည်။ အပတ်စဥ် ၃ က ဒုတိယနှစ်တွင် တက်ရောက်နေကြပြီး အပတ်စဥ် ၄ သည်လည်း Under Training ပြီးဆုံးပြီး စာသင်ခန်းဝင်ရတော့မည့် အချိန်ဖြစ်သည်။

ဆွေး (လာ-ဝမ်း) ကလောင်ဖြင့်ရေးသားခဲ့သော ကိုစိုးဝင်းဆွေ၏ ကြွေးကြော်သံကဗျာ။ (ဓာတ်ပုံ- ပေးပို့)
ဆွေး (လာ-ဝမ်း) ကလောင်ဖြင့်ရေးသားခဲ့သော ကိုစိုးဝင်းဆွေ၏ ကြွေးကြော်သံကဗျာ။ (ဓာတ်ပုံ– ပေးပို့)

စစ်တပ်၏ ဝါဒဖြန့်မှုများအရ တပ်မတော်နည်းပညာကောလိပ်ကျောင်းသားများသည် ၎င်းတို့အားအရာရှိအဆင့် တိုးမြှင့်မပေးသည့်အတွက် ကျောင်းသားများက မကျေနပ်ခဲ့သောကြောင့် တပ်တွင်းပုန်ကန်မှုများ ဖြစ်ပေါ်ခဲ့ရသည် ဟု ပြင်ပတွင် ပြောဆိုမှုများ ရှိနေသော်လည်းကျောင်းသားများ၏ မကျေနပ်ချက်များက ထိုအချက်ကြောင့်တော့ မဟုတ်ချေ။

တပ်မတော်နည်းပညာကောလိပ်ခေါ်စာတွင် A.G.T.I က စကာ B. Tech ၊ B.E အထိ အဆင့်ဆင့်တက်ရောက်နိုင်မည်ဟု ပါရှိသော်လည်း ၂ နှစ်ဖြင့် ကျောင်းဆင်းသွားသည့် ရှေ့စီနီယာများ၏လက်မှတ်များကို လက်မှတ်ရေးထိုးခဲ့သူမှာ ကျောင်းအုပ်ကြီးဖြစ်သူ ဗိုလ်မှူးကြီးအဆင့်ရှိ ဘိုးမောင်ဖြစ်နေသည်။ ကျောင်းအုပ်ကြီးဖြစ်သူ ဗိုလ်မှူးကြီးဘိုးမောင်မှာ သာမန် B.Scဘွဲ့ရထားသူတစ်ယောက်မျှသာ ဖြစ်သည်။ ထို့ကြောင့်လည်း အဆိုပါ A.G.T.I လက်မှတ်ကမည်သည့်နေရာတွင်မျှ အသုံးမဝင်သဖြင့် ပညာရေးအရလည်းအငြင်းပွားဖွယ်တစ်ခု ဖြစ်သည်ဟု ကိုစိုးဝင်းဆွေက ဆိုသည်။

“ကျွန်တော်တို့ ခံစားရတာက ဆယ်တန်းအောင်လက်မှတ်တောင်မှ တက္ကသိုလ်ပါချုပ်တွေကိုယ်တိုင် လက်မှတ်ထိုးပြီး ပေးရတဲ့အခြေ အနေမှာ B. Sc ဘွဲ့ရတစ်ယောက်က အင်ဂျင်နီယာဒီပလိုမာတစ်ခုကိုတာဝန်ခံပြီး ထုတ်ပေးတယ်ဆိုတာက ကျွန်တော်တို့ရမယ့် ဒီပလိုမာသည် ပြောရမယ်ဆိုရင် ပညာရေးအရ အငြင်းပွားဖွယ် ဖြစ်တယ်။ နောက်ဆုံး စစ်တပ်ကနေ အနားယူပြီးတော့ အပြင်မှာလုပ်ကိုင်စားသောက်မယ်ဆိုရင်တောင်မှ ဒီ…. ဒီပလိုမာက တရားဝင်သလား အသုံးဝင်သလားဆိုတာကျွန်တော်တို့မှာ အငြင်းပွားစရာ သံသယဖြစ်ဖွယ်ရာ ဖြစ်တယ်” ဟု သူက ဆိုသည်။

ထိုကဲ့သို့ အခြေအနေများအပြင် ကျောင်းတွင်း အထွေထွေဖိနှိပ်မှုများ ၊ ကျောင်းအုပ်ချုပ်သူ အရာရှိများ၏အကျင့်ပျက်ခြစားမှုများ၊ သင်တန်းသားများအပေါ် ပေးသည့် လစာများကို ပုံစံအမျိုးမျိုးဖြင့်အရာရှိများက ဖြတ်တောက်ကာ သုံးစွဲမှုများ စသည့် အခြေအနေ အကြောင်းတရားများကြောင့် MTCကျောင်းသားများသည် စစ်တပ်ကို ပြန်လည်တော်လှန်ရန် စတင်လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အပတ်စဉ် ၃ ကျောင်းသားအားလုံးဆွေးနွေးတိုင်ပင်ပြီးနောက် အပတ်စဉ် တစ်ခုတည်း မလုပ်ဆောင်ဘဲ စီနီယာများနှင့်ပူးပေါင်းဆောင်ရွက်လျှင် ပိုကောင်းသည်ဟု တိုင်ပင်ခဲ့သည့်အတွက် အပတ်စဉ် ၁ နှင့် ၂ ကစီနီယာများဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့သည်။

ခေါ်စာများ။ (ဓာတ်ပုံ - ပေးပို့)
ခေါ်စာများ။ (ဓာတ်ပုံ – ပေးပို့)

ထို့နောက် MTC ကျောင်းသားများသည် ထိုအကြောင်းအရာများနှင့်ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အကြိမ်ကြိမ် စာပို့ခဲ့သည်။ သို့သော် MTC ကျောင်းသားများ၏ ပေးပို့စာနှင့် ပတ်သက်၍ ဦးသန်းရွှေက အကြောင်းပြန်ခြင်း မပြုခဲ့ပေ။ ထို့ကြောင့် MTC ကျောင်းသားများသည် “တန်းမစီဘူး၊ ကျောင်းလှုပ်ရှားမှုတွေမှာ မပါဝင်ဘူး” စသည့်အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုများ တစ်လလုပ်ဆောင်ရန် တိုင်ပင်ခဲ့ကြသည်။

ထိုကိစ္စများနှင့်ပတ်သက်ပြီး ကိုစိုးဝင်းဆွေက “ကျောင်းသားတွေရဲ့ အထွေထွေနစ်နာချက်တွေကို ဦးသန်းရွှေဆီ စာတင်တယ်။ စာတင်တဲ့အခါမှာ ကျောင်းမတက်ဘူး။ တန်းမစီဘူး။ကျောင်းလှုပ်ရှားမှုတွေမှာ ဘာမှ မလုပ်ဘူး။ ရပ်ဆိုင်းတယ် ဆိုတဲ့ CDM ၁ လ လုပ်မယ်ဆိုပြီး စခဲ့တယ်။ CDM လှုပ်ရှားမှုသည် ၂၀၀၂ ထဲက ကျွန်တော်တို့လုပ်ဆောင်ခဲ့တဲ့ ကိစ္စတွေဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ စစ်သားပဲဖြစ်ဖြစ်၊ အရပ်သားပဲဖြစ်ဖြစ် အခွင့်အရေးချိုးဖောက်ခံရတဲ့ ကိစ္စတွေ၊ သတ်မှတ်ခေါ်စာနဲ့ မကိုက်ညီတဲ့ကိစ္စတွေအတွက် ကျွန်တော်တို့မှာ တောင်းဆိုပိုင်ခွင့် ရှိတယ်။ ပြောပိုင်ခွင့်ရှိတယ်လို့ မြင်တယ်။ ဒီလှုပ်ရှားမှုအပေါ်မှာ ကျွန်တော်ဆိုလည်း ကဗျာတစ်ပုဒ် ရေးတဲ့အတွက် ထောင် ၇ နှစ် ကျခံခဲ့ရတယ်။ ကျွန်တော့်ကဗျာထဲက စကားလုံး တစ်လုံးတိုင်းတစ်လုံးတိုင်းက အချိန် ၂ လလောက်နဲ့ ညီမျှတဲ့ ပေးဆပ်မှုနဲ့ ပေးဆပ်ခဲ့ရတယ်။ ပြစ်မှု ပြစ်ဒဏ် မျှတတယ်လို့ မထင်ဘူး’‘ဟု ပြောသည်။

၂၀၀၂ ခုနှစ် မေလ ၃၁ ရက် မနက်ပိုင်းတွင် စာသင်ခန်းဝင်ရန်အတွက် ကျောင်းသားများတန်းပေါင်းစီကွင်းသို့ သွားရောက်ခဲ့ကြသည်။ တန်းစီချိန်တွင် ကျောင်းအုပ်ကြီးဖြစ်သူ ဗိုလ်မှူးကြီးဘိုးမောင် ရောက်လာခဲ့ပြီး စစ်စည်းကမ်းနှင့်ပတ်သက်၍ ကျောင်းသားများအား သတိပေးစကားများပြောကြားခဲ့သည်။ ထို့နောက်တွင်တော့ စာသင်ခန်းပေးမဝင်တော့ဘဲ လေ့ကျင့်ရေးအရာရှိများနှင့်အခြားအဆင့်စစ်သည်များက ကျောင်းသားများအား စစ်ဆေးရေးလုပ်ငန်းစတင်လေတော့သည်။ စစ်တပ်ကို တော်လှန်ရန်ကြံစည်သည်ဟု ယူဆသူများကိုလည်း ဖမ်းဆီးပြီး ဗဟိုကင်းအချုပ်ခန်းကိုပို့ဆောင်ခဲ့သည်။ ကိုစိုးဝင်းဆွေ သည်လည်း သူရေးသားသော “ကြွေးကြော်သံ” ကဗျာကြောင့်အခြားကျောင်းသားများနှင့်အတူ ဖမ်းဆီးခံခဲ့ရသည်။

“ကြွေးကြော်သံဆိုတဲ့ လက်ရှိကျောင်းအခြေအနေနဲ့ပတ်သက်လို့ ကျောင်းသားတွေကို လှုံ့ဆော်တဲ့ ကဗျာရေးခဲ့တယ်။ ကျွန်တော့်ကဗျာက Academic အိတ်လို့ ခေါ်တဲ့ အိတ်ထဲမှာ အစောင် သုံးလေးဆယ်လောက် ကူးထားတာ ရှိတယ်။ ရုတ်တရက် စစ်ဆေးတဲ့ အချိန်မှာတော့ ကျွန်တော့်လွယ်အိတ်ထဲက ကဗျာတွေ မိသွားတယ်။ ကျွန်တော် အဲဒါနဲ့ပဲ ဖမ်းဆီးခံရတယ်” ဟုကိုစိုးဝင်းဆွေက ပြောသည်။

ဖမ်းဆီးမခံရသည့် အခြားကျောင်းသားများကိုလည်း စာသင်ခန်းပေးမဝင်တော့ဘဲ တန်းပေါင်းစီကွင်းတွင် တစ်နေကုန် နေပူထဲထိုင်ခိုင်းထားခဲ့သည်။ ညနေပိုင်းမှာတော့ အပတ်စဉ် ၁ ကျောင်းသားများကို ဒါဘာဆောင်ထဲထည့်ပြီး အပတ်စဉ် ၃ နှင့် ၄ ကျောင်းသားများကို တွင်ရုံကြီးတွင်းသို့ စုပေါင်းထည့်ထားခဲ့သည်။ အပတ်စဥ် ၂ ကျောင်းသားများကတော့ ဗျူဟာဝင်နေချိန်ဖြစ်သဖြင့် ကျောင်းတွင် မရှိဘဲ တောထဲရောက်နေကြသည်။

သိပ်မကြာခင် တွင်ရုံကြီးအတွင်းကကျောင်းသားများ ဆူပူဆန္ဒပြသဖြင့် သော့ခတ်ထားသည့်တွင်ရုံတံခါးကို လာရောက်ဖွင့်ပေးခဲ့သည်။ ကျောင်းသားများ အပြင်ရောက်သွားချိန်မှာတော့ တွင်ရုံကြီးအပြင်ဘက်တွင် လက်နက်ကိုင်အစောင့်အရှောက်များ ဝန်းရံထားသော ကျောင်းအုပ်ကြီးကိုတွေ့လိုက်ရတော့သည်။

အပတ်စဥ် ၃ နှင့် ၄ ကျောင်းသားများစုပေါင်းပြီး တန်းပေါင်းစီကွင်းဘက်သို့ ပြန်လာချိန်တွင် ပြင်ဦးလွင်တပ်နယ်မှူး ရောက်ရှိလာခဲ့သည်။ ကျောင်းသားများက မနက်ခင်းပိုင်းကဖမ်းဆီးပြီး ဗဟိုကင်းတွင်ချုပ်နှောင်ထားသည့် ကျောင်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုသည့်အခါ တပ်နယ်မှူးအမိန့်ဖြင့်ဖမ်းဆီးထားသည့် ကျောင်းသားများအားလုံးကို ပြန်လွှတ်ပေးခဲ့သည်။ ဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် ကျော်ဝင် းလာရောက်သည့်အခါ တင်ပြတောင်းဆိုရန် တပ်နယ်မှူးက ပြောကြားခဲ့သည်။

နောက်ရက် ဇွန်လ ၁ ရက် နေ့လယ်ပိုင်းတွင်လည်း အခြေအနေများမှာ ရှုပ်ထွေးနေသည့်အတွက် MTCကျောင်းသားများ တန်းပေါင်းစီကွင်းကို ထပ်မံသွားရောက်ခဲ့ကြသည်။ တန်းပေါင်းစီကွင်းအရှေ့သို့ ကျောင်းသားများရောက်သည့်အခါ ဗိုလ်ချုပ် ကျော်ဝင်း ရောက်ရှိလာပြီး သတင်းစာတွင်ခေါ်ထားသည့်ခေါ်စာအတိုင်းပဲ ဖြစ်ရမည်ဟုပြောဆိုခဲ့သည်။ မနက်ဖြန်တွင် တန်းပေါင်းစီကွင်းကို ယခုကဲ့သို့
ဗရုတ်သုတ်ခပုံစံမျိုးဖြင့်မလာဘဲ စစ်သားပုံစံဖြင့်သာ စနစ်တကျလာရန်မှာကြားသဖြင့် ကျောင်းသားများအားလုံးလည်း အဆောင်အသီးသီးကို ပြန်ခဲ့ကြတော့သည်။

နောက်ရက်တွင် ကျောင်းသားများသည် စစ်ပုံစံတကျဖြင့် တန်းပေါင်းစီကွင်းကို သွားရောက်ခဲ့ပြီး ဗိုလ်ချုပ် ကျော်ဝင်းက မိန့်ခွန်းပြောကြားကာ ကျောင်းသားများအားလုံးကို အိမ်ပြန်ခွင့်ပြုခဲ့သည်။ ထို့နောက် တပ်ခွဲအလိုက် ၁၅၊ ၂၀ ယောက်ဝန်းကျင် လူခွဲကာ အသုတ်လိုက်၊ အသုတ်လိုက်ကျောင်းသားများကို မန္တလေးသို့ ပို့ဆောင်ပေးခဲ့သည်။ ထိုသို့ အခြားကျောင်းသားများကိုပို့ဆောင်ပေးနေချိန်တွင် တစ်ဘက်မှာလည်း ဆူပူမှုကို ဦးဆောင်ခဲ့သူများဟု စစ်တပ်ကယူဆသူများ၊ ကျောင်းသားတပ်ခွဲမှူး၊ တပ်ရင်းမှူးများကို လူမသိ သူမသိ စစ်တပ်က ဖမ်းဆီးချုပ်နှောင်ခဲ့သဖြင့်ကိုစိုးဝင်းဆွေ အပါအဝင် ၄၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

တပ်မတော်နည်းပညာကောလိပ်နှင့်ပတ်သက်ပြီး ထွက်ရှိခဲ့သောစာအုပ်များ။ (ဓာတ်ပုံ - Twitter)
တပ်မတော်နည်းပညာကောလိပ်နှင့်ပတ်သက်ပြီး ထွက်ရှိခဲ့သောစာအုပ်များ။ (ဓာတ်ပုံ – Twitter)

ဖမ်းဆီးခံလိုက်ရသောကျောင်းသားများအား စစ်ကြောရေး၌စစ်ဆေးနေချိန်တွင် တပ်မတော် အက်ဥပဒေ ပုဒ်မ ၃၆ အာဏာဖီဆန်မှု၊ သေဒဏ်ပုဒ်မများဖြင့် တရားစွဲခဲ့ပြီးနောက်ပိုင်း ပြင်ဆင်ချက်ဝင်ပြီးနောက် ဖမ်းဆီးခံကျောင်းသားများအားလုံးကို ထောင်ဒဏ် ၅ နှစ်၊ ၇ နှစ် အသီးသီး ချမှတ်ခဲ့သည်။ ဖမ်းဆီးချိန်ကစပြီး ထောင်ဒဏ်ချမှတ်ခံရသည့်အချိန်အထိ အမှုနှင့်ပတ်သက်ပြီးကျောင်းသားများဘက်က ခုခံချေပခွင့်မရရှိခဲ့ဟု ကိုစိုးဝင်းဆွေက ပြောသည်။

“ကျွန်တော်တို့ ဖြစ်စဉ်မှာ အမှုရင်ဆိုင်ခဲ့ရတယ်ဆိုတာ မရှိဘူး။ စစ်ဆေးတယ်။ ကိုယ့်ကိုယ်ကိုထောင်ကျလို့ ကျမှန်းတောင် မသိခဲ့ရဘူး။ ကျွန်တော်တို့ကို အချုပ်ကားကြီးနဲ့ ထောင်ဘူးဝကိုခေါ်သွားတယ်။ ထောင်ဘူးဝကျမှ တစ်ယောက်ချင်းဆင်းပြီးတော့ နာမည် ဖတ်ပြပြီးတော့ မင်းကတော့ဘယ်နှနှစ် ကျတယ်ဆိုတာမျိုး ပြောခဲ့တာ။ ကြက်ကလေး၊ ငှက်ကလေးတွေလိုမျိုး စီရင်ခံခဲ့ရတဲ့ ကိစ္စတွေရှိတယ်”ဟု သူက ဆိုသည်။

ပြစ်ဒဏ်ချမှတ်ပြီးနောက် ကျောင်းသားများကို ၄ ယောက် တစ်သုတ်ခွဲကာ ဇာတိမြေနှင့် ဝေးကွာသည့်အကျဉ်းထောင်များသို့ စစ်တပ်က ပို့ဆောင်ခဲ့သည်။

အဆိုပါ တပ်မတော်နည်းပညာကောလိပ်၏ တပ်တွင်းပုန်ကန်မှုဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်နည်းပညာကောလိပ်ကို စစ်တပ်က ပိတ်သိမ်းခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါကျောင်းနေရာ၌ ရုရှားပညာတော်သင် သွားရောက်မည့်သူများနှင့် မဟာတန်းတက်ရောက်မည့် DSA ကျောင်းဆင်းများအတွက် စစ်တက္ကသိုလ် စာပေ ၂ အဖြစ် ဖွင့်လှစ်ထားသည်။

တပ်မတော်နည်းပညာကောလိပ် – MTC ကို စစ်တပ်က ဖျက်သိမ်းလိုက်သော်လည်း ယင်းအစားတပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ – MCT အဖြစ် နာမည်ပြောင်းလဲကာပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ဟိုပုံးမြို့တွင် ပြောင်းလဲဖွင့်လှစ်ထားခဲ့သည်။ ၂ နှစ်တက်ရောက်ရမည့် အဆိုပါစစ်သင်တန်း၏ သင်တန်းဆင်းရာထူးမှာ တပ်ကြပ်ကြီးစာရေးမျှသာဖြစ်သည်။

ထောင်ဒဏ်များ ချမှတ်ခံရပြီး ပြန်လည်လွတ်မြောက်လာသူများရော ကျန်သည့်တပ်မတော်နည်းပညာကောလိပ် ကျောင်းသားအများစုအနေဖြင့်ပါ စစ်တပ်သည် မိမိတို့ MTCကျောင်းသားများအပေါ်တွင်သာမက နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူများအပေါ် နိုင့်ထက်စီးနင်းမှုများကျူးလွန်နေသည်ကို သိရှိခဲ့ကြသည်။ ထို့ကြောင့်လည်း ၂၀၀၂ ခုနှစ်က စတင်ခဲ့သောဇာတ်လမ်းက နှစ်ပေါင်း ၂၀ ကျော် ကြာသွားပြီဖြစ်သော်လည်း မပြီးဆုံးသေးသည့်အတွက် စစ်အာဏာရှင်များကို MTC ကျောင်းသားများက တကြော့ပြန် တော်လှန်လျက်ရှိနေသည်။

 

တောတွင်းတစ်နေရာက ကိုစိုးဝင်းဆွေ။ (ဓာတ်ပုံ - Soe Win Swe's Facebook)
တောတွင်းတစ်နေရာက ကိုစိုးဝင်းဆွေ။ (ဓာတ်ပုံ – Soe Win Swe’s Facebook)

ယခုနွေဦးတော်လှန်ရေးတွင် MTC က ပထမဆုံး အသက်ပေးသွားခဲ့သူမှာ မုံရွာမြို့က ကိုချစ်စမ်းအောင်ဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်တွင် မုံရွာမြို့၊ ဘုရားနီအနီး၌ စစ်တပ်၏ ပစ်ခတ်ဖြိုခွင်းမှုခံခဲ့ရကာ မတ်လ ၁၁ ရက်တွင် ကျဆုံးခဲ့သည်။ အခြားသော MTC ကျောင်းသားများ၏ နွေဦးတော်လှန်ရေးအတွင်းသေဆုံးမှုများနှင့် ထောင်သွင်းအကျဥ်းချခံရမှုများ ရှိနေသော်လည်းမိသားစုလုံခြုံရေးအခြေအနေများကြောင့် ကျောင်းသားဟောင်းများက ထုတ်ပြန်ကြေညာသည်မျိုးမရှိပေ။

၂၀၂၁ ခုနှစ် မတ်လ ၃ ရက်တွင် မုံရွာမြို့ ၊ ဘုရားနီအနီး၌ စစ်တပ်၏ပစ်ခတ်ဖြိုခွင်းမှုခံခဲ့ရပြီးမတ်လ ၁၁ ရက် တွင် ကျဆုံးခဲ့သော ကိုချစ်စမ်းအောင်။
၂၀၂၁ ခုနှစ် မတ်လ ၃ ရက်တွင် မုံရွာမြို့ ၊ ဘုရားနီအနီး၌ စစ်တပ်၏ပစ်ခတ်ဖြိုခွင်းမှုခံခဲ့ရပြီး
မတ်လ ၁၁ ရက် တွင် ကျဆုံးခဲ့သော ကိုချစ်စမ်းအောင်။

တကြော့ပြန်တော်လှန်နေသည့် လက်ရှိအချိန်နှင့် ယခင်တော်လှန်ခဲ့သည့် အချိန်ကြား ခံစားရသည့်ခံစားချက်များကို ကိုစိုးဝင်းဆွေ က ယခုကဲ့သို့ ပြန်လည်ပြောသည်။

“၂၀၀၂ တုန်းက ငယ်ရွယ်တယ်။ အတွေ့အကြုံလည်း နုနယ်သေးတဲ့ အချိန်ဖြစ်တဲ့အတွက်ခံစားချက်ကိုပဲ ကိုင်စွဲပြီးတော့ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တာဖြစ်တယ်။ ဒီ ၂၀၂၁နွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့က ခံစားချက်နဲ့ ပါဝင်တာ မဟုတ်တော့ဘဲနဲ့ ခံယူချက်နဲ့ပါဝင်လာတာဖြစ်ပါတယ်”

စစ်အာဏာရှင်ကို တကြော့ပြန်တော်လှန်ခဲ့သူ တစ်ယောက်ထံ၌ တော်လှန်ရေးမပြီးသေးခင်နှင့်ပြီးဆုံးသည့်ကာလများတွင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် ရည်မှန်းချက်တချို့လည်းရှိနေပါသည်။ ယင်းမှာ တော်လှန်ရေးကာလအတွင်း ကြုံတွေ့ခဲ့ရသည့် ကိစ္စရပ်များ၊ တော်လှန်ရေးအပြီးကြုံတွေ့လာနိုင်သည့် ကိစ္စရပ်များနှင့်ပတ်သက်ပြီး စာများရေးသားရန်ပင်ဖြစ်သည်။

ကိုစိုးဝင်းဆွေက “တော်လှန်ရေးအပြီး ကျွန်တော်တို့ နိုင်ငံမှာလည်းပဲ တော်လှန်ရေးကာလထက်မလျော့သော ပြဿနာတွေ ရင်ဆိုင်ရဦးမှာဖြစ်ပြီး အစစအရာရာ အာဏာစီမံခန့်ခွဲရေးကိစ္စတွေ ရှိတယ်။နောက်တစ်ခါ လက်နက်တွေကို ဘယ်လိုဖြုတ်သိမ်းမလဲ။ လက်နက်မဲ့လူ့အဖွဲ့အစည်းပြန်ဖြစ်အောင်ပြဿနာတွေကို လက်နက်နဲ့ မဖြေရှင်းဘဲနဲ့ ဥပဒေတွေနဲ့ ပြန်ဖြေရှင်းတဲ့ ဓလေ့တွေ ပြန်ထွန်းကားအောင်ကတော်လှန်ရေးနဲ့ ထပ်တူ ပိုကြီးမားတဲ့ စိန်ခေါ်မှုတွေ ကျွန်တော်တို့ နိုင်ငံမှာ ကြုံရဦးမယ်။ ဆိုတော့ဆိုးဆိုးဝါးဝါးကြမ်းကြမ်းတမ်းတမ်းတွေ ဖြတ်သန်းရဦးမယ်ဆိုတော့ ကျွန်တော်ကတော့ဒီဟာတွေနဲ့ပတ်သက်လို့ ဘယ်လိုကိစ္စတွေ ဘယ်လို ဆောင်ရွက်သင့်တယ်ဆိုတဲ့ အကြံပြုချက်တွေပေါ့။ဒါမျိုးတွေကို စာရေးမယ်။ လောလောဆယ်တော့ ဒီလို စဉ်းစားထားတာပဲ ရှိတယ်”အနာဂတ်ကိုမျှော်မှန်းရင်း သူက ဆိုသည်။

မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် ၇ ဇူလိုင်၊ ၁၉၈၈၊ ၂၀၁၅ ခုနှစ် မတ် ၁၀ ရက်စသည့်အရပ်သားကျောင်းသား လှုပ်ရှားမှုများ ရှိခဲ့သော်လည်းစစ်တပ်ကဖွင့်လှစ်ထားသောကျောင်းများတွင်တော့ တပ်မတော်နည်းပညာကောလိပ်ကျောင်းသားများလှုပ်ရှားမှုသည် စစ်တပ်သမိုင်းတွင် လက်ရှိအချိန်ထိ ပထမဦးဆုံးနှင့် နောက်ဆုံး လှုပ်ရှားမှုဟုပင်ဆိုနိုင်သည်။

စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည့် တပ်မတော်နည်းပညာကောလိပ် ကျောင်း သားဟောင်းများ သပိတ်စစ်ကြောင်း။ (ဓာတ်ပုံ - ပေးပို့)
စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့သည့် တပ်မတော်
နည်းပညာကောလိပ် ကျောင်းသားဟောင်းများ သပိတ်စစ်ကြောင်း။ (ဓာတ်ပုံ – ပေးပို့)

အဆိုပါကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး လက်ရှိ ၂၁ ရာစု နွေဦးတော်လှန်ရေးတွင်လည်းအာဏာရှင်ဆန့်ကျင် ရေးလုပ်ငန်းများတွင် ပါဝင်နေသည့် ကိုစိုးဝင်းဆွေ၏ တော်လှန်ရေးအပေါ်ထားရှိသည့် စိတ်ဓာတ်မှာလည်း ခိုင်မြဲလျက်ရှိနေသည်။

”၂၀၀၂ ခုနှစ်မှာ ဆောင်ရွက်ခဲ့တဲ့ ကျွန်တော်တို့ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ မှားတယ်လို့ ဘယ်တော့မှမခံယူဘူး။ ဒီနေ့အချိန်အထိ နောင်တရတယ်ဆိုတာ လုံးဝ မရှိဘူး။ ပြောရမယ်ဆိုရင်စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှု များစွာထဲက ဖြစ်ရပ်တစ်ခုအနေနဲ့ မှတ်တမ်းဝင်သွားတယ်။ ဒီလိုပဲခံယူပါတယ်”

Federalism အကြောင်းဆွေးနွေးပြောကြားနေသော ကိုစိုးဝင်းဆွေ။ (ဓာတ်ပုံ - Soe Win Swe's Facebook)

Federalism အကြောင်းဆွေးနွေးပြောကြားနေသော ကိုစိုးဝင်းဆွေ။ (ဓာတ်ပုံ – Soe Win Swe’s
Facebook)

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမဲဆောက်မှာ “ထမင်းတစ်နပ် ၁၅ ဘတ်”လိုအပ်သူတွေပိုများလာ
Next Article ပြည်သူများကိုကယ်ထုတ်ပေးနေရင်း ကာကွယ်ရေးရဲဘော် ၂၂ ဦးကျဆုံး
thanlwinkhet
  • Website

Related Posts

မူးယစ်ဆေးဝါးနဲ့ ပိုယဉ်ပါးလာတဲ့ မြို့

April 28, 2025

ပဋိပက္ခကြားက ကလေးတွေရဲ့ ပညာရေး ခရီးကြမ်း

April 27, 2025

ငလျင်က မြန်မာ့ပြည်တွင်းစစ်ရဲ့ဟန်ချက်ကို ပြောင်းလဲနိုင်သလား

April 24, 2025

Leave A Reply Cancel Reply

Recent Posts

  • ရွှေကျင်တွင် မင်္ဂလာဆောင် ဗုံးကြဲခံရ သတို့သမီးအပါအဝင် ကလေးငယ်များပါ သေဆုံး
  • မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 
  • မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ
  • မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ
  • NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရွှေကျင်တွင် မင်္ဂလာဆောင် ဗုံးကြဲခံရ သတို့သမီးအပါအဝင် ကလေးငယ်များပါ သေဆုံး

မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 

မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ

မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရွှေကျင်တွင် မင်္ဂလာဆောင် ဗုံးကြဲခံရ သတို့သမီးအပါအဝင် ကလေးငယ်များပါ သေဆုံး

May 25, 2025

မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 

May 24, 2025

မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ

May 24, 2025

မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ

May 24, 2025

NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း

May 24, 2025

ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်

May 24, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.