• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ငလျင် အပျက်အစီးနှင့် အကျပ်အတည်းများကြား ရုန်းထွက်နေရဆဲ ပြည်သူများ
  • နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ
  • ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး
  • တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း
  • ထိုင်းတွင် စက်သုံးဆီထောက်ပံ့ကြေး လျှော့ချ၊ တစ်လီတာ ၆ ဘတ်နှုန်း စျေးခုန်တက်
  • အီရန်က ထရမ့်၏ အပစ်ရပ်ရေး အစီစဉ်ကို ပယ်ချ၊ အခြေအနေ ၅ ရပ် တောင်းဆို
  • တော်လှန်ရေးခရီးလမ်းမှ အာဇာနည်အိုးသူကြီး မာမီရွှေမန်း (ခ) မစန္ဒာ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»မဲဆောက်မှာ “ထမင်းတစ်နပ် ၁၅ ဘတ်”လိုအပ်သူတွေပိုများလာ
နေ့စဉ်သတင်း

မဲဆောက်မှာ “ထမင်းတစ်နပ် ၁၅ ဘတ်”လိုအပ်သူတွေပိုများလာ

thanlwinkhetBy thanlwinkhetSeptember 20, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သံလွင်ခက်
စက်တင်ဘာ ၂၀ ၊ ၂၀၂၃ ။

ထိုင်း-ကရင်နယ်စပ်ကို နိုင်ငံရေးအရ လာရောက်ခိုလှုံနေကြသူတွေဟာ တော်လှန်ရေးကာလကြာလာတာနဲ့အမျှ စားဝတ်နေရေး အဆင်မပြေမှုအခက်အခဲတွေနဲ့ အကြီးမားဆုံးရင်ဆိုင်နေကြရပါတယ်။

နေ့စဥ်ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေနဲ့ အဆင်မပြေမှုတွေကြောင့် စိတ်ဓာတ်ကျဆင်းနေကြတာ၊ စိတ်ကျန်းမာရေး သိသိသာသာထိခိုက်လာနေတာတွေအပြင် ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်တာတွေအထိ ရှိလာနေပါတယ်။


ဒါကြောင့် CDM တွေအပါအဝင် နယ်စပ်ကိုနိုင်ငံရေးအရ လာရောက်ခိုလှုံသူတွေရဲ့ စားသောက်ရေးအခက်အခဲတွေ ကို အတိုင်းအတာတစ်ခုထိ ဖြေရှင်းပေးနိုင်ဖို့ ” ထမင်းတစ်နပ် ၁၅ ဘတ်” အစီအစဥ်ကို ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယ အပတ်ထဲမှာပဲ စတင်ခဲ့ကြပါတယ်။

အမေရိကရောက် ၈၈ မျိုးဆက်တွေရဲ့ မ,တည်ပေးမှုနဲ့ ဗကသ ကျောင်းသားဟောင်းတွေဦးဆောင်ပြီး ထမင်းတစ်နပ်စာအတွက် ၁၅ ဘတ်နဲ့ အိမ်တိုင်ရာရောက် လိုက်လံရောင်းချပေးနေပါတယ်။

အစပိုင်းမှာ လူဦးရေ ၂၀၀ ၊ ၃၀၀ အတွက်သာ ပို့ဆောင်ပေးနေရပေမယ့် နောက်ပိုင်းမှာတော့ လိုအပ်ချက်တွေများလာတာမို့ ၅၀၀ လောက်အထိဖြစ်လာပြီး တခါတလေ လူဦးရေ ၈၀၀ လောက်အထိ စီစဥ်ပေးနေရတယ်လို့ ပါဝင်သူတစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ် က ပြောပါတယ်။

လက်ရှိမှာ ” ထမင်းတစ်နပ် ၁၅ ဘတ်” အစီအစဥ်ကို တစ်ပတ်မှာ တနင်္လာ နဲ့ ကြာသပတေး ၂ ရက်ထဲသာ ပို့ဆောင်ပေးနိုင်ပြီး လိုအပ်ချက်တွေများလာတဲ့ အခြေအနေတွေကြောင့် ထပ်တိုးပြီးပို့ဆောင်ပေးနိုင်အောင် ဘာသာပေါင်းစုံကွန်ရက်ကလည်း ပူးပေါင်းပါဝင်လာတာတွေ့ရပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂၀ ရက်မှာ ဘာသာပေါင်းစုံကွန်ရက်နဲ့ “ထမင်းတစ်နပ် ၁၅ ဘတ်” အစီအစဥ်တို့ရဲ့ မိတ်ဆက်တွေ့ဆုံပွဲကို ပြုလုပ်ခဲ့ပြီး လိုအပ်သူတွေကို ပိုပြီးကူညီနိုင်အောင် ကြိုးစားသွားမယ်လို့ ဘာသာပေါင်းစုံကွန်ရက်က တာဝန်ရှိသူ ဦးထွန်းကြည် က ပြောပါတယ်။

” ကျွန်တော်တို့ မဲဆောက်မှာက နိုင်ငံရေးအရ လာခိုလှုံလာတဲ့သူတွေက အခက်အခဲအကျပ်အတည်းစိန်ခေါ်မှုတွေနဲ့ရင်ဆိုင် ကြုံတွေ့နေရတယ်။ အဲ့အထဲမှာ စိတ်ပိုင်းဆိုင်ရာ Trauma (စိတ်ဒဏ်ရာ)ရထားသူတွေလည်း ပါတယ်ပေါ့နော်။ အခုဆိုရင် ဗူးပလုံးကောက်နေရတဲ့သူတွေ ၊ ပြောင်းဖူးချိုးနေရတဲ့သူတွေ ၊ နောက်တစ်ခု ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ပန်းရန်လုပ်နေရတဲ့သူတွေ၊ ဂေါ်ဖီထုပ်ပေါ့ဗျာ ခုတ်နေရတဲ့သူတွေ၊ အဲ့လိုမျိုး အောက်ခြေသိမ်းအလုပ်မျိုး လိုက်လုပ်နေရတဲ့ အခြေအနေမျိုးမှာ ကျွန်တော်တို့က တစ်ထောင့်တစ်နေရာကနေ “ထမင်းတစ်နပ် ၁၅ ဘတ်” လေးကို ပိုတိုးချဲ့ပြီးလုပ်နိုင်ဖို့ ဒီနေ့ပွဲကို ကျင်းပရတာဖြစ်ပါတယ် “လို့ ပြောပါတယ်။

စားသောက်ရေးအတွက် လိုအပ်နေသူတွေကို ပိုပြီးထောက်ပံ့နိုင်ဖို့ ဒီကနေ့ တွေ့ဆုံပွဲမှာ အလှူငွေတွေလည်း ရရှိခဲ့ပြီး ဘာသာပေါင်းစုံကွန်ရက်က ဘတ် ၅၀၀၀ ၊ နွေဦးတော်လှန်ရေးသံဃာကွန်ရက်က ဘတ် ၅၀၀၀ ၊ ခရစ်ယာန်ကွန်မြူနတီက ဘတ် ၂၀၀၀ ပါဝင်လှူဒါန်းခဲ့တဲ့အပြင် လစဥ် ဘတ် ၂၅၀၀ ပါဝင်လှူဒါန်းဖို့ ပြောဆိုထားသူတွေလည်းရှိနေတယ် လို့ ဦးထွန်းကြည် က ပြောပါတယ်။

အစားအသောက်လိုအပ်နေသူတွေကို အရေအတွက်များများနဲ့ နေ့တွေထပ်တိုးပြီးပို့ပေးနိုင်ဖို့အတွက် ပုံမှန်အလှူရှင်တွေအပြင် လုပ်အားပေးလူငယ်တွေလည်း ထပ်မံလိုအပ်နေတယ်လို့ အပတ်စဥ် ကူညီပေးနေတဲ့ ၈၈ ကျောင်းသားဟောင်း ကိုညီညီကပြောပါတယ်။

“ထမင်းတစ်နပ် ၁၅ ဘတ် “အစီအစဥ်ကို အစားအသောက် လိုအပ်နေသူတွေသာမကပဲ တချို့ပါဝင်လှူဒါန်းချင်သူတွေကပါ မှာယူနေကြတာလည်းရှိပြီး နှစ်ယောက်စာအတွက်မှာပေမယ့် ဆယ်ယောက်စာအတွက်ပေးတာမျိုးတွေနဲ့ ပုံမှန်လှူဒါန်းနေသူတွေလည်းရှိတယ်လို့ ထမင်းဗူးတွေ လိုက်လံပို့ဆောင်ရာမှာကူညီပေးနေတဲ့ လူငယ် ၁ ဦး က ပြောပါတယ်။

“ထမင်းတစ်နပ် ၁၅ ဘတ်” အစီအစဥ်ကနေ အခက်အခဲဖြစ်နေသူတွေကို အချိန်ဘယ်လောက်ကြာကြာ ကူညီပေးသွားနိုင်မလဲဆိုတာ မသိနိုင်သေးတဲ့အတွက် တော်လှန်ရေးတပ်ဦးမှာရှိနေတဲ့ တာဝန်ရှိသူတွေ အနေနဲ့လည်း ဒါတွေကိုလျစ်လျူမရှုထားဖို့လိုပါတယ်လို့ ဦးထွန်းကြည်ကပြောပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleသေမင်းတမန် နိုင်ငံသားစိစစ်ရေးကတ်ပြားများ
Next Article တကြော့ပြန်တော်လှန်ရေးခရီးထဲက စစ်တပ်နည်းပညာကောလိပ်ကျောင်းသား
thanlwinkhet
  • Website

Related Posts

စစ်ကော်မရှင်က စက်သုံးဆီ တန်းစီဝယ်ယူမှုအား App ဖြင့် စတင်ထိန်းချုပ်

March 12, 2026

အီရန်ခေါင်းဆောင်ပိုင်းနှင့် ဆွေးနွေးရန် သမ္မတထရမ့် အရိပ်အမြွက်ပြော

March 2, 2026

မုံရွာ-မန္တလေးလမ်းပိုင်းတွင် ကြေးနီတင်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

February 25, 2026

Leave A Reply Cancel Reply

Recent Posts

  • ငလျင် အပျက်အစီးနှင့် အကျပ်အတည်းများကြား ရုန်းထွက်နေရဆဲ ပြည်သူများ
  • (no title)
  • နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ
  • ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး
  • တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ငလျင် အပျက်အစီးနှင့် အကျပ်အတည်းများကြား ရုန်းထွက်နေရဆဲ ပြည်သူများ

နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ

ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး

ယခင်သတင်းများ

  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ငလျင် အပျက်အစီးနှင့် အကျပ်အတည်းများကြား ရုန်းထွက်နေရဆဲ ပြည်သူများ

March 28, 2026

March 26, 2026

နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကော်မရှင် အင်အားဖြည့်တင်းရန် ကြိုးပမ်း၊ အမ်း-ပဒါန်းလမ်းပိုင်း၌ တိုက်ပွဲများ ပြင်းထန်နေ

March 26, 2026

ဂွေးချိုစခန်း ဗုံးကြဲတိုက်ခိုက်ခံရ၊ စစ်ကော်မရှင်အရာရှိ ၄ ဦးအပါအဝင် ၁၀ ဦး သေဆုံး

March 26, 2026

တမူးအခြေစိုက် NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်း

March 26, 2026

ထိုင်းတွင် စက်သုံးဆီထောက်ပံ့ကြေး လျှော့ချ၊ တစ်လီတာ ၆ ဘတ်နှုန်း စျေးခုန်တက်

March 26, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.