• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»တိုက်ပွဲသတင်း»ပြည်သူများကိုကယ်ထုတ်ပေးနေရင်း ကာကွယ်ရေးရဲဘော် ၂၂ ဦးကျဆုံး
တိုက်ပွဲသတင်း

ပြည်သူများကိုကယ်ထုတ်ပေးနေရင်း ကာကွယ်ရေးရဲဘော် ၂၂ ဦးကျဆုံး

thanlwinkhetBy thanlwinkhetSeptember 23, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ပြည်သူများကိုကယ်ထုတ်ပေးနေရင်း ကာကွယ်ရေးရဲဘော် ၂၂ ဦးကျဆုံး

*****************

စက်တင်ဘာ ၂၃၊ ၂၀၂၃။

ကောင်းချစ်အောင်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ခြေရာတော်ကျေးရွာအနီးတွင် ပြည်သူများကိုကယ်ထုတ်ပေးနေရင်း ကာကွယ်ရေးရဲဘော် ၂၂ ဦး ကျဆုံးခဲ့ရသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

ယမန်နေ့ ည ၈နာရီခန့်တွင် မြင်းမူမြို့နယ် ကြော့မင်းရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသောကြောင့် ပြည်သူများကို ကယ်ထုတ်ပေးနေရင်း ခြေရာတော်ရွာအနီး မြင်းမူ – မြောင်လမ်းပေါ်တွင် အလစ်အငိုက်ပစ်ခံခဲ့ရကာတော်လှန်ရေးရဲဘော် များနှင့် ပြည်သူများအပါအဝင် စုစုပေါင်း  ၂၅ ဦး သေဆုံးခဲ့ရသည်ဟု မြောင်မြို့နယ်ကာကွယ်ရေးရဲဘော် ၁ ဦးက သံလွင်ခက်ကိုပြောသည်။

“သူတို့က ကာကွယ်ရေးအဖွဲ့တွေဆိုတော့ ပြည်သူကို ဘေးလွတ်ရာ ရှောင်တိမ်းဖို့ ကယ်ထုတ်နေကြတာဗျ။ အလစ်အငိုက်ဖြစ်သွားတာပါ ။ ဖြစ်ဖြစ်ချင်းမှာတော့ရန်သူဘက်က လက်ဦးမှုယူသွားတာပါ ။ အပြန်အလှန်ပစ်ခတ်မှုတော့ရှိခဲ့တယ်“ဟု ၎င်းက ဆိုသည်။

အဆိုပါဖြစ်စဥ်တွင် ကြော့မင်းရွာပြည်သူ့ကာကွယ်ရေးရဲဘော် ၁၅ ဦး၊ စစ်ကိုင်းခရိုင်အမှတ် ၅ တပ်ရင်းက ရဲဘော်၅ ဦး၊ စစ်ကိုင်းခရိုင် အမှတ် ၆ တပ်ရင်းက ရဲဘော် ၂ ဦး အပြင် ပြည်သူ ၃ ဦး အသတ်ခံခဲ့ရပြီး အလောင်းများကိုထိတွေ့မှုဖြစ်ပွားရာ ကားလမ်းပေါ်တွင် ယနေ့နံနက်ပိုင်းက ရှာတွေ့ခဲ့သည်ဟု သိရသည်။

သက်ဆိုင်ရာတပ်ရင်းများက လက်နက်လုံလောက်အောင် တပ်ဆင်မပေးနိုင်သောကြောင့် သက်ဆိုင်ရာ Local PDF အဖွဲ့များထံ ပြန်နေချိန် ခုလိုကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု ကာကွယ်ရေးရဲဘော် ၁ ဦးက ဆိုသည်။

“လက်လုပ် ၁ တောင့်ထိုးလေးတွေ ပါသွားတယ်ဗျ စစ်ကောင်စီဘက်က အင်အား၃၀ကျော်လေးတင်ပဲ။ လက်လုပ်တွေချည်းပဲရှိတာဆိုတော့ လက်နက်မမျှလို့ဖြစ်သွားတာ“ဟု ဆိုသည်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင်တော့ မြင်းမူ–မြောင်ကားလမ်းပေါ်တွင် ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးကို ယနေ့နံနက်ပိုင်းက  ကင်းပုန်းဝပ် နှစ်ဘက်ညှပ်ပစ်ခဲ့သည်ဟု ရေးသားထားသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း PDF ၂၅ လောင်း၊ လက်လုပ်သေနတ်(အရှည်) ၈ လက်၊ လက်လုပ်သေနတ် (အတို) ၂လက်သိမ်းဆည်းရမိသည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မြောင်မြို့ပေါ်ရှိ ဘောလုံးကွင်းတွင် အထိုင်ချထားသည့်စစ်ကောင်စီတပ်ထံ ပြန်လည်ရောက်ရှိသွားပြီဟု သိရသည်။

**************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/2014

YouTube- > https://youtu.be/SpxIBpTYop8

Website -> https://thanlwinkhet.net/?p=5679

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleတကြော့ပြန်တော်လှန်ရေးခရီးထဲက စစ်တပ်နည်းပညာကောလိပ်ကျောင်းသား
Next Article မိုင်းယုလေးမှာ SSPP နှင့် TNLA တိုက်ပွဲဖြစ်
thanlwinkhet
  • Website

Related Posts

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ခရစ္စမတ်နေ့ဆုတောင်းသည့် ဒိုက်ဦးနိုင်ကျဉ်းသူများ ရိုက်နှက်ခံရ

December 29, 2025

ရွေးကောက်ပွဲအကြောင်းပြ ကရင်နီကုန်သွယ်လမ်းများ စစ်ကော်မရှင်ပိတ်

December 28, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.