• ပင်မစာမျက်နှာ
  • နိုင်ငံတကာသတင်း
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • အားကစား
  • ရေဒီယို
  • စီးပွားရေးသတင်း
Facebook Twitter Instagram
Trending
  • ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?
  • ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ
  • ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်
  • လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ
  • နမ့်ဖတ်ကာရှိ စစ်ကောင်စီဝင်းအတွင်း တရုတ်အမျိုးသားမိုင်းနင်းမိ
  • ရှမ်းပြည်တပ်မတော် ဒီရေတက်ချိန်နှင့်ကျချိန် (တတိယပိုင်း)
  • ပေးဆပ်ခဲ့ရပြီးသော အသက်၊ဘဝပေါင်း များစွာရဲ့ပျောက်ဆုံးနေဆဲ မျှော်လင့်ချက်
  • မိုင်းယုလေးမှာ SSPP နှင့် TNLA တိုက်ပွဲဖြစ်
Facebook YouTube SoundCloud
News and Media
  • ပင်မစာမျက်နှာ
  • နိုင်ငံတကာသတင်း
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • အားကစား
  • ရေဒီယို
  • စီးပွားရေးသတင်း
News and Media
You are at:Home»သတင်းဆောင်းပါး»သေမင်းတမန် နိုင်ငံသားစိစစ်ရေးကတ်ပြားများ
သတင်းဆောင်းပါး

သေမင်းတမန် နိုင်ငံသားစိစစ်ရေးကတ်ပြားများ

thanlwinkhetBy thanlwinkhetSeptember 19, 2023No Comments3 Mins Read
Facebook Twitter Pinterest LinkedIn Tumblr Email
Share
Facebook Twitter LinkedIn Pinterest Email

Loading

ဘမောင်
စက်တင်ဘာ ၁၉၊ ၂၀၂၃။

မီးရထားလမ်းဖောက်တဲ့နေရာမှာ ချွေးတပ်သားတွေအဖြစ် အတင်းအဓမ္မအလုပ်လုပ်ခိုင်းဖို့ဖက်ဆစ်ဂျပန်ခေတ်က လူအများအပြားဖမ်းဆီးလေ့ရှိတာ လေ့လာဖူးကြမယ်ထင်ပါတယ်။ဒီချွေးတပ်စီမံကိန်းကြောင့်ပဲ လူအများအပြား သေဆုံးရတဲ့အတွက်ချွေးတပ်သားတွေဖောက်ခဲ့တဲ့မီးရထားလမ်းကို သေမင်းတမန်မီးရထားလမ်းလို့ ခေါ်ကြပါ တယ်။

လူတွေကို အတင်းအဓမ္မချွေးတပ်ဆွဲမှ မဟုတ်ပါဘူး။ လူ့အခွင့်အရေးကို နည်းလမ်းမျိုးစုံနဲ့ချိုးဖောက်ပြီးနိုင်ငံသား အဖြစ်က ရပ်စဲပစ်လိုက်တာဟာလည်း ချွေးတပ်ဆွဲသလောက်နီးပါး ကြောက်စရာကောင်းတဲ့ကိစ္စရပ်ပါပဲ။ နိုင်ငံ သားအဆင့်က လျှော့ချဖျက်သိမ်းပစ်ခြင်းခံရသူတွေရဲ့ အသက်အန္တရာယ်ဟာအချိန်မရွေး ခြိမ်းခြောက်ခံရနိုင်တဲ့ အလားအလာရှိပါတယ်။

နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားလာတဲ့ပြည်တွင်းစစ်မှာ လူမျိုးစုတိုင်းရင်းသားတွေ အဆက်မပြတ်သတ်ဖြတ်ခံခဲ့ရတာ ကိုကြည့်ရင် ဗမာစစ်တပ်ရဲ့ လူမျိုးရေးခွဲခြားမှုတွေကို မြင်နိုင်ပါတယ်။မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းတွေနဲ့မူဆလင်(ရိုဟင်ဂျာ)လူမျိုးတုံးသတ်ဖြတ်မှုတွေကိုကြည့်ရင်လည်း နိုင်ငံသားအဆင့် လျှော့ချပယ်ဖျက်ခံထားရတဲ့လူမျိုးစုတွေအပေါ် ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု၊အကြမ်းဖက်မှုတွေကျုးလွန်တာကိုတွေ့ နိုင်ပါတယ်။

ဒါကြောင့် နိုင်ငံသားအဆင့်ကနေလျှော့ချပယ်ဖျက်ပစ်ဖို့ စီမံကိန်းနဲ့ထုတ်ပေးနေတဲ့စိစစ်ရေးကတ်ပြားတွေနဲ့ ချ မှတ်ထားတဲ့ပေါ်လစီတွေဟာ သေမင်းရဲ့ရှေ့ပြေးနိမိတ်ကိုသယ်ဆောင်လာတဲ့သေမင်းတမန်တွေလို့ပြောရင် မမှား နိုင်ပါဘူး။ စစ်တပ်က ဘယ်လိုအကွက်ချပြီး နိုင်ငံသားအဆင့်တွေလျှော့ချပယ်ဖျက်ခဲ့သလဲဆိုတာ ဆန်းစစ်ကြပါစို့ ခင်ဗျာ။

စစ်ဗျုရိုကရေစီယန္တရားနဲ့ နိုင်ငံသားဥပဒေ
*************************************
ရခိုင်ပြည်နယ်မြောက်ပိုင်း မေယုခရိုင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ နေထိုင်ကြတဲ့မူဆလင် (ရိုဟင် ဂျာ)လူမျိုးစုတွေဟာ ၁၉၇၀ ပြည့်နှစ်မတိုင်ခင်အထိမှတ်ပုံတင်ကတ်ကိုင်ဆောင်ထားတဲ့ နိုင်ငံသားတွေအဖြစ်ရှိခဲ့ ကြပါတယ်။ ၁၉၇၀ ခုနှစ်ကစလို့မူဆလင်(ရိုဟင်ဂျာ)တွေကို မှတ်ပုံတင်လုံးဝမထုတ်ပေးတော့ပါဘူး။

လွတ်လပ်ရေးရပြီးခေတ် ဖဆပလအစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့ ၁၉၅၂ နိုင်ငံသားဥပဒေအရနိုင်ငံသားဖြစ်ပြီး သား မူဆလင်(ရိုဟင်ဂျာ)အမျိုးသားပေါင်းများစွာကို ၁၉၇၄ ခုနှစ်မှာစစ်တပ်ကဦးဆောင်လှုပ်ရှားတဲ့ စံပယ်စစ်ဆင် ရေးနဲ့ အကြောင်းပြချက်မရှိဖမ်းဆီးတာတွေလုပ်ခဲ့ပါတယ်။ ဖမ်းဆီးရာမှာ ဥပဒေနဲ့မလျော်ညီတဲ့ လုပ်နည်းကိုင်နည်းတွေကျင့်သုံးခဲ့သလို ဖမ်းဆီးပြီးတာနဲ့တပြိုင်နက် မှတ်ပုံတင်ပြန်လည်သိမ်းယူတာတွေလုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံသားအဖြစ်ကရပ်စဲခံလိုက်ရတဲ့ မူဆလင်(ရိုဟင်ဂျာ)တွေကို စနစ်တကျဖိနှိပ်မှုတွေစတင်လုပ်ဆောင်ခဲ့ပါ တယ်။ မှတ်ပုံတင်မရှိတဲ့အတွက် ခရီးသွားခွင့်ကန့်သတ်ပိတ်ပင်ခံရသလိုပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့် ရှောက်မှုနဲ့ ဆေးဝါးကုသခွင့်ဆုံးရှုံးလိုက်ရတာတွေအပြင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ပိုင်ခွင့်နဲ့ အလုပ်အကိုင်ဆုံးရှုံးမှု တွေလည်း ဆက်တိုက်ဖြစ်ပေါ်လာရပါတယ်။

မှတ်ပုံတင်မရှိတာနဲ့ နိုင်ငံသားအဖြစ်အသိအမှတ်မပြုခံရတာတွေရဲ့ နောက်ဆက်တွဲအကျိုးဆက်အဖြစ်မူဆလင် (ရိုဟင်ဂျာ) လူ့အဖွဲ့အစည်းဟာ ဆိုးဝါးတဲ့ လူမှုစီးပွားရိုက်ခတ်ချက်တွေအများကြီးခံခဲ့ရပါတယ်။ ကိုယ့်ရွာ၊ ကိုယ့် အိုး ကိုယ့်အိမ်နဲ့မနေရဘဲ ဒုက္ခသည်စခန်းတွေမှာစုဝေးပြီးအငတ်ငတ်အပြတ်ပြတ်နေရတဲ့ဘဝကို ရောက်ခဲ့ကြရ ပါတယ်။

ပညာသင်ကြားမှုအပိုင်းမှာလည်း နတ္ထိဖြစ်နေလို့ အခြေခံဗဟုသုတမပြည့်စုံတဲ့အပြင်ကျန်းမာရေးအသိလည်း မရှိတဲ့အတွက် မလုံခြုံတဲ့လူနေမှုဘဝကိုပဲ ရရှိခဲ့ကြပါတယ်။လက်ဆေးဖို့ဝေငှလိုက်တဲ့ဆပ်ပြာဆီထုပ်ကို ဖျော်ရည် ထင်ပြီးဖျော်သောက်ပစ်လိုက်တဲ့မူဆလင်(ရိုဟင်ဂျာ) ကလေးငယ်တွေတောင်ရှိတယ်လို့ မိတ်ဆွေဖြစ်တဲ့ ကျန်းမာ ရေးမှူးတစ်ဦးရဲ့ပြောဆိုချက်အရ သိရပါတယ်။

စစ်အုပ်စုရဲ့ အဆိုးဝါးဆုံးလုပ်ရပ်ကတော့ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြဋ္ဌာန်းလိုက်တာပါ။ ဒီဥပဒေကမူဆလင် (ရို ဟင်ဂျာ) လူမျိုးတစ်မျိုးတည်းသာမဟုတ်တော့ဘဲ အစ္စလာမ်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ခရစ်ယာန်ဘာသာဝင် တွေကိုပါ နိုင်ငံသားအဖြစ်ကနေပယ်ဖျက်ဖို့ အစပျိုးလာတာလို့ဝေဖန်သုံးသပ်ရပါလိမ့်မယ်။

 ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ (ရှေ့စာမျက်နှာ)။ (ဓာတ်ပုံ - Twitter)
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ (ရှေ့စာမျက်နှာ)။ (ဓာတ်ပုံ – Twitter)

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေရဲ့ဆိုးကျိုးများ
**************************************

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေရဲ့သဘောက နိုင်ငံသားတွေကိုအဆင့်အတန်းခွဲခြားသတ်မှတ်လိုက်တာဖြစ်ပါတယ်။ မွေးရာပါနိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနဲ့ဧည့်နိုင်ငံသားဆိုပြီး အဆင့် ၃ မျိုးခွဲခြားလိုက်တဲ့အပြင် ဒီ ၃ မျိုးထဲမှာ အကျုံးမဝင်သူတွေကိုနိုင်ငံသားမဟုတ်ဘူးလို့ သတ်မှတ်လိုက်ပါတယ်။

နောက်တစ်ချက်ကတော့ ဘာသာရေးနဲ့နိုင်ငံသားဖြစ်မှုကို ချိတ်ဆက်လိုက်တာပါ။ ဗုဒ္ဓဘာသာနဲ့မြန်မာလူမျိုးတွေ ကိုသာ နိုင်ငံသားစစ်စစ်ဆိုတဲ့အဆင့်မှာသတ်မှတ်ထားပြီးအခြားဘာသာကိုးကွယ်ယုံကြည်သူတွေကိုတော့ နိုင်ငံ သားပေးဖို့အတွက်သံသယရှိသူများနေရာမှာထားရှိစိစစ်တဲ့မူဝါဒ ကျင့်သုံးလိုက်တာပဲဖြစ်ပါတယ်။

နဂိုကသတ်မှတ်ထားတဲ့ တိုင်းရင်းသားလူမျိုး ၁၄၄မျိုးနေရာမှာ တိုင်းရင်းသား ၁၃၅ မျိုးပဲရှိတယ်လို့၁၉၈၉ ခုနှစ်မှာ စစ်အုပ်စုကပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

ယခင်သတ်မှတ်ထားသော တိုင်းရင်းသားလူမျိုး ၁၄၄ မျိုးစာရင်း။ (ဓာတ်ပုံ - Twitter)
ယခင်သတ်မှတ်ထားသော တိုင်းရင်းသားလူမျိုး ၁၄၄ မျိုးစာရင်း။ (ဓာတ်ပုံ – Twitter)

ဒီလိုသတ်မှတ်လိုက်တဲ့အတွက် လူမျိုးစု ၉ စုဟာ တိုင်းရင်းသားစာရင်းကနေ ပယ်ဖျက်ခံလိုက်ရပြီးနိုင်ငံသားအဆင့် ကနေလည်း ဖယ်ထုတ်ခံလိုက်ရပါတယ်။ လူမျိုးစုဆိုတဲ့ ဝေါဟာရအစားတိုင်းရင်းသားလို့ သုံးနှုန်းလိုက်တာက လည်း နိုင်ငံရေးအရခွဲခြားဆက်ဆံဖို့၊ တချို့လူမျိုးစုတွေကိုဖယ်ထုတ်ဘေးပို့ဖို့ တမင်ရည်ရွယ်လုပ်ဆောင်တာလို့ ဝေဖန်သုံးသပ်မှုတချို့လည်း ရှိနေပါတယ်။

သေချာတာတခုကတော့ ၁၉၈၂ နိုင်ငံသားဥပဒေအရ ကရင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ရှမ်းဆိုတဲ့ မျိုးနွယ်၈ ခုကို အခြေခံတဲ့ တိုင်းရင်းသားမိဘနှစ်ပါးကမွေးဖွားသူကိုသာနိုင်ငံသားဖြစ်ခွင့်ပေးမယ်ဆိုတဲ့ အယူအဆ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

၁၉၉၄ ခုနှစ်မှာ အဆိုပါနိုင်ငံသားအက်ဥပဒေကို စတင်အကောင်အထည်ဖော်ခဲ့ပါတယ် ။စတင်အကောင်အထည် ဖော်ကတည်းက သန်လျင်နဲ့ မောင်တောမြို့နယ်တွေမှာ စမ်းသပ်စီမံကိန်း ( pilotproject )အနေနဲ့ မူဆလင် (ရို ဟင်ဂျာ) တွေရဲ့ နိုင်ငံသားကတ်တွေကိုသိမ်းယူပြီး အဖြူရောင်ကတ်တွေထုတ်ပေးခဲ့ပါတော့တယ်။

အဖြူရောင်ကတ်ကိုင်ဆောင်သူတွေဟာ နိုင်ငံသားမဟုတ်သည့်တိုင်အောင် ယာယီအားဖြင့်အသိအမှတ်ပြုခံနေရ သေးတယ်လို့ ပြောနိုင်ပေမယ့် ၂၀၁၅ ခုနှစ်မှာတော့ အဖြူရောင်ကတ်တွေပါပြန်သိမ်းခံလိုက်ရတဲ့အတွက် မူဆလင် (ရိုဟင်ဂျာ)တွေဟာ နိုင်ငံမဲ့ဘဝကိုရောက်ခဲ့ရပါတော့တယ်။

ဒီဖြစ်စဥ်ကို ကြည့်ရင် ၁၉၈၂ နိုင်ငံသားအက်ဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း မူဆလင်(ရိုဟင်ဂျာ)အပါအဝင် လူနည်းစု အတော်များများဟာ နိုင်ငံသားဖြစ်ခွင့်တစ်စထက်တစ်စဆုံးရှုံးနေရတာကို သိသိသာသာ မြင်တွေ့နိုင်ပါတယ်။

နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးသွားသူများ
*****************************

  • (၁) မှတ်ပုံတင်ကတ်အသစ်ထုတ်ပေးခြင်းမခံရသူများ၊
    (၂) မှတ်ပုံတင်ကတ် ပြန်လည်သိမ်းဆည်းခံရသူများ၊
    (၃) မှတ်ပုံတင်ပြုလုပ်ရာမှာ အဆင့်ခွဲခြားပြုလုပ်ပေးခြင်းခံရသူများ၊
    (၄) မှတ်ပုံတင်ကတ်ပြုလုပ်ချိန်မှာ လူမျိုးအမည်ကို ဘင်္ဂါလီ၊ အိန္ဒိယ၊ ပါကစ္စတန်
    စသဖြင့်ဖော်ပြခံရသူများဟာ နည်းမျိုးစုံနဲ့နိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးနေရသူတွေရှိပါတယ်။

၁၉၈၂ နိုင်ငံသားဥပဒေအရဆိုရင် မျိုးဆက် ၃ဆက်အလွန်မှာ လူနည်းစုတော်တော်များများနိုင်ငံသားဖြစ်ခွင့်ဆုံးရှုံးဖို့ အနေအထားရှိနေပါတယ်။ လက်ရှိအသက်ရှိနေဆဲဘိုးဘွားမိဘတွေကွယ်လွန်သွားပြီးနောက်ပိုင်း သားသမီးမြေး မြစ်တွေရဲ့ အနာဂတ်တွေကမရေရာတော့ပါဘူး။

မှတ်ပုံတင်လုပ်ဖို့အခက်အခဲရှိနေကြတာ မူဆလင်(ရိုဟင်ဂျာ)တွေတင်မကဘဲ ဗမာပြည်ပေါက်မူဆလင်အများစုနဲ့ ဟိန္ဒူဘာသာဝင်တွေလည်း ပါဝင်နေကြပါတယ်။ အထူးသဖြင့်စစ်အုပ်စုကသတ်မှတ်ထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးစာရင်းမှာ မပါဝင်သူတွေအားလုံးမှတ်ပုံတင်ပြုလုပ်ရတာ အခက်အခဲရှိနေပါတယ်။

ဒါကြောင့် ၁၉၈၂ နိုင်ငံသားအက်ဥပဒေဟာ မျိုးဆက် ၃ဆက်အလွန်မှာ လူနည်းစုတွေကိုနိုင်ငံသားအဖြစ်ကဆုံးရှုံး သွားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ပြဋ္ဌာန်းထားတဲ့ဥပဒေလို့သတ်မှတ်ရပါလိမ့်မယ်။

နောက်ဆုံးပေါ် စမတ်ကတ်ရဲ့အန္တရာယ်
**********************************
မင်းအောင်လှိုင်စစ်အုပ်စုရဲ့ အကြံကုန် ဂဠုန်ဆားချက်တဲ့ အခုနောက်ဆုံးစီမံကိန်းကတော့စမတ်ကတ်တွေထုတ် ပေးနေတဲ့ စီမံကိန်းပဲဖြစ်ပါတယ်။

စမတ်ကတ်ထုတ်ပေးရတဲ့ရည်ရွယ်ချက်က အမျိုးမျိုးဖြစ်နိုင်ပါတယ်။ နွေဦးတော်လှန်ရေးမှာပါဝင်လှုပ်ရှားနေတဲ့ လူငယ်တွေကို အလွယ်တကူဆွဲထုတ်ဖမ်းဆီးလို့ရအောင်နိုင်ငံသားစိစစ်ရေးကတ်နေရာမှာ စမတ်ကတ်အသစ်တွေ ထုတ်ပေးနေတာလို့လည်း ယူဆလို့ရတယ်။စစ်အုပ်စုလုပ်ဆောင်မယ့် အတုအယောင်ရွေးကောက်ပွဲအတွက် မဲပေး ရမယ့်လူစာရင်းနဲ့နည်းလမ်းအတွက် စမတ်ကတ်တွေ ပြောင်းလဲထုတ်ပေးနေတယ်လို့လည်း ယူဆလို့ရပါတယ်။

နောက်တစ်ချက်ကတော့ စမတ်ကတ်လုပ်ပေးခြင်းအားဖြင့် QR Code ဖတ်နိုင်ပြီး လဝကဝန်ထမ်းတွေအနေနဲ့ လူမျိုးရေး၊ ဘာသာရေးခွဲခြားနှိပ်ကွပ်မှုတွေကို အရင်ကထက် ပိုပြီးပိပိရိရိလုပ်ဆောင်လနိုင်မယ်လို့လည်း ယူဆလို့ ရနိုင်ပါတယ်။

Smart Card နဲ့ QR scan code စနစ်ဟာ နည်းပညာအသစ်ပေါ်အခြေခံထားပေမယ့် စစ်အုပ်စုကအဆက်ဆက် ကျင့်သုံးလာတဲ့ မူဝါဒအဟောင်းကို ဆက်ပြီးအကောင်အထည်ဖော်တာဖြစ်တဲ့အတွက်ဘာသာရေး လူမျိုးရေး ခွဲခြားနှိပ်ကွပ်မှုကတော့ အရင်အတိုင်းဆက်လက် တည်ရှိနေပါလိမ့်မယ်။တနည်းအားဖြင့်ပြောရရင် အခု စမတ် ကတ်တွေကလည်း ၁၉၈၂ နိုင်ငံသားအက်ဥပဒေရဲ့အဆက်ဖြစ်တဲ့ခွဲခြားနှိပ်ကွပ်ရေးလမ်းစဥ်ကို ဆက်လက် အကောင်အထည်ဖော်နေခြင်းသာဖြစ်ပါတယ်။

တနင်္သာရီတိုင်းအတွင်း စမတ်ကတ်များထုတ်ပေးနိုင်ရန် ဝန်ထမ်းများ၏မိသားစုဝင်များထံမှအချက်အလက် များစုဆောင်းနေစဥ်။ (ဓာတ်ပုံ - tytnnwes)
တနင်္သာရီတိုင်းအတွင်း စမတ်ကတ်များထုတ်ပေးနိုင်ရန် ဝန်ထမ်းများ၏မိသားစုဝင်များထံမှ
အချက်အလက် များစုဆောင်းနေစဥ်။ (ဓာတ်ပုံ – tytnnwes)

လူ့အခွင့်အရေးချိုးဖောက်နေတဲ့ နိုင်ငံသားဥပဒေဆန့်ကျင်ရေး
*******************************************************

၁၉၈၂ နိုင်ငံသားအက်ဥပဒေဟာ လူသားအဆင့်ကို ခွဲခြားလျှော့ချထားခြင်း၊ လူ့အခွင့်အရေးစံချိန်စံညွှန်းတွေနဲ့ မကိုက်ညီခြင်း၊ လူနည်းစုကိုပစ်မှတ်ထားခွဲခြားဆက်ဆံခြင်းဆိုတဲ့လက္ခဏာရပ်တွေနဲ့ကိုက်ညီနေတဲ့ ဥပဒေ တစ် ရပ်လည်းဖြစ်ပါတယ်။

အဆိုပါဥပဒေကျင့်သုံးပြီး နိုင်ငံသားစိစစ်ရေးကတ်တွေထုတ်ပေးနေတာကတော့ ကာယကံမြောက်ခွဲခြားဆက်ဆံ ပြီး နှိပ်ကွပ်အရေးယူဖို့ကြိုးပမ်းတာပဲဖြစ်နိုင်ပါတယ်။

ဒါကြောင့် ရဲချုပ်ဟောင်း ဗိုလ်ခင်ရီ တို့လိုလူမျိုးတွေက နိုင်ငံသားနဲ့ နိုင်ငံသားမဟုတ်သူဆိုပြီးအမြဲတမ်းခွဲခြား ပြောဆိုမှုတွေပြုလုပ်လေ့ရှိသလို နိုင်ငံသားမဟုတ်သူတွေကိုနိုင်ငံရေးပါတီတည်ထောင်တာ၊ နိုင်ငံရေးလုပ်တာတွေ လုံးဝခွင့်မပြုဘဲကန့်သတ်ပိတ်ပင်ဖို့လိုအပ်တယ်ဆိုတဲ့သဘောတရားကို ဆုပ်ကိုင်ထားကြသူတွေဖြစ်ပါတယ်။

 

Message Journal တွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၏ မူဆလင်(ရိုဟင်ဂျာ)များနှင့်ပတ်သက်သော ငြင်းဆိုချက်။ (ဓာတ်ပုံ - Danya Wadi)
Message Journal တွင် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၏ မူဆလင်(ရိုဟင်ဂျာ)များနှင့်ပတ်သက်သော ငြင်းဆိုချက်။ (ဓာတ်ပုံ – Danya Wadi)

စစ်အုပ်စုရဲ့ဘက်တော်သားတွေတင်မက တချို့ဒီမိုကရေစီဘက်တော်သားတွေဆီမှာလည်း ၈၂နိုင်ငံသားအက် ဥပဒေနဲ့စပ်လျဥ်းပြီး အမြင်မရှင်းကြတာတွေကို တွေ့ရပါတယ်။ မရေမရာသဘောထားနဲ့တည်ဆဲဥပဒေတွေကို ပြန်ကိုင်ပြီး အသုံးချနေတာထက်စာရင် လက်ရှိတော်လှန်ရေးအရှိန်ကိုအားပြုပြီးမတရားတဲ့တည်ဆဲဥပဒေမှန်သမျှ ကို ဖြိုချတိုက်ဖျက်ပစ်ရမယ်လို့ ယူဆမိပါတယ်။

လူနည်းစုစာရင်းဝင်လူမျိုးစုတွေကိုခွဲခြားထားတဲ့ နိုင်ငံသားအက်ဥပဒေနဲ့ စစ်ကောင်စီကိုထောက်ခံသူနဲ့ဆန့်ကျင်သူ ကြား ခွဲခြားနှိပ်ကွပ်မယ့် smart card အစီအစဥ်တွေကို အပြီးအပိုင်ဖျက်သိမ်းနိုင်တဲ့အထိဆန့်ကျင်ဖို့လိုပါတယ်။ စစ်ကောင်စီကိုတော်လှန်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင်နိုင်ငံရေးအင်အားစုအားလုံး ပြတ် သားကြဖို့နဲ့ သဘောထားထပ်တူညီမျှဖို့လည်း လိုအပ်ပါတယ်။

လူမျိုးစုတိုင်းတန်းတူညီမျှမှုရှိမှ ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်နိုင်မယ်ဆိုတဲ့နိုင်ငံရေးအခြေခံအပေါ် အားလုံးတညီတညွတ်တည်း ရပ်တည်ကြဖို့တောင်းဆိုရင်းသေမင်းတမန်စိစစ်ရေးကတ်ပြားတွေရဲ့ အန္တရာယ်ကို ရှောင်ရှားနိုင်ကြဖို့သတိပေးလိုက်ရပါတယ်ခင်ဗျား. . . . . .။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Previous Articleဖမ်းဆီးထိန်းသိမ်းထားသော စစ်ကောင်စီမိသားစုဝင်များအားပြန်လွတ်ပေး
Next Article မဲဆောက်မှာ “ထမင်းတစ်နပ် ၁၅ ဘတ်”လိုအပ်သူတွေပိုများလာ
thanlwinkhet
  • Website

Related Posts

ရှမ်းပြည်တပ်မတော် ဒီရေတက်ချိန်နှင့်ကျချိန် (တတိယပိုင်း)

September 25, 2023

ပေးဆပ်ခဲ့ရပြီးသော အသက်၊ဘဝပေါင်း များစွာရဲ့ပျောက်ဆုံးနေဆဲ မျှော်လင့်ချက်

September 24, 2023

တကြော့ပြန်တော်လှန်ရေးခရီးထဲက စစ်တပ်နည်းပညာကောလိပ်ကျောင်းသား

September 23, 2023

Leave A Reply Cancel Reply

Recent Posts

  • ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?
  • ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ
  • ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်
  • လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ
  • နမ့်ဖတ်ကာရှိ စစ်ကောင်စီဝင်းအတွင်း တရုတ်အမျိုးသားမိုင်းနင်းမိ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
  • Facebook
  • Twitter
  • Instagram
  • Pinterest
Don't Miss

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?

ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ

ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်

လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ

Archives

  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021
  • December 2020

Categories

  • Activity
  • Artificial Intelligence
  • Beauty
  • Business
  • General
  • Sports
  • Travel
  • Uncategorized
  • World
  • စီးပွားရေးသတင်း
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပြည်တွင်းသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • အင်တာဗျူး
Popular Posts

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?

September 27, 2023

ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ

September 27, 2023

ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်

September 26, 2023
Copyright © 2023. Designed by Than Lwin Khet. All Rights Reserved.
  • Home
  • General
  • Buy Now

Type above and press Enter to search. Press Esc to cancel.