• ပင်မစာမျက်နှာ
  • နိုင်ငံတကာသတင်း
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • အားကစား
  • ရေဒီယို
  • စီးပွားရေးသတင်း
Facebook Twitter Instagram
Trending
  • ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?
  • ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ
  • ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်
  • လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ
  • နမ့်ဖတ်ကာရှိ စစ်ကောင်စီဝင်းအတွင်း တရုတ်အမျိုးသားမိုင်းနင်းမိ
  • ရှမ်းပြည်တပ်မတော် ဒီရေတက်ချိန်နှင့်ကျချိန် (တတိယပိုင်း)
  • ပေးဆပ်ခဲ့ရပြီးသော အသက်၊ဘဝပေါင်း များစွာရဲ့ပျောက်ဆုံးနေဆဲ မျှော်လင့်ချက်
  • မိုင်းယုလေးမှာ SSPP နှင့် TNLA တိုက်ပွဲဖြစ်
Facebook YouTube SoundCloud
News and Media
  • ပင်မစာမျက်နှာ
  • နိုင်ငံတကာသတင်း
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • အားကစား
  • ရေဒီယို
  • စီးပွားရေးသတင်း
News and Media
You are at:Home»သတင်းဆောင်းပါး»ကမ္ဘာ့သမိုင်းထဲက ကိုရီးယား ၃၈ မျဉ်းပြိုင် (DMZ) နှင့် ကမ္ဘာ့မျိုးသုဥ်းစာရင်းဝင်တိရစ္ဆာန်များ
သတင်းဆောင်းပါး

ကမ္ဘာ့သမိုင်းထဲက ကိုရီးယား ၃၈ မျဉ်းပြိုင် (DMZ) နှင့် ကမ္ဘာ့မျိုးသုဥ်းစာရင်းဝင်တိရစ္ဆာန်များ

thanlwinkhetBy thanlwinkhetSeptember 18, 2023No Comments2 Mins Read
Facebook Twitter Pinterest LinkedIn Tumblr Email
Share
Facebook Twitter LinkedIn Pinterest Email

Loading

သရဖီနှင်း(ခေတ္တ ကိုရီးယား)
စက်တင်ဘာ ၁၈၊ ၂၀၂၃။

မင်္ဂလာပါရှင့်။ ကျွန်မကတော့ ကိုရီးယားနိုင်ငံမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူတစ်ယောက်ပါ။ကျွန်မနဲ့ အတူ နိုင်ငံခြားသား ကျောင်းသားကျောင်းသူတွေ တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကြား နယ်နိမိတ်ဖြစ်တဲ့ DMZ (Demilitarized Zone) ကိုသွားရောက်ခဲ့ပြီး နှစ်နိုင်ငံရဲ့သမိုင်းကြောင်းတွေကို လေ့လာခဲ့ကြပါတယ်။ ဒါကြောင့်လည်း DMZ (Demilitarized Zone) ဆိုပြီး
နှစ်နိုင်ငံအကြား ဘာကြောင့် ကန့်သတ်ခဲ့ရတာလဲ. . . .? ဆိုတဲ့ အကြောင်းအရာတွေကိုမြန်မာပြည်သူတွေသိရှိစေဖို့ရည်ရွယ်ပြီး အခုဆောင်းပါးကို ရေးသားလိုက်ရပါ တယ်။

DMZ နယ်မြေကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့ကြသည့် နိုင်ငံပေါင်း ၅၀ ရဲ့ကျောင်းသား ကျောင်းသူများ။
DMZ နယ်မြေကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့ကြသည့် နိုင်ငံပေါင်း ၅၀ ရဲ့
ကျောင်းသား ကျောင်းသူများ။

တောင်မြောက် နယ်နိမိတ် ဘယ်လိုစဖြစ်ခဲ့တာလဲ?

ဒုတိယကမ္ဘာစစ်ကို အားလုံးသိပြီးသားဖြစ်ကြမှာပါ။ အဲဒီ စစ်ပွဲကြောင့် စစ်အေးတိုက်ပွဲစတင်ခဲ့ပြီးဒီမိုကရေစီနဲ့ ကွန်မြူနစ်ဝါဒချင်း အားပြိုင်ခဲ့ကြပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်းအမေရိကန်နိုင်ငံက ကျင့်သုံးတဲ့ဒီမိုက ရေစီစနစ်နဲ့ ဆိုဗီယက်ယူနီယံကကျင့်သုံးတဲ့
ကွန်မြူနစ်စနစ်ဆိုပြီး အချင်းချင်းအားပြိုင်ခဲ့ကြပါတယ်။

ကိုရီးယားက ၁၉၄၅ ခုနှစ် ဩဂုတ်လ ၁၅ ရက်မှာ ဂျပန်လက်အောက်ကနေ လွတ်လပ်ရေးခဲ့ပေမယ့်ဒုတိယ ကမ္ဘာစစ်ရဲ့ရိုက်ခတ်မှုကြောင့် အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံက ကိုရီးယားနိုင်ငံကို ၃၈မျဉ်းပြိုင် (မြောက် လတ္တီကျူ ၃၈ ဒီဂရီ) ဆွဲပြီး တောင်ကိုရီးယား နဲ့ မြောက်ကိုရီးယားဆိုပြီးခွဲခြားလိုက်ပါတယ်။ ကိုရီးယားရဲ့ မြောက်ဘက်ကို ဆိုဗီယက်ယူနီယံကအုပ်ချုပ်ခဲ့ပြီးကိုရီးယားရဲ့တောင်ဘက်ကို အမေရိကန်က အုပ်ချုပ်ခြယ် လှယ်ခဲ့ကြပါတယ်။

၁၉၅၀ ခုနစ် ဇွန်လ ၂၅ ရက် မနက်အရုဏ်တက်ချိန်မှာ မြောက်ကိုရီးယားက တောင်ကိုရီးယားဘက်ကိုစတင် ကျူးကျော်ခဲ့ရာကနေ ကိုရီးယားစစ်ပွဲဖြစ်ပွားခဲ့ပြီး ကမ္ဘာ့အထင်ကရစစ်ပွဲတွေထဲကတစ်ခုအပါအဝင်ဖြစ်ခဲ့ရပါ တယ်။ 6.25 (ယူဂီအို)စစ်ပွဲလို့လူသိများတဲ့ကိုရီးယားကျွန်းဆွယ်စစ်ပွဲကကိုယ့်လူမျိုးအချင်းချင်း အချိန်ကြာမြင့် စွာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတစ်ပွဲဖြစ်ပြီး လူပေါင်းများစွာသေကြေပျက်စီးခဲ့ရပါတယ်။ သုံးနှစ်သုံးမိုးဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် က ၁၉၅၃ ခုနှစ် ဇူလိုင်လ ၂၇ရက်မှာ စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုပြီး ပြီးဆုံးသွားခဲ့ပါတယ်။

တစ်နည်းအားဖြင့် တောင်၊ မြောက် တစ်ဘက်ဆီမှာ စစ်ပြေငြိမ်းရေးမျဉ်းသားခဲ့ပါတယ်။ဒီမျဉ်းရဲ့အရှည်က ကိုရီးယားရဲ့အနောက်ဘက်ကနေ အရှေ့ဘက်ထိ ၂၄၈ ကီလိုမီတာရှည်လျားပါတယ်။ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံစလုံး ၃၈ မျဥ်းပြိုင်နဲ့ ၂
ကီလိုမီတာဆီခြားထားပြီး စုစုပေါင်း ၄ ကီလိုမီတာအကွာ အဝေးလေးကို စစ်ရေးဆိုင်ရာကိစ္စတွေကိုတားမြစ်မျဥ်းအဖြစ်ထားရှိခဲ့ပါတယ်။ အဲဒီ ၄ ကီလိုမီတာခြားထားတဲ့ နေရာလေးကို DMZ(Demilitarized Zone – စစ်ရေးအရ မည်သည့်အရာမျှ လုပ်ခွင့်မရှိသည့် ) နယ်မြေဆိုပြီးခေါ်ကြပါတယ်။ ဒီ စစ်ပြေငြိမ်းရေးမျဉ်းရဲ့ ၁၀ ကီလိုမီတာအတွင်းကတော့တားမြစ်နယ်မြေဖြစ်ပါတယ်။ သာမန်ပြည်သူတွေ ဝင်ထွက်သွားလာတာကို တားမြစ်ထားပြီးတောင်ကိုရီးယားစစ်တပ်က လုံခြုံရေးအပြည့် ယူလို့ စောင့်ကြပ်နေတာ မြင်တွေ့နိုင်ပါတယ်။

တောင်မြောက်နှစ်နိုင်ငံကြား DMZ (Demilitarized Zone)ရဲ့ အဓိပ္ပာယ်အနက်ရှိုင်းဆုံးသံဆူး ကြိုးစည်းရိုး။
တောင်မြောက်နှစ်နိုင်ငံကြား DMZ (Demilitarized Zone)ရဲ့ အဓိပ္ပာယ်အနက်ရှိုင်းဆုံး
သံဆူးကြိုးစည်းရိုး။

ဒီဒေသဟာ လူအေရာက်အပေါက်နည်းတာကြောင့် သဘာဝရဲ့ အင်းအိုင်မြစ်ချောင်းတွေ၊ကမ္ဘာ့မျိုးသုဥ်းစာရင်း ဝင် တိရစ္ဆာန်ကလေးတွေ အစရှိသဖြင့် ကမ္ဘာ့ဘယ်နေရာမှာမှမတွေ့ရနိုင်တဲ့ရှားပါးသတ္တဝါမျိုးစိတ်တွေ ရှင်သန် ကျက်စားရာ နေရာလေးလို့ပြောရင်လည်း မမှားပါဘူး။ကမ္ဘာ့မျိုးသုဥ်းစာရင်းဝင် ၂၃၉ မျိုးထဲက ၁၀၂ မျိုးက ဒီ DMZ မှာ နေထိုင်လျက်ရှိပါတယ်။

ဗျိုင်းမျိူးစိတ်ပေါင်း ၇ မျိုးအပြင် ရှားပါးမျိုးနွယ်တွေဖြစ်ကြတဲ့ ဝက်ဝံ၊ တောကြောင်၊သမင်တွေအပြင် ငါးမျိုး စိတ်ပေါင်း ၁၃၂ မျိုးကလည်း ဒီနေရာလေးမှာ ကျက်စားနေထိုင်ကြပါတယ်။အကျဥ်းချုံ့အားဖြင့် ငါးမျိူးစိတ် ၆၂ ရာခိုင်နှုန်းနဲ့ ကမ္ဘာ့မျိုးသုဥ်းစာရင်းဝင်တိရစ္ဆာန်မျိုးနွယ်စု ၁၂စုရဲ့ သတ္တဝါလေးတွေ ဒီ DMZ မှာ နေထိုင်လျက် ရှိနေပါတယ်။

DMZ တွင်တွေ့ရသော ကမ္ဘာ့မျိုးသုဥ်းစာရင်းဝင် ဆိုက်ဘေးရီးယားကတိုးကောင်များ
DMZ တွင်တွေ့ရသော ကမ္ဘာ့မျိုးသုဥ်းစာရင်းဝင် ဆိုက်ဘေးရီးယားကတိုးကောင်များ

ဖော်ပြပါအချက်တွေအပြင် တောင်ကိုရီးယားမသိအောင် မြောက်ကိုရီးယားဘက်ကမြေအောက်လိုဏ်ခေါင်း ဖောက်တာကို မြောက်ကိုရီးယားဘက်က ပြေးဝင်လာတဲ့စစ်ပြေးပြည်သူ(탈북민)တွေပြောမှ သိခဲ့ရပြီး စုစုပေါင်း ၄ ခု ဖောက်ခဲ့တယ်လို့ သိရှိခဲ့ရပါတယ်။ ၄
ခုထဲက ၂ ခုမြောက်လိုဏ်ဂူထဲ ဝင်ရောက်စစ်ဆေးရမှာ တော့ မြေမြုပ်မိုင်းကြောင့်တောင်ကိုရီးယားစစ်သား ၈ ဦး အသက်ပေးခဲ့ရပါတယ်။ ကျွန်မတို့ နိုင်ငံခြားသားတွေ အားလုံးဖော်ပြပါဒုတိယမြောက်လိုဏ်ဂူထဲ ကွင်းဆင်းလေ့လာရာမှာတော့ ထင်မှတ်မထားတဲ့စာတချို့တွေ့ရှိခဲ့ကြရပါတယ်။

“မိမိနိုင်ငံကို မသိတာလောက် ရှက်ဖို့ကောင်းတာမရှိပါ”၊ “လေးစားမှုရှိတာကကောင်းပေမယ့်
စစ်ပွဲက အခုထိ ပြီးသေးတာ မဟုတ်ပါ” စသဖြင့်တွေ့ရှိခဲ့ပြီး လိုဏ်ဂူတူးဖော်ခဲ့တုန်းကမြောက်ကိုရီးယားတွေ အသုံးပြုခဲ့တဲ့ ပစ္စည်းကိရိယာတွေဖြစ်တဲ့ တူ၊ ဆောက်၊ အထဲဝတ်အင်္ကျီ၊လက်အိတ်၊ ထမင်းချိုင့် စတဲ့ပစ္စည်းမျိုးစုံကို တွေ့ရှိခဲ့ ရပါသေးတယ်။ ဒါတွေနဲ့ပတ်သက်တဲ့နောက်ခံသမိုင်းကြောင်းတွေကိုတော့ တောင်ကိုရီးယားနိုင်ငံဘက်က တာဝန်ရှိလူကြီးတွေကရှင်းပြပေးတဲ့အတွက် သိရှိနားလည်ခဲ့ရပါတယ်။

တောင်ကိုရီးယားရဲ့မြောက်ဘက်ပိုင်းမှာရှိတဲ့ 철원 (ချောလွန်း)ဒေသဟာဆိုရင်မြန်မာရဲ့ဧရာဝတီလို့တောင် ပြောနိုင်လောက်အောင် ဆန်စပါးဖြစ်ထွန်းတဲ့ ဒေသလေးတစ်ခုဖြစ်ပါတယ်။ အိမ်ခြေမထူထပ်ဘဲ အေးချမ်း ဆိတ်ငြိမ်တဲ့ နေရာလေးတစ်ခုလည်းဖြစ်ပြီးကမ္ဘာ့မျိုးသုဥ်းစာရင်းဝင် ကရိန်းငှက်လေးတွေ လာရောက်တတ်ကြ ပါတယ်။ ဒါကြောင့်လည်းဒီနေရာလေးဟာ သဘာဝရဲ့အငွေ့အသက်တွေရှိနေတဲ့ နေရာလေးပါပဲ။

ဆောင်းပါးနိဂုံးချုပ်ရမယ်ဆိုရင်တော့ တကယ်လို့များ တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားသာပေါင်းစည်းဖြစ် ခဲ့မယ်ဆိုရင် ဘယ်လိုပြောင်းလဲမှုတွေ ရှိလာမလဲ? ဒါမှမဟုတ်လည်း အခုလိုသပ်သပ်ဆီပိုင်းခြားထားတာကပဲ ပိုကောင်းမှာလား? စသဖြင့် စဉ်းစားစရာတွေ ရှိလာမှာပါ။

DMZ နယ်မြေကို ကိုယ်တိုင်သွားရောက်လေ့လာကြသော နိုင်ငံပေါင်း ၅၀ ရဲ့ကျောင်းသား ကျောင်းသူများ။
DMZ နယ်မြေကို ကိုယ်တိုင်သွားရောက်လေ့လာကြသော နိုင်ငံပေါင်း ၅၀ ရဲ့
ကျောင်းသား ကျောင်းသူများ။

နိုင်ငံရေးအရ စည်းလုံးနိုင်ဖို့ကခက်ခဲပေမဲ့ DMZ မှာ နေထိုင်ကျက်စားနေတဲ့ သဘာဝမျိုးစိတ်ရေမြေသတ္တဝါ လေးတွေကိုတော့ အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ဖို့လိုအပ်ပါတယ်။

“ဖော်ပြခဲ့တဲ့အရာအားလုံးထက် ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ စိတ်ကျန်းမာကိုယ်ကျန်းမာနဲ့
ငြိမ်းငြိမ်း ချမ်းချမ်းနေထိုင်နိုင်ပါစေလို့တောင်းဆုပြုရင်း…..DMZ ရဲ့ နောက်ကွယ်က
အကြောင်းအရာတွေကို မြန်မာ ပြည်သူပြည်သားတွေသိအောင် ရေးသားလိုက်ရပါတယ်”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Previous Articleမြန်မာ့ဒီမိုကရေစီအရေးပဋိပက္ခများနှင့် ပြည်တွင်းစစ်မီးတောက်မီးလျှံများ (ဒုတိယပိုင်း)
Next Article ဖမ်းဆီးထိန်းသိမ်းထားသော စစ်ကောင်စီမိသားစုဝင်များအားပြန်လွတ်ပေး
thanlwinkhet
  • Website

Related Posts

ရှမ်းပြည်တပ်မတော် ဒီရေတက်ချိန်နှင့်ကျချိန် (တတိယပိုင်း)

September 25, 2023

ပေးဆပ်ခဲ့ရပြီးသော အသက်၊ဘဝပေါင်း များစွာရဲ့ပျောက်ဆုံးနေဆဲ မျှော်လင့်ချက်

September 24, 2023

တကြော့ပြန်တော်လှန်ရေးခရီးထဲက စစ်တပ်နည်းပညာကောလိပ်ကျောင်းသား

September 23, 2023

Leave A Reply Cancel Reply

Recent Posts

  • ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?
  • ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ
  • ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်
  • လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ
  • နမ့်ဖတ်ကာရှိ စစ်ကောင်စီဝင်းအတွင်း တရုတ်အမျိုးသားမိုင်းနင်းမိ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
  • Facebook
  • Twitter
  • Instagram
  • Pinterest
Don't Miss

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?

ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ

ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်

လွန်ခဲ့သည့် နှစ်နှစ်ကျော်ကာလအတိုင်း စစ်ကိုင်းဒေသခံများ ညတွင်းချင်း စစ်ဘေး ထပ်ရှောင်နေရ

Archives

  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021
  • December 2020

Categories

  • Activity
  • Artificial Intelligence
  • Beauty
  • Business
  • General
  • Sports
  • Travel
  • Uncategorized
  • World
  • စီးပွားရေးသတင်း
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပြည်တွင်းသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • အင်တာဗျူး
Popular Posts

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ – PNFC ကဖော်ဆောင်မယ့် ပအိုဝ်းပြည်နယ်ဆိုတာ ဘယ်လိုလဲ. . . .?

September 27, 2023

ငေါ့ငါးရွာကို စစ်ကောင်စီက လေကြောင်းသုံး ဗုံးကြဲ

September 27, 2023

ပေါင် ၅၀၀ ဗုံးဖြင့် TNLA တပ်စခန်းကို စစ်ကောင်စီကလေကြောင်းဖြင့်တိုက်ခိုက်

September 26, 2023
Copyright © 2023. Designed by Than Lwin Khet. All Rights Reserved.
  • Home
  • General
  • Buy Now

Type above and press Enter to search. Press Esc to cancel.