ဘုန်းမောင် ၊ ကောင်းချစ်အောင် ၊ သဇင်
စက်တင်ဘာ ၁၈၊ ၂၀၂၃။
ဘေးဖယ်ခံထားရသော တိုင်းရင်းသားများ၏အရေးပါမှုူ
မြန်မာနိုင်ငံအနာဂတ်တွင် တိုင်းရင်းသားလူနည်းစုများနှင့် ၎င်းတို့ EAO အဖွဲ့များ၏အရေးပါမှုကိုကောင်းစွာနား လည်သဘောပေါက်ရန် ၂၀၁၀ ခုနှစ်ကစတင်ခဲ့သောမြန်မာ့နိုင်ငံရေးတိုးတက်မှုများကိုဆန်းစစ်ရန်လိုအပ်ပေ သည်။ အရပ်ဘက်-စစ်ဘက်အုပ်ချုပ်ရေးစနစ်ဖြင့်လည်ပတ်နေခဲ့သော အရပ်သားအစိုးရလက်ထက်တွင် အရပ်သားအစိုးရကိုဖြုတ်ချဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆုံးဖြတ်ချက်ချခဲ့သည့်အတွက်မြန်မာနိုင်ငံအနာဂတ် ကိုဆုံးဖြတ်ရာတွင် တိုင်းရင်းသားလူနည်းစုများနှင့် ၎င်းတို့ EAOအဖွဲ့များ၏အခန်းကဏ္ဍက အရေးကြီးလာသည်။ သို့သော်လည်း မြန်မာ့အနာဂတ်အတွက်တိုင်းရင်းသားလူနည်းစုများနှင့် ၎င်းတို့ EAO အဖွဲ့များ အဘယ့်ကြောင့်ဤမျှဝေဖန်ခံနေရသည်ကိုနားလည်ရန် မြန်မာ့တပ်မတော်၏ မူလအစီအစဥ်ကိုဦးစွာစစ်ဆေးဖို့လိုအပ်ပါသည်။ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုတွင် “စည်းကမ်းပြည့်ဝသောဒီမိုကရေစီစနစ်”သို့ ကူးပြောင်းခဲ့သည်။
မြန်မာ့နိုင်ငံရေးအကူးအပြောင်းတွင် တပ်မတော်၏အစီအစဥ်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ) စစ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ်ဩဂုတ်လ ၃၀ ရက်တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်က “ဒီမိုကရေစီလမ်းပြမြေပုံ ၇ ရပ်”ကိုအကောင်အထည်ဖော်မည်ဟု ကြေညာခဲ့သည်။ ၎င်းတွင် ၁၉၉၆ ခုနှစ်ကဆိုင်းငံ့ထားခဲ့သောနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ၊ ဖွဲ့စည်း ပုံအခြေခံဥပဒေအတည်ပြုရေးအတွက်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရေး ၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါလီမန်ရွေးကောက်ပွဲကျင်းပရေး ၊ နအဖ က အစိုးသစ်သို့ အာဏာလွှဲပြောင်းရေး စသည်တို့ပါဝင်သည်။
စစ်အာဏာရှင်များရေးဆွဲခဲ့သော လမ်းပြမြေပုံ
ဗိုလ်ချုပ်ခင်ညွန့်၏လမ်းပြမြေပုံအရ ၂၀၀၄ ခုနှစ် ၊ မေလ ၁၇ ရက်တွင် နအဖ သည်ဖွဲ့စည်းပုံအခြေခံဥပဒေပါ သဘောတူညီချက်များကို ပြန်လည်စတင်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဧပြီ ၉ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်မူကြမ်း ကို နအဖ က ထုတ်ပြန်ခဲ့ပြီး ၂၀၀၈ ခုနှစ် မေလ ၁၀ ရက်တွင်ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပမည်ဟု အတည်ပြု ကြေညာခဲ့သည်။ သို့သော်ငြား ၂၀၀၈ ခုနှစ် မေလ ၂ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းကို နာဂစ်ဆိုင်ကလုန်း မုန် တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့်လူတစ်သိန်းထက်မနည်းသေဆုံးခဲ့ရသည်။ ကနဦးတွင် ဖွဲ့စည်းပုံအခြေခံဥပ ဒေဆန္ဒခံယူပွဲဆက်လက်ကျင်းပမည်ဟုကြေညာခဲ့သော်လည်း စီစဥ်ထားသည့်အတိုင်း မေလ ၆ ရက်တွင်မဲပေး ခြင်းကို မေလ ၂၄ ရက်အထိ ရွှေ့ဆိုင်းရန်ဆုံးဖြတ်ခဲ့သည်။
၂၀၀၈ ခုနှစ် မေလ ၂၉ ရက်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၏ တရားဝင်ရလဒ်များကို နအဖကထုတ်ပြန်ကြေညာခဲ့ ပြီး အရည်အချင်းပြည့်မီသောမဲဆန္ဒရှင် ၂၇,၂၈၈,၈၂၇ ဦး၏ ၉၈ ဒဿမ ၁၂ရာခိုင်နှုန်းကဆန္ဒမဲပေးခဲ့ကြပြီး ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေကိုထောက်ခံမဲပေးခဲ့ကြသည်ဟုဆိုသော်ငြား တရားဝင်ရလဒ်များ က လိမ်ညာမှုများသာဖြစ်သည်ဟုကျယ်ကျယ်ပြန့်ပြန့်မှတ်ယူခဲ့ကြသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင်ပထမဆုံးပါလီမန်ရွေးကောက်ပွဲကို နအဖ ကကျင်းပခဲ့သည်။ NLD နှင့်တိုင်းရင်းသားလူနည်းစုနိုင်ငံရေးပါတီအများအပြားက ရွေးကောက်ပွဲကိုသပိတ်မှောက် ခြင်း သို့မဟုတ်ဝင်ရောက်မယှဥ်ပြိုင်ခြင်းများပြုလုပ်ခဲ့သော်လည်း တိုင်းရင်းသားလူနည်းစုနိုင်ငံရေးပါတီ ၂၀ နီးပါးအပါအဝင် နိုင်ငံရေးပါတီ ၃၀ ကျော်ကကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။မဲဆန္ဒရှင်များ အားခြိမ်းခြောက်ခြင်း ၊ မဲပုံးများလဲလှယ်ခြင်း နှင့်အခြားရွေးကောက်ပွဲဆိုင်ရာမသမာမှုများရှိသည်ဟု စွပ်စွဲခံရသော် လည်း တပ်မတော်လိုလားသောပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ-USDP ကပြည်သူ့ လွှတ်တော်တွင် ဝင် ရောက်ယှဥ်ပြိုင်သည့်၃၂၅ နေရာအနက် ၂၅၉ နေရာ နှင့် အမျိုးသားလွှတ်တော်တွင်ဝင်ရောက်ယှဥ်ပြိုင်သည့် ၁၆၈ နေရာတွင်၁၂၉ နေရာအနိုင်ရခဲ့ကြောင်း နအဖ က ကြေညာခဲ့သည်။
၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ပထမအကြိမ်ပြည်ထောင်စုလွှတ်တော်စတင်ကျင်းပခဲ့ပြီး ယခင် နအဖဝန်ကြီး ချုပ် ဗိုလ်ချုပ်သိန်းစိန် က နိုင်ငံတော်သမ္မတအဖြစ်လည်းကောင်း ၊ နအဖ အတွင်းရေးမှူး ၁တင်အောင်မြင့်ဦး နှင့် USDP က ရှမ်းတိုင်းရင်းသား ဒေါက်တာစိုင်းမောက်ခမ်း ကဒုတိယသမ္မတအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင် ဖို့ မတ်လ ၃၁ ရက် တွင် ပြည်ထောင်စုအစိုးရထံတရားဝင်အာဏာလွှဲပြောင်းပေးခဲ့ပြီး “ဒီမိုကရေစီလမ်းပြမြေပုံ ၇ ရပ်” ပြီးမြောက်စေခဲ့သည်။
အာဏာလွှဲပြောင်းမှုကြောင့် တပ်မတော်ကရရှိခဲ့သောအကျိုးကျေးဇူးများ
၂၀၁၁ ခုနှစ် နအဖ အာဏာလွှဲပြောင်းမှုက မြန်မာစစ်တပ်အတွက်အကျိုးရှိစေရန်ရည်ရွယ်သည်။စစ်တပ်အာဏာ ရ နှစ်ပေါင်း ၅၀ နီးပါးကာလအတွင်း မြန်မာစစ်တပ်က နိုင်ငံတော်အပေါ်ဆိုးရွားစွာစီမံခန့်ခွဲအုပ်ချုပ်ခဲ့ပြီး မြန်မာ နိုင်ငံအား ဒေသတွင်း အချမ်းသာဆုံးနိုင်ငံအဖြစ်ကအဆင်းရဲဆုံးနိုင်ငံအဖြစ်ဆီ အသွင်ပြောင်းခဲ့သည်။ တိုင်းသူပြည် သားများ၏ စီးပွားရေးနှင့်အုပ်ချုပ်ရေးတာဝန်ကိုပြည်ထောင်စု အစိုးရထံလွှဲပြောင်းခြင်းဖြင့် စီးပွားရေးဆက်လက် ကျဆင်းနေပါကစီးပွားရေးပြန်လည်ဦးမော့လာနိုင်ရန် နောက်ဆက်တွဲအဖြစ် မြန်မာစစ်တပ်ကအကြွေးယူနိုင်သည်။
ဒုတိယအချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်နှင့်တပ်မတော်လိုလားသောနိုင်ငံရေးပါတီများ က ပြည်ထောင်စုလွှတ်တော်ကိုထိန်းချုပ်နိုင်ခွင့်ရှိသည်။စစ်တပ်လိုလားသောသမ္မတများနှင့် ဒုတိယသမ္မတများ ရွေးချယ်ပေါင်းစပ်ကာ အရပ်ဘက် -စစ်ဘက်ပြည်ထောင်စုအစိုးရတွင် အရပ်သားဘက်ခြမ်းကိုအုပ်ချုပ်ရန် စစ်တပ်လိုလားသောဝန်ကြီးများခန့်အပ်နိုင်သည်။
တတိယအချက်မှာ ပေါင်းစပ် အရပ်သား – စစ်သားအစိုးရထံ အာဏာလွှဲပြောင်းမှုသည် နှစ်ပေါင်း ၇၀ကျော်ကြာခဲ့ ပြီဖြစ်သောပြည်တွင်းစစ်ကိုချုပ်ငြိမ်းပေးပြီး EAO ၂၀ ကျော်အတွက်လည်းလုံလောက်သောအခြေအနေတစ်ရပ် ဖြစ်လိမ့်မည်ဟု နအဖက တွေးထင်ခဲ့သည်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအားလုံးတန်းတူညီမျှခွင့် နှင့် ပြည်နယ် ၊ တိုင်းဒေသကြီး ၁၄ခုအတွက် တန်းတူညီမျှရေးပြဋ္ဌာန်းချက်များသည် ပြည်ထောင်စုအစိုးရသစ်ကို ထောက်ခံအားပေးရန် နှင့်တိုင်းရင်းသားများ၏ခုခံကာကွယ်စစ်ကို စွန့်လွှတ်ရန်လုံလောက်သည်ဟု တပ်မတော်ကယုံကြည်ထားခဲ့သည်။
စတုတ္ထအချက်မှာ ပြည်ထောင်စုအစိုးသစ်တစ်ရပ်တည်ထောင်ခြင်းအားဖြင့် ဩစတြေးလျ ၊ ကနေဒါ ၊အီးယူ ၊ ဗြိ တိန် နှင့် အမေရိကန်ပြည်ထောင်စုတို့က စစ်အာဏာရှင်များအပေါ်ချမှတ်ထားသောနိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုအမျိုးမျိုးကိုဖယ်ရှားပြီးဖြစ်လိမ့်မည်ဟု နအဖကမျှော်လင့်ထားခဲ့လေသည်။
အချုပ်အားဖြင့်ဆိုရလျှင် ၂၀၁၁ ခုနှစ်၌ နအဖ ၏ ပြည်ထောင်စုအသွင်ကူးပြောင်းရေးအစီအစဥ်ကမြန်မာ့အုပ်ချုပ် ရေးကို စစ်တပ်ကထိန်းချုပ်ထားစဥ်ကာလအတွင်းဒီမိုကရေစီအသွင်ကူးပြောင်းမှုအဖြစ်ဆောင်ရွက်နိုင်ခဲ့ကြောင်းနိုင်ငံတကာကအထင်ကြီးလာစေရန်ပုံဖော်ထားသော နိုင်ငံရေးအသွင်ကူးပြောင်းမှုတစ်ရပ်သာဖြစ်သည်။စင်စစ်တော့ တပ်မတော်၏မျှော်လင့်ချက်မှာ ပြည်တွင်းပြည်ပဝေဖန်ရေးသမားများကိုလှည့်စားနိုင်မည့်ထွင်လုံးသက် သက်သာဖြစ်သည်။ ပြည်တွင်းမှာတော့ တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် ၊ NLDနှင့် ဗမာတိုင်းရင်းသား အများစုကို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအလားအလာများရှိကြောင်းစည်းရုံးနိုင်ခဲ့သည်။ နိုင်ငံတကာတုံ့ပြန်မှုက လည်း အစောပိုင်းတွင် သတိထားမိကြောင်းဖော်ပြခဲ့ပြီးနောက်ဆုံးမှာတော့ မြန်မာနိုင်ငံနှင့်ဆက်ဆံရေးအပေါ် နိုင်ငံတကာကန့်သတ်ချက်များအားလုံး နီးပါး၂၀၁၆ ခုနှစ်နှစ်ကုန်ပိုင်းတွင် ရုတ်သိမ်းသွားခဲ့သည်။ သို့သော်လည်း တိုင်းရင်းသားလူနည်းစုများ နှင့်
၎င်းတို့၏ EAO များသည် တပ်မတော်၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကတိပျက်ကွက်မှုအတွေ့အကြုံများစွာရှိခဲ့သောကြောင့် တပ်မတော်အပေါ် အယုံအကြည်မရှိဆဲဖြစ်သည်။
လွှတ်တော်ရွေးကောက်ပွဲများနှင့် လူနည်းစုတိုင်းရင်းသားများ ၊ EAO များ၏အခန်းကဏ္ဍ
ပြည်ထောင်စုအစိုးရ၏ ပထမ ၅ နှစ်သက်တမ်းအတွင်း မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှုကတပ်မတော်၏မျှော် မှန်းချက်နှင့်အညီ လည်ပတ်နေပုံပေါ်သည်။ သို့သော်လည်း ဖြစ်ရပ်များကိုပိုမိုနီးကပ်စွာဆန်းစစ်ကြည့်လျှင် (အထူး သဖြင့်) မြန်မာနိုင်ငံရှိတိုင်းရင်းသားလူနည်းစုများနှင့် ၎င်းတို့EAO များနှင့်ပတ်သက်ပြီး နောက်ခံပြဿနာများကို ထုတ်ဖော်ပြသနေသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ တခဲနက်အောင်ပွဲခံမှုကမြန်မာနိုင်ငံအတွက်တပ်မတော်၏ လိုလားချက်လမ်းကြောင်းမှရှင်းရှင်းလင်းလင်းသွေဖီသွားခြင်းဖြစ်သော်လည်း နိုင်ငံ့အရေးတက်ကြွ လှုပ်ရှားမှုများတွင်တိုင်းရင်းသားလူနည်းစုများနှင့် EAO များ၏အရေးပါမှုကိုလည်း ဆက်ပြီးဖော်ပြခဲ့သည်။ ၂၀၂၀ရွေးကောက်ပွဲတွင် ပြည်နယ် ၇ ပြည်နယ်တွင် NLD လွှမ်းမိုးမှုကိုစိန်ခေါ်ရန်တိုင်းရင်းသားပါတီအချို့၏ကြိုးစားမှု များ မအောင်မြင်ခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်ကိုကြည့်လျှင်တိုင်းရင်းသားမဲဆန္ဒရှင်များနှင့် EAO များ၏ နိုင်ငံ ရေးအရအရေးပါမှုကို ဆက်ပြီးဖော်ပြနေသည်။
၂၀၁၀ ရွေးကောက်ပွဲများ
၂၀၁၀ ရွေးကောက်ပွဲရလဒ်များက ပြည်ထောင်စုအစိုးရ၏ အရပ်ဘက် – စစ်ဘက်နှစ်ဘက်စလုံးအပေါ်ချုပ်ကိုင် ထားသော နအဖ ရည်မှန်းချက်များနှင့် ကိုက်ညီသော်လည်းရွေးကောက်ပွဲလိမ်လည်မှုများ နှင့် အခြားသော မဲ မသမာမှုများရှိခဲ့သည်ဟူသော
ယုံကြည်လောက်ဖွယ်စွပ်စွဲမှုများရှိနေသည်။ ALTSEAN က –
“အာဆီယံနဲ့ တရုတ်ကလွဲပြီး မြန်မာပြည်တွင်း နဲ့ပြည်ပနိုင်ငံတွေက ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းတွေနဲ့
ပတ် သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ရှုတ်ချခဲ့ကြတယ်” ဆိုသည်။ ရွေးကောက်ပွဲနေ့တွင်ထုတ်ပြန်သော
အိမ်ဖြူတော် ထုတ် ပြန်ချက်ကြေညာချက်တွင်လည်း – “ နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲများသည် လွတ်လပ်ပြီးတရားမျှတမှုမရှိသလိုတရားဝင်ရွေးကောက်ပွဲများသည် နိုင်ငံတကာကလက်ခံထားသောစံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း”ဖော်ပြထားသည်။
ပြည်ခိုင်ဖြိုးပါတီသည် ပြည်ထောင်စုလွှတ်တော်နှစ်ရပ်စလုံးတွင် အများစုနေရာရရှိခဲ့သော်လည်းတိုင်းရင်းသား ပြည်နယ် ၇ ပြည်နယ်အနက် ၄ ပြည်နယ်၏ရလဒ်များအရတပ်မတော်၏နည်းဗျူဟာအတွင်း နက်ရှိုင်းသောအက် ကြောင်းကြီးများရှိနေကြောင်းပြသခဲ့သည်။
ချင်းပြည်နယ်တွင် ချင်းတိုးတက်ရေးပါတီက အမျိုးသားလွှတ် တော် ၁၂ နေရာအနက် ၄ နေရာ နှင့်ပြည်သူ့ လွှတ်တော် ၉ နေရာအနက် ၂ နေရာအနိုင်ရရှိခဲ့ပြီး ချင်းအမျိုးသားပါတီ ၊ ချင်း ပြည်နယ် EAOဆက်စပ်နိုင်ငံရေးပါတီ ချင်းအမျိုးသားတပ်ဦး(CNF) တို့ကလည်း ပြည်သူ့လွတ်တော်တွင် ၂ နေရာအနိုင်ရရှိခဲ့သည်။ မွန်ပြည်နယ်တွင် မွန် ဒေသလုံးဆိုင်ရာ ဒီမိုကရက်တစ်ပါတီ(AMRDP) ကအမျိုးသားလွှတ်တော် ၁၂ နေရာ အနက် ၄ နေရာနှင့် ပြည်သူ့ လွှတ်တော် ၁၀ နေရာအနက် ၃နေရာအနိုင်ရရှိခဲ့သည်။ ရခိုင်ပြည်နယ် တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီ (RNDP) ကအမျိုးသားလွှတ်တော် ၁၂ နေရာအနက် ၇ နေရာ နှင့် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၁၇ နေရာ အနက် ၉ညနေရာအနိုင်ရရှိခဲ့သည်။
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၅၁ နေရာအနက် ၅ နေရာအတွက်မဲခွဲဆုံးဖြတ်ခဲ့ချိန်တွင်သီးခြားတိုင်းရင်းသားနိုင်ငံ ရေးပါတီ ၅ ပါတီအနိုင်ရခဲ့သည့်ရှမ်းပြည်နယ်တွင်ရလဒ်များပိုမိုရှုပ်ထွေးခဲ့သည်။ ပြည်သူ့လွှတ်တော်တွင် ၅၁ နေရာ ရှိသည့်အနက်ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ၁၈ နေရာ နှင့် အမျိုးသားလွှတ်တော် ၁၂ နေရာအနက် ၃ နေရာအနိုင်ရခဲ့သည်။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO က ပြည်သူ့လွှတ်တော်တွင် ၃ နေရာ နှင့်အမျိုးသားလွှတ်တော်တွင် ၁ နေရာအနိုင်ရခဲ့သည်။ “ဝ”ဒီမိုကရက်တစ်ပါတီ(WDP) ကပြည်သူ့လွှတ်တော်တွင် အမတ် ၂ နေရာနှင့် အမျိုးသားလွှတ်တော်တွင် ၁ နေရာအနိုင်ရခဲ့သည်။ပြည်ထောင်စုလွှတ်တော်တွင် တအာင်း အမျိုးသားပါတီ(TNP) က ၁ နေရာနှင့်အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ပြည်သူ့လွှတ်တော်တွင် ၁ နေရာ အနိုင်ရရှိခဲ့သည်။
ကချင် ၊ ကယား နှင့် ကရင်ပြည်နယ်တို့ရှိ တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ရလဒ်များညံ့ဖျင်းရခြင်းမှာအချက် ၂ ချက်ကြောင့်ဖြစ်သည်။ ပထမအချက်မှာ ကျော်ကြားထင်ရှားသောပါတီအချို့ရွေးကောက်ပွဲကိုသပိတ်မှောက်ခဲ့ကြသည်။ ဒုတိယအချက်မှာ နအဖရွေးကောက်ပွဲ ကော်မရှင်ကရွေးကောက်ပွဲပါဝင်ရန်ကြိုးပမ်းခဲ့ကြသည့် တိုင်းရင်း သားပါတီအချို့ကို အရည်အချင်းမပြည့်ဝဟုဆိုကာဝင်ရောက်ယှဥ်ပြိုင်ခွင့်မပြုခဲ့ပေ။ ခြုံကြည့်လျှင် ၂၀၁၀ ရွေး ကောက်ပွဲရလဒ်များက တပ်မတော် နှင့်ပြည်ခိုင်ဖြိုးပါတီသည် မြန်မာနိုင်ငံရှိတိုင်းရင်းသားလူနည်းစုများအပေါ်အလွန်ရေပန်းမစားကြောင်းဖော်ပြနေသည်။
၂၀၁၅ ရွေးကောက်ပွဲများ
၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD က အမတ်နေရာ ၈၀ ရာခိုင်နှုန်းနီးပါးဖြင့်အနိုင်ယူနိုင်ခဲ့ သောကြောင့် တပ်မတော်၏ USDP ကံကြမ္မာကိုပြောင်းပြန်လှန်နိုင်ခဲ့သည်။ သို့သော်ရလဒ်များကိုအသေးစိတ်လေ့ လာကြည့်ခြင်းလျှင်မူ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ကိုထောက်ခံမှုကတိုင်းရင်းသားလူနည်းစုများကြားတွင် အလှမ်းဝေးနေကြောင်း တွေ့ရသည်။
NLD သည် တိုင်းဒေသကြီး ၇ ခုတွင် အမတ်နေရာအားလုံးနီးပါးအနိုင်ရရှိခဲ့ပြီး အောင်ပွဲခံနိုင်ခဲ့ခြင်းကအံ့ဩစရာ တော့မဟုတ်ပါ။ သို့သော် ပြည်နယ် ၇ ပြည်နယ်မှာတော့ ရလဒ်များရောနှောသွားခဲ့သည်။ရခိုင်ပြည်နယ်တွင် ပြည် သူ့လွှတ်တော်မဲဆန္ဒနယ် ၁၇ နေရာအနက် ရခိုင်အမျိုးသားပါတီက ၁၂ နေရာ နှင့်အမျိုးသားလွှတ်တော် ၁၂ နေရာ အနက် ၁၀ နေရာ ၊ ရှမ်းပြည်နယ်ပြည်သူ့လွှတ်တော် ၁၂ နေရာ နှင့်အမျိုးသားလွှတ်တော် ၃ နေရာဖြင့် SNLD ဦး ဆောင်ပြီး တိုင်းရင်းသားပါတီ ၅ ပါတီကအနိုင်ရရှိခဲ့သည်။ချင်း ၊ ကချင် ၊ မွန်တို့တွင်လည်း တိုင်းရင်းသားပါတီကိုယ် စားလှယ်များ အနိုင်ရရှိခဲ့သည်။
NLD သည် ပြည်နယ် ၇ ပြည်နယ်အတွက် ပြည်သူ့လွှတ်တော်တွင် ၅၇ နေရာ နှင့်အမျိုးသားလွှတ်တော်တွင် ၅၃ နေရာ အနိုင်ရရှိခဲ့သည်။ သို့သော်လည်း NLD အောင်မြင်မှုသည်တစိတ်တပိုင်းအားဖြင့် ရွေးကောက်ပွဲစည်းမျဥ်း ကြောင့်ဖြစ်သည်။ ၂၀၁၅ ခုနှစ်ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီပေါင်း ၅၀ ကျော်ပါဝင် ယှဥ်ပြိုင်ကြရာတိုင်းရင်းသားပါတီများ မဲကွဲသွားသောကြောင့် NLD က အသာရခဲ့သည်။ အချို့ခရိုင် ၊ မြို့နယ်များ တွင်တိုင်းရင်းသားလူနည်းစုကိုယ်စားလှယ်လောင်းများ၏ စုပေါင်းမဲများက အနိုင်ရ NLDကိုယ်စားလှယ်လောင်း စုစုပေါင်းထက်ကျော်လွန်နေပါသည်။
ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်အချို့ဒေသတွင် တပ်မတော် နှင့် EAOများအကြားတိုက်ပွဲဖြစ်ပွားနေသော ကြောင့် မဲမပေးနိုင်ခဲ့သည့်အတွက် ပြည်သူ့လွှတ်တော်တွင် ၇နေရာလစ်လပ်ခဲ့သည်။ အဆိုပါဒေသများတွင် မဲပေး ခွင့်ရရှိခဲ့ပါကတိုင်းရင်းသားကိုယ်စားလှယ်လောင်းများအနိုင်ရမည်ဟု ဦးသိန်းစိန်အစိုးရက မျှော်လင့်ထားသည့်အရိပ်အယောင်အချို့လည်းရှိနေသည်။
ထပ်မံဖြည့်စွက်ပြီးပြောရရင် ၂၀၁၅ UEC သည် ၁၉၉၀ နှင့် ၂၀၁၀ရွေးကောက်ပွဲများတွင်ကျင့်သုံးခဲ့သည့်မဲပေးခွင့်ကို ရခိုင်ပြည်နယ်ရှိမွတ်ဆလင်များအတွက်တရားဝင်ခွင့်မပြုခဲ့ပေ။ သမ္မတဦးသိန်းစိန် နှင့် UEC တို့၏ဆုံးဖြတ်ချက်က ရခိုင်ပြည်နယ်တွင် ANPအတွက်အောင်မြင်မှုကို အထောက်အကူဖြစ်စေနိုင်ခဲ့သည်။
၂၀၂၀ ရွေးကောက်ပွဲများ
၂၀၂၀ ရွေးကောက်ပွဲများသည် UEC နှင့် ရွေးကောက်ပွဲလုပ်ငန်းစဥ်အပေါ် NLDကထိန်းချုပ်ထားသော်လည်း ဆောင်ရွက်ခဲ့ပုံနှင့် ၎င်းတို့ရလဒ်များက ၂၀၁၅ရွေးကောက်ပွဲနှင့်အတော်လေးဆင်တူနေသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၁၅ နေရာ နှင့် အမျိုးသားလွှတ်တော် ၇ နေရာအတွက် UEC ကမဲခွဲဆုံး ဖြတ်ခဲ့ရာတွင် ရက္ခိုင့်တပ်တော် AA နှင့် တပ်မတော်အကြားတိုက်ပွဲများကြောင့် မဲပေးခွင့်ဖျက်သိမ်းခဲ့သည်။ ရခိုင် မွတ်ဆလင်များမဲပေးခွင့်ထပ်မံငြင်းပယ်ခံခဲ့ရသည်။ မွတ်ဆလင်ဖြစ်နိုင်ချေရှိသူများအနက် မဲပေးပိုင်ခွင့်ရှိသူအများ စုမှာ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးခဲ့ရသည်။တိုင်းရင်းသားလူနည်းစုကိုယ်စားလှယ် လောင်းအများအပြားအရည်အချင်းပျက်ယွင်းမှုအကြောင်းပြချက်ဖြင့် ငြင်းပယ်ခံရသည့်အတွက် အချို့သောတိုင်းရင်းသားလူနည်းစုပါတီများက UEC ၏ခွဲခြားဆက်ဆံခံရသည့်ဆုံးဖြတ်ချက်များကိုမကျေမနပ်ဖြစ်ခဲ့ရသည်။
၂၀၁၅ ခုနှစ်ကဲ့သို့ပင် NLD သည် ပြည်သူ့လွှတ်တော်တွင် ၂၅၈ နေရာနှင့် အမျိုးသားလွှတ်တော်တွင် ၁၃၈နေရာဖြင့် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး လွှတ်တော် ၃ ရပ်စလုံးတွင်အသားတင်နေရာရရှိခဲ့သည်။သို့သော်လည်း NLD အောင် မြင်မှုအများစုက တိုင်းဒေသကြီး ၇ တိုင်းတွင်ဖြစ်ပြီး ပါတီကံကြမ္မာကတိုင်းရင်းသားပြည်နယ် ၇ ပြည်နယ်တွင် ပိုမို ရောနှောလာခဲ့သည်။ NLD သည် အမျိုးသားလွှတ်တော်တွင်မဲဆန္ဒနယ်အားလုံးနှင့် ပြည်သူ့လွှတ်တော်တွင် မဲဆန္ဒ ၃ နေရာကလွှဲပြီး အားလုံးအနိုင်ရရှိခဲ့သည်။သို့သော်လည်း ရခိုင်ပြည်နယ်တွင် ANP နှင့် Arakan Front ပါတီတို့ကနေရာအားလုံးနီးပါးအနိုင်ရခဲ့သည်။ SNLD သည် ရှမ်းပြည်နယ်တွင် လွှတ်တော်နှစ်ရပ်စလုံးတွင်
နေရာရရှိခဲ့သည်။ ကယားလွှတ်တော်နှစ်ရပ်စလုံးတွင် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ(KSDP)ကအနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု လွှတ်တော်တွင် ပထမဆုံးအကြိမ်အဖြစ် ကရင်နီတိုင်းရင်းသားပါတီကအနိုင်ရခဲ့သည်။
တိုင်းရင်းသားလူနည်းစုနိုင်ငံရေးပါတီများအောင်မြင်မှုသည် နိုင်ငံရေးပါတီအများအပြားကကိုယ်စားလှယ်လောင်း များအားခေါ်ယူရာတွင် ၂၀၁၅ခုနှစ်၏အမှားများကိုရှောင်ရှားနိုင်ရန်ကြိုးပမ်းမှုတစိတ်တပိုင်းဖြစ်သည်။ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ ၂၀၁၃ခုနှစ်တွင်ပေါင်းစည်းခဲ့သော ANP ၏ ၂၀၁၅အောင်ပွဲသည်အခြားသော တိုင်းရင်းသားနိုင်ငံရေးပါတီများကို အလားတူစည်းလုံးညီညွတ်သော နိုင်ငံရေးတပ်ပေါင်းစုဖွဲ့ရန် တွန်းအားဖြစ်စေခဲ့သည်။ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ၊ ချင်းတိုးတက်ရေးပါတီနှင့် ချင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့က ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီအဖြစ် ၂၀၂၀ ရွေးကောက်ပွဲတွင်ပါဝင်ခဲ့သည်။ မွန်ပြည်နယ်တွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(AMRDP) နှင့်မွန်အမျိုးသားပါတီ(MNP) သည် မွန်ပြည်သစ် ပါတီအ ဖြစ်ပေါင်းစည်းရန် ၂၀၁၉ခုနှစ်မေလတွင်သဘောတူညီခဲ့သည်။ ကချင် ၊ ကယား ၊ ကရင် နှင့် ရှမ်းပြည်နယ် တို့တွင်လည်းအလားတူပေါင်းစည်းမှုများဖြစ်ပွားခဲ့သည်။ ပေါင်းစည်းမှုသည် လွှတ်တော်နှစ်ရပ် (ရခိုင်ပြည်နယ်ကလွဲပြီး) ပြည်နယ်လွှတ်တော်အများစုတွင် အနိုင်ရရန်မလုံလောက်သော်လည်း USDP နှင့် NLDပါတီနှစ်ရပ်လုံးသည် တိုင်းဒေသကြီးအပြင်ဘက်တွင် လူကြိုက်များခြင်းမရှိကြောင်း လေ့လာသူများကယေဘူယျယူဆထားကြသည်။
၂၀၂၁ အာဏာသိမ်းမှုတွင် တိုင်းရင်းသားလူနည်းစုများနှင့် ၎င်းတို့ EAO များ၏အခန်းကဏ္ဍ
၂၀၁၅ ခုနှစ် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးရန် EAO များကို ဆွဲဆောင်နိုင်ဖို့ ၅ နှစ် အတွင်း ကြိုးစားမှုများကလည်း များစွာအောင်မြင်ခြင်းမရှိခဲ့ပါ။ အစောပိုင်းကတော့တိုင်းရင်းသားနိုင်ငံရေးပါတီ များ နှင့် EAO များထံကထောက်ခံမှုရရှိရန် တပ်မတော်ကကြိုးပမ်း ခဲ့သည်။၂၀၂၀ ရွေးကောက်ပွဲရလဒ်များ မထုတ် ပြန်မီကပင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာစည်းကမ်းချက်များကို ဆွေးနွေးရန်အတွက်တပ်မတော်၏ငြိမ်းချမ်းရေးဆွေးနွေးပွဲကော်မတီကိုဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။ ၂၀၂၀ နိုဝင်ဘာ၁၇ တွင် UWSA နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တွေ့ဆုံခဲ့ပြီး EAO များအား ၂၀၁၅ အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်ကိုလက်မှတ်ရေးထိုးရန် တွန်းအားပေးခဲ့ သည်။ တစ်ချိန်တည်းမှာပင် NLDနှင့် UEC တို့ က ရွေးကောက်ပွဲမဲမသမာမှုများကျူးလွန်ခဲ့ကြောင်း ခိုင်လုံသောအထောက်အထားမရှိဘဲစွပ်စွဲခဲ့ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများကတပ်မတော်ကိုထောက်ခံဖို့တောင်းဆိုခဲ့သည်။
တည်ငြိမ်သောအပစ်အခတ်ရပ်စဲရေးရရှိနိုင်ဖို့ တိုင်းရင်းသားနိုင်ငံရေးပါတီများ ၊ EAO များကိုစည်းရုံးသိမ်းသွင်းနိုင် ခြင်းမရှိသေးဘဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် တပ်မတော်က ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာ သိမ်းခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတဦးဝင်းမြင့် နှင့်ရွေးကောက်တင်မြှောက်ခံရသောလွှတ်တော်ကိုယ်စားလှယ်အများစုကို ထိန်းသိမ်းခဲ့သည်။မြန်မာ့ဒီမိုကရေစီရေး အတွက် တပ်မတော်စီမံချက်ကိုပြုပြင်ပြောင်းလဲရန်အချိန်တန်ပြီဟုတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆုံးဖြတ်ခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။