ကောင်းချစ်အောင်
စက်တင်ဘာ ၁၈၊ ၂၀၂၃။
မကွေးတိုင်း၊ ချောက်မြို့နယ် စည်ပင်သာယာရေးရုံးကို လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခဲ့ပြီး ရုံးဝင်းအတွင်းရှိ ကား ၁စီး ထိခိုက်မှုရှိခဲ့သည်ဟု Chauk Guerrilla Force-CGF အဖွဲ့ထံက သိရသည်။
ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ချောက်မြို့နယ်စည်ပင်ရုံးကို လက်ပစ်ဗုံး ၁ လုံးပစ်ခဲ့ရာ ဦးစီးမှူးဖြစ်သူ ဦးနေမန်းအောင် ၏ကား ထိခိုက်မှုရှိခဲ့သည်ဟု CGF အဖွဲ့တာဝန်ခံ ဗိုလ်ပေတ က သံလွင်ခက် ကို ပြောသည်။
“ကျွန်တော်တို့က စည်ပင်ရုံးထဲကို လက်ပစ်ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တာဗျ။ ဗုံးက ရှေ့ကသစ်ပင်ကိုမှန်ပြီး စည်ပင်အရာရှိစီးတဲ့ ကားအောာက်ကို ကျရောက်ပေါက်ကွဲခဲ့တာဗျ” ဟု ဆိုသည်။
ကားတာယာများပျက်စီးကာ ထိခိုက်မှုအများကြီးရှိခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိဟု သိရသည်။
စည်ပင်ရုံးဝန်ထမ်းများသည် မတရားအခွန်ကောက်ခံမှုများလုပ်ဆောင်နေသောကြောင့် ပြည်သူလူထုထံက တိုင်ကြားမှုများ လက်ခံရရှိနေသည်ဟု ဗိုလ်ပေတ က ပြောသည်။
ထို့အပြင် CGF အဖွဲ့အနေဖြင့် စည်ပင်ဦးစီးအရာရှိ ဦးနေမန်းအောင်နှင့် ရေပေးဝေရေးအရာရှိ ဒေါ်နိုင်နိုင်မော် တို့အား နောက်ဆုံးအကြိမ် သတိပေးလိုက်သည်ဟုလည်း ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို ချောက်မြို့ပြပြောက်ကျားတပ်ဖွဲ့ CGF နှင့်မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1990
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=5640