• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်
  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး
  • ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို
  • နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်
  • အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»Uncategorized»ဘာသာရေးကို လက်နက်သဖွယ်အသုံးချနေတဲ့ စစ်အုပ်စု
Uncategorized

ဘာသာရေးကို လက်နက်သဖွယ်အသုံးချနေတဲ့ စစ်အုပ်စု

thanlwinkhetBy thanlwinkhetSeptember 14, 2023No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘမောင်
စက်တင်ဘာ ၁၄ ၊ ၂၀၂၃။

 

သာသနာ့နယ်မြေဟု စစ်ကောင်စီကကြွေးကြော်နေသောလက်ခတ်တောင်။ (ဓာတ်ပုံ - Cobra Column)
သာသနာ့နယ်မြေဟု စစ်ကောင်စီကကြွေးကြော်နေသောလက်ခတ်တောင်။ (ဓာတ်ပုံ – Cobra Column)

မြန်မာပြည်နိုင်ငံရေးမှာ နှစ်ပေါင်း(၇၀)ကျော်အာဏာလုယူပြီးအုပ်စိုးလာတဲ့ စစ်အုပ်စုကြောင့်ပြည်သူလူထုအားလုံး ရဲ့ ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်မှုတွေ ရပ်ဆိုင်းခဲ့ပြီးဆင်းရဲကြပ်တည်းမှုသံသရာတွင်းထဲ ကျရောက်ခဲ့ရပါတယ်။

စစ်အုပ်စုရဲ့သဘောသဘာဝကို သေချာသုံးသပ်ကြည့်မယ်ဆိုရင်ပြည်သူဆီကဆင်းသက်ရမယ့်အာဏာကို အရပ် သားဒီမိုကရေစီအစိုးရတွေဆီမရောက်အောင်စစ်တပ်ကပဲ ကြားဖြတ်လုယူပြီး အာဏာသိမ်းတတ်တာကို တွေ့ရ လေ့ရှိပါတယ်။ နောက်ပြီးရရှိထားတဲ့အာဏာတည်မြဲရေးအတွက် နည်းလမ်းမျိုးစုံသုံးပြီး သူတို့ကို ပြန်ပြီးမဆန့် ကျင်အောင်၊မတော်လှန်အောင် နည်းမျိုးစုံနဲ့ တားဆီးတတ်ကြပါတယ်။ ဒီနည်းလမ်းတွေထဲမှာ ဘာသာရေးကိုလည်းနည်းလမ်းတစ်ခုအဖြစ် (သို့) လက်နက်တစ်ခုအဖြစ် အသုံးချနေတာ တွေ့ရှိရပါတယ်။

စစ်အုပ်စုဟာ ဘာသာရေးကိုလက်နက်အဖြစ် ရည်ရွယ်ချက်ရှိရှိ အသုံးချနေတာလို့ သုံးသပ်နိုင်ပါတယ်။မြန်မာပြည် ဟာ ဗုဒ္ဓဘာသာကိုးကွယ်သူအများစုနေထိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အပြင်ဗုဒ္ဓဘာသာအမြစ်တွယ်လာတာ နှစ် ပေါင်း ၉၀၀ ကျော်လာခဲ့တဲ့နိုင်ငံဖြစ်တဲ့အတွက်သမိုင်းကြောင်းရှိပြီးသား ဘာသာရေးအဆောက်အအုံတစ်ခုကို အသုံးချနေတာဟာ စစ်အုပ်စုအတွက်တရားဝင်မှု (legitimacy) ရဖို့ အကောင်းဆုံးနည်းလမ်းဖြစ်နေလို့ပါပဲ။

လူထု​ထောက်ခံမှုမရဘဲ တရားမဝင်အုပ်စိုးနေတဲ့စစ်အုပ်စုဟာ သူတို့လိုအပ်နေတဲ့ တရားဝင်မှုကိုဘာသာရေးက တဆင့်ရှာဖွေနေတာလို့ ပြောနိုင်ပါတယ်။ဒါ ကြောင့် ထေရဝါဒဗုဒ္ဓဘာသာကလွဲပြီးအခြားလူနည်းစုတွေ ကိုးကွယ် နေတဲ့ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာတွေကိုမျိုးဖျက်သာသနာတွေအဖြစ် တောက်လျောက်ပုံဖော်ဆန့်ကျင် ခဲ့ကြပါတယ်။ ဒီလိုဆန့်ကျင်မှလည်းထေရဝါဒဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်သူတွေအဖြစ် စစ်အုပ်စုကို လူထုကလက်ခံယုံကြည်လာကြလိမ့်မယ်လို့ သူတို့က ယူဆထားကြပါတယ်။

လူထုက ရွေးကောက်တင်မြှောက်တာမဟုတ်ဘဲ အစိုးရတာဝန်တွေကို အဓမ္မယူထားတဲ့စစ်အုပ်စုဟာဘာသာရေး က တဆင့် လူထုရဲ့ချန်ပီယံ အချစ်တော်နေရာကို လိုချင်တပ်မက်နေတယ်ဆိုတာကိုအထင်းသားမြင်နိုင်ပါတယ်။

စစ်အုပ်စုရဲ့နိုင်ငံရေးအယူအဆစစ်အုပ်စုရဲ့ နိုင်ငံရေးအယူအဆက အာဏာရရှိနေတဲ့သူတို့ရဲ့အနေအထား၊ အဆင့်အတန်း တည်မြဲအောင်ထိန်း ထားလိုတဲ့ အယူအဆဖြစ်ပါတယ်။ ပိုနေမြဲ ကျားနေမြဲ အခြေအနေကို ထိန်းထားနိုင်ဖို့အင်အားသုံးတာဖြစ်စေ၊ လူထုအပေါ်လွှမ်းမိုးနိုင်တဲ့ အယူအဆကို အသုံးချတာဖြစ်စေ ဘာမဆိုလုပ်ဖို့အဆင်သင့်ရှိနေကြပါတယ်။

ဒီနေရာမှာ လူထုကို အလွှမ်းမိုးနိုင်ဆုံး အယူအဆက ဘာသာရေးအယူအဆဆိုတာကိုလည်းစစ်ကောင်စီက ကောင်းကောင်းကြီးသိထားပါတယ်။ ဒါကြောင့် သူတို့အာဏာတည်မြဲရေးအတွက်အထောက်အပံ့ဖြစ်အောင် ဘာသာရေးကို ခုတုံးလုပ်ခဲ့ကြပါတယ်။

စစ်တပ်နဲ့ ဘာသာရေးက ကမ္ဘာချင်းခြားနေတဲ့အရာ ၂ ခုဖြစ်ပေမယ့် အဝေးကြီးမှာရှိနေတဲ့ အရာ ၂ ခုအနီးကပ်ဆုံး ဖြစ်လာအောင် တွဲပေးဆက်ပေးနိုင်တဲ့ တတိယကြားခံအင်အားစုကို မြန်မာစစ်တပ်က

တည်ဆောက်ပါတော့တယ်။ တတိယကြားခံအင်အားစုဆိုတာ အကျိုးစီးပွားကြောင့် အကျင့်ပျက်နေတဲ့ရဟန်းတော်တချို့နဲ့ အကျိုးစီးပွားရယူ လိုမှုကြောင့် စစ်တပ်အပေါ် ပုံအောထောက်ခံနေတဲ့ဘာသာရေးအစွန်းရောက်လူအုပ်စုတစ်စုပါပဲ။

စစ်တပ်ကိုထောက်ခံနေတဲ့ အကျင့်ပျက်ရဟန်းတွေနဲ့ အစွန်းရောက်လူတစ်စုကို ”အမျိုး၊ ဘာသာ၊သာသနာ”ဆိုတဲ့ ခေါင်းစဥ်အောက် စုစည်းထားပြီး ဗုဒ္ဓဘာသာ ကာကွယ်စောင့်ရှောက်ရေးအမည်ခံလှုပ်ရှားမှုတွေဖန်တီးပြုလုပ်စေခဲ့ ပါတယ်။ ဒီလှုပ်ရှားမှုတွေရဲ့ တကယ့်ရည်ရွယ်ချက်အစစ်ကကိုးကွယ်သူဦးရေများပြားတဲ့ ဗုဒ္ဓဘာသာဝင်တွေကို လှည့်စားပြီး စစ်အုပ်စုကိုတရားဝင်လက်ခံအသိအမှတ်ပြုလာစေဖို့ပဲဖြစ်တယ်ဆိုတာ ကောင်းကောင်းနားလည်သဘောပေါက်ထားဖို့ လိုပါလိမ့်မယ်။

 ထိုင်တော်မူမာရဝိဇယဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင်ပူဇော်ပွဲအခမ်းအနားတွင်တွေ့ရသောသီတဂူဆရာတော် နှင့် စစ်ကောင်စီခေါင်းဆောင်။ (ဓာတ်ပုံ - Myanmar Military)
ထိုင်တော်မူမာရဝိဇယဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင်ပူဇော်ပွဲအခမ်းအနားတွင်တွေ့ရသော
သီတဂူဆရာတော် နှင့် စစ်ကောင်စီခေါင်းဆောင်။ (ဓာတ်ပုံ – Myanmar Military)

ဘာသာရေးကိုအသုံးချခဲ့တဲ့ နိုင်ငံရေးအတွေးအခေါ်များ

************

ဥရောပအမှောင်ခေတ်လို့ အမည်တွင်တဲ့ အလယ်ခေတ်မှာ ရောမကက်သလစ်ကျောင်းတော်ရဲ့နိုင်ငံရေးအပေါ် သြဇာလွှမ်းမိုးမှုတွေကြောင့် လူထုဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးတွေ နောက်ကျခဲ့ရသလိုဆင်းရဲမွဲတေမှုလည်း ထူ ပြောခဲ့ရပါတယ်။

အဲ့ဒီအချိန်တုန်းကပြည်သူတွေဟာ ကိုယ်တင်မြှောက်ချင်တဲ့အစိုးရကို ကိုယ့်သဘောနဲ့ကိုယ်ရွေးချယ်ခွင့်မရဘဲ ကျောင်းတော်ရဲ့ဆန္ဒနဲ့ကိုက်ညီတဲ့ အစိုးရကပဲ အုပ်ချုပ်ခွင့်ရရှိခဲ့ကြပါတယ်။ကျောင်းတော်ရဲ့ ပါဝင်စွက်ဖက်မှုကို လူထုကဆန့်ကျင်လာတဲ့အခါမှာတော့ဘုရင်တွေက ဘုရားသခင်ကတိုက်ရိုက်အပ်နှင်းတဲ့အာဏာ (Divine Rights) ဆိုတဲ့အယူအဆကို ခုတုံးလုပ်ပြီး အာဏာကို
ဆက်လက်ချုပ်ကိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ အတွေးအခေါ်လွတ်လပ်ခွင့် ပိုပြီးရရှိနိုင်ဖို့အတွက် ပညာတတ်တွေနဲ့ ပြည်သူတွေကဥာဏ်အလင်းသစ်လှုပ်ရှားမှုပြုလုပ်ပြီး ဘာသာရေးနဲ့ နိုင်ငံရေး သီးသန့်ခွဲခြားတဲ့အယူအဆကိုတင်သွင်းခဲ့ကြပါ တယ်။ ဒါကြောင့် နောက်ပိုင်း မော်ဒန်ခေတ်မှာ ဘာသာရေးသပ်သပ်၊ နိုင်ငံရေးသပ်သပ်ဖြစ်လာပြီး တိုးတက်တဲ့ နိုင်ငံအများစုက ဘယ်ဘာသာပေါ်ကိုမှအ​ခြေမခံတဲ့ နိုင်ငံရေးစနစ်
ကျင့်သုံးလာကြပါတော့တယ်။

ဒါပေမယ့် စီးပွားရေးဖွံ့ဖြိုးမှုနောက်ကျတဲ့တိုင်းပြည်တွေမှာ ဘာသာရေးကနိုင်ငံရေးအပေါ် ခုချိန်ထိလွှမ်းမိုးနေရာ ယူနေဆဲပါပဲ။ ဒီလိုနိုင်ငံတွေထဲမှာ မြန်မာပြည်ကလည်း တစ်နိုင်ငံအပါအဝင်ဖြစ်တဲ့အတွက်စစ်ကောင်စီက ခုချိန် ထိ ဘာသာရေးကို သူတို့ရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက်အသုံးချလို့ရနေသေးတာပဲဖြစ်ပါတယ်။

မဘသနဲ့ စစ်အုပ်စုရဲ့လုပ်ရပ်များ

*****************

မဘသတွေနဲ့စစ်အုပ်စုရဲ့ ပထမဦးဆုံးသော မဟုတ်မမှန်လုပ်ရပ်တစ်ခုက ဘာသာရေးကိုစံပေတံတစ်ချောင်း အဖြစ်သဘောထားပြီး လူကို အဓိပ္ပါယ်သတ်မှတ်တာပါပဲ။

သူတို့အမြင်အရ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူမှသာလျှင် တင်းပြည့်ကျပ်ပြည့်လူဖြစ်တယ်လို့သဘောထားပြီး အခြား ဘာသာကိုးကွယ်တဲ့သူတွေကိုတော့ လူ့အဖြစ်က နှိမ့်ချသတ်မှတ်တာမျိုးတွေ့မြင်ရပါတယ်။

မဘသဘုန်းကြီးတွေဟောတဲ့တရားတွေမှာ သရဏဂုံသုံးပါးကို မဆောက်တည်တဲ့သူတွေဟာလူမဖြစ်သေးဘူး။ လူ တစ်ပိုင်းပဲရှိသေးတယ်ဆိုတဲ့ အယူအဆကိုပါ တင်သွင်းလာပါတယ်။ ဒါဟာဘာသာခြားတွေ၊ လူနည်းစုတွေအပေါ် စစ်အုပ်စုကျုးလွန်ထားတဲ့ မတရားသတ်ဖြတ်တဲ့လုပ်ရပ်တွေကိုအကာအကွယ်ပေးရာလည်းရောက်နေသလို လူမှု တရားမျှတရေးကို ဆန့်ကျင်ချိုးဖောက်ရာလည်း
ရောက်နေပါတယ်။

မဘသတွေနဲ့စစ်အုပ်စုရဲ့ ဒုတိယမဟုတ်မမှန်လုပ်ရပ်ကတော့ ဗုဒ္ဓဘာသာကိုစံပေတံတစ်ချောင်းအဖြစ်သဘော ထားပြီး နိုင်ငံသားဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုတာပါပဲ။

ဗုဒ္ဓဘာသာကိုးကွယ်သူတွေသာလျှင် မြန်မာနိုင်ငံရဲ့ တင်းပြည့်ကျပ်ပြည့်နိုင်ငံသားဖြစ်ရမယ်ဆိုတဲ့အတွေးအခေါ်ကို မဘသဘုန်းကြီးတွေနဲ့ စစ်အုပ်စုအပါအဝင် အစိုးရယန္တရားတစ်ရပ်လုံးကလက်ခံထားတာ တွေ့ရပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ ”အိမ်ရှင်-ဧည့်သည်”ခွဲခြားချက်တွေ၊”တိုင်းရင်းသားစစ်စစ်နဲ့ သွေးနှောကပြား”ခွဲခြား ချက်တွေ တမင်ဖန်တီးထားပြီး ဘာသာခြားတွေကို
နိုင်ငံသားအဆင့်က လျှော့ချဆက်ဆံခဲ့ပါတယ်။

မဘသတွေနဲ့စစ်အုပ်စုရဲ့ တတိယမဟုတ်မမှန်လုပ်ရပ်တခုကတော့ တပ်မတော် (စစ်တပ်)သာလျှင်ဗုဒ္ဓဘာသာနဲ့ မြန်မာလူမျိုးတွေကို ကာကွယ်စောင့်ရှောက်သူတွေအဖြစ် ပုံဖော်တဲ့လုပ်ရပ်ပါ။။

ရှေးအစဥ်အဆက် မြန်မာမင်းတွေရဲ့အယူအဆကိုအတုခိုးပြီး စစ်အုပ်စုက သာသနာ့ဒါယကာဘွဲ့ကိုအတင်းအဓမ္မ ခံယူနေသလို ဘာသာရေးလုပ်ငန်းတွေကိုလည်း လူသိရှင်ကြား လုပ်ပြလေ့ရှိကြပါတယ်။ဒါဟာ လူထုကို လှည့်စား တဲ့နည်းလမ်းတစ်ရပ်ဖြစ်ပြီး လူထုက စစ်တပ်သာလျှင် စိတ်ထားမြင့်မြတ်တဲ့ဘာသာရေးကိုင်းရှိုင်းသူတွေအဖြစ် မြင်လာအောင် တမင်ဟန်ဆောင်နေတဲ့လုပ်ရပ်လည်း ဖြစ်ပါတယ်။

 ပျုစောထီးခေါင်းဆောင် မဘသဆရာတော် ဦးဝါယမနှင့် ပြည်သူ့စစ်များ။ (ဓာတ်ပုံ - RFA)
ပျုစောထီးခေါင်းဆောင် မဘသဆရာတော် ဦးဝါယမနှင့် ပြည်သူ့စစ်များ။ (ဓာတ်ပုံ – RFA)

မဘသတွေနဲ့စစ်အုပ်စုရဲ့ နောက်ထပ်မဟုတ်မမှန်လုပ်ရပ်ကတော့ စစ်အုပ်စုကို ဆန့်ကျင်တဲ့သူ၊ဆန့်ကျင်တဲ့အဖွဲ့ အစည်းမှန်သမျှဟာ ဘာသာခြားလိုလားသူတွေ၊ ဓမ္မန္တရာယ်တွေဖြစ်တယ်ဆိုတဲ့စွပ်စွဲတိုက်ခိုက်တဲ့ လုပ်ရပ်ပါ။

အထူးသဖြင့် လူ့အခွင့်အရေး ကိုင်စွဲပြီး တိုက်ပွဲဝင်သူနေတွေကို ဘာသာဖျက်နေသူတွေ၊လူမျိုးပျောက်အောင်လုပ် ဆောင်နေသူတွေအဖြစ် ပုံဖော်တိုက်ခိုက်လေ့ရှိကြပါတယ်။

စစ်တပ်ရဲ့မဟုတ်မမှန်လုပ်ရပ်တွေကို ချုပ်ကြည့်ရမယ်ဆိုရင် စစ်တပ်ကအာဏာစဥ်ဆက်မပြတ်ရရှိနေရေး၊ မဟာ လူမျိုးကြီးဝါဒထွန်းကားရေး၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဆိတ်သုဥ်းရေးတို့ကို ဦးတည်နေတယ်ဆိုတာ သိသာမြင် သာနေပါတယ်။

ပစ်မှတ်ထားတိုက်ခိုက်ခံနေရသောအင်အားစုများ

*******************

စစ်တပ်ရဲ့ အာဏာအဆက်မပြတ်ရယူနိုင်ရေးအတွက် အတိုက်အခံ ဒီမိုကရက်တစ်အင်အားစုတွေ၊နွေဦးတော်လှန် ရေးအင်အားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်( NLD) ထောက်ခံသူတွေကိုတိုက်ရိုက်ပစ်မှတ်ထားပြီး တိုက်ခိုက်ကြ တာရှိပါတယ်။

ဥပမာပေးရရင် ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပန်းသပိတ်ပြုလုပ်သူတွေ၊မွေးနေ့ဆုတောင်းမှု ပြုလုပ်သူတွေကိုဖမ်းဆီးဖို့ စစ်အုပ်စုလော်ဘီ၊ တယ်လီဂရမ်ချန်နယ်တွေကလှုံ့ဆော်တာမျိုးကိုရှိခဲ့ပါတယ်။ လေ့ လာစောင့်ကြည့်ချက်တွေအရ စစ်တပ်လော်ဘီ၊တယ်လီဂရမ်ချန်နယ်တွေကတဆင့် ဖမ်းဆီးဖို့လှုံ့ဆော်ခံရသူ ပေါင်း ၃၃ဦးအထိရှိပြီးအကြမ်းဖက်ဖမ်းဆီးခံရသူ ၁၃ ဦးရှိခဲ့တာတွေ့ရပါတယ်။

အခြားလူမှုကွန်ရက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေလည်း ပန်းသပိတ်မှာပါဝင်သူတွေကိုဖမ်းဆီးဖို့၊ ထောင်ချဖို့ တိုက်ရိုက်လှုံ့ဆော်တာတွေ့ခဲ့ရပြီး နာမည်ကြီးတဲ့ စစ်လော်ဘီအကောင့်တွေဖြစ်တဲ့ကိုစံသိန်း၊ ပေါက် ကိုယ်တော်၊ မောင်မောင် မြန်မာ စတဲ့အကောင့်တွေက အဓိကလှုံ့ဆော်ခဲ့ကြပါတယ်။

လူမျိုးကြီးဝါဒအမြင်နဲ့ အစ္စလာမ်ဘာသာဝင်တွေကို ပစ်မှတ်ထားပြီးနိုင့်ထက်စီးနင်းခွဲခြားတိုက်ခိုက်နေတဲ့ လူမှု ကွန်ရက်တွေကိုလည်း လေ့လာတွေ့ရှိရပါတယ်။အစ္စလာမ်ဘာသာဝင်တွေရဲ့အိဒ်ပွဲတော်နဲ့ အချိန်ကိုက်ပြီး ဘာသာ ရေးအမုန်းစကားတွေလှုံ့ဆော်ဖန်တီးတာကိုလည်း တွေ့ရပါတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးရေးသားတဲ့”ရည်ရွယ်သားမစားအပ်”ဆိုတဲ့ ပို့စ်အပါအဝင် အိဒ်ပွဲတော်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ အရေးအသားတွေ လူမှုကွန်ရက်မှာ ရေးသားဖြန့်ဖြူးလာကြပါတယ်။ ဒါအပြင် အစ္စလာမ်တွေဟာ တိုင်းရင်းသူတွေကို ပေါင်းသင်းပြီးလူမျိုး ဖျက်နေတယ်၊ဘာ သာဖျက်နေတယ် အစရှိသဖြင့် လှုံ့ဆော်ရေးသားနေကြတာကိုလည်းအများအပြားတွေ့မြင်နေ ရပါတယ်။

အစ္စလာမ်ဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေကို ပစ်မှတ်ထားပြီးအပြစ်ရှိတဲ့သူတွေ၊အပြစ်သားတွေအဖြစ် ပုံဖော် နိုင့်ထက်စီးနင်းပြောဆိုရေးသားနေကြခြင်းကလူမျိုးကြီးဝါဒကို ပိုမိုကြီးထွားလာစေပြီး တဘက်မှာလည်း ပြည်သူလူထုကြား မတည်မငြိမ်ဖြစ်စေဖို့၊ပဋိပက္ခတွေကြီးမားလာစေဖို့ တမင်ရည်ရွယ်ဖန်တီးနေတာဖြစ်ပါတယ်။

ဘာသာပေါင်းစုံချစ်ကြည်ရေးကြိုးပမ်းသူတွေ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတန်းတူအခွင့်အရေးပေးသင့်တယ် လို့ ယုံကြည်ထားကြတဲ့သူတွေကိုလည်း ခွေး ၊နွား၊ ပြည်ဖျက်စတဲ့စကားလုံးတွေသုံးနှုန်းပြီး စော်ကားတိုက်ခိုက် နေကြတာကို တွေ့ရှိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လူပုဂ္ဂိုလ်အရ တိုက်ခိုက်ပုံဖျက်မှုတွေ အများ အပြားလုပ်လာတာကိုတွေ့ရသလို အောက်လုံးတွေသုံးပြီး အပြစ်သားအဖြစ် ပုံဖော်တိုက်ခိုက်နေကြပါတယ်။

လက်ရှိတော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ NUG နဲ့ PDF တပ်ဖွဲ့ဝင်တွေကိုလည်းပြည်ဖျက်မိစ္ဆာတွေအဖြစ် ပုံ ဖော်ပြီး အပြစ်သားတွေ၊ အကြမ်းဖက်သမားတွေအဖြစ်ပြည်သူကမြင်လာအောင် အမုန်းစကားတွေနဲ့ လှုံ့ဆော် တိုက်ခိုက်နေတာတွေ မြင်ရပါတယ်။

တော်လှန်ရေးလှုပ်ရှားသူတွေနဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီနဲ့ Free Burma Rangersအဖွဲ့ ကိုလည်း ပစ်မှတ်ထားတိုက်ခိုက်လာတာတွေရှိပါတယ်။ အဓိကအားဖြင့်ခရစ်ယာန်ဘာသာဝင်တွေဆိုတဲ့ ဘာသာ ရေးတံဆိပ်ကပ်ပြီး တိုက်ခိုက်တာကို တွေ့ရပါတယ်။တိုင်းရင်းသားတွေဟာ မြန်မာပြည်ကို ဆန့်ကျင်နေတဲ့သူ တွေ၊ မြန်မာလူမျိုးတွေကိုဆန့်ကျင်နေတဲ့လူတွေအဖြစ်ပုံဖော်ပြီး လူမျိုးစုအချင်းချင်း သွေးခွဲရန်တိုက်တဲ့ အရေးအသား တွေကိုစစ်လော်ဘီတွေက အစဥ်တစိုက်ရေးလေ့ရှိပါတယ်။

ဘာသာရေးအခြေခံ နိုင်ငံရေးကစားကွက်

******************

စစ်အုပ်စုရဲ့ ဘာသာရေးအခြေခံနိုင်ငံရေးကစားကွက်ကို သုံးသပ်ကြည့်မယ်ဆိုရင် ပထမဆုံးအနေနဲ့စစ်တပ် သည်သာ ဗုဒ္ဓဘာသာနဲ့ မြန်မာနိုင်ငံကို အမြဲကာကွယ်ပေးဖို့ အသင့်အရှိဆုံးအဖွဲ့အစည်းဖြစ်တယ်ဆိုတဲ့ အချက်ကို ပြည်သူလူထုဆီ Message တောက်လျှောက်ပေးနေတာမြင်ရတယ်။ ဒါဟာ စိတ်ဓာတ်ရေးအရ လူအများအထက် မှာနေရာယူတဲ့ ကစားကွက်မျိုးဖြစ်နေပါတယ်။
morally high-ground ယူခြင်းအားဖြင့် စစ်တပ်ရဲ့ သာလွန် ကြီးမြတ်မှုဆိုတာကိုစနစ်တကျတည်ဆောက်ပြင်ဆင်နေတာဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ပြည်သူလူထုရဲ့စုစည်းညီညွတ်မှုကို ဖြည်းဖြည်းချင်းဖဲ့ထုတ်ယူဖို့အတွက်လူထုကြားထဲမှာ အစွန်းရောက်အုပ်စုတစ်စုကို မွေးထုတ်ပေးလိုက်တာပဲဖြစ်တယ်။ဒီအစွန်းရောက်အုပ်စုဟာ မျက်ကန်းယုံကြည်မှု (Blind Faith) ကို ကျင့်သုံးပြီး လူမှုမတည်ငြိမ်မှု (socialunrest)တွေဖြစ်အောင် ဖန်တီးနေတဲ့ စစ်အုပ်စုနောက် လိုက်တွေဖြစ်လာကြပါတယ်။

စစ်အုပ်စုရဲ့နောက်လိုက်နောက်ပါ မဘသတွေရှိလာတဲ့အခါမှာ နယ်ပယ်စုံက လူပုဂ္ဂိုလ်တွေ၊လူ့အဖွဲ့အစည်း အသင်းအပင်းတွေကို လူမျိုးရေးအမုန်းတရားတွေ၊ဘာသာရေးအယူသီးမှုတွေထည့်သွင်းပြီး ပြည်သူလူထုရဲ့ ညီညွတ်ရေးကို တစထက်တစပြိုကွဲအောင်
လုပ်လာပါတယ်။

ဒီနည်းလမ်းတွေကျင့်သုံးခြင်းအားဖြင့် စစ်အုပ်စုက နိုင်ငံရေးအာဏာကိုတောက်လျှောက်ကိုင်တွယ်ကျင့်သုံးနိုင် လိမ့်မယ်လို့ ယူဆထားပုံရပါတယ်။ မရိုးသားတဲ့နည်းနဲ့အဓမ္မလုယူထားတဲ့ အာဏာကို ပြန်ပြီး မစွန့်လွှတ်ချင်တဲ့ အတွက် အတိုက်အခံနိုင်ငံရေးသမားတွေတော်လှန်လို့မရအောင်ရယ် လူထုရဲ့ နိုင်ငံရေးရေချိန်မတက်လာအောင် ရယ် ဘာသာရေး၊လူမျိုးရေးမှိုင်းတွေ အထပ်ထပ်ထည့်ပြီး နိုင်ငံရေးကစားနေတာလို့ သုံးသပ်ရပါလိမ့်မယ်။

နောက်တစ်ချက်ကတော့ အီတလီနိုင်ငံရေးအတွေးအခေါ်သမားတစ်ဦးဖြစ်တဲ့ နီကိုလို မာခီယာဗယ်လီ ရဲ့အယူ အဆအတိုင်း လူထုကို အကြောက်တရားကြီးစိုးအောင်လုပ်ထားမှ စစ်အင်အားကြီးသူကအမြဲအုပ်ချုပ်လို့ရမယ် ဆို တာကို မြန်မာစစ်အုပ်စုက လက်ခံထားပုံရပါတယ်။ လူထုစိတ်ထဲမှာပြည်ပကလာတဲ့ဘာသာရေးက ပြည်တွင်းမှာ မိရိုးဖလာကိုးကွယ်နေတဲ့ ဗုဒ္ဓဘာသာနေရာကိုအစားထိုးဝင်ရောက်လာမှာကြောက်တဲ့ ကြောက်စိတ်မျိုး ကိန်း အောင်းလာအောင် စစ်အုပ်စုကအဆက်မပြတ်သွင်းပေးနေတယ်လို့ သုံးသပ်ရပါလိမ့်မယ်။

ဘာသာရေးနဲ့ နိုင်ငံရေး သီးခြားခွဲထုတ်ရန်လိုအပ်ခြင်းအမှန်တကယ်တော့ မြန်မာပြည်ဟာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေထိုင်တဲ့
တိုင်းပြည်တစ်ပြည်ဖြစ်ပါတယ်။ ဒီတိုင်းပြည်ရဲ့ကံကြမ္မာဟာ မှီတင်းနေထိုင်တဲ့လူတိုင်းနဲ့ဆက်စပ်ပါတယ်။ လူမျိုးပေါင်းစုံပါဝင်တဲ့ ပြည်သူလူထုရဲ့ ကြိုးပမ်းမှုကြောင့် နယ်ချဲ့စနစ်၊ဖက်ဆစ်စနစ်တွေအောက်က လွတ်မြောက်ခဲ့တာကို မေ့လို့မရပါဘူး။

ဒါကြောင့် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ပါဝင်ခဲ့ကြတဲ့ လူမျိုးစုပေါင်းစုံ ပြည်သူတွေရဲ့အခွင့်အရေးကို အသိ အမှတ်ပြုလက်ခံဖို့ လိုအပ်ပါတယ်။

နောက်တစ်ချက်က လူ့အခွင့်အရေးရှုထောင့်ကကြည့်ရင် လူများစုမဟုတ်တဲ့လူနည်းစုလူမျိုးတွေမှာလည်း နိုင်ငံ သားအခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေ အပြည့်အဝရှိပါတယ်။ဒီအခွင့်အရေးတွေကို အာဏာနဲ့ဖြစ်စေ၊ ဘာသာ ရေးယုံကြည်ချက်နဲ့ဖြစ်စေ
ပိတ်ပင်တားမြစ်လို့မရပါဘူး။

အဓိကကျတဲ့အချက်က နိုင်ငံတော်တည်ဆောက်ရာမှာ ဘာသာရေးအမြင်ပေါ် အခြေခံမယ်ဆိုရင်လူတစ်ဦးချင်းဆီ ရဲ့ယုံကြည်ချက်တွေအပေါ် အကန့်အသတ်တွေဖြစ်လာပါလိမ့်မယ်။လူတစ်ဦးချင်းဆီရဲ့ ရပိုင်ခွင့်ကလည်း အကန့် အသတ်များလာပါလိမ့်မယ်။ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့အမြင်မျိုးတွေ လူထုကြားမှာ ပြန့်ပွားလာပါလိမ့်မယ်။ ခေတ် နောက်ကျပြီး ခွဲခြားမှုများတဲ့တိုင်းပြည်တွေဟာ ဘယ်တော့မှ တိုးတက်ဖို့အလားအလာမရှိပါဘူး။

ဒါကြောင့် မြန်မာပြည်အနေနဲ့ ဘာသာရေး သပ်သပ်၊ နိုင်ငံရေးသပ်သပ် မရောယှက်တဲ့စနစ် Secularismကိုပဲ ကျင့် သုံးတာက ပိုပြီးသင့်တော်ပါလိမ့်မယ်။ နိုင်ငံရေးလုပ်ဆောင်ချက်တွေ၊အစိုးရရဲ့လုပ်ငန်းဆောင်တာတွေမှာ ဘာသာ ရေးအမြင်နဲ့ ခွဲခြားကန့်သတ်တာတွေမရှိမှလူသားအရင်းအမြစ်လည်း ဖွံ့ဖြိုးတိုးတက်လာပါလိမ့်မယ်။ ပြီးတော့ ဘာသာရေးတစ်ခုတည်းကိုဇောင်းပေးလွန်းရင်လည်း ပြည်သူလူထုကြား ညီညွတ်ရေးပျက်ပြားပြီး အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ မလွဲမသွေရင်ဆိုင်လာရပါလိမ့်မယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီကဖျက်ဆီးခဲ့သော ခရစ်ယာန်ဘုရားရှိခိုးကျောင်း။(ဓာတ်ပုံ - RFA)
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီကဖျက်ဆီးခဲ့သော ခရစ်ယာန်ဘုရားရှိခိုးကျောင်း။
(ဓာတ်ပုံ – RFA)

အမျှော်အမြင်ကြီးတဲ့ နိုင်ငံရေးသမားတိုင်းက ဘာသာရေးနဲ့နိုင်ငံရေး ခွဲခြားကန့်သတ်တဲ့စနစ်ကျင့်သုံးပြီး
ဘာသာ ရေးက နိုင်ငံရေးအပေါ် ဝင်မစွက်ဖက်ဖို့ တားဆီးရလိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။

သတိထားဆင်ခြင်ရမယ့် အကြောင်းတရားများ
ဘာသာရေးအပေါ်အခြေခံပြီး အဓိကရုဏ်းတွေဖြစ်အောင်ဖန်တီးနေတဲ့ အမုန်းစကားတွေ၊ သတင်းတု
သတင်းမှား တွေကို သတိထားဆင်ခြင်ဖို့ သတိပေးတိုက်တွန်းလိုပါတယ်။ အထူးသဖြင့်ဗုဒ္ဓဘာသာကိုသာ အမြင့်မြတ်ဆုံး ဘာသာရေးအဖြစ်သတ်မှတ်ပြီး ကျန်တဲ့ဘာသာဝင်တွေကိုလူအဆင့်ကနေ လျှော့ချပုံဖျက်ထားတဲ့ အမုန်းစကား တွေကို အထူးသတိထားရပါလိမ့်မယ်။

ဆက်စပ်နေတဲ့အကြောင်းတရားကတော့ ဒီလိုအမုန်စကားတွေ၊ နိုင့်ထက်စီးနင်းပြောဆိုနေမှုတွေက
ပြည်သူတွေ ကြား အကျိုးနည်းအောင်လုပ်ဆောင်ပြီး စစ်အုပ်စုရဲ့ အာဏာပိုခိုင်မြဲအောင်ရည်ရွယ်ထားတယ်ဆိုတာကိုလည်း သတိထား နားလည်သဘောပေါက်ဖို့ လိုအပ်ပါလိမ့်မယ်။

နိဂုံးချုပ်အားဖြင့်သုံးသပ်လိုတာက စစ်အုပ်စုရဲ့ တရားမဝင်အာဏာလုယူမှုကိုတစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ခုခံဆန့်ကျင်နေကြတဲ့အချိန်မှာ စစ်အုပ်စုအနေနဲ့ တိုင်းပြည်ကိုစစ်တပ်ကရေရှည် အုပ်ချုပ်လို့ရအောင် နည်းမျိုးစုံ သုံးပြီး လုပ်ဆောင်နေမှာပါပဲ။ဒီလိုနည်းလမ်းမျိုးစုံထဲမှာ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေဖြစ်အောင် ဖန်တီးပြီးတော်လှန်တဲ့လူထုကို လမ်းမှားရောက်အောင် အာရုံလွှဲဖို့လည်း ကြိုးစားနေပါလိမ့်မယ်။ ဒါကြောင့်စစ်တပ်ရဲ့ အာဂျင်ဒါနောက် ကျွန်တော်တို့တွေမလိုက်မိဖို့ အရေးကြီးပါတယ်။ သူတို့ရဲ့ အာဂျင်ဒါဖြစ်တဲ့
ဘာသာရေးကို လက်နက်သဖွယ်အသုံးချပြီး နိုင်ငံရေးအာဏာကိုကြိုးကိုင်ခြယ်လှယ်ထားချင်တဲ့အတွေးအခေါ်နဲ့ လုပ်ဟန်တွေကို ပြတ်ပြတ်သားသားဆန့်ကျင်နိုင်မှသာမြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ပြုတ်ကျပြီး ပြည်သူတွေလည်း တိုးတက်ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ်ရောက်မှာဖြစ်ကြောင်း သုံးသပ်လေ့လာတင်ပြလိုက်ရပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleသမိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို နောက်ချန်ထားခဲ့ပြီလား
Next Article မြန်မာ့ဒီမိုကရေစီအရေးပဋိပက္ခများနှင့် ပြည်တွင်းစစ်မီးတောက်မီးလျှံများ (ပထမပိုင်း)
thanlwinkhet
  • Website

Related Posts

မူးယစ်ဆေးဝါးနဲ့ ပိုယဉ်ပါးလာတဲ့ မြို့

April 28, 2025

ပဋိပက္ခကြားက ကလေးတွေရဲ့ ပညာရေး ခရီးကြမ်း

April 27, 2025

ငလျင်က မြန်မာ့ပြည်တွင်းစစ်ရဲ့ဟန်ချက်ကို ပြောင်းလဲနိုင်သလား

April 24, 2025

Leave A Reply Cancel Reply

Recent Posts

  • တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်
  • ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး
  • ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို
  • နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

တပ်မဟာ ၆ တွင် စခန်းသိမ်းတိုက်ပွဲ ပြင်းထန်

May 23, 2025

ကန့်ဘလူတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံး

May 22, 2025

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

May 22, 2025

နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

May 22, 2025

နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို

May 22, 2025

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

May 21, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.