• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရွှေကျင်တွင် မင်္ဂလာဆောင် ဗုံးကြဲခံရ သတို့သမီးအပါအဝင် ကလေးငယ်များပါ သေဆုံး
  • မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 
  • မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ
  • မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ
  • NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း
  • ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်
  • ပြည်ပသို့ ထွက်ခွာခွင့် အေအေ ပိတ်ပင်မှုအပေါ် ရခိုင်လူငယ်တွေ ကြိုဆိုသလား
  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဘာသာပြန်ဆောင်းပါး»နက်ရှိုင်းလာသောမြန်မာ့အရေးနှင့် NUG ၏ စေ့စပ်ညှိနှိုင်းနေမှုများ
ဘာသာပြန်ဆောင်းပါး

နက်ရှိုင်းလာသောမြန်မာ့အရေးနှင့် NUG ၏ စေ့စပ်ညှိနှိုင်းနေမှုများ

thanlwinkhetBy thanlwinkhetSeptember 1, 2023No Comments5 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း သည် ပြီးခဲ့သော မေလ မှဇွန်လ အတွင်း ဩစတြေးလျနိုင်ငံသို့သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်ခဲ့ရာတွင် ဦးအောင်မျိုးမင်းက ပြီးခဲ့သော၂ နှစ် ကျော်ကာလ စစ်အာဏာသိမ်းမှုအပြီး မြန်မာစစ်တပ်ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်များအတွက် မြန်မာစစ်တပ်ကို အရေးယူထိန်းသိမ်းပေးရန် ကမ္ဘာသို့တိုက်တွန်းကြောင်း ပြောကြားခဲ့လေသည်။

ဩစတြေးလျသို့သွားရောက်ခဲ့စဥ်အတွင်း ဝန်ကြီးက NGO အဖွဲ့အစည်းများ ၊ စည်းရုံးရေးအဖွဲ့များနှင့်တွေ့ဆုံခဲ့ သလို စစ်ကောင်စီပြုတ်ကျရေးဆောင်ရွက်နေသော  အရပ်သားအစိုးရ၏လှုပ်ရှားမှုများကို ထောက်ခံလာကြရန် ရည်ရွယ်ပြီး တက္ကသိုလ်များတွင်လည်း မိန့်ခွန်းများပြောကြားခဲ့လေသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြှောက်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို အစိုးရအဖြစ်မှမြန်မာစစ်တပ်က၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ဖယ်ရှားခဲ့ချိန်ကစပြီး လူမျိုးရေးကွဲပြား မှုများ စုံလင်ပြည့်နှက်နေသည့်နိုင်ငံသည် အမျိုးမျိုးသောပြည်တွင်းပဋိပက္ခများအတွင်း ကျရောက်သွားခဲ့ရသည်။ မြန်မာနိုင်ငံ၏အချို့ဒေသများတွင် ပြီးခဲ့သောဆယ်စုနှစ်များကတည်းက မတည်မငြိမ်ဖြစ်နေခဲ့ရပြီး အာဏာသိမ်းမှု ကြောင့်ဖြစ်ပေါ်လာသော မငြိမ်သက်မှုများကြောင့် အခြေအနေများ ပိုပြီးဆိုးရွားလာခဲ့လေသည်။

ဖြုတ်ချခံလိုက်ရသော ဒေါ်အောင်ဆန်းစုကြည်သည် အကြမ်းမဖက်ရေးလမ်းစဥ်ပေါ် ရပ်တည်ခဲ့သူတစ်ယောက် ဖြစ်သော်လည်း မြန်မာစစ်တပ်အာဏာသိမ်းပြီးမှာတော့ အဆိုပါရပ်တည်ချက်နှင့် ပိုမိုဝေးကွာသည့်အပြောင်းအလဲ တွင် NUG သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဟုခေါ်တွင်သော လက်နက်ကိုင်အဖွဲ့အစည်းများကိုဖွဲ့စည်း ထူထောင်ခဲ့ပြီး ၎င်းတပ်ဖွဲ့များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက လေ့ကျင့်သင်ကြားပေးခဲ့သလို မကြာခဏလည်း တိုက်ပွဲများဖော်ဆောင်နေခဲ့ကြလေသည်။

အကြမ်းဖက်စစ်တပ်၏ အရပ်သားများအပေါ် ဗုံးခွဲတိုက်ခိုက်ခြင်းများနှင့်အတူ စစ်တပ်မှကျူးလွန်သော လူ့အခွင့် အရေးချိုးဖောက်မှုများ ပိုမိုဆိုးရွားလာနေပါသည်။ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဝန်ကြီး က “လူ သားမျိုးနွယ်များအပေါ်ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ”ဟု သုံးနှုန်းဖော်ပြခဲ့ပြီး အရပ်ဘက်ပဋိ ပက္ခများ တိုး၍များပြားလာနေပါသည်။

 

“ကျွန်တော်တို့တိုင်းပြည်မှာ ဖြစ်ပျက်နေသမျှကိုသာ ကျွန်တော်တို့က မီးမောင်းထိုးပြနေတာမဟုတ်ပါဘူး။ ဖြစ်နိုင် သမျှနည်းလမ်းပေါင်းစုံနဲ့ နိုင်ငံတကာတရားစီရင်ရေးမဏ္ဍိုင်မှာ နိုင်ငံတကာရဲ့တာဝန်ခံမှုတွေကိုပါ ကျွန်တော်တို့က တောင်းဆိုနေတာပါ” ဟု ဦးအောင်မျိုးမင်း က အယ်လ်ဂျားဇီးယားသို့ပြောလေသည်။

ပြီးခဲ့သောမေလအတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံအနောက်မြောက်ဘက်ရှိ ရခိုင်ပြည်နယ်ကို ဝင် ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရိုဟင်ဂျာဒုက္ခသည်များနေထိုင်လာခဲ့ကြသည့် ဒုက္ခသည် စခန်းများ ပျက်စီးခဲ့ရသည်။ မြန်မာစစ်တပ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများအပေါ် ဆက် ပြီးထိန်းချုပ်ထားသဖြင့် စိုးရိမ်မှုများ ပိုပြီးတိုးလာခဲ့ပါသည်။

ဖြုတ်ချခံလိုက်ရသော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှအကြွင်းအကျန်များဖြင့်ဖွဲ့စည်းထားသည့် NUG အနေဖြင့် နိုင်ငံခြားအစိုးရများနှင့် သံတမန်ဆက်ဆံရေးကိုဆက်ပြီးထိန်းသိမ်းထားသော်လည်း အာဏာသိမ်းယူ ထားသည့် မြန်မာစစ်ဗိုလ်ချုပ်ကြီးများကတော့ တရားဝင်အသိအမှတ်မပြုသေးပါ။

 

ယခုတစ်ကြိမ်ခရီးစဥ်မှာတော့ NUG ၏ ဩစတြေးလျနိုင်ငံဆိုင်ရာကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးအောင်မျိုးမင်း သည် နိုင်ငံခြားရေးဝန်ကြီး Penny Wong ၏အကြံပေးပုဂ္ဂိုလ်ဖြစ်သူနှင့်လည်း တွေ့ဆုံခဲ့သေးသည်။ ထိုသို့တွေ့ဆုံ ရာတွင် ဦးအောင်မျိုးမင်း က –

“ကျွန်တော်တို့ကသာ မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရဖြစ်တဲ့အတွက် NUG ကိုတရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ခံရဖို့ အစွမ်းကုန်ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။

NUG ၏ PDF အဖွဲ့များနေဖြင့်လည်း ပြီးခဲ့သောဩဂုတ်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် တရားလက်လွတ်သတ်ဖြတ်ခြင်းနှင့် မုဒိမ်းကျင့်မှုစွပ်စွဲချက်များဖြင့် တရားရင်ဆိုင်နေရပြီး အဖွဲ့ဝင် ၃ ဦး လူ့အခွင့် အရေးချိုးဖောက်မှုများဖြင့် စွပ်စွဲခံထားရသည်။

စွဲချက်တင်ခံထားရသူများကို တရားမျှတစွာဖြင့် တရားစီရင်နိုင်မှုမရှိသေးပါ

 

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်ပြီး ဝန်ကြီးကအယ်လ်ဂျားဇီးယားသို့ ထိုကိစ္စကို တရားဥပဒေနှင့်အညီအရေးယူရန် လုပ် ဆောင်နေပြီးဖြစ်ကြောင်းနှင့် NUG အနေဖြင့် ထိုကိစ္စမျိုးမဖြစ်ပွားရန်တားဆီးနိုင်ဖို့ အလွန်အမင်းဆောင်ရွက်နေ ကြောင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တိုင်း အကျုံးဝင်သော စစ်ဘက်ဆိုင်ရာကျင့်ထုံးများကို လိုက်နာကျင့်ကြံ ရိုသေဖို့ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့ပါသည်။

 

ဗမာကြီးစိုးခြင်း

ရေရှည်တည်တံ့ခိုင်မြဲသော ပံ့ပိုးကူညီမှုများဖန်တီးရန် NUG ကကြိုးပမ်းလျက်ရှိနေပြီး ထိုကြိုးပမ်းမှုများအတွက် နောက်ထပ်အဟန့်အတားတစ်ခုမှာ ယခုနောက်ဆုံးအာဏာသိမ်းမှုမတိုင်ခင် ကာလအတန်ကြာကတည်းကပင် မြန်မာစစ်တပ်ကိုဆန့်ကျင်တိုက်ခိုက်နေကြသည့် မြန်မာနိုင်ငံတွင်းမှ တိုင်းရင်းသားအုပ်စုများ၏ ကွဲပြားမှုများဖြစ် လေသည်။

လူဦးရေ ၅၅ သန်းကျော်ရှိသောမြန်မာနိုင်ငံတွင် တရားဝင်အားဖြင့် တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုးကျော်ရှိနေ သည်။ ယခင်က မြန်မာနိုင်ငံကို ဗြိတိသျှ – အိန္ဒိယ၏အစိတ်အပိုင်းတစ်ခုအဖြစ်သာ လူသိများခဲ့ပြီး ၁၉၄၈ ခုနှစ်မှာ တော့ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးအဆုံးသတ်သွားပြီးနောက် ပြန်လည်တည်ထောင်ခဲ့ရသည်။ မြန်မာအစိုးရ အဆက်ဆက်က မွတ်ဆလင်ရိုဟင်ဂျာများကို တိုင်းရင်းသားလူနည်းစုများစာရင်းတွင် ထည့်သွင်းရေတွက်ခဲ့ခြင်းမရှိ ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းလူမျိုးစုသည် ဘင်္ဂလားဒေ့ရှ်မှဖြစ်သည်ဟု မြန်မာအစိုးရအဆက်ဆက်က ပုံဖော်ခဲ့ ခြင်းကြောင့်ဖြစ်ပေသည်။ ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ရိုဟင်ဂျာများသည် နိုင်ငံသား ဖြစ်ခွင့် ဆုံးရှုံးခံထားရသူများလည်း ဖြစ်ကြသည်။

လူမျိုးရေးအရကွဲပြားမှုများရှိနေသော်လည်း လူများစုဗမာတိုင်းရင်းသားအုပ်စုများအနေဖြင့် စစ်တပ်နှင့် အဓိကနိုင် ငံရေးပါတီများဖြစ်သည့် NLD ကဲ့သို့သောပါတီများတွင် ဆက်လက်လွှမ်းမိုးလျက်ရှိနေသောကြောင့် လူမျိုးရေးတင်း မာမှုများကို ပိုမိုဆိုးရွားစေခဲ့ပါသည်။

သို့သော်လည်း လူ့အခွင့်အရေးဝန်ကြီးကတော့ အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအပါအဝင် အခြားတိုင်းရင်းသားအဖွဲ့များ၏ခေါင်းဆောင်မှုများပါဝင်ရန်ကလည်းအရေးကြီးကြောင်း အယ်လ်ဂျားဇီးယားသို့ပြောကြားခဲ့သည်။

“NUG က ၂၀၂၀ ရွေးကောက်ပွဲမှာပါဝင်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအပါအဝင် မတူညီကြတဲ့ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ဖွဲ့စည်းမှုဖြစ်သလို တိုင်းရင်းသားတွေကိုလည်း ကိုယ်စားပြုတဲ့အစိုးရတစ်ရပ်ပါပဲ”ဟု ၎င်းကပြော သည်။

 

“ယုံကြည်မှုကိုသယ်ဆောင်ရာမှာ ဒါက အရေးကြီးပါတယ်။ NUG အနေနဲ့လည်း မတူညီတဲ့လူမျိုးစုတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်ဆိုတာကိုသက်သေပြဖို့ အရေးကြီးတယ်”

 

အယ်လ်ဂျားဇီးယားနှင့်တွေ့ဆုံမေးမြန်းမှုတွင် ၂၀၁၇ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ် ၏ဖြိုခွင်းခဲ့မှုတွင် ရိုဟင်ဂျာတစ်သန်းနီးပါး ဘင်္ဂလားဒေ့ရှ်သို့အတင်းအကျပ်မောင်းထုတ်ခံခဲ့ရကြောင်းနှင့် အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အစိုးရမှ လုံလောက်စွာဖြေရှင်းပေးရန်ပျက်ကွက်ခဲ့ကြောင်း ဦးအောင် မျိုးမင်းက ဝန်ခံခဲ့လေသည်။

 

ရိုဟင်ဂျာများအပါအဝင် ပြည်သူအများအပြားက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်သည် ၎င်းတို့အတွက် ဒီမိုကရေစီချန်ပီ ယံဖြစ်လာလိမ့်မည်ဟု မျှော်လင့်ခဲ့ကြပေသည်။ သို့သော် ယင်းအစားဒေါ်အောင်ဆန်းစုကြည်က စစ်တပ်အပေါ် လူ မျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်မှကာကွယ်ပေးရန် သည်ဟိဂ်ရှိ နိုင်ငံတကာတရားရုံးသို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် သွားရောက်ခဲ့လေသည်။

” NUG အတွက် ပထမဆုံးဆောင်ရွက်ခဲ့တဲ့ကိစ္စက ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကို အသိ အမှတ်ပြုဖို့ပါပဲ။ ဒါက လျှို့ဝှက်ပြီးဆောင်ရွက်ရမယ့်ကိစ္စတော့လည်း မဟုတ်ပါဘူး”ဟု ၎င်းကအခိုင်အမာပြောကြား ခဲ့ပါသည်။

 

မြန်မာနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်ရာချင်းပြည်နယ်တွင် နေထိုင်ခဲ့ဖူးပြီး လက်ရှိဩစတြေးလျ တွင်နေထိုင်နေသူ Rual Thang ကလည်း ဝန်ကြီးနှင့်တွေ့ဆုံခဲ့ပြီး အယ်လ်ဂျားဇီးယားသတင်းဌာနသို့ ယခုလိုပဲသူ ကပြောဆိုခဲ့ပါသည်။

“NUG အနေနဲ့ မြန်မာနိုင်ငံမှာသာမက နိုင်ငံတကာမှာရှိနေတဲ့ ကွဲပြားတဲ့လူမျိုးစုတွေနဲ့လည်း အောင်အောင်မြင်မြင် ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ အရေးကြီးပါတယ်။ မတူကွဲပြားတဲ့လူမျိုးစုတွေ ၊ တိုင်းရင်းသားအဝန်းအဝိုင်းတွေနဲ့ ထိ တွေ့ဆက်ဆံဖို့လိုအပ်ပါတယ်။ မဟုတ်ရင်တော့ NUG ရဲ့တရားဝင်မှုအပေါ် ထိခိုက်လာနိုင်တယ်။ အထူးသဖြင့် တိုင်းရင်းသားလူနည်းစုတွေရဲ့ကြားမှာပေါ့”

Rual Thang သည် ဩစတြေးလျနိုင်ငံတွင်ပညာသင်ကြားရန် ၂၀၁၉ ခုနှစ်က ခေတ္တပြောင်းရွှေ့လာသူတစ်ယောက် ဖြစ်သည်။ လက်ရှိအချိန်မှာတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် တိုက်ပွဲများပြင်းထန် လျက်ရှိနေပြီး ၎င်းကိုယ်တိုင်မှာလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့်အတွက် စစ်ကောင်စီ၏ဖိနှိပ် နေမှုများကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် ဝန်လေးနေသူဖြစ်သည်။

ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ (CDF) နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ကဲ့သို့သောလက်နက်ကိုင် တပ်ဖွဲ့များသည် စစ်အာဏာသိမ်းပြီးချိန်ကတည်းကပေါ်ပေါက်လာခဲ့ပြီး ၁၉၈၈ ခုနှစ် နိုင်ငံရေးအုံကြွမှုအပြီးတည် ထောင်ခဲ့သော ကာလရှည်ကြာခဲ့ပြီဖြစ်သည့် ချင်းအမျိုးသားတပ်မတော် (CNF) နှင့်လည်း မဟာမိတ်များဖြစ်ကြ လေသည်။

Rual Thang က အယ်လ်ဂျားဇီးယားသို့ သူ့အမြင်အားပြောကြားရာတွင် ချင်းလူမျိုးများအနေဖြင့် မြန်မာနိုင်ငံတွင်း က ခွဲထွက်လိုစိတ်မရှိကြသော်လည်း ဖက်ဒရယ်အစိုးရအဖွဲ့အတွင်း တန်းတူရည်တူကိုယ်စားပြုမှုကိုတော့ ခံယူလို ကြောင်းဖြင့်ပြောသည်။

 

“ချင်းလူထုမှာ သူတို့ရဲ့ကိုယ်ပိုင် နိုင်ငံရေးအစီအစဥ်တွေရှိပြီးသားပါ။ ပထမဦးစားပေးက ဖက်ဒရယ်ပြည်နယ်ရရှိ ရေးဖြစ်ပါတယ်။ ဒါပေမယ့် ပြည်မကနေခွဲထွက်သွားဖို့မဟုတ်ပါဘူး။ ဒါက ချင်းပြည်သူတွေရဲ့ နိုင်ငံရေးပန်းတိုင် လည်းမဟုတ်ပါဘူး” ဟု သူကပြောသည်။

တိုင်းရင်းသားလူမျိုးစုများကြား  စည်းလုံးညီညွတ်မှုဖန်တီးရန် ဝန်ကြီး၏ကြိုးပမ်းအားထုတ်မှုများကို ၎င်းအနေဖြင့် အသိအမှတ်ပြုသော်လည်း NUG ၏မတူကွဲပြားမှုဆိုင်ရာတောင်းဆိုချက်များကိုတော့ သံသယရှိနေစဲဖြစ်လေသည်။ NUG သည် ဗမာကြီးစိုးသော NLD ကို ဆက်ပြီးကိုယ်စားပြုနေသည်ဟုလည်း ၎င်းအနေဖြင့်ယုံကြည်ထားသည်။

“ကျွန်တော့်အမြင်အရတော့ အခြေခံအားဖြင့်ဆိုရင် NUG က NLD ပါတီကိုကိုယ်စားပြုထားတဲ့ အဝေးရောက်အစိုးရ တစ်ရပ်ဖြစ်ပြီး တိုင်းရင်းသားအသိုက်အဝန်းအားလုံးကို မရှိမဖြစ်လိုအပ်နေတာမျိုးတော့လည်းမဟုတ်ပါဘူး” အယ်လ်ဂျားဇီးယားသို့သူကပြောသည်။

 

“အခုလက်ငင်းရည်မှန်းချက်က စစ်အာဏာရှင်တွေကို ဘယ်လိုဖြုတ်ချမလဲဆိုတာပဲ။ ကျွန်တော်တို့မှာလိုအပ်နေ တာက မတူကွဲပြားတဲ့တိုင်းရင်းသားအသိုက်အဝန်းတွေကြား ညှိနှိုင်းဆောင်ရွက်မှုတွေအပြင် NUG နဲ့ခိုင်မာတဲ့ပူး ပေါင်းဆောင်ရွက်မှုမျိုးပါ။ ဒါပေမယ့် ကျွန်တော်တွေးမိသလောက်ကတော့ NUG နဲ့ တိုင်းရင်းသားအသိုက်အဝန်း ခေါင်းဆောင်တွေကြားမှာ ဒီအချက်လောက်ကိုတောင်မမြင်နိုင်ဖြစ်နေကြတယ်လို့ ကျွန်တော်ထင်တယ်”

 

ဖြစ်နိုင်ချေရှိသော ကွဲပြားမှုများကိုညွှန်ပြနေသောဖြစ်ရပ်မှာ NUG နှင့်သဘောထားချင်းမတူညီသော စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ ကိုယ်စားလှယ်အဖွဲ့ပေါင်း ၁၇၃ ဖွဲ့သည် NUG တာဝန်ရှိသူများကိုဖိတ်ကြားခြင်းမရှိဘဲ ပြီးခဲ့ သောမေလကုန်တွင် ၂ ရက်ကြာမဟာဗျူဟာအစည်းအဝေးကိုကျင်းပခဲ့ခြင်းဖြစ်သည်။

ယုံကြည်စိတ်ချရသော မဟာမိတ်များလိုအပ်ခြင်း

 

အချို့သောရိုဟင်ဂျာများကလည်း NUG ၏ရည်ရွယ်ချက်များအပေါ် သံသယရှိနေကြသည်။

“NUG အနေဖြင့် မည်သည့်ရိုဟင်ဂျာကိုယ်စားလှယ်တစ်ဦးတစ်ယောက်ကိုမျှ ၎င်းတို့၏နိုင်ငံရေးအုပ်ချုပ်မှုအတွင်း ပါဝင်ခွင့်မပြုပါ”ဟု ဩစတြေးလျတွင်နေထိုင်နေသူ Habiburahman က အယ်လ်ဂျားဇီးယားသို့ပြောခဲ့သည်။

“NUG က ကျွန်တော်တို့အပေါ် နိုင်ငံရေးအရအသုံးချနေတာသက်သက်ပဲလား ဒါမှမဟုတ် စစ်မှန်တဲ့စိတ်ရင်းစိတ် မှန်နဲ့ပဲလားဆိုတာ ကျွန်တော်တို့မသိရသေးပါဘူး”

မြန်မာနိုင်ငံမှလက်ကျန်ရိုဟင်ဂျာများသည် အခြေအနေများပိုမိုရှုပ်ထွေးလျက်ရှိနေသော ရခိုင်ပြည်နယ်တွင်နေထိုင် နေကြရသည်။ ရခိုင်ပြည်နယ်၏နယ်မြေ ၇၀ ရာခိုင်နှုန်းခန့်ကို ရက္ခိုင့်တပ်တော် (AA) က ထိန်းချုပ်ထားသည်ဟု ယုံကြည်ရသည်။

မြန်မာစစ်တပ် ၊ ရက္ခိုင့်တပ်တော် (AA) နှင့် NUG တို့အကြား မည်သူကအဆိုပါနယ်မြေကို သိမ်းပိုက်ထိန်းချုပ်နိုင် မည်နည်းဆိုသည်မှာ စောင့်ကြည့်ရမည့်ဂိမ်းတစ်ခုဖြစ်ကြောင်း ၎င်းက အယ်လ်ဂျားဇီးယားသို့ပြောကြားခဲ့သည်။

သို့တိုင် လေ့လာသုံးသပ်သူတချို့ကတော့ NUG သည်တိုးတက်မှုများရှိနေပြီဖြစ်ကြောင်း ပြောဆိုစောဒကတက်နေ ကြသည်မျိုးလည်း ရှိသည်။ ဗမာကြီးစိုးထားသော NLD နှင့်နှိုင်းယှဥ်လျှင်တော့ NUG သည်ကွဲပြားခြားနားသော အစိုးရတစ်ရပ်ဖြစ်ကြောင်း ဩစတြေးလျ အမျိုးသားတက္ကသိုလ်၏ မြန်မာသုတေသနစင်တာမှ Nick Cheesman က အယ်လ်ဂျားဇီးယားသို့ပြောသည်။

” NUG အစိုးရအဖွဲ့မှာ ယာယီသမ္မတက ကချင် ၊ ဝန်ကြီးချုပ်က ပိုးကရင် ၊ ပြည်ထောင်စုဝန်ကြီးက ချင်း ၊ အလုပ် သမားရေးရာဝန်ကြီးက မွန် ၊ အမျိုးသမီးရေးရာဝန်ကြီးက စကောကရင် ၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန် ကြီးက ချင်း နဲ့ သဘာဝသယံဇာတဝန်ကြီးက ကချင် စတာတွေအပါအဝင် ဗမာမဟုတ်တဲ့ အစိုးရအဖွဲ့ဝင်တွေ အများကြီးပါပဲ။ ရိုဟင်ဂျာဝန်ကြီး ဒါမှမဟုတ် လက်ထောက်ရယ်လို့မရှိသေးပေမယ့် နေရာပေးမယ်လို့ ဝန်ကြီးက ကတိပေးထားပါတယ်”

 

NUG မှယုံကြည်မှုတည်ဆောက်နေရာနှင့် တိုင်းရင်းသားလူမျိုးစုများ၏ မတူညီသောသဘောဆန္ဒများအပေါ် စည်းလုံးညီညွတ်ရေးတည်ဆောက်ခြင်းနှင့်စပ်လျဥ်းပြီး NUG အနေဖြင့်လည်း ကြီးမားသောစိန်ခေါ်မှုများရင်ဆိုင် နေရသည်ကို အသိအမှတ်ပြုကြောင်း Cheesman ကပြောသည်။

“မြန်မာစစ်တပ်ကိုဆန့်ကျင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး စည်းလုံးညီညွတ်လာ အောင်လုပ်နိုင်မယ့်နည်းလမ်းမျိုးက NUG မှာလည်းမရှိပါဘူး။ မတူကွဲပြားတဲ့အုပ်စုတွေမှာ မတူကွဲပြားတဲ့ အကျိုးစီး ပွားတွေရှိနေကြတယ်”ဟုပြောသည်။

“NUG အနေနဲ့က စစ်ရေးအတွက်သာမဟုတ်ဘဲ နိုင်ငံရေးအရလည်းအင်အားကောင်းပြီး ယုံကြည်စိတ်ချရတဲ့ မဟာမိတ်မျိုး လိုအပ်နေပါတယ်။ အဓိကကတော့ PDF တွေမှာ ကိုယ်ပိုင်အမိန့်ပေးစနစ်ကို ကိုယ်ထူကိုယ်ထထူ ထောင်ဖို့လိုအပ်ပါတယ်။ PDF တော်တော်များများက ကိုယ်ပိုင်အမိန့်ပေးတာမျိုးမလုပ်ချင်ကြသလို NUG ကလည်း သူတို့အပေါ် အများကြီးမပံ့ပိုးပေးနိုင်ပါဘူး။ ဒါက လက်ရှိပြဿနာတစ်ရပ်ပါပဲ”

၂၀၁၇ ခုနှစ်တုန်းက မြန်မာနိုင်ငံ ၊ ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ပြီး ရိုဟင်ဂျာများ လူမျိုးတုံးသတ်ဖြတ်ခံခဲ့ရသည်။ ပြီးခဲ့သော ဩဂုတ်လ ၂၅ ရက်သည် ရိုဟင်ဂျာလူမျိုးများ လူမျိုးတုံး သတ်ဖြတ်ခံရမှု ၆ နှစ်ပြည့်လည်းဖြစ်သည်။ အဆိုပါ ၆ နှစ်ပြည့်အခမ်းအနားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကော့ဘဇား ဒုက္ခသည်စခန်းတွင်လည်းကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးများနှင့် ရိုဟင်ဂျာအရေးတက်ကြွ လှုပ်ရှားသူများအပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အွန်လိုင်းကတဆင့် တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ရိုဟင်ဂျာများ အမြန်ဆုံးနေရပ်ပြန်နိုင်ရေး ၊ မူလနေထိုင်ခဲ့သောနေရာများတွင် ပြန်လည် နေထိုင်ရေး ၊ ဘေးကင်းလုံခြုံရေးနှင့် ရိုဟင်ဂျာလူမျိုးများ၏ဂုဏ်သိက္ခာကို အာမခံချက်ရှိနိုင်ရေး ၊ ရိုဟင်ဂျာများကို တိုင်းရင်းသားအဖြစ် ပြန်လည်အသိအမှတ်ပြုရေးနှင့် နေရပ်ပြန်နိုင်ရေးအတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ က ထိရောက်သောအကူအညီများ လက်တွေ့ဆောင်ရွက်ပေးရေး စသည့်အချက်များ တောင်းဆိုခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ကလည်း လုံခြုံစိတ်ချရသည့် နေရပ်ပြန် နိုင်ရေးဖြစ်လာနိုင်ရန်အတွက် ပတ်ဝန်းကျင်တစ်ခုထူထောင်ဖို့ လုပ်ဆောင်နေကြောင်းနှင့် တရားမျှတမှုကိုဖော် ဆောင်ကာ အပြစ်ကျူးလွန်ခဲ့သူများကို အပြစ်ပေးနိုင်ဖို့ကြိုးစားနေကြောင်း ပြောသည်။ ဆက်လက်ပြီး ဝန်ကြီးက –

“ရိုဟင်ဂျာတွေ နေရင်းဒေသတွေဆီ ပြန်ပြီးရောက်နိုင်ဖို့ ၊ ငြိမ်းချမ်းစွာနဲ့ အသက်ရှင်နေထိုင်နိုင်ဖို့ ၊ နေရပ်ရင်းမှာ ဂုဏ်သိက္ခာရှိရှိ ပြန်ပြီးရှင်သန်နေထိုင်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်မှု တွေ ၊ ပြင်ဆင်မှုတွေ ၊ ကြိုတင်တွေးခေါ်မှုတွေအများကြီးလုပ်ဆောင်နေပါတယ်” ဟုပြောကြားခဲ့သည်။

ရှေ့ပြေးအသံအဖွဲ့အပါအဝင် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၃၀၀ ကျော်ကလည်း NUG က ရိုဟင်ဂျာများ နိုင်ငံသား ဖြစ်ခွင့်နှင့် အခွင့်အရေးများ အပြည့်အဝပြန်လည်ပေးအပ်ရန် ၊ စစ်ကောင်စီကစီစဥ်နေသော ရိုဟင်ဂျာများနေရပ် ပြန်နိုင်ရေးအစီအစဥ်များ ချက်ချင်းရပ်တန့်ပေးဖို့ NUG က ဆောင်ရွက်ပေးရန် စသည့်အချက်များ ထည့်သွင်း တောင်းဆိုခဲ့သည်။

လက်ရှိမှာတော့ ရိုဟင်ဂျာများနေရပ်ပြန်နိုင်ရန် စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်နေပါ သည်။ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ အစ္စလာမ်ဘာသာဝင် ဦးအောင် ကျော်မိုး ကို NUG ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် ပြီးခဲ့သော ဇွန်လ ၃၀ ရက်က ခန့် အပ်ခဲ့ပါသည်။

 

ဘုန်းမောင်

Ref: Al Jazeera, RFA

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleအာဏာရှင်တွေအတွက် မျက်ရည်ကျနေရရှာတဲ့ မြန်မာနိုင်ငံရဲ့ဆင်းတုတော်ကြီးတွေ
Next Article ကရင်ပြည်နယ် စစ်ရှောင်စခန်းက ရိုးရာလက်ချည်ပွဲ
thanlwinkhet
  • Website

Related Posts

“ဖော်ပြရန် စကားလုံး မရှိတော့ပါ” – ငလျင်ဒဏ်ခံရသူ ရုပ်အလောင်းများ သင်္ချိုင်းတွင် စုပုံလာ ပြည်တွင်းစစ်ဒဏ်ခံစားနေရသော ဒေသတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ငလျင်ဗဟိုချက်နေရာတွင် သောကြာနေ့က ငလျင်သဘာဝဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ များစွာကို မြေမြှုပ်ရန် ဝန်ထုပ်ဝန်ပိုးဖြစ်နေစဉ် အနံ့ဆိုးများ ခံနိုင်ရည်မရှိအောင် ထွက်ပေါ်လာနေ။

April 2, 2025

၄ နှစ်အတွင်း လဲပြိုသွားတဲ့နိုင်ငံတော်

February 3, 2025

ဆက်၍ကြီးထွားလာသော လူလိမ်မြို့တော်

January 29, 2025

Leave A Reply Cancel Reply

Recent Posts

  • ရွှေကျင်တွင် မင်္ဂလာဆောင် ဗုံးကြဲခံရ သတို့သမီးအပါအဝင် ကလေးငယ်များပါ သေဆုံး
  • မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 
  • မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ
  • မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ
  • NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရွှေကျင်တွင် မင်္ဂလာဆောင် ဗုံးကြဲခံရ သတို့သမီးအပါအဝင် ကလေးငယ်များပါ သေဆုံး

မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 

မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ

မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရွှေကျင်တွင် မင်္ဂလာဆောင် ဗုံးကြဲခံရ သတို့သမီးအပါအဝင် ကလေးငယ်များပါ သေဆုံး

May 25, 2025

မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 

May 24, 2025

မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ

May 24, 2025

မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ

May 24, 2025

NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း

May 24, 2025

ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်

May 24, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.