အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်တွင်တည်ထားကိုးကွယ်နေသည့် ကမ္ဘာ့အကြီးဆုံး စကျင်ကျောက်ဗုဒ္ဓ ရုပ်ပွားတော်သည် ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သောနာဂစ်မုန်တိုင်း၏ အပြင်းဆုံးလေတိုက်နှုန်း 120 Mph နှင့် မြန်မာနိုင်ငံတွင် အမြင့်ဆုံးလှုပ်ခတ်နိုင်သည့် ငလျင်လှုပ်ခတ်နှုန်း Earthquake Magnitude 8.7 ၊ 8.8 အထိ ခံနိုင် ရည်ရှိသည်ဟု သိရသည်။
ရုပ်ပွားတော်၏ဉာဏ်တော်အမြင့်မှာ ၆၃ ပေ ၊ ပလ္လင်တော်အမြင့် ၁၈ ပေ စုစုပေါင်း ၈၁ ပေအမြင့်ရှိပြီး ဆင်းတုတော် အလေးချိန် ၁၇၈၂ တန် ၊ ပလ္လင်တော်အလေးချိန် ၃၅၁၀ တန်ဖြင့် စုစုပေါင်းအလေးချိန် ၅၂၉၂ တန်ရှိသည်ဟုလည်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားပါသည်။
နိုင်ငံတော်အာဏာသိမ်းယူထားသော စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ပြီးခဲ့သော ဇွန်လ ၂၉ ရက်ကပဲ ထိုဆောက်လုပ်ရေးလုပ်ငန်းခွင်သို့သွားရောက်ကြည့်ရှုခဲ့ပြီး ၎င်း၏စိတ်အားထက်သန်မှုများကို ဖော်ပြခဲ့ သည်။ အဆိုပါပရောဂျက်တွင် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် စစ်အင်ဂျင်နီယာတပ်ဖွဲ့တို့အပါအဝင် အလုပ် သမား ၁၅၀ ကျော်ပါဝင်ခဲ့ပြီး နိုင်ငံခြားကျွမ်းကျင်သူများမပါဝင်ကြောင်းကိုပါ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ထုတ်ဖော်ပြောဆိုခဲ့သေးသည်။ ယခုတော့ဖြင့် မီးပူဇော်ခအဖြစ် တစ်လလျှင်မီတာကြေး သိန်းပေါင်း ၁၅၀၀ မှ ၂၀၀၀ ကြားကုန်ကျသော ဆင်းတုတော်ကြီးကို မြန်မာပြည်သူများ အခကြေးငွေပေးပြီး ဖူးမြော်နိုင်နေပြီလည်းဖြစ်သည်။
မာရဝိဇယဆင်းတုတော်ကြီး၏ ညဘက်မြင်ကွင်း။ (ဓာတ်ပုံ – မြန်မာ့အလင်း)
မာရဝိဇယရုပ်ပွားတော်တွင် မြတ်စွာဘုရား၏ လက္ခဏာတော်ကြီး ၃၂ ပါးနှင့် လက္ခဏာတော်ငယ် ၈၀ ပါးကို ထည့်သွင်းထုလုပ်ထားကြောင်း နိုင်ငံတော်ပိုင်မီဒီယာများတွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၃ ရက်မှာတော့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်အပိုင်း ၁ အားတည်ထားပူဇော်ကြောင်း အခမ်းအနား ကျင်းပခဲ့သည်။ ထိုရတနာပလ္လင်တော်အပိုင်း ၁ အားတည်ထားပူဇော်ကြောင်း အခမ်းအနားကျင်းပခဲ့သည့်နှစ်သည် ဖေဖော်ဝါရီအာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးရောင်စုံပဋိပက္ခများဖြင့် အုံကြွနေချိန်ဖြစ်ပြီး ဒါသည်ကိုပင် ငြိမ်း ချမ်းရန်ရည်ရွယ်ချက်ဖြင့်တည်ဆောက်ခဲ့သည်”ဟု စစ်ကောင်စီက ကြွေးကြော်နေခဲ့ပါသည်။
“မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး”ဟူသည့်အမည်နာမသည် “မာန်နတ်မင်း၏ အနှောင့်အယှက်ရန်စွယ်အပေါင်း ကို အထူးအောင်မြင်တော်မူသောမြတ်စွာဘုရား”ဟု အဓိပ္ပါယ်ဖော်ဆောင်ပါကြောင်း ၊ မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာထွန်းလင်းတောက်ပလျက်ရှိနေမှုအား ကမ္ဘာကိုပြသရန် ၊ တိုင်းပြည်အေးချမ်းသာယာ မှုရှိစေရန် ၊ ပြည်တွင်းပြည်ပက ဘုရားဖူးများလာရောက်ခြင်းဖြင့် ဒေသတိုးတက်ဖွံ့ဖြိုးစေရန် ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်မှု အထောက်အကူဖြစ်စေရန် စသည့်ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
မြန်မာစစ်တပ်၏ သွေးထွက်သံယိုအကြမ်းဖက်မှုများမတိုင်ခင်ကတည်းက ထိုဘုရားတည်ဆောက်မှုနှင့်ပတ်သက် ပြီး စစ်ကောင်စီခေါင်းဆောာင်ထံတွင် စိတ်ဝင်စားမှုများပို၍ရှိနေကြောင်း ထင်ရှားသိသာနေခဲ့ပါသည်။ စစ်ကောင်စီ ခေါင်းဆောာင်သည် ဆင်းတုတော်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ အပတ်စဥ်သွားရောက်လေ့ရှိပြီး တည်ဆောက် ရန်ပြီးစီးခါနီးအချိန်များမှာတော့ တစ်ပတ်လျှင်အနည်းဆုံး ၃ ကြိမ်အထိ သွားရောက်လေ့ရှိခဲ့သည်ဟုဆိုပါသည်။ စစ် အာဏာရှင်ခေါင်းဆောင်ကိုကြည့်ရသည်မှာ ဆင်းတုတော်ကြီးတည်ဆောက်ပြီးစီးမှုနှင့် ၎င်း၏ကံကြမ္မာ လောင်း ကြေးထပ်ထားပုံပေါ်ပါသည်။
ဖော်ပြပါအချက်များက ဘာကိုဖော်ပြနေသနည်းဆိုလျှင် ပြီးခဲ့သောဆယ်စုနှစ်များအတွင်းကရှိခဲ့သည့် ဖွံ့ဖြိုးတိုး တက်မှုများကို စစ်အာဏာရှင်က သိသိသာသာပင် ပြောင်းပြန်လှန်လျက်ရှိနေကြောင်းပင်။ ထို့ကြောင့်လည်း စစ် ကောင်စီ၏ဦးစားပေးအသုံးစရိတ်များနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာအများအပြားရှိလာခဲ့ပါသည်။ ယခုဆိုလျှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်သော မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်၏ဆင်းရဲ နွမ်းပါးမှုနှုန်းက လူဦးရေ၏ ၄၀ ရာခိုင်နှုန်းအထိရှိလာနေပြီလည်းဖြစ်သည်။
ဧရာမဗုဒ္ဓဆင်းတုတော်များသည် မြန်မာ သို့မဟုတ် အရှေ့တောင်အာရှတစ်လွှားရှိ အခြားထေရဝါဒဗုဒ္ဓဘာသာနိုင်ငံ များအတွက် အထူးအဆန်းတစ်ခုမဟုတ်တော့ပါ။ မြန်မာနိုင်ငံတွင် အခြားသော အကြီးမားဆုံးဗုဒ္ဓရုပ်ပွားတော်များ ရှိနေပြီးလည်းဖြစ်သည်။ ဥပမာ – မုံရွာရှိဗောဓိတစ်ထောင်ဖြစ်သည်။ ၎င်းအပြင် မွန်ပြည်နယ်မြို့တော် မော်လမြိုင် ၊ ပဲခူးမြို့နှင့် ဗဟန်းမြို့နယ်ရှိ ကျောက်တော်ကြီးဘုရားတို့ဖြစ်သည်။ ထိုအရာများအားလုံးက မြန်မာနိုင်ငံ၏ရှည်လျား သော မိရိုးဖလာဘာသာရေးအဆောက်အအုံများနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ သို့မဟုတ် သံဃာတော်တို့အား ပံ့ပိုးကူညီခဲ့မှုဆိုင်ရာအစဥ်အလာများကို မီးမောင်းထိုးပြနေသည်။
မြန်မာနိုင်ငံတွင် ဧရာမကြီးမားသောရုပ်ပွားတော်များသည် သာမန်ဖြစ်ရိုးဖြစ်စဥ်တစ်ခုဖြစ်သော်လည်း စစ်အာဏာ ရှင်များအဆက်ဆက်အတွက်ကတော့မူ ၎င်းတို့၏အစုလိုက်အပြုံလိုက်ရာဇဝတ်မှုများအတွက် ငရဲမှလွတ်မြောက် ရေးကြိုးပမ်းမှုလည်းဖြစ်သည်။ ယခုကဲ့သို့ ကြီးမားသောဗုဒ္ဓရုပ်ပွားတော်များကို စစ်ကောင်စီခေါင်းဆောာင်က ဦးဆောင်တည်ဆောက်နေခြင်းသည်လည်း တမလွန်တွင်ကြုံရမည့် ငတ်မွတ်ခေါင်းပါးသော ပြိတ္တာဘုံဘဝမှလွတ် မြောက်ပြီး လူဝင်စားများဖြစ်စေတော့ရယ်လို့မျှော်လင့်ထားသည့် ဘာသာရေးပရောဂျက်များသက်သက်သာဖြစ်ပါ သည်။ ထို့ပြင် စစ်ကောင်စီခေါင်းဆောာင် သည် ထိုကဲ့သို့သော ဘာသာရေးပရောဂျက်များအတွက် နိုင်ငံတော် ဘဏ္ဍာငွေဖြုန်းတီးနေသည့် နောက်ဆုံးအာဏာရှင်တစ်ဦးလည်း ဖြစ်လာပေလိမ့်မည်။
မကြာသေးသောသီတင်းပတ်များအတွင်းကလည်း သန်လျင်သဘာဝရိပ်သာဘုန်းကြီးက ဒေါ်အောင်ဆန်းစုကြည် အား နိုင်ငံရေးကအနားယူရန်နှင့် နိုင်ငံတွင်းငြိမ်းချမ်းရေးမြှင့်တင်ရန် NLD နာယကဦးတင်ဦးအား တိုက်တွန်းခဲ့သေး သည်။ သို့သော် ယခင် မဘသနှင့်ဆက်နွယ်နေသော ဘုန်းကြီးအများအပြားသည်လည်း ယခုအခါ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် သွေးသောက်နှင့် ပျူစောထီးကဲ့သို့သော ရက်စက်ကြမ်းကြုတ်သည့် ပြည်သူ့စစ်အဖွဲ့ များနှင့် ဆက်နွယ်နေကြသည်။ ၎င်းတို့အားလည်း စစ်ကောင်စီကပင် ပံ့ပိုးပေးထားပါသည်။ ထိုကိစ္စကိုတော့ သန်လျင်သဘာဝရိပ်သာဘုန်းကြီးက တစ်ခွန်းတစ်ပါဒမျှပင် မမိန့်ကြားခဲ့ပါ။
မြန်မာတစ်နိုင်ငံလုံး၌ ကြိတ်ကြိတ်တိုးစုကြုံနေရသည့် ဘက်ပေါင်းစုံကစစ်ပွဲများ ၊ အစွန်းရောက်စစ်ရေးအကြမ်း ဖက်မှုများ ၊ သဘာဝဘေးအန္တရာယ်များနှင့် စီးပွားရေးပျက်သုဥ်းနေမှုများအား နေပြည်တော်ရှိ စစ်ကောင်စီ ခေါင်းဆောာင်တည်ထားသော ကမ္ဘာ့အကြီးဆုံးရုပ်ပွားတော်ကြီးအပြင် အခြားအခြားသော မြန်မာနိုင်ငံက ဆင်းတု တော်ကြီးများကလည်း နှစ်သက်တော်မူလိမ့်ကြမည်မဟုတ်ပါ။
မြန်မာစစ်အာဏာရှင်များအဆက်ဆက်တို့သည် မိမိတို့ ပြိတ္တာဘုံဘဝကလွတ်မြောက်ရန်ရည်ရွယ်ချက်ဖြင့် ဆင်းတု တော်ကြီးများ အသီးသီးတည်ဆောက်ကိုးကွယ်ခဲ့ကြသော်လည်း ယင်းဆင်းတုတော်ကြီးများ သက်ရှိထင်ရှားရှိနေခဲ့ မည်ဆိုလျှင်ပင် မြန်မာနိုင်ငံက ရက်စက်သောစစ်အာဏာရှင်များအား ကြင်နာစွာပြုံးပြနေလိမ့်မည် မဟုတ်ပါ ကြောင်း. . . . . . . . .။
ဘုန်းမောင်
Ref: Asia Time, BBC