ရာဇဝတ်မှုဆိုင်ရာအဖွဲ့အစည်းများအတွင်း အမျိုးသမီးနှင့်မိန်းကလေးငယ်များ ပါဝင်မှုအများဆုံး ၁၀ နိုင်ငံစာရင်း တွင် မြန်မာနိုင်ငံလည်းပါဝင်နေပါသည်။ ကျန်နိုင်ငံများကတော့ ဘရာဇီးလ် ၊ တရုတ် ၊ အင်ဒိုနီးရှား ၊ ရုရှား ၊ ထိုင်း ၊ အမေရိကန်နှင့် ဗီယက်နမ်တို့ဖြစ်ကြသည်။ ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းလုံးရှိအကျဥ်းထောင်များတွင် အမျိုး သမီးနှင့် မိန်းကလေးငယ်အရေအတွက်မှာ ခန့်မှန်းခြေအားဖြင့် ၇၄၀၀၀၀ ရှိနေပြီး ၂၀၁၀ ခုနှစ်ကစပြီး ၁၇ ရာခိုင် နှုန်းတိုးလာနေသည်။ အာဂျင်တီးနား ၊ ဘရာဇီးလ် နှင့် ကော်စတာရီကာအကျဥ်းထောင်များအတွင်းရှိ အမျိုးသမီးဦး ရေ ၆၀ ရာခိုင်နှုန်းသည် မူးယစ်ဆေးဝါးနှင့်ဆက်နွယ်နေသောပြစ်မှုများကြောင့်ဖြစ်ပြီး အဓိကအားဖြင့် ဆင်းရဲနွမ်း ပါးသောအမျိုးသမီးများကျူးလွန်လေ့ရှိကြသည့် အဆင့်နိမ့်ပြစ်မှုများဖြစ်ကြသည်။ ကမ္ဘာတစ်ဝှမ်း အကျဥ်းချခံနေရ သော အမျိုးသမီးများ၏ ၃၅ ရာခိုင်နှုန်းသည် မူးယစ်ဆေးကြောင့်ဖြစ်လေသည်။
၁။ ဘိန်းစိုက်ပျိုးရေးလုပ်ငန်းအတွင်း မြန်မာ့အမျိုးသမီးများ၏အခန်းကဏ္ဍ
မြန်မာနိုင်ငံသည် ဩစတြေးလျ ၊ အရှေ့နှင့် အရှေ့တောင်အာရှနိုင်ငံများသို့ ဘိန်းမည်းနှင့်ဘိန်းဖြူ အဓိကတင်ပို့နေ သောနိုင်ငံဖြစ်သည်။ UNODC ၏ ၂၀၁၉ ခုနှစ်ခန့်မှန်းချက်အရ ရှမ်းပြည်နယ်ရှိအိမ်ထောာင်စုကိုးစုတွင်တစ်စုက ဘိန်းစိုက်ပျိုးရေးလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည်ဟုဆိုသည်။
ဘိန်းစိုက်ပျိုးတောင်သူအမျိုးသမီးများ၏အဆိုအရကတော့ ဘိန်းစိုက်ပျိုးမှုဇစ်မြစ်က ဒေသတစ်ခုနှင့်တစ်ခု မတူဘဲ ကွဲပြားသည်ဟုသိရသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ဘိန်းစိုက်ပျိုးခြင်းက မျိုးဆက်တစ်ခုမှ တစ်ခုသို့လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်သော်လည်း လွိုင်လင် နှင့် ဟိုပုံးမြို့အနီးဒေသပတ်ဝန်းကျင်များတွင် ဘိန်း စတင်စိုက်ပျိုးလာခဲ့ခြင်းမှာ ၁၉၉၀ ခုနှစ်များမှဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာထွက် ပြေးခဲ့ ကြရာမှ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆုံးရှုံးကြရာကတစ်ဆင့် ဘိန်းစိုက်ပျိုးလာခဲ့ခြင်းဖြစ်သည်ဟုဆို သည်။
အမျိုးသမီးများနှင့် အမျိုးသားများသည် ဘိန်းစိုက်ပျိုးရန်မြေယာထွန်ယက်ခြင်း ၊ ပေါင်းသတ်ခြင်းနှင့် ရိတ်သိမ်းခြင်း အထိ ဘိန်းခင်းများတွင် အတူတူလုပ်ကိုင်ကြရလေ့ရှိသည်။ ဘိန်းစိုက်အမျိုးသမီးတစ်ဦးကတော့ တစ်ခါတစ်ရံမှာ အမျိုးသားများသည် မြေယာထွန်ယက်လောက်ခြင်းမျှကိုသာဆောင်ရွက်ပေးလေ့ရှိပြီး ကျန်လုပ်ငန်းများအားလုံး အမျိုးသမီးများကလုပ်ကိုင်ရလေ့ရှိသည်ဟုပြောသည်။ ဘိန်းခြစ်ချိန်တွင်လည်း ဘိန်းစေးများအလေအလွင့်မရှိရ လေအောင် အမျိုးသမီးများကသာ ကောင်းကောင်းဂရုစိုက်လေ့ရှိတတ်သောကြောင့် ပိုအလုပ်လုပ်ရတတ်သေး သည်။ အခြားဗာဟီရအလုပ်များကိုလည်း လုပ်ကိုင်ရလေ့ရှိတတ်သောကြောင့် အမျိုးသမီးအများစု၏အလုပ်ချိန်မှာ နေ့စဥ် နံနက်လေးနာရီမှ ညရှစ်နာရီ သို့မဟုတ် ကိုးနာရီအထိဖြစ်လေသည်။
အသက် ၅၀ အရွယ် ဘိန်းစိုက်တောင်သူအမျိုးသမီးတစ်ဦးက –
“ကျွန်မ မနက်ကိုအစောကြီးထပြီး ချက်ပြုတ် ၊ အိမ်မှုကိစ္စတွေလုပ်ရသလို ကလေးနှစ်ယောက်ကိုလည်း ဂရုစိုက်ရ သေးတယ်။ အဲဒီနောက်မှာတော့ နေ့လယ်စာထမင်းထုပ်ပြီး ဘိန်းခင်းကိုသွားရတော့တာပဲ။ တစ်နေ့လုံးဘိန်းခင်းမှာ အလုပ်တွေလုပ်ပြီးပြီဆို ညနေဘက်အိမ်ပြန်။ တစ်ခါပြန်ချက်ရပြုတ်ရ ၊ အိမ်မှုကိစ္စတွေထပ်လုပ်ရ။ အိမ်အလုပ်တွေ အားလုံးပြီးသွားမှပဲ အိပ်ရာဝင်ရတော့တယ်” ဟုပြောသည်။
၂။ ဘိန်းမည်းကိုဆေးဝါးအဖြစ် အမျိုးသမီးများ မည်ကဲ့သို့အသုံးပြုနေကြသနည်း. . .?
ကျန်းမာရေးစောင့်ရှောက်မှုများနှင့်ဝေးကွာနေသော မြန်မာနိုင်ငံဝေးလံခေါင်ဖျားဒေသအများစုတွင် ဘိန်းမည်းကို ရိုးရာဆေးဝါးတစ်လက်အဖြစ် အသုံးပြုနေကြဆဲဖြစ်သည်။ ဘိန်း၏ဆေးဖက်ဝင်မှုအသိပညာကို ရာစုနှစ်များစွာထိန်းသိမ်းလာခဲ့ကြသည့်အတွက်ကြောင့်လည်း ရောဂါအမျိုးမျိုးပျောက်ကင်းသက်သာဖို့ဆိုလျှင် ဘိန်းမည်းကို ပထမတန်းစားဆေးဝါးအဖြစ် ဆက်လက်အသုံးပြုနေကြလေသည်။ ဤသည်ကပင် ဘိန်းမည်းကို ဆေးဝါးတစ်မျိုး ကဲ့သို့ အမျိုးသမီးများပြောဆိုနေကြခြင်းဖြစ်တော့သည်။
“အဖျားကြီးနေတဲ့လူနာကိုကုသဖို့အတွက်ဆိုရင် အရက်ထဲဘိန်းထည့်ပြီး ခန္ဓာကိုယ်ပေါ်လိမ်းပေးရတယ်။ ဝမ်းပျက် ဝမ်းလျှောနဲ့ ဝမ်းကိုက်ရောဂါကိုကုသဖို့အတွက်ဆိုပြီး အိမ်တိုင်းအိမ်တိုင်းမှာ ဘိန်းမည်းနည်းနည်းသိမ်းထားလေ့ရှိ တယ်။ ဖျားနာနေတဲ့တိရစ္ဆာန်တွေကို ကုသဖို့အတွက်လည်း သုံးပါတယ်။ ဘိန်းက ကျွန်မတို့အတွက် မရှိမဖြစ်ဆေး ဝါးပဲ။ အင်္ဂလိပ်ဆေးကိုကြောက်တယ်။ ဆေးထိုးရမှာကြောက်တယ်။ ဒါကြောင့်လည်း ဘိန်းကို ဆက်ပြီးစိုက်ပျိုးချင် ပါတယ်”။
ပိုက်ဆံပေးပြီးကျောင်းထားရမည်ဆိုလျှင်တောင် မိသားစုများစွာက သားများကိုသာကျောင်းထားလိုကြပြီး သမီး တွေကို ကျောင်းမထားလိုကြပေ။ အမျိုးသမီးများသည် ပညာရေးချို့တဲ့မှုကြောင့်လည်း ၎င်းတို့၏ကိုယ်ပိုင်ထင်မြင် ယူဆချက်များကို ပြောဆိုရန်ဝန်လေးလေ့ရှိတတ်သည်။ ဦးဆောင်မှုအခန်းကဏ္ဍတွင်လည်း အမျိုးသမီးကို ထုတ် ပယ်ထားလေ့ရှိတတ်သောကြောင့် မြန်မာနိုင်ငံကျေးရွာများတွင် အမျိုးသမီးအကြီးအကဲ တွေ့ရခဲပါသည်။ လားဟူ အမျိုးသမီးတစ်ဦးကလည်း –
“ကျွန်မတို့ရွာတွေမှာ မိန်းမတွေ ရွာလူကြီးဖြစ်တာမျိုးမရှိဘူး။ ကျွန်မတို့က ပညာလည်းမတတ်သလို ဗမာစကား လည်းမပြောတတ်ဘူး”
၃။ မူးယစ်ဆေးသုံးစွဲနေကြသော မြန်မာနိုင်ငံမှအမျိုးသမီးများ၏ဘဝအခြေအနေ
မြန်မာနိုင်ငံမှအမျိုးသမီးများသည် အကြောင်းအမျိုးမျိုးကြောင့် မူးယစ်ဆေးဝါးများသုံးစွဲနေကြပါသည်။ တချို့မှာ သူငယ်ချင်းများနှင့်အပန်းဖြေရန် ၊ လက်တွဲဖော်နှင့်အတူသုံးစွဲရန် (တစ်ခါတစ်ရံတော့ အတင်းအကြပ်စေခိုင်းခံရ လေ့ရှိသည်) ၊ စိတ်ကူးကောင်းစေရန် ၊ လိင်ကိစ္စဆောင်ရွက်ရန် ၊ ဝမ်းနည်းမှုကိုဖြေဖျောက်ရန်နှင့် စိတ်ဒဏ်ရာများ ပြေပျောက်စေရန် (ရင်းနှီးသူများ၏လိင်အကြမ်းဖက်မှုကြောင့်ရလာသောစိတ်ဒဏ်ရာ) စသည်တို့ကြောင့်ဖြစ် သည်။
အမျိုးသမီးမူးယစ်ဆေးသုံးစွဲနေသူအများစုသည် များစွာသော လူမှုရေးနှင့်စီးပွားရေးပြဿနာများ ရင်ဆိုင်နေရ သလို ရာဇဝတ်မှုဆိုင်ရာကျူးလွန်ခြင်းများပါ ခံနေရပါသည်။ အမျိုးသမီးများသည် ၎င်းတို့၏ လူမှုအသိုက်အဝန်း အတွင်း အဓိကကျသောအခန်းကဏ္ဍမှပါဝင်နေသောကြောင့် ၎င်းတို့ရင်ဆိုင်နေရသောပြဿနာများက ၎င်းတို့နှင့် သက်ဆိုင်ရာမိသားစုအပြင် ကျယ်ပြန့်သောလူမှုအသိုက်အဝန်းကြီးကိုပါ ထိခိုက်စေပါသည်။
တခါတလေတော့လည်း မူးယစ်ဆေးစွဲနေသူအမျိုးသမီးများနှင့် စကားပြောဖြစ်ပါသည်။ ထိုအခါမျိုးတွင် ၎င်းတို့ အပေါ် “Bad Mother” အဖြစ်သတ်မှတ်ထားခြင်းအတွက် အလွန်စိတ်ထိခိုက်ခံစားနေရမှုမျိုးများ တွေ့ရလေ့ရှိ သည်။ အမျိုးသားများနှင့် အမျိုးသမီးများ မူးယစ်ဆေးသုံးစွဲရခြင်းတွင် ခြားနားချက်များစွာရှိပါသည်။
အမျိုးသမီးများသည် ပုံမှန်မဟုတ်သောစီးပွားရေးအခြေအနေများတွင် မကြာခဏအလုပ်လုပ်ရလေ့ရှိပြီး ဝင်ငွေ လည်းနည်းပါးသောကြောင့် ဆေးဝယ်ရပိုခက်ခဲလေ့ရှိတတ်သည်။ အချို့အမျိူးသမီးများသည် မူးယစ်ဆေးပေး သော အမျိုးသားများအပေါ်မှီခိုနေရသည့်အတွက် ၎င်းတို့၏အနေအထားကို ပိုပြီးအားနည်းစေပါသည်။
မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း အမျိုးသမီး ၁၀၀၀၀ နီးပါးဖမ်းဆီးခံခဲ့ရပြီး စုစုပေါင်းအကျဥ်းထောင်လူဦးရေ၏ ၁၂ ဒဿမ ၃ ရာခိုင်နှုန်းဖြစ်သည်။ ခန့်မှန်းချက်များအရ မြန်မာနိုင်ငံအကျဥ်းထောင်များတွင် ထိန်းသိမ်းခံထားရသူ ၅၀ မှ ၇၀ ရာခိုင်နှုန်းကြားသည် မူးယစ်ဆေးဝါးနှင့်ဆက်နွယ်ပြစ်မှုများကြောင့်ဖြစ်သည်။ အမျိုးသမီးများအပေါ် ထောင်ဝန်ထမ်းများ၏ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများလည်း တိုးမြှင့်လာနေသည်ဟုသိရသည်။ ၂၀၂၁ ခုနှစ် စစ် အာဏာသိမ်းပြီးနောက်ပိုင်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများ ပိုပြီးများလာခဲ့ပါသည်။
မူးယစ်ဆေးသုံးစွဲသည့်အမျိုးသမီးများနှင့် ဆေးရောင်းဝယ်ရေးလုပ်ငန်းများတွင်ပါဝင်နေသော အမျိုးသမီးများ၏ အခြေအနေတိုးတက်လာစေရန်မှာ ၎င်းတို့အတွေ့အကြုံများအား မျှဝေပေးခိုင်းခြင်းမျိုးဖြစ်သည်။ အကျဥ်းထောင် တွင်းရှိအမျိုးသမီးများနှင့် အခြားသောမူးယစ်ဆေးဝါးဈေးကွက်ရှိ အမျိုးသမီးများ၏အခြေအနေများကိုမှတ်တမ်း တင်ရန် နောက်ထပ် သုတေသနများပြုလုပ်ဖို့လိုအပ်ပါသည်။
အမျိုးသမီးများသည် မူးယစ်ဆေးဝါးဈေးကွက်များနှင့် အဖွဲ့အစည်းများ၏ နှိပ်ကွပ်မှုအမျိုးမျိုးတို့ကို ကာလကြာရှည် ရင်ဆိုင်ခဲ့ရသည်။ ရှေ့လာမည့်အနာဂတ်ကိုကြည့်မည်ဆိုလျှင်တော့ ကျား မရေးရာတရားမျှတမှုမျိုး အထူးလိုအပ်ပါ သည်။
ဘုန်းမောင်
“Women and Drug in Myanmar” ကို အကျဥ်းချုံးပြန်ဆိုထားပါသည်။