• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ပေါက်တောတွင် စစ်ရှောင်များ စားနပ်ရိက္ခာအကူအညီ လိုအပ်
  • စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ အရာထင်မှာ မဟုတ်လို့ မလေးရှားပြော
  • မကွေးအကျဉ်းထောင်ဝန်ထမ်းများမှ သေနတ်ပစ်ခတ်မှုကြောင့် နိုင်ငံရေးကျဉ်းသား နှစ်ဦး သေဆုံး
  • စစ်တွေတွင် တိုက်ပွဲမဖြစ်ဘဲ ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်
  • မိုးရာသီရောဂါများ ကာကွယ်ရန် ULA/AA ကျန်းမာရေးဌာန ဆောင်ရွက်
  • တောင်ငူအနီး တိုက်ပွဲများကြောင့် စစ်ရှောင်များ အရေးပေါ်အကူအညီလိုအပ်
  • စစ်ကောင်စီ‌ရေတပ် လက်နက်ကြီး ပစ်ခတ်၍ ကျောက်ဖြူတွင် စစ်ရှောင် အမျိုးသမီးတစ်ဦး ဒဏ်ရာရ
  • သေ့ဘောဘိုးစစ်ရှောင်များ အခြေခံစားနပ်ရိက္ခာနှင့် အသုံးအဆောင်များ လိုအပ်နေ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ရခိုင်ပြည်နယ်နိုင်ငံရေးဖြစ်စဉ်ထဲက ရခိုင်-မူဆလင်ဆက်ဆံရေး
ဆောင်းပါး

ရခိုင်ပြည်နယ်နိုင်ငံရေးဖြစ်စဉ်ထဲက ရခိုင်-မူဆလင်ဆက်ဆံရေး

thanlwinkhetBy thanlwinkhetAugust 21, 2023No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မောင်ချေ

သံလွင်ခက်

ဩဂုတ်၊ ၂၁၊ ၂၀၂၃။

 

ရခိုင်ပြည်နယ် စစ်တွေမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် ပွိုင့်ကမ်းခြေသို့ မူဆလင်များသွားရောက်လည်ပတ် နေကြပြီဖြစ်သလို ရခိုင်နှင့်မူဆလင်လူငယ်များကြား ချစ်ကြည်ရေးဘောလုံးပွဲများနှင့် အခြားသော ပျော်ပွဲရွှင်ပွဲများ ပြန်လည်ပြုလုပ်နေသည်ကိုတွေ့မြင်လာရပြီး ရင်းနှီးချစ်ခင်စွာ အတူစားသောက်နေကြတာတွေလည်း တွေ့မြင် လာရပါသည်။ ရခိုင်ပြည်နယ်တွင် ထိုမြင်ကွင်းမျိုးကွယ်ပျောက်သွားခဲ့သည်က ဆယ်စုနှစ်တစ်ခုကျော်သွားခဲ့ပြီဖြစ် ပြီး ယခုမှ ပြန်လည်မြင်တွေ့ရခြင်းလည်း ဖြစ်သည်။

ပြီးခဲ့သော ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ရခိုင်နှင့် ရိုဟင်ဂျာများအကြားက လူမျိုးရေး အကြမ်းဖက်မှုများကို မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီး အရှင်ဝီရသူနှင့် “မဘသ” ကဲ့သို့သော စစ်တပ်ကကျော ထောက်နောက်ခံပေးထားသည့် အမျိုးသားရေးဝါဒီဆိုသူများက ဦးဆောင်ခဲ့ကြသည်။

အရှင်ဝီရသူသည် မူဆလင်စီးပွားရေးလုပ်ငန်းများကို သပိတ်မှောက်ရန်နှင့် ၁၉၈၂ ခုနှစ်ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးခံထားရသော ရခိုင်ပြည်နယ်ရှိမူဆလင်များအပြင် နိုင်ငံတွင်းရှိ လူနည်းစုမူဆလင်များအပေါ် အကြမ်းဖက်မှု များကျူးလွန်နိုင်စေရန်ရည်ရွယ်ပြီး “၉၆၉ လှုပ်ရှားမှု”ကို ၂၀၁၂ ခုနှစ်ကစတင် ဦးဆောင်ခဲ့သူလည်းဖြစ်ပေသည်။ နောက်ပိုင်းမှာတော့ “မဘသ”အမည်ဖြင့် ပြောင်းလဲလှုပ်ရှားလာခဲ့ပြီး ရခိုင်ပြည်နယ်တွင်း အဓိကရုဏ်းများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများကိုပါ လှုံ့ဆော်လာခဲ့ပါသည်။

ရခိုင်-မူဆလင်ပဋိပက္ခအတွင်းလုံခြုံရေးယူနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦး ( ဓာတ်ပုံ – သံလွင်ခက် )

အဆိုပါလှုပ်ရှားမှုများကို မြန်မာစစ်တပ်က နောက်ကွယ်ကနေတိတ်တဆိတ်ထောက်ခံပေးခဲ့သည်။ အရပ်သား အစိုးရဖြစ်သော NLD အနေဖြင့်လည်း ထိုအရေးအခင်းများနှင့်ပတ်သက်ပြီး မည်သည့်ဩဇာလွှမ်းမိုးမှုမျိုးမှမရှိနိုင်ခဲ့ ပေ။ ထို့ကြောင့်လည်း ရခိုင်ပြည်နယ်ပဋိပက္ခများအတွင်း စစ်တပ်၏မူဆလင်များအပေါ် အကြမ်းဖက်မှုကြီး ၂၀၁၇ ခုနှစ် ဩဂုတ်လတွင် ဖြစ်ပွားလာခဲ့တော့သည်။ ထို့ပြင် ရိုဟင်ဂျာလိုလားသောစစ်သွေးကြွ (ARSA)ကလည်း ရခိုင် ပြည်နယ်ရှိ လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်လာခဲ့ပြန်လေသည်။

တကယ်တမ်းဆိုရပါမူ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော လူမျိုးရေးအကြမ်းဖက်မှုများမတိုင်ခင်ကဆို လျှင် မူဆလင်များနှင့်ရခိုင်ပြည်သူများအပြင် မြန်မာနိုင်ငံတွင်းရှိ မတူညီသောလူမျိုးစုများနှင့် ဘာသာရေးအသိုင်း အဝိုင်းများအကြားဆက်ဆံရေး အထိုက်အလျောက်အေးချမ်းသာယာရှိခဲ့သည်ကို တွေ့ရပေလိမ့်မည်။

သို့ပေမယ့်လည်း ကောင်းမွန်သင့်မြတ်နေသော အသိုင်းအဝိုင်းနှစ်ခုကို ခေတ်အဆက်ဆက်က တိုင်းပြည်အုပ်ချုပ်ခဲ့ ကြသည့် စစ်အာဏာရှင်များက ဖျက်ဆီးပစ်ခဲ့သည့်အတွက် ထိုအသိုင်းအဝိုင်းများကြား  မမျှော်လင့်သောပဋိပက္ခ များဖြစ်ပွားလာခဲ့ပြီး အရင်အနေအထားပြန်လည်ရောက်ရှိရန်အတွက် ယခုအချိန်အထိ ခရီးဆက်နေရတုန်းဖြစ် သည် ဟု ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ကို ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင် ကပြောသည်။

“အိမ်ကြက်ချင်းခွပ်နေရင် သူတို့အတွက် အလုပ်ရှုပ်သက်သာတယ်” ဆိုသည့်ပုံစံမျိုးနှင့် စစ်တပ်က ဘာသာမတူ သည့်အသိုင်းအဝိုင်းနှစ်ခုကြား နည်းမျိုးစုံဖြင့်ပြဿနာများဖန်တီးပေးနေသလို ယခုလိုနည်းဗျူဟာမျိုးသည် ရိုဟင် ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်ရန်အတွက် နှစ်ရှည်စီမံထားသည့်အစိတ်အပိုင်းတစ်ခုသာဖြစ်သည် ဟုလည်း ရခိုင်အရေးလေ့လာသူတချို့က ပြောဆိုကြသည်။

           ရခိုင်-မူဆလင်ပဋိပက္ခကြောင့် ပျက်စီးဆုံးရှုံးမှုများ  ( ဓာတ်ပုံ – သံလွင်ခက် )

” တိုင်းပြည်အုပ်ချုပ်သူတွေက လူမျိူးစုတစ်စုနဲ့တစ်စုကြား  ပြန်လည်သင့်မြတ်ရေးကို အားပေးတာမျိုးမရှိခဲ့တာ ကြောင့် အခုလို အချိန်ပိုကြန့်ကြာနေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အတိုင်းအတာတစ်ခုထိ တိုးတက်လာပြီ” ဟု အာရကန် ရိုဟင်ဂျာ ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေးအဖွဲ့  – Arakan Rohingya Society for Peace & Human Rights (ARSPH) ၏ EC အဖွဲ့ဝင် ဦးမောင်မောင်ထိန် ကပြောသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်တွင် မငြိမ်မသက်မှုများ မရှိသလောက်နည်းပါးခဲ့သော်လည်း ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်အကြား နှစ်လခန့်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တိုင်းပြည်စီးပွားရေးအကျပ်အတည်းနှင့် ပြည်သူများကြုံတွေ့ခဲ့ရပါသည်။ အရင်ကတည်းက ရှိနေခဲ့သော အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့်လည်း လည်ပတ်ရန်ခက်ခဲလာခဲ့သည်။ တစ်ချိန်တည်းမှာပင် မြန်မာစစ်တပ်၏ လူမျိုးရေး ၊ ဘာသာရေးခွဲခြားမှုများကြောင့် ရခိုင်နှင့် မူဆလင်တို့ကြား လူမျိုးရေးပြဿနာ ပြန်လည်ဖြစ်ပွားလာမှာကို စိုးရိမ်လာကြသည်။

သို့ပေမယ့်လည်း ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA)  အခြေချလာပြီးချိန်ကစ၍ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ ရခိုင်ပြည်နယ်တွင်းက အုပ်ချုပ်ရေး၊ တရားစီရင်ရေး စသည့် လုပ်ငန်းစဉ်ကဏ္ဍများထဲတွင် ဒေသတွင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများမဖြစ်ပွားစေရန်နှင့် ယခင်က ရရှိခဲ့ဖူး သော ညီညွတ်ပြေပြစ်သည့် အသိုက်အဝိုင်းတစ်ခုဖြစ်လာစေရန် ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်လာနိုင်ခဲ့ သည်။

တဆက်တည်းမှာပင် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ပြည်နယ်တွင် ဒုတိယ လူဦးရေအများဆုံးဖြစ်သော မူဆလင်အသိုင်းအဝိုင်းကို ULA ၏ အုပ်ချုပ်ရေးယန္တရားတွင်ပါဝင်ဖို့ ကြေညာလိုက် ခြင်းက ရခိုင်ပြည်နယ်တွင်းရှိ မူဆလင်နှင့် ရခိုင်ဆက်ဆံရေးအပေါ် များစွာအထောက်အကူဖြစ်ခဲ့ကြောင်း ရခိုင် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်း က မှတ်ချက်ပေးခဲ့လေသည်။

ထို့ပြင် ရက္ခိုင့်တပ်တော် ULA/AA ၏ တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ULA/ AA ပြောခွင့်ရ ဦးခိုင်သုခ က အာရက္ခနိုင်ငံသားဆိုသည့် တစ်ခုတည်းသောခေါင်းစဉ်အောက်တွင် ရခိုင်နှင့် မူဆလင်များသည် ညီညီညွတ်ညွတ်ရှိနေဖို့လိုပြီး မိမိတို့အချင်းချင်းကြားတွင် စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မှသာ လျှင် ရခိုင်နှင့် မူဆလင်အသိုင်းအဝန်းကြား လူမှုသဟဇာတများဖြစ်လာပြီး မိမိတို့သွားချင်သည့် အာရက္ခ နိုင်ငံတော် ဆီ ညီညီညွတ်ညွတ်ချီတက်နိုင်မှာဖြစ်သည်ဟု ပြောဆိုထားသည်။

ဘူးသီးတောင်မြို့နယ် ၊ ကန္ဒကျေးရွာတွင်ဖြစ်ပွားခဲ့သော စပါးကောက်လှိုင်းပုံများ
မီးရှို့ခံရမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် (AA) က စစ်ဆေးနေမှု။  ( ဓာတ်ပုံ – AA Info )

ယခုဆိုလျှင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ထားသည့် မူဆလင်ကျေးရွာများတွင် ကျေး ရွာအုပ်ချုပ်ရေးဆိုင်ရာကိစ္စများကို လွတ်လပ်စွာစီမံခွင့်များပေးထားသည့်အပြင် ဒေသခံမူဆလင်များသည်လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ရဲဌာနများအပါအဝင် အခြားသောကဏ္ဍ အသီးသီးတွင် တာဝန်ထမ်းဆောင်လာကြသည်။

သို့သော်လည်း တော်လှန်ရေးကာလအတွင်း သိုသိုသိပ်သိပ်ထားရှိရမည့်ကိစ္စဖြစ်၍ အုပ်ချုပ်ရေးယန္တရားတွင် မူဆလင်ပါဝင်မှုရာခိုင်နှုန်းနှင့် လူဦးရေအတိအကျကို အသေးစိတ်ထုတ်ဖော်ပြောဆိုရန် အဆင်မပြေသေးဟု ULA/ AA ပြောခွင့်ရ ဦးခိုင်သုခ ကဆိုသည်။

ယခုဆိုလျှင် ရခိုင်နှင့်မူဆလင်လူမျိုးများအကြား  ပုံမှန်မဟုတ်သောကုန်သွယ်မှုဆိုင်ရာဆက်ဆံရေးများ တဖြည်း ဖြည်းပြန်လည်စတင်လာပြီး စစ်တွေမြို့အပါအဝင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၏ အုပ်ချုပ်မှုအောက်ရှိ  မြို့နယ်အများစုတွင် မွတ်ဆလင်များအနေဖြင့် ယခင်ထက် လွတ်လပ်စွာသွားလာခွင့်များ ပိုပြီးရရှိလာသည်ကို မြင်တွေ့လာရသည်။ ရခိုင်လူမျိုးတို့ကလည်း မူဆလင်များကို အထွေထွေလုပ်သားများအဖြစ် ‌‌ ဈေးဆိုင်ခန်းများ တွင် လခစားအဖြစ်ငှားရမ်းမှုများ တိုးမြင့်လာခဲ့သည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA ဦးဆောင်သော ဘောလုံးအားကစားပွဲများ နှင့် အခြားသော ပျော်ပွဲရွှင်ပွဲများအပြင် လူထုအကျိုးပြုလုပ်ငန်းများတွင်လည်း အတူယှဥ်တွဲလုပ်ကိုင်လျက်ရှိပြီး ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးများ နှင့် အစ္စ လာမ်ဘာသာဝင် မော်လဝီတို့ကိုတန်းတူနေရာပေးပြီး တပြေးညီထိုင်ခွင့်ပေးလာခြင်းများကိုကြည့်လျှင် ရခိုင်-မူဆ လင်နှစ်ဘက်အသိုင်းအဝိုင်းစလုံးက ပဋိပက္ခဖြစ်ပွားမည်ကိုမလိုလားဘဲ သဟဇာတဖြစ်ရေးကို ပိုမို ဦးတည်နေကြ သည်ကို မြင်တွေ့ရပါသည်။

ပြီးခဲ့သော ၂၀၂၂ ခုနှစ် မေလ ၉ ရက်တွင်  ၁၀ နှစ်ကြာ စစ်တွေတက္ကသိုလ်တက်ရောက်ခွင့်မရခဲ့သည့် မူဆလင် ကျောင်းသားများ စစ်တွေတက္ကသိုလ်တွင် စာရင်းများပေးသွင်းခဲ့ကြပြီး ၂၀၁၂ ခုနှစ်နောက်ပိုင်း၌ ပထမဆုံးအကြိမ် စာရင်းပေးသွင်းမှုလည်းဖြစ်သည်။ သို့သော် စစ်ကောင်စီ ပညာရေးဝန်ကြီးဌာန၏ ပိတ်ဆို့ကန့်သတ်မှုများကြောင့် မူဆလင်ကျောင်းသားအများစုသည် စာမေးပွဲဖြေဆိုသည့်အချိန်များတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် အတွက် စာမေးပွဲဖြေဆိုခွင့်ပိတ်ပင်ခံကြရသည့်အပြင် မေဂျာခွဲယူမှုအပိုင်း၌လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိ ဆိုသောအကြောင်းပြချက်ဖြင့် ဥပဒေမေဂျာနှင့် ဘူမိဗေဒဘာသာရပ်တို့ကို စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည် နယ်ပညာရေးဌာနက တက်ရောက်သင်ကြားခွင့်ပိတ်ပင်ထားသည်။ ထို့ပြင် ကျောင်းစာသင်ယူချိန်များတွင်လည်း အချို့သော ဆရာ ၊ ဆရာမများ၏ ခွဲခြားဆက်ဆံမှုများ ခံနေရဆဲဟု ရက္ခိုင်ပြည်နယ် ကျောင်းသားသမဂ္ဂ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မူဆလင်မိသားစု။ ( ဓာတ်ပုံ – သံလွင်ခက် )

၂၀၀၃ ခုနှစ် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ  (နအဖ) စစ်အစိုးရလက်ထက်ကစပြီး ရခိုင်တွင် မူဆလင်ကျောင်းသားများ ယခုကဲ့သို့ ဘာသာရပ်အလိုက်တက္ကသိုလ်တက်ရောက်ခွင့် ကန့်သတ်ပိတ်ပင်ခြင်းခံခဲ့ရ သည် ဟု စစ်တွေမြို့ဒေသခံ မူဆလင်တက္ကသိုလ်ကျောင်းသားတစ်ဦးကပြောသည်။

မြန်မာနိုင်ငံတွင်နေထိုင်ကြသော မူဆလင်ကျောင်းသားများအနေဖြင့် မြန်မာနိုင်ငံကပြဋ္ဌာန်းထားသော ဥပဒေ များနှင့်ပတ်သက်ပြီး တက္ကသိုလ်များတွင် တက်ရောက်လေ့လာချင်သော်လည်း စစ်ကောင်စီက ယခုလို ရည်ရွယ် ချက်ရှိရှိပိတ်ပင်ထားခြင်းကြောင့် ရခိုင်ပြည်နယ်ရှိ မူဆလင်အသိုင်းအဝန်းများကြား ဥပဒေကျောင်းသားဖြစ်ခွင့် နှင့် ရှေ့နေဖြစ်ခွင့်များ ဆုံးရှုံးနေရသည်ဟု အဆိုပါကျောင်းသားကပြောသည်။

လက်ရှိအချိန်တွင် ထိုအရာများအပေါ်သည်းခံပြီး ရခိုင်နှင့် မူဆလင်လူမျိုးများအပြင် ရခိုင်ပြည်နယ်တွင်းရှိ မြို၊ ခမီ၊ သက် ၊ ဒိုင်းနက် ၊ မရမာ စသည့်လူမျိုးစုများကြား တစ်ဦးနှင့်တစ်ဦး ပိုမိုသဟဇာတဖြစ်လာရန် လက်တွဲကြိုးစားသွား  ရမည့်အပြင် စစ်ကောင်စီအပါအဝင် အခြားသူများ၏ သွေးထိုးလှုံ့ဆော်မှုများကို နားမယောင်ဘဲ ရှေ့ဆက်သွားကြရ မည်ဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ကို ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သည့် ရိုနေဆန်းလွင်က

 

“ ကျွန်တော်တို့အသိုင်းအဝိုင်းနှစ်ခုက ရန်သူတွေမဟုတ်ကြဘူး။ ကြားက ဗဟိုအစိုးရတည်ပေးလို့ ပြဿနာ ဖြစ်ရ တာမျိုးတွေရှိပေမယ့် ကျွန်တော်တို့က နောက်ဆုံးမှာ ဒီဒေသမှာ အတူယှဥ်တွဲနေထိုင်ရမယ်ဆိုတာကို နားလည်ကြ ပါတယ်။ ခက်တာက ဒီဒေသကို တိုင်းပြည်အုပ်ချုပ်သူတွေက ထိန်းချုပ်ထားတယ်။ ကျွန်တော်တို့ကြားထဲ နားလည်မှုတည်ဆောက်ဖို့တောင် တရားဝင်တဲ့ပုံစံမျိုးနဲ့ လုပ်လို့မရဘူး။ အဓိကကတော့ တိုင်းပြည်အုပ်ချုပ်သူတွေ၊ စစ်တပ်ဖြစ်ဖြစ် ၊ ပြည်သူကရွေးကောက်တင်မြှောက်ထားတဲ့အစိုးရဖြစ်ဖြစ် ၊ ဒီအသိုင်းအဝိုင်းနှစ်ခုကြား ပြဿနာ တည်မယ်ဆိုတဲ့ ယုတ်ညံ့တဲ့မူဝါဒကို ဖျောက်ပစ်ဖို့လိုပါမယ်။ အဲဒီမူဝါဒကြောင့် အပြစ်မဲ့ပြည်သူတွေ ထိခိုက်နစ်နာ ရတယ်။ တိုင်းပြည်အုပ်ချုပ်သူတွေက မယုတ်မာတော့ဘူးဆိုရင် အတူယှဥ်တွဲနေထိုင်ဖို့ ဘာမှ မခက်ပါဘူး”

ဟု  ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ကြား ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် တကျော့ပြန်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်တွင် အပစ်အခတ်ရပ်စဲခဲ့ကြသည်။ သို့သော် AA နှင့် ARSA အဖွဲ့တို့သည် ဘူးသီးတောင်မြို့နယ်၊ အာကာပျံနှင့် ကျောက်စာတိုင်ကြားရှိ မယူတောင်ထဲ၌ ဇူလိုင်လ ၁၈ ရက် ညနေပိုင်းနှင့် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းတို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။

 

ဒေသခံ မူဆလင်များအား ရက္ခိုင့်တပ်တော်မှ ဆေးဝါးကုသပေးနေပုံ ( ဓာတ်ပုံ – AA Info )

ယခုလို တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ပြန်လည်တည်ငြိမ်စပြုနေသည့် လူမျိုးစုနှစ်စုကြား ပြဿနာထပ်မံဖြစ်ပွားလာ နိုင်မည်မဟုတ်ဟု ပြောဆိုမှုများရှိသည်။

 

” အာဆာဟာ အကြမ်းဖက်အဖွဲ့ဖြစ်ပြီး မူဆလင်တွေကို ကိုယ်စားမပြုဘူး။ မူဆလင်တွေက အာဆာကို မြန်မာစစ် တပ်ကဖန်တီးထားတဲ့အဖွဲ့လို့ပဲမြင်တယ်” ဟုလည်း အာရကန် ရိုဟင်ဂျာ ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေးအဖွဲ့ (ARSPH) ၏ EC အဖွဲ့ဝင် ဦးမောင်မောင်ထိန် ကပြောသည်။

 

မည်သို့ပင်ဆိုစေကာမူ ရခိုင်တွင် ရက္ခိုင့်တပ်တော် AA ၏ ဩဇာအာဏာကြီးမားလာမှုနှင့် ဦးဆောင်လမ်းညွှန်မှုများ ကြောင့် ရခိုင်နှင့်မူဆလင်အသိုင်းအဝိုင်းများကြား ယခင်အစိုးရအဆက်ဆက်လက်ထက်ကထက် ပိုမိုသဟဇာတ ဖြစ်လာသည်ကို မြင်တွေ့လာရသည်။

မိုခါ မုန်တိုင်းဒဏ်သင့် ဒေသခံမူဆလင်များအား ရက္ခိုင့်တပ်တော်မှ စားနပ်ရိက္ခာထောက်ပံ့ပေးနေပုံ ( ဓာတ်ပုံ – AA Info )

သို့သော် မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှုကြောင့် ပြည်တွင်း မငြိမ်မသက်မှုများဖြစ်ပွားနေခြင်း၊ နိုင်ငံရေး အခြေအနေများရှုပ်ထွေးနေခြင်းနှင့် စစ်ကောင်စီအပါအဝင် အဖွဲ့အစည်းတစ်ခုခုက မကောင်းသည့်ရည်ရွယ်ချက် ဖြင့် လူမျိုးရေးဆိုင်ရာပဋိပက္ခများသို့ဦးတည်သွားမည့်  နိုင်ငံရေးလှုံ့ဆော်မှုများကို သတိထားစောင့်ကြည့်ကြရန် လည်း ULA ကတိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်ရှိ မူဆလင်များအနေဖြင့် ရခိုင်လူထုစိုးရိမ်ပူပန်စေမည့်အရာများ မပြုလုပ်ရန်လိုအပ်သကဲ့သို့ ရခိုင် ပြည်သူများအနေဖြင့်လည်း မူဆလင်များ၏ အခွင့်အရေးဆုံးရှုံးနေမှုများအပေါ် စာနာနားလည်ရန်လိုအပ်သည်ဟု  ရခိုင်အရေးလေ့လာသုံးသပ်သူများက ပြောဆိုကြပါသည်။

****************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/1829
YouTube- > https://youtu.be/EQxNHj_FY94
Website -> https://thanlwinkhet.net/?p=5361
Website ->https://eng.thanlwinkhet.net

 

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလောက်ကိုင်မြို့တွင် ဖုန်ထူထပ်ပြီး လေထုညစ်ညမ်းမှုဖြစ်ပေါ်နေ
Next Article အဆိုတော်ဗျူဟာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ
thanlwinkhet
  • Website

Related Posts

တရုတ်အမြတ်ထွက်တဲ့ စစ်ကောင်စီရွေးကောက်ပွဲ

May 25, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

တရုတ်လိုလားတဲ့ရှမ်းမြောက်နဲ့ TNLA စစ်ရေးအပြောင်းအလဲ

May 11, 2025

Leave A Reply Cancel Reply

Recent Posts

  • ပေါက်တောတွင် စစ်ရှောင်များ စားနပ်ရိက္ခာအကူအညီ လိုအပ်
  • စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ အရာထင်မှာ မဟုတ်လို့ မလေးရှားပြော
  • မကွေးအကျဉ်းထောင်ဝန်ထမ်းများမှ သေနတ်ပစ်ခတ်မှုကြောင့် နိုင်ငံရေးကျဉ်းသား နှစ်ဦး သေဆုံး
  • စစ်တွေတွင် တိုက်ပွဲမဖြစ်ဘဲ ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်
  • မိုးရာသီရောဂါများ ကာကွယ်ရန် ULA/AA ကျန်းမာရေးဌာန ဆောင်ရွက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ပေါက်တောတွင် စစ်ရှောင်များ စားနပ်ရိက္ခာအကူအညီ လိုအပ်

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ အရာထင်မှာ မဟုတ်လို့ မလေးရှားပြော

မကွေးအကျဉ်းထောင်ဝန်ထမ်းများမှ သေနတ်ပစ်ခတ်မှုကြောင့် နိုင်ငံရေးကျဉ်းသား နှစ်ဦး သေဆုံး

စစ်တွေတွင် တိုက်ပွဲမဖြစ်ဘဲ ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ပေါက်တောတွင် စစ်ရှောင်များ စားနပ်ရိက္ခာအကူအညီ လိုအပ်

May 27, 2025

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ အရာထင်မှာ မဟုတ်လို့ မလေးရှားပြော

May 27, 2025

မကွေးအကျဉ်းထောင်ဝန်ထမ်းများမှ သေနတ်ပစ်ခတ်မှုကြောင့် နိုင်ငံရေးကျဉ်းသား နှစ်ဦး သေဆုံး

May 27, 2025

စစ်တွေတွင် တိုက်ပွဲမဖြစ်ဘဲ ကျေးရွာများကို လက်နက်ကြီး ပစ်ခတ်

May 27, 2025

မိုးရာသီရောဂါများ ကာကွယ်ရန် ULA/AA ကျန်းမာရေးဌာန ဆောင်ရွက်

May 27, 2025

တောင်ငူအနီး တိုက်ပွဲများကြောင့် စစ်ရှောင်များ အရေးပေါ်အကူအညီလိုအပ်

May 26, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.