![]()
ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့အား ယနေ့ နေ့လယ်၁ နာရီကျော်ခန့်တွင် စစ်ကော်မရှင်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ အရပ်သား တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဂျက်ဖိုက်တာဖြင့် ကျိန္တလီမြို့၊ အမှတ်(၁) ရပ်ကွက်ကို ဗုံး တစ်လုံး လာချခြင်းဖြစ်သည်ဟု အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
၎င်းက “အိမ်တည့်တည့်မှာ လာကျတယ်။ တစ်ဦး သေဆုံးပြီးတော့ နှစ်ဦး ထိခိုက်သွားပါတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတယ်” ဟု ပြောသည်။
ထိခိုက်ဒဏ်ရာ ရရှိသူများမှာ လက်ရှိတွင် နီးစပ်ရာ ဆေးခန်းများတွင် ဆေးကုသမူခံယူနေရကြောင်း သိရသည်။
စစ်ကော်မရှင်တပ်အနေဖြင့် ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၄ နာရီခန့်အချိန်တွင်လည်း မြောက်ဦးမြို့နယ်၊ ဘောင်းဒွတ်ရွာ အနီးသို့ ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံး ကြဲချခဲ့သည့်အတွက် နွားများ ထိခိုက်သေဆုံးမူ ရှိခဲ့သေးသည်။
ပုံစာ – ဗုံးကြဲခံရသော ကျိန္တလီမြို့အား တွေ့ရစဥ် (Photo – APM)
