• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ချောက်ရှိ စစ်တပ် ရှေ့ကာကင်းပွိုင့်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး
  • ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်
  • ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့
  • လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ
  • “အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်
  • ရခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခ ၅ ဆခန့် မြင့်တက်လာ
  • ဖားအံထောင်မှ အကျဉ်းသား ၃၈ ဦးကို KNU လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်
  • နတ်မောက်အရှေ့ခြမ်း တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၈ ဦး သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»မြို့ပြနဲ့ ကျေးလက်ကြား တော်လှန်ရေးအငွေ့အသက် ကွာခြားလာပြီလား
သတင်းဆောင်းပါး

မြို့ပြနဲ့ ကျေးလက်ကြား တော်လှန်ရေးအငွေ့အသက် ကွာခြားလာပြီလား

thanlwinkhetBy thanlwinkhetJune 4, 2023No Comments5 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

နန်းမိုးဆွေ

မနက်မိုးလင်း၍ မျက်စိနှစ်လုံး ဖွင့်သည်နှင့် ရန်ကုန်မြို့တွင် နေထိုင်သူ ကိုအောင် ပထမဆုံး လုပ်သည့် အလုပ်ကဖေ့စ်ဘွတ်ခ်တွင် သတင်းများကို ဖတ်ရန် ဖြစ်သည်။ အစိုးရသတင်းစာများကိုတော့ သူ မဖတ်။ လွတ်လပ်၍ အမှီအခိုကင်းသော သတင်းဌာနများကိုသာ အကြည့်များသည်။

သို့သော် သတင်းဖတ်တိုင်း သူ အမြဲ စိတ်ညစ်ရသည်။ အကြောင်းမှာ ကျေးလက်ဒေသများ၊ အထူးသဖြင့်မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် နေ့စဉ်နှင့်အမျှ စစ်ကောင်စီက လူသတ်ပြီးနေအိမ်များကို မီးရှို့ဖျက်ဆီးနေသောကြောင့်ဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်တပ်ကြားတွင်လည်းနေ့စဉ်နှင့်အမျှ ပစ်ခတ်တိုက်ခိုက်နေကြသည်။

လွတ်လပ်သော သုတေသနအဖွဲ့ တစ်ခုဖြစ်သည့် ISP-Myanmar ၏ အစီရင်ခံစာတစ်ရပ်အရ လက်နက်ကိုင်ပဋိပက္ခကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း လူဦးရေ ၈၀၀,၀၀၀ နီးပါး နေရပ်စွန့်ခွာ၍ စစ်ဘေးရှောင်ကြရသည်။ ယင်းပမာဏသည် တိုင်းတစ်တိုင်းလုံး လူဦးရေ၏ ၁၅% ဖြစ်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် အမြင့်ဆုံး ပမာဏပင်ဖြစ်သည်။

“ဒီကောင်တွေ ပြည်သူကို အနိုင်ကျင့်အုပ်ချုပ်နေသရွေ့တော့ ဒီထက် ဆိုးလာမယ်ပဲ ထင်ပါတယ်” ဟု ကိုအောင်ကပြောသည်။

ပဋိပက္ခနယ်က ဘဝများ

အသက် ၃၀ ခန့်ရှိပြီဖြစ်သည့် ကိုလင်းလင်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်က ကျောင်းဆရာတစ်ဦး ဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် သူချစ်မြတ်နိုးသည့် အလုပ်ကို စွန့်ကာ CDM လုပ်ခဲ့သည်။ ထို့နောက် တော်လှန်ရေးအဖွဲ့အစည်း တစ်ခုနှင့် ချိတ်ဆက်ပြီး ထောက်ပို့အလုပ် တာဝန်ယူထားသည်။

သူတို့ နေထိုင်သည့် ဆားလင်းကြီးမြို့နယ်အတွင်းက ရွာကလေးသည် ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း စစ်ကောင်စီတပ်သားများ ဝင်ရောက် စီးနင်းခံရသည်။ ထိုစီးနင်းမှုအတွင်း နေအိမ် အများအပြားကို မီးရှို့ခဲ့ရာ ကိုလင်းလင်းတို့နေအိမ်လည်း မီးထဲ ပါသွားသည်။ ထိုအချိန်မှစ၍ သူသည်လည်း စစ်ဘေးရှောင် တစ်ဦး ဖြစ်လာခဲ့သည်။

“PDF တွေရဲ့ နယ်မြေစိုးမိုးမှုတွေနဲ့အတူ စစ်ကောင်စီကလည်း မြို့နယ်တွေမှာ တပ်စွဲပြီးတော့ နီးစပ်ရာ ကျေးရွာတွေကို စစ်ကြောင်းထိုးတာတွေ လုပ်တယ်” ဟု ကိုလင်းလင်းက ပြောသည်။

တစ်ခါတရံ မြစ်၊ ချောင်းအင်းအိုင်နှင့် နီးစပ်သော ဒေသက လူများအဖို့ ရေကြောင်းက ထိုးစစ်ဆင်မှုကိုပါ ခံရလေ့ရှိသည်။ ကိုလင်းလင်းတို့ နေထိုင်ရာ ဆားလင်းကြီးမြို့နယ်အတွင်းက ရေမိန်ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကအရပ်ဝတ်ဖြင့် ဒီဇင်ဘာ ၄ ရက်တွင် ဝင်ရောက်စီးနင်းစဉ် နေအိမ်များကို မီးရှို့ခဲ့ရာ အိမ် ၅၀ ကျော်ခန့် ပျက်စီးခဲ့သည်။

“ကျွန်မတို့ ရွာကို စစ်— တွေ မီးရှို့သွားတာ။ စစ်— တွေက တိုင်းပြည် ကာကွယ်တာ မဟုတ်ဘူး။ လူထုကို လိုက်ဒုက္ခပေးနေတာ။ ……..” ဟု နေအိမ် ဆုံးရှုံးခဲ့သည့် အမျိုးသမီး တစ်ဦး၏ နာနာကျည်းကျည်း ပြောစကားကို အွန်လိုင်းသတင်းဌာနတစ်ခုဖြစ်သည့် ဧရာဝတီတိုင်း(မ်)က ဖော်ပြခဲ့သည်။

အဆိုပါရုပ်သံကို ကြည့်ရှုသူ သောင်းနှင့်ချီ ရှိခဲ့ပြီး လူမှုကွန်ရက် အသုံးပြုသူ အများအပြားက ဝိုင်းဝန်း စာနာကြောင်း မှတ်ချက်ပြု ပြောဆိုခဲ့ကြသည်။

ထိုဖြစ်စဉ်များက ကိုလင်းလင်းတို့လို စစ်ကိုင်းသားများအဖို့ အထူးအဆန်း မဟုတ်တော့ပေ။ အချို့ရွာများမှာမကြာခဏ တိုက်ခိုက် စီးနင်းခံရရာ တစ်နေရာတွင် ကြာကြာ နေရသည် မရှိ။

“စစ်ရှောင်တွေကတော့ စကစက တောင်ဘက်ကနေ စစ်ကြောင်းထိုးရင် မြောက်ဘက်ကို ပြေး။ မြောက်ဘက်ကနေစစ်ကြောင်းထိုးရင် တောင်ဘက်ကို ပြေး ဆိုသလို လုပ်နေရတာပေါ့” ဟု သူက ပြောသည်။

အချို့ကမူ စိတ်မခိုင်သဖြင့် အနှစ်နှစ် အလလ စုဆောင်း၍ တည်ဆောက်ထားသည့် နေအိမ်လေး မီးလောင်ပြင်ထဲပါသွားသည်ကို ကြည့်၍ စိတ်ရောဂါ ရသည်အထိပင် ဝမ်းနည်းပက်လက် ဖြစ်ကြရကြောင်း သူက ဆိုသည်။

“နေအိမ်တွေ မီးရှို့ခံရချိန်မှာ စိတ်မခိုင်တဲ့ သူတွေဆို ရူးတောင် ရူးသွားကြတယ်။ မီးလောင်ပြင်ကို ကြည့်ပြီး နာကျည်းခဲ့ရတဲ့ စိတ်ဆင်းရဲမှုတွေက ဘာနဲ့မှ နှိုင်းဆလို့ မရအောင် ခံစားခဲ့ရတယ်” ဟု ကိုလင်းလင်းက ပြောသည်။

စစ်ဘေးဒဏ်သင့်သည့် မိသားစုအချို့မှာ ပြေးရင်း လွှားရင်း အနာဂတ် ပျောက်ကြရသည်။ အချို့ စစ်ဘေးရှောင်များမှာ စစ်ကောင်စီစစ်ကြောင်းနှင့် တိုးပြီး အသက်ပါ ပျောက်ကြရသည်။ စာသင်ခန်း၊ တက္ကသိုလ် ကျောင်းဝန်းထဲရောက်နေရမည့် လူငယ်လူရွယ် အများအပြားမှာ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရန် လက်နက်စွဲကိုင်ရတော့သည်။

“အာဏာမသိမ်းခင်က ရှေ့ဆက်အနာဂတ်အတွက် မျှော်မှန်းလို့ ရသေးတယ်။ အခုတော့ အနာဂတ်ဆိုတာ ဘာမှန်းကို မသိခဲ့ကြတဲ့ ဘဝတွေ ဖြစ်ကုန်ပြီ။ ကလေးငယ်တွေလည်း တော်လှန်ရေးရဲ့ သားကောင်တွေ ဖြစ်ခဲ့ရတယ်” ဟုကိုလင်းလင်းက ပြောသည်။

ထိုအဖြစ်သနစ်များကို သတင်းစာမျက်နှာများမှတစ်ဆင့် မြင်တွေ့ကြားသိနေကျ ရန်ကုန်မြို့ခံ ကိုအောင်အဖို့အညာဒေသမှ ပြည်သူလူထု၏ အပူမီးများကို နားလည်စာနာသည့်တိုင် မည်သို့မျှ မတတ်နိုင်ပေ။

“ဝမ်းနည်းမိပါတယ်။ မြန်မာပြည်ထဲက လူတိုင်း နေရာတိုင်းလည်း အဲဒီလိုအခြေအနေတွေ တွေ့ကြုံလာနိုင်တယ်” ဟု သူက ပြောသည်။

တော်လှန်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပံ့သည် ဟူသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်များသည် ရွာအများအပြားကို မီးတိုက်သွင်းခြင်းဖြင့် မြေပုံပေါ်မှ ဖျောက်ဖျက်ရန် ကြိုးပမ်းခဲ့သည်။ ထို့ပြင်ISP-Myanmar ၏ စာရင်းပြုစုချက်အရ အာဏာသိမ်းချိန်မှစ၍ နိုင်ငံအနှံ့ ပဋိပက္ခ သက်ရောက်ရာ နယ်မြေများတွင် နေအိမ် စုစုပေါင်း ၄၀,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ယင်းတို့အနက် ၇၀ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းကပင် ဖြစ်သည်။

အချို့ရွာများဆိုလျှင် ရွာလုံးကျွတ်နီးပါး မီးရှို့ခံရသည်။ လေးကြိမ်ထက်မနည်း ဝင်ရောက် စီးနင်းခံရသည့် ရွာ ရှိသလို စစ်ကောင်စီတပ်သားများ၏ အကြိမ်ကြိမ် မီးရှို့မှုကြောင့် လုံးပါးပါးသွားသည့် ရွာများလည်း စစ်ကိုင်းနှင့်မကွေးတိုင်းဒေသကြီးတွင် အများအပြား ရှိနေသည်။

တစ်ဆက်တည်းတွင် ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့များ အင်အားတောင့်တင်းသည့် ကျေးရွာများလည်း စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း အပြိုင်းအရိုင်းထွက်ပေါ်လာသည်။ ၎င်းတို့အနက် မကွေးတိုင်းဒေသကြီးရှိ ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာတို့မှာ ဥပမာဖြစ်သည်။ အဆိုပါကျေးရွာများကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက မကြာခဏ ဝင်ရောက် တိုက်ခိုက်လေ့ရှိသည်။

မြို့ကြီးများတွင်တော့ ဒီလိုဖြစ်သည်

သို့သော် အခြားတစ်ဖက်တွင် စစ်တပ်သည် တိုင်းပြည်အခြေအနေကို တည်ငြိမ်ကြောင်း ပြသချင်သည်။ မလုပ်၍လည်း မဖြစ်။ စစ်တပ်က ၎င်းတို့၏ လမ်းပြမြေပုံတွင် ရွေးကောက်ပွဲ တစ်ခု ကျင်းပပြီး တက်လာသည့်အရပ်သားအစိုးရကို အာဏာလွှဲပြောင်းပေးမည်ဟု ဆိုသည်။ ထိုသို့ဆိုလျှင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်မြို့ကြီးပြကြီးများ တည်ငြိမ်အေးချမ်းရန် အပူတပြင်း လိုအပ်သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို အကြမ်းဖက် ဖြိုခွင်းပြီးနောက်ပိုင်း မတ်၊ ဧပြီ၊ မေလများအလွန်တွင် မြို့ပြပျောက်ကျားအဖွဲ့များ ရန်ကုန်နှင့် မန္တလေးလို မြို့ကြီးပြကြီးများတွင် လှုပ်ရှားမှု အားကောင်းလာသည်။ ၂၀၂၁ နှစ်လယ်ခန့်စမှတင်၍ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် မကြာခဏဆိုသလို လက်လုပ်ဗုံးများ ပေါက်ကွဲခြင်း၊ ရဲနှင့် စစ်သားများ၊ စစ်တပ်ကင်းစခန်းများ ပစ်ခတ်ခံရခြင်း စသည့် ဖြစ်စဉ်များ ခပ်စိတ်စိတ် ဖြစ်ပွားခဲ့သည်။

တစ်ဆက်တည်းတွင် စစ်တပ်သည် မြို့ပြပျောက်ကျားအဖွဲ့များကို ရှာဖွေ၊ ဖော်ထုတ်၊ နှိမ်နင်းမှုများ တိုးမြှင့်လာခဲ့သည်။ ၂၀၂၁ နှောင်းပိုင်းကာလများတွင် မြို့ပြပျောက်ကျားအဖွဲ့များကို ပိုမို ရှာဖွေဖော်ထုတ် နှိမ်နင်းလာတော့သည်။ ဥပမာအားဖြင့် မန္တလေးမြို့အတွင်း မြို့ပြပျောက်ကျားအဖွဲ့ တစ်ဖွဲ့ ခိုအောင်းနေထိုင်ရာ နေအိမ်ကို၂၀၂၁၊ နိုဝင်ဘာလအတွင်းက ဝင်ရောက်စီးနင်း ပစ်ခတ်မှုမှာ ရုပ်ရှင်ဆန်ဆန် ဖြစ်ပွားခဲ့သော ဖြိုခွင်းမှု တစ်ခုဖြစ်သည်။

ထို့ပြင် စစ်တပ်သည် မြို့ပြပျောက်ကျားအဖွဲ့များကို အကြီးမားဆုံး ခြောက်လှန့်မှု တစ်ခုအဖြစ် သမိုင်းတွင်သည့်လုပ်ရပ် တစ်ခုကိုလည်း ပြုလုပ်ခဲ့သေးသည်။ ယင်းမှာ မြို့ပြပျောက်ကျားအဖွဲ့များ၏ နောက်ကွယ်မှ စေခိုင်းသူများဟု အမည်တပ်ကာ ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်း သေဒဏ်စီရင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၈၈ နောက်ပိုင်း ပထမဆုံးအကြိမ် သေဒဏ် ပြန်လည် စီရင်ခဲ့ခြင်းဖြစ်သဖြင့် ပြည်တွင်း၊ ပြည်ပအင်အားစုများ၏ အပြင်းအထန် ဝေဖန်မှုကို ခံခဲ့ရသည်။ ယင်းနောက်ပိုင်းတွင် မြို့ပြပျောက်ကျားအဖွဲ့များ၏ပစ်ခတ်တိုက်ခိုက်မှုများ လုံးဝပျောက်ကွယ် မသွားသည့်တိုင် အကြီးအကျယ် အားပျော့သွားသည်။

ပစ်ခတ်တိုက်ခိုက်မှု၊ ဗုံးပေါက်ကွဲမှုများ လျော့နည်းလာသည့် အခြေအနေကို အခွင့်ကောင်းယူပြီး စစ်တပ်က မြို့ကြီး၊ ပြကြီးများတွင် လူစည်ကားရာ အရပ်များ၌ ပွဲလမ်းသဘင်များ ကျင်းပလာသည်။ ယခင်က တင်းကျပ်မှုများကို ဖြေလျှော့လာသည်။

ဥပမာအားဖြင့် ရန်ကုန်မြို့ရှိ၊ ပြည်သူ့ရင်ပြင်တွင် စစ်တပ်က ဦးဆောင်၍ ပွဲလမ်းသဘင်များ၊ ဈေးရောင်းပွဲတော်များ မကြာခဏ ကျင်းပလေ့ရှိသည်။ အထူးသဖြင့် ၂၀၂၂၊ နှစ်သစ်ကူးညတွင် နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့်ကျင်းပလေ့ရှိသည့် countdown အတွက် ညမထွက်ရအမိန့်ကို တစ်ရက်တာ ပယ်ဖျက်ပေးခဲ့သည်။ သကြင်္န်အခါသမယတွင်လည်း စစ်တပ် အစီအစဉ်ဖြင့် နေရာအချို့တွင် ရေကစားပွဲများ ကျင်းပခဲ့သည်။

ထိုသို့ အများနှင့် သက်ဆိုင်သော ပွဲလမ်းသဘင်များ ကျင်းပလေ့ရှိတိုင်း နိုင်ငံပိုင်သတင်းစာများ၊ ရုပ်သံများတွင်လူအများအပြား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည့် ပုံရိပ်များကို ဝေဝေဆာဆာ တင်ပြလေ့ရှိသည်။ အမှန်တကယ်အားဖြင့် လူအနည်းစုသာ ပါဝင်ဆင်နွှဲသည့် ပုံရိပ်များကို တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် မူလအခြေအနေသို့ပြန်ရောက်ပြီဆိုသည့် ပုံရိပ်တစ်ခုအဖြစ် ဝါဒဖြန့်ရန် စစ်တပ်၏ ကြိုးပမ်းမှုပင်ဖြစ်သည်။

ထို့ပြင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများရှိ နိုက်ကလပ်နှင့် ဘား အတော်များများတွင်လည်း ည ၁၂ နာရီ ကာဖျူးရှိသည်ကလွဲ၍ ၂၀၂၁၊ စစ်အာဏာသိမ်းမှု မတိုင်ခင်ကအတိုင်း လူစည်ကားလာသည်။ အချို့နိုက်ကလပ်များသည်အာဏာပိုင်များနှင့် ပူးပေါင်းကာ ကာဖျူးအချိန်တွင်း ညအပြင်ထွက်ခွင့် ကတ်ပြားကိုပင် ထုတ်ပေးသည်ဟု အွန်လိုင်းပေါ်တွင် ပြောဆိုမှုများ ရှိခဲ့သည်။ ယင်းအချက်နှင့် ပတ်သက်၍တော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

“မန္တလေး တစ်ခုတည်း မဟုတ်ဘူး။ မြို့ကြီးတော်တော်များများမှာ လူတွေကတော့ တော်လှန်ရေး အရှိန်မြင့်တဲ့အချိန်နဲ့ မတူတော့ဘဲ ပုံမှန်လိုဘဲ သွားလာနေကြပြီဖြစ်တာကို တွေ့ရပါတယ်” ဟု မန္တလေးမြို့ခံ တစ်ဦးဖြစ်သူ ကိုမင်းမင်းက ပြောသည်။

အလွန်ခြားနားသော ပုံရိပ် နှစ်ခု

စစ်အာဏာသိမ်းမှု ၃ နှစ်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာချိန်တွင် စစ်တပ်ဘက်က အနိုင်ရမည်လော၊သို့တည်းမဟုတ် တော်လှန်ရေးအဖွဲ့များဘက်က အနိုင်ရမည်လော ဆိုသည့် မေးခွန်းမှာ အဖြူအမဲ မကွဲပြားသေးပေ။

တော်လှန်မှု အားကောင်းသည့် စစ်ကိုင်း၊ မကွေး စသည့် တိုင်းဒေသကြီး နှစ်ခုအပါအဝင် ကယား၊ ကရင်၊ ချင်းနှင့်ကချင်ပြည်နယ်များတွင်မူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။ ရွာများ ဆက်လက်၍ မီးရှို့ခံနေရဆဲဖြစ်ပြီးအရပ်သား ထိခိုက်သေကြေမှု၊ နေရပ်စွန့်ခွာရွှေ့ပြောင်းမှုများမှာလည်း မြင့်တက်နေဆဲဖြစ်သည်။

မြို့ကြီးပြကြီးများတွင်မူ အခြေအနေက ယင်းလောက် ဆိုးဝါးခြင်း မရှိပေ။ သို့ဖြစ်ရာ မြို့ပြနှင့် ကျေးလက်အကြား တော်လှန်ရေးအငွေ့အသက် ကွာဟမှုအတိုင်းအတာက မည်ရွေ့မည်မျှ ကြီးမားလာပြီလဲဟု မေးစရာရှိလာသည်။ မြို့ကြီးပြကြီးများရှိ ပွဲလမ်းသဘင်များ၊ ပျော်ပွဲရွှင်ပွဲများတွင် လူကြိတ်ကြိတ်တိုး စည်ကားသည့် ပုံရိပ်များလူမှုကွန်ရက် စာမျက်နှာများပေါ်တွင် တက်လာတိုင်း ကျေးလက်ဒေသရှိ ဖိနှိပ်မှုဒဏ်ကို ခံနေရသည့် ပြည်သူများက စိတ်မသက်မသာ စကား ဆိုကြသည်။

“တော်လှန်ရေးဆိုတာ လူတစ်စု တော်လှန်ရေးလို့တောင် ထင်မိလာတယ်။ ကျေးလက်နေ ပြည်သူတွေကပဲ ကျီးလန့်စာစားပြီး ဖိခံနေရတယ်” ဟု ဆားလင်းကြီးမြို့နယ်က ကိုလင်းလင်းက စိတ်မသက်မသာ ပြောသည်။

မန္တလေးမြို့ခံ ကိုမင်းမင်းကမူ အရာရာ ပုံမှန် ပြန်ဖြစ်သွားပြီဟု မခံစားရကြောင်းနှင့် ၎င်းအနေဖြင့် တော်လှန်ရေးအတွက် တတ်နိုင်သည့်ဘက်က ပါဝင်ကူညီပေးနေကြောင်း ပြောသည်။

“ကိုယ့်အသား နာခံရမှာတော့ လူတိုင်း ကြောက်ကြပေမယ့် ကိုယ့်ဉာဏ်နဲ့ ကိုယ့်အန္တရာယ်ကိုယ် ကြည့်ရှောင်ပြီး ကူစရာ ရှိတာ ကူပါတယ်။ အရင် သွေးပူတဲ့ အချိန်တုန်းကတော့ အကုန်လုံး ဝိုင်းကူကြတာရှိတယ်။ အခုနောက်ပိုင်းစကစက အကြောက်တရား သွင်းပြီး ဖိနှိပ်လာတော့ ပြည်သူတွေက မပါဝင်ရဲကြတော့သလို PDF တွေဘက်ကလည်း လျှို့ဝှက်စွာ လှုပ်ရှားလာကြတော့တယ်” ဟု သူက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း တော်လှန်ရေးအရွေ့နှင့် လူတန်းစား နှစ်ရပ်အကြား ကွာဟမှု ကြီးမားလာသည်ကို သတိထားစောင့်ကြည့်နေပုံပေါ်သည်။ NUG အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဇန်နဝါရီလအတွင်းက ပြောကြားခဲ့သည့် မိန့်ခွန်း တစ်ခု၌ ယာယီသမ္မတ ဒူဝါလရှီးလက ထိုအချက်ကို ထောက်ပြခဲ့သည်။

“လက်ရှိ နိုင်ငံအတွင်းက အခြေအနေတွေကို ခြုံငုံပြီး ကြည့်လို့ရှိရင် စစ်ဘေးဒုက္ခနဲ့ ကြုံနေတဲ့ ပြည်သူလူထုတွေအမြောက်အမြား ရှိနေသလို နေ့စဉ်လိုလို သောက်စားပျော်ပါးနေတဲ့ လူအုပ်စုတွေလည်း အမြောက်အမြား ရှိနေပါတယ်။ ဒါဟာ ကျွန်တော့်အနေနဲ့ ဒုက္ခရောက်တဲ့ ပြည်သူလူထုကို ကရုဏာ သက်ပြီး အခြားတစ်ဖက်ကိုတော့အပြစ်တင်နေတာ မဟုတ်ပါဘူး။ ပဋိပက္ခဒဏ် ကြာညောင်းလာတာနဲ့ အမျှ၊ လူတန်းစား ကွာဟလာတဲ့ အခြင်းအရာတစ်ခုကို ထောက်ပြတာဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

“တစ်ဖက်မှာ တော်လှန်ခုခံနေတဲ့ သူတွေလည်း ရှိနေသလို တခြားတစ်ဖက်မှာလည်း ရှင်သန်ရပ်တည်ရေးအတွက်ရုန်းကန်နေကြရတာတွေလည်း ရှိပါတယ်။ ဒါဟာ လက်ရှိ ပြည်သူလူထုအတွင်းက ဖြစ်ရပ် တချို့ကို ကျွန်တော်တို့NUG အစိုးရအဖွဲ့ဝင်တွေ သတိထားမိစေချင်တာ ဖြစ်ပါတယ်” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ဆက်လက်ပြောဆိုခဲ့သည်။

ရန်ကုန်မြို့ခံ ကိုအောင်ကလည်း အာဏာကို အဓမ္မ လုယူထားသည့် စစ်တပ် အုပ်ချုပ်သရွေ့ တိုင်းပြည်အခြေအနေမှာ မည်သည့်အခါမျှ ပုံမှန်ပြန်ဖြစ်လာမည်မဟုတ်ဟု ဆိုသည်။

“လုံခြုံမှု မရှိတဲ့ ခံစားချက်က ဘယ်သူ့ကိုမှ ပုံမှန်ပြန်ဖြစ်နေတယ်လို့ ခံစားရစေမှာလည်း မဟုတ်ဘူး။ အခု လှုပ်ရှား၊သွားလာ စည်ကားနေတဲ့ နေရာတွေ ရှိနိုင်တယ်။ ဒါတွေက လူ့သဘာဝ ရောက်တဲ့ နေရာ၊ ဖြစ်တဲ့ အကြောင်းမှာ ပျော်အောင် ကြိုးစားနေနေတာမျိုးပဲ ဖြစ်လိမ့်မယ်” ဟု ကိုအောင်က ပြောသည်။

မျှမျှတတ ဆိုရပါလျှင် မြို့ကြီး၊ ပြကြီးများတွင်လည်း ဘားသွား၊ ကလပ်တက်သည့် လူတန်းစားမှာ လက်တစ်ဆုပ်စာမျှသော အရေအတွက်သာ ရှိပြီး လူအများစုကို ကိုယ်စားပြုသည်ဟု မဆိုနိုင်ပေ။ အာဏာသိမ်းချိန်မှစ၍ လူမှုစီးပွားဒဏ်မျိုးစုံကို ခံစားလာရသည့်အချိန် ကြာမြင့်လာသည်နှင့်အမျှ လူအချို့မှာ စိတ်ထွက်ပေါက် ရှာချင်ကြသည်သာဖြစ်သည်။ ထိုအချက်ကို စစ်တပ်က ကောင်းကောင်းကြီး အသုံးချရန် အမြဲ အခွင့်ကောင်း ရှာနေပေသည်။

သေချာသည့် အချက်တစ်ခုမှာ ကျေးလက်ဒေသများတွင် ပြည်သူလူထုက တော်လှန်ရေးကို ဘဝနှင့် ရင်း၍ပေးဆပ်နေရပြီး မြို့ကြီးပြကြီးများတွင်မူကား ထိုကဲ့သို့ အခြေအနေအထိ ရှိမနေပေ။ ထို့ကြောင့်လည်း လက်ရှိအခြေအနေအရပ်ရပ်အပေါ် ခြုံငုံ၍ ပြောရမည်ဆိုလျှင် ကျေးလက်နေ ပြည်သူလူထုမှာ မြို့ပြနေ လူထုထက်ပဋိပက္ခ ရိုက်ခတ်မှုဒဏ်ကို အချိန်အတိုင်းအတာ တစ်ခုအထိ ပိုမို ဆိုးရွားစွာ ခံစားနေရဦးမည်မှာ ဝမ်းနည်းဖွယ်ကောင်းသော အမှန်တရားတစ်ခုအဖြစ် မြင်တွေ့နေရဦးမည် ဖြစ်ပေသည်။

Photo – လက်နက်ကိုင်တော်လှန်ရေးတွင် ပါဝင်နေသည့် တိုင်းရင်းသားထိန်းချုပ်နယ်မြေရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ(သံလွင်ခက်)

*********************************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/1319

YouTube -> https://youtu.be/E95gr8vKREs

Website -> https://thanlwinkhet.net/?p=4896

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous ArticleGenau was dein Twitter Reputation Ansprüche In Bezug auf dich
Next Article မြန်မာ့အရေးတွင် အမေရိကန်က ဖော်ဆောင်ရမည့် မူဝါဒပိုင်းဆိုင်ရာ အချက် ၈ ချက်
thanlwinkhet
  • Website

Related Posts

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

နယ်စည်းမခြား မုန်တိုင်းဒဏ်နှင့် စည်းခြားသွားသော မျှော်လင့်ချက်များ (သတင်းဆောင်းပါး)

December 7, 2025

AA လက်ထက် ပထမဆုံး မူဆလင်အုပ်ချုပ်ရေးမှူး (သတင်းဆောင်းပါး)

December 6, 2025

Leave A Reply Cancel Reply

Recent Posts

  • ချောက်ရှိ စစ်တပ် ရှေ့ကာကင်းပွိုင့်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး
  • ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်
  • ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့
  • လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ
  • “အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ချောက်ရှိ စစ်တပ် ရှေ့ကာကင်းပွိုင့်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်

ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့

လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ

ယခင်သတင်းများ

  • April 2026
  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • သရော်စာ
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ချောက်ရှိ စစ်တပ် ရှေ့ကာကင်းပွိုင့်ကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်၊ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

April 11, 2026

ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်

April 10, 2026

ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့

April 10, 2026

လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ

April 10, 2026

“အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်

April 10, 2026

ရခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခ ၅ ဆခန့် မြင့်တက်လာ

April 9, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.