• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်
  • သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ
  • ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ
  • စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ
  • သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်
  • ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး
  • သေ့ဘောဘိုးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ
  • အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဘာသာပြန်ဆောင်းပါး»မြန်မာ့အရေးတွင် အမေရိကန်က ဖော်ဆောင်ရမည့် မူဝါဒပိုင်းဆိုင်ရာ အချက် ၈ ချက်
ဘာသာပြန်ဆောင်းပါး

မြန်မာ့အရေးတွင် အမေရိကန်က ဖော်ဆောင်ရမည့် မူဝါဒပိုင်းဆိုင်ရာ အချက် ၈ ချက်

thanlwinkhetBy thanlwinkhetJune 4, 2023No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

(ယခင်တစ်ပတ်မှ အဆက်)

ဘုန်းမောင်

PDF များကို မြန်မာစစ်တပ်က အချိန်တိုအတွင်းမှာပင် ရက်ရက်စက်စက် ချေမှုန်းနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း မြန်မာစစ်တပ်သည် ယခင်ကဲ့သို့ စည်းကမ်းမရှိ ဖြစ်လာသည့်အပြင် လက်နက်မဲ့ အရပ်သားများကိုသာမကြာခဏ တိုက်ခိုက်နေတတ်သည်။ ထို့ကြောင့်လည်း “ရွပ်ရွပ်ချွံချွံ ရင်ဆိုင်တိုက်ပွဲ” ဆိုသော ဂုဏ်ပုဒ်က ချောင်ထိုးခံထားရသည်။ ပြည်သူအတွက် တိုက်ခိုက်နေသူများကတော့ မျှော်မှန်းထားသည်ထက် များစွာ သာလွန်ကောင်းမွန်နေပြီး မြန်မာစစ်တပ်ကို စိတ်ခြောက်ခြားစေသည်ကလည်း ထင်ရှားပါသည်။

စက်တင်ဘာ ၇ ရက်တွင် စစ်တပ်ကို NUG က စစ်ကြေညာပြီးနောက်ပိုင်း မြန်မာစစ်တပ်မှ စစ်သားပေါင်း ၁,၆၀၀နီးပါး သေဆုံးခဲ့ရသည်ဟု ပြီးခဲ့သော ၂၀၂၁ နိုဝင်ဘာလက ဖော်ပြထားသော စာရင်းများအရ သိရသည်။ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ စစ်တပ်က ဆက်လက် ငြင်းဆန်လျက်ရှိနေသောကြောင့် အသေအပျောက်စာရင်းက တိုးလာနေသည်မှာ သေချာသည်။ အသေအပျောက် များလာသည်နှင့်အမျှ မြန်မာစစ်တပ်မှ အကောင်းဆုံးတိုက်ခိုက်ရေးတပ်များ ဒေသတစ်ခုမှ တစ်ခုသို့ အဆက်မပြတ် ဖြတ်သန်းသွားလာလျက်ရှိသည်။

ဖောက်ခွဲရေးပစ္စည်း သုံးမျိုးကို အသုံးပြု၍ မြန်မာစစ်တပ်၏ ခံတပ်မြို့တော်ကဲ့သို့သော မြို့ကို တိုက်ခိုက်ခဲ့ပြီးစစ်တပ်နှင့် ရဲစခန်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ မကြာသေးခင်ကပင် စစ်တပ်အမာခံနယ်မြေရှိ စစ်အုပ်ချုပ်ရေး လိုလားသော လူထုစုဝေးပွဲ၌ ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ရဲ သုံးဦးနှင့် စစ်သား တစ်ဦး ဒဏ်ရာရရှိခဲ့သည်။ နေပြည်တော် အုပ်ချုပ်ရေးမှူး တစ်ဦးအပါအဝင် ဒေသအဆင့် အုပ်ချုပ်ရေးမှူး ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း NUG က ပြောကြားထားသည်။

၎င်းတို့အပေါ် လုပ်ကြံမှုများနှင့် ခြိမ်းခြောက်မှုများ တိုးလာနေသောကြောင့် ရာနှင့်ချီသော အုပ်ချုပ်ရေးမှူးများ ပြီးခဲ့သော နှစ်များအတွင်း နှုတ်ထွက်ခဲ့ကြသည်။ နောက်ထပ် နှုတ်ထွက်ကြရန်ကိုလည်း ဒေသဆိုင်ရာ တပ်ဖွဲ့များကရက်အသီးသီး သတ်မှတ်ပေးခဲ့သည်။ မြန်မာစစ်တပ်ပိုင် ဆက်သွယ်ရေးလုပ်ငန်းကြီး၏ ဘဏ္ဍာရေး အရာရှိချုပ်ကိုရန်ကုန်မြို့တွင်း၌ နေ့ခင်းကြောင်တောင်ကြီးမှာပင် သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခဲ့သည့်အတွက် စစ်တပ်နှင့်ဆက်နွယ်ပတ်သက်နေသော အမှုဆောင်အရာရှိများ လွန်စွာ ထိတ်လန့်သွားဖွယ်ရာရှိသည်။

မြန်မာစစ်တပ်ကတော့ ၎င်းတို့ နည်းလမ်းဖြစ်သော ရက်စက်ကြမ်းကြုတ်မှုဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။သောင်းကျန်းသူ နှိမ်နင်းရေး အယူအဆ တစ်ခုဖြစ်သော “ဖြတ်လေးဖြတ် စစ်ဆင်ရေး”ကိုလည်း အကြမ်းဖက်မှုများ ဆောင်ရွက်ရန်အတွက် ဒီဇိုင်းထုတ်ပြီး ဖြစ်သည်။ ဖြတ်လေးဖြတ် စစ်ဆင်ရေးတွင် အရပ်သားများကိုရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက် တိုက်ခိုက်ခြင်း၊ ရွာများ ဖျက်ဆီးခြင်း၊ ပေါ်တာဆွဲခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတို့ ပါဝင်သည်။

ရက်စက်သော စိတ်ဓာတ်ကို အခြေခံပြီး လူထုဗဟိုပြု သောင်းကျန်းမှု နှိမ်နင်းရေးအယူဝါဒဆိုသည်က ကမ္ဘာမှာတစ်ခါမှ မရှိခဲ့ဘူးပါ။ ထို့ကြောင့်လည်း စစ်ရာဇဝတ်မှုများ ပိုပြီး များပြားလာသည်။ မကြာသေးမီကပင် လူသားဒိုင်းများကို မြန်မာစစ်တပ်က စတင် အသုံးပြုခဲ့သည်။ ၎င်းတွင် သံသယရှိသူများကို သေသည်အထိ ညှင်းပန်းနှိပ်စက်လေ့ရှိပြီး ရက်စက်မှုကို တိုးမြှင့်ရန်အတွက် နောက်ထပ် ကိရိယာတန်ဆာပလာများ တရားဝင် အသုံးပြုခွင့်ပေးထားသည်။ ချင်းပြည်နယ် တစ်မြို့တည်းတွင် အိမ်ခြေပေါင်း ၂၀၀ ကျော်ကို မြန်မာစစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့သည်။

NUG, PDF များနှင့် ညီညွတ်သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက မြန်မာစစ်တပ်ကို စစ်ရေးအရ အနိုင်ယူနိုင်လိမ့်မည်တော့ မဟုတ်ပေ။ ၎င်းတို့ လုပ်နိုင်သည်ကတော့ မြန်မာစစ်တပ် အရာရှိကြီးများအတွင်း ဂိုဏ်းဂဏစွဲဝါဒ ကြီးမားလာစေရန် အခြေအနေများ ဖန်တီးပေးခြင်းဖြစ်သည်။ NUG ကလည်း ဖက်ဒရယ် ဒီမိုကရေစီစနစ်ထူထောင်ခြင်းဆိုသော ခက်ခဲသော တာဝန်များကို မစတင်ခင်မှာဘဲ ရာထူးကြီးအရာရှိ အများအပြားအတွက် “ချဥ်းကပ်လမ်းများ”ဖန်တီးရန် အာရုံစိုက်သင့်သည်။

ရာထူးအဆင့်အလိုက် စစ်သားများနှင့် ရဲများ ဘက်ပြောင်းရန် ရှေ့ပြေးလမ်းကြောင်းကို NUG ကလည်း ဖော်ဆောင်နေပါသည်။ စစ်တပ်မှ ထွက်ပြေးလာသူများကို အားပေးကူညီရန် အစိုးရ မဟုတ်သော အဖွဲ့အစည်းများဖြစ်သည့် “ပြည်သူ့ဘက်တော်သား”မျိုး တည်ထောင်ကာ ဘက်ပြောင်းလာသူများကို အားပေးကူညီရန် ဆိုရှယ်မီဒီယာလှုပ်ရှားမှုများကို အရှိန်မြှင့်ခဲ့သည်။ ဘက်ပြောင်းလာသူများကို ဆုကြေးများ တိုးမြှင့်ပေးပြီး နောက်ထပ် ဘက်ပြောင်းလာသူများကို အားပေးရန် ၎င်းတို့ကို ပိုမို ထိရောက်စွာ အသုံးပြုနေသည်။

မြန်မာစစ်တပ်ကို ပြန်လည်ခုခံနေကြသော ဒေသဆိုင်ရာ ပျံ့နှံ့မှုများကို ပြသနိုင်ရန် ဆိုရှယ်မီဒီယာကို NUG က ပိုမိုကောင်းမွန်စွာ အသုံးပြုလာနိုင်သည်။ ၎င်းတို့က စစ်မျက်နှာ များစွာတွင် တပြိုင်တည်း အနိုင်ယူ၍ မရနိုင်ကြောင်းစစ်မှုထမ်းများအား သရုပ်ပြနိုင်ရန် ကြိုးစားနေသည်။ တုံ့ပြန်မှုကို ကြည့်မည်ဆိုလျှင် အကြီးတန်းခေါင်းဆောင်ပိုင်းများတွင် သိသိသာသာကြီးကိုပင် နှစ်ဆ ကျဆင်းလာသည်။ အမှန်ကတော့ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ထိုးစစ်အချို့ကို တိုက်ရိုက် ထိန်းချုပ်နိုင်စေရန် သဘောထား တင်းမာသော ဗိုလ်ချုပ်များကိုအပြောင်းအလဲ ပြုလုပ်ခဲ့သောကြောင့်ဖြစ်သည်။

NUG ရည်မှန်းချက်ကတော့ အရာရှိ အရေအတွက် လုံလောက်ရေးဖြစ်ပြီး မြန်မာစစ်သားများ ပိုမို သေစေနိုင်လောက်သော အကူအညီများ NUG က လိုချင်နေသည်။ NUG စစ်ကြေညာချက်က ကျင့်ဝတ်ပိုင်းအရ ခုခံကာကွယ်ခြင်းနှင့် တရားဥပဒေစိုးမိုးရေးဖြစ်သည်။ ရက်စက်သော စစ်အာဏာရှင်များအပေါ်မှာလည်း မိမိတို့ ခုခံကာကွယ်ခွင့်အရ ရှင်းရှင်းလင်းလင်း တိုက်ပွဲဝင်နေပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံအတွက် ထိုက်တန်သော်လည်းအာဖဂန်နစ္စတန် နောက်ဆက်တွဲအဖြစ် ချက်ချင်းဆိုသလို ဝေမည့် ဖဲများက အမေရိကန်မှ ဖဲချပ်များ မဟုတ်ပါ။

အမေရိကန် မူဝါဒအတွက် အဆင့် ၈ ဆင့်

မြန်မာနိုင်ငံအရပ်သားအုပ်ချုပ်မှုစနစ်အောက်တွင် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနှင့် တရုတ်နိုင်ငံ၏ လှည့်ဖျားမှုအောက်မှ အထီးကျန်စစ်အုပ်ချုပ်ရေးစနစ်ကို တားဆီးရန် အမေရိကန်က စိတ်ဝင်စားလျက်ရှိသည်။မြန်မာနိုင်ငံတွင် ၎င်းတို့ အကျိုးစီးပွားကို မြှင့်တင်ရန် ဘိုင်ဒန်အစိုးရက လုပ်ဆောင်သင့်သော အဆင့် ၈ ဆင့်ရှိသည်။

ပထမဦးစွာ အမေရိကန်ပြည်ထောင်စုက အမျိုးသား ညီညွတ်ရေးအစိုးရကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသင့်သည်။ နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒါးရက်ချိုလက်က “မြန်မာစစ်တပ်၏ ကြောက်မက်ဖွယ်ရာအကြမ်းဖက်မှုများကို ရင်ဆိုင်နေရချိန်တွင် NUG ဦးဆောင်မှုနှင့် မြန်မာပြည်သူများအပေါ် စေတနာထားမှုအပေါ်ကျေးဇူးတင်ကြောင်း”ဖော်ပြခဲ့သည်။ သို့သော်လည်း အမေရိကန်ပြည်ထောင်စုက စစ်အုပ်ချုပ်ရေးကို ဆက်ပြီးအသိအမှတ်ပြုနေပြန်သည်။ NUG နှင့် ဆူလီဗန် တွေ့ဆုံမှုက အရေးကြီးသော်လည်း အသိအမှတ်ပြုမှု နည်းပါးခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကင်နှင့် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့ နှစ်ဦးစလုံး တပ်မတော်အစိုးရ ကိုယ်စားလှယ်များနှင့် အာဆီယံအစည်းအဝေးများသို့ တက်ရောက်ခဲ့ကြသည်။ အာဆီယံနှင့် ဆက်ဆံရေးတိုးချဲ့ခြင်းက အရေးကြီးသော်လည်း အမေရိကန်အနေဖြင့် စစ်အစိုးရ ကိုယ်စားလှယ်များကို သီးခြား ခွဲထုတ်ခြင်းဖြင့် အာဆီယံအတွင်း ကြီးထွားလာနေသော မကျေနပ်မှုများကို အသုံးပြုခဲ့သင့်သည်။

ထိုသို့ တွေ့ဆုံခဲ့ခြင်းက စစ်အာဏာရှင်များ တောင့်တလိုလားသော တရားဝင်မှုပင် ဖြစ်သည်။ ဘိုင်ဒန်အစိုးရအနေဖြင့် ယင်းကိုတော့ ငြင်းပယ်ခဲ့သင့်သည်။ တစ်ချိန်တည်းမှာပင် ယခင် နယူးမက္ကဆီကို အုပ်ချုပ်ရေးမှူးဟောင်းဘီလ်ရစ်ချတ်ဆန်ကဲ့သို့ အရာရှိများ စေလွှတ်ခြင်းဖြင့် လိုက်လျောမှုများ မရရှိခဲ့သော်လည်း ယင်းအစား ဝါဒဖြန့်ချိမှုနှင့် တရားဝင်မှုအတွက် မြန်မာစစ်တပ်က အသုံးပြုမည်သာဖြစ်သည်။

တစ်ချိန်တည်းမှာပင် NUG နှင့် သံတမန်ဆက်ဆံရေး ထူထောင်ရန်ကလည်း အန္တရာယ် ရှိနေပြန်သည်။ အရေးအကြီးဆုံးကတော့ နိုင်ငံတော် အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် စစ်ကောင်စီနှင့် ဆက်ဆံရေးလမ်းကြောင်းကို ထိန်းသိမ်းထားစေလိုခြင်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် အမေရိကန် သံတမန်ရေးရာ ဩဇာက စစ်အုပ်ချုပ်ရေးအပေါ်သက်ရောက်မှုရှိကြောင်း သက်သေပြရန် အထောက်အထား အနည်းငယ်သာ ရှိသည်။

ပြင်သစ် အထက်လွှတ်တော်နှင့် ဥရောပပါလီမန် နှစ်ရပ်စလုံးက အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုရန် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။ ယင်းတို့က အသိအမှတ်ပြုမဲများ ဖြစ်သော်လည်း ကောင်းကျိုး ဖြစ်ခဲ့သည်။သဘောတူညီချက် ၅ ချက်ကို မြန်မာစစ်တပ်က လိုက်နာခြင်း မရှိပါက အမျိုးသားညီညွတ်ရေးအစိုးရကိုသာအသိအမှတ်ပြုမည်ဟု ခြိမ်းခြောက်ခဲ့သည့် ဒေသတွင်း ပထမဆုံးနိုင်ငံက မလေးရှားနိုင်ငံ ဖြစ်သည်။ ယခုအချိန်တွင် အာဆီယံ လွှတ်တော်အမတ်များက NUG ကို အသိအမှတ်ပြုရန် ၎င်းတို့ အစိုးရများကို တောင်းဆိုထားသော်ငြား အာဆီယံကိုယ်တိုင်က NUG ကို တရားဝင် တွေ့ဆုံပြီး အသိအမှတ်ပြုရန်ကိုတော့ ငြင်းဆန်နေဆဲရှိသည်။

အမေရိကန်အနေဖြင့် မြန်မာစစ်တပ်နှင့် ဆက်ဆံရေး အဆင့် နှိမ့်ချရန်အတွက် နိုင်ငံခြားရေးဌာနက ၎င်း၏သံအမတ်ကို ပြန်လည် ရုတ်သိမ်းနိုင်သည်။ NUG ကိုယ်စားလှယ်များ၊ ခေါင်းဆောင်ပိုင်းများနှင့် တွေ့ဆုံညှိနှိုင်းမှုများကို တိုးမြှင့် ဆောင်ရွက်နိုင်သည်။ အာဆီယံ သို့မဟုတ် အခြားသော နိုင်ငံတကာ ဖိုရမ်များတွင် အမေရိကန်သံတမန်ဩဇာကို အသုံးပြုပြီး လေ့လာသူအဖြစ် နေရာပေးနိုင်သည်။

အနည်းဆုံးအားဖြင့် ကြီးမားသော ထိုးစစ်များ ဆင်နွှဲပြီး ကိုယ့်ပြည်သူအပေါ် စစ်ရာဇဝတ်မှုများကို မြန်မာစစ်တပ်က ကျူးလွန်နေသရွေ့ NUG ကိုသာ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း ဘိုင်ဒန်အစိုးရကခြိမ်းခြောက်မှု ပြုသင့်သည်။ မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများ အမှန်တကယ် ဖြစ်ပွားလျက်ရှိကြောင်းနိုင်ငံခြားရေးဌာနကလည်း အသိအမှတ်ပြုထားပြီးဖြစ်သည်။

“Zachary Abuza” ၏ “U.S Policy Toward Myanmar’s Military Junta” ကို ဆီလျော်အောင်ရေးသားသည်။

ဓါတ်ပုံ – စစ်အာဏာသိမ်းကာလအတွင်းရှိ ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသော ပြည်သူများကို ဖြိုခွင်းခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ (သံလွင်ခက်)

*********************************

အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/1320

YouTube -> https://youtu.be/E95gr8vKREs

Website -> https://thanlwinkhet.net/?p=4903&preview=true

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြို့ပြနဲ့ ကျေးလက်ကြား တော်လှန်ရေးအငွေ့အသက် ကွာခြားလာပြီလား
Next Article Auswahl Ehre der Redaktion: Der Veganer Gesellschaft empfiehlt Mahlzeiten, die bereichern und nähren a Paar ‘s Verpflichtung
thanlwinkhet
  • Website

Related Posts

“ဖော်ပြရန် စကားလုံး မရှိတော့ပါ” – ငလျင်ဒဏ်ခံရသူ ရုပ်အလောင်းများ သင်္ချိုင်းတွင် စုပုံလာ ပြည်တွင်းစစ်ဒဏ်ခံစားနေရသော ဒေသတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ငလျင်ဗဟိုချက်နေရာတွင် သောကြာနေ့က ငလျင်သဘာဝဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ များစွာကို မြေမြှုပ်ရန် ဝန်ထုပ်ဝန်ပိုးဖြစ်နေစဉ် အနံ့ဆိုးများ ခံနိုင်ရည်မရှိအောင် ထွက်ပေါ်လာနေ။

April 2, 2025

၄ နှစ်အတွင်း လဲပြိုသွားတဲ့နိုင်ငံတော်

February 3, 2025

ဆက်၍ကြီးထွားလာသော လူလိမ်မြို့တော်

January 29, 2025

Leave A Reply Cancel Reply

Recent Posts

  • မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်
  • သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ
  • ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ
  • စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ
  • သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ

စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

June 4, 2025

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ

June 4, 2025

ထိုင်းမှာ ၂ ရက်အတွင်း လူ သုံးသောင်းဝန်းကျင် ကိုဗစ် ကူးစက်ခံရ

June 4, 2025

စီးပွားရေးမြို့တော် ရန်ကုန်တွင် လူ ၂ ဒဿမ ၇ သန်းခန့် ဆင်းရဲကြပ်တည်းနေ

June 4, 2025

သေ့ဘောဘိုးစခန်းကို ကရင်ပူးပေါင်းတပ်များ သိမ်းပိုက် မြဝတီတောင်ပိုင်းတွင် နောက်ထပ် စခန်း ၃ ခုသာကျန်

June 3, 2025

ဖားကန့်တွင် ယမ်းဂိုထောင်ပေါက်ကွဲမှုကြောင့် လူနှစ်ဦး သေဆုံး

June 3, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.