• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး
  • ဖားကန့်ဗျူဟာမှူးကို လာခေါ်သည့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ခတ်ခံရ
  • အပစ်ရပ်ဆိုပြီး တစ်လအတွင်း TNLA ထိန်းချုပ် နေရာ ၁၃ ခုထက်မနည်းကို စစ်ကောင်စီ တိုက်ခိုက်
  • မြန်မာအပါ ၁၂ နိုင်ငံကို အမေရိကန်ပြည်ဝင်ခွင့်တားမြစ်
  • သေ့ဘောဘိုးစခန်းသိမ်း အောင်ပွဲရ ရဲဘော်များကို ဒေသခံများကြိုဆို
  • စစ်တွေ စစ်ဘေးရှောင်များ စားဝတ်နေရေး ကြပ်တည်းနေ
  • မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်
  • သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲတွင် ၁၂၀ မမနှင့် လက်နက်ကြီးများ သိမ်းဆည်းရရှိ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»Uncategorized»ထိုင်းရွေးကောက်ပွဲတွင် လူငယ်များဦးဆောင်သည့် Move Forward ပါတီ အနိုင်ရ
Uncategorized

ထိုင်းရွေးကောက်ပွဲတွင် လူငယ်များဦးဆောင်သည့် Move Forward ပါတီ အနိုင်ရ

thanlwinkhetBy thanlwinkhetMay 17, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောင်းချစ်အောင်

မေ ၁၅၊ ၂၀၂၃။

ယမန်နေ့က ကျင်းပခဲ့သည့် ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် လူငယ်များ ဦးဆောင်သည့် Move Forward Party-MFP နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သမီးဖြစ်သူ ပေထုံထန်ရှင်နာဝပ် ဦးဆောင်သည့် Pheu Thai-ဖျူထိုင်းပါတီနှစ်ခုက မဲအများဆုံးနှင့် ရပ်တည်အနိုင်ရနေသည်ဟု ထိုင်းရွေးကောက်ပွဲကော်မရှင်ထံက သိရသည်။

အောက်လွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်နေရာ ၅၀၀ ရှိသည့်အနက် MFPပါတီက ၁၅၁နေရာအနိုင်ရထားပြီး Pheu Thai ပါတီက ၁၄၁တစ်နေရာနှင့် ဒုတိယအများဆုံးရပ်တည်နေသည်ဟု ထိုင်းရွေးကောက်ပွဲကော်မရှင် ဥက္ကဌ Ittiporn Boonprakon က ယနေ့နံနက်ပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

MFP ပါတီခေါင်းဆောင်လည်းဖြစ်ပြီး ဝန်ကြီးချုပ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လင်ဂျာရွန်ရတ်က” ဒီရွေးကောက်ပွဲဟာ အာဏာရှင်စနစ် ဆန့်ကျင်ရေးပါတီတွေနဲ့ စစ်တပ်က ထောက်ခံတဲ့ ပါတီတွေကြား ပြိုင်ဆိုင်မှု ဖြစ်ခဲ့ပြီး အစိုးရဖွဲ့ခွင့် ရခဲ့မယ်ဆိုရင် သဘောထား မှန်မှန်နှင့် ဆက်လက် ရပ်တည်သွားမယ်”ဟု ပြောသည်။

ရွေးကောက်ပွဲရလဒ်များ တရားဝင် ထွက်ပေါ်လာသေးခြင်းမရှိသေးသော်လည်း စစ်တပ်အတိုက်အခံအဖြစ်ရပ်တည်သည့် ဒီမိုကရေစီအင်အားစုပါတီများ အသာစီးရနေခြင်းဖြစ်သည်ဟု ထိုင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။

စစ်တပ်ကျောထောက်နောက်ခံပါတီများဖြစ်သည့် လက်ရှိဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာဦးဆောင်သည့် United Thai Nation Partyပါတီနှင့် ဒုတိယဝန်ကြီးချုပ် ပရာဝတ်ဦးဆောင်သည့် BhumJaiTai ပါတီများမှာ မျှော်မှန်းထားသည်မဲရလဒ်ကို မရရှိခဲ့ဟု ထိုင်းရွေးကောက်ပွဲစောင့်ကြည့်သူများကဆိုသည်။

ယနေ့နံနက်ဆယ်နာရီအထိစာရင်းများအရ MFPက မဲအရေအတွက် အများဆုံး ၁၄သန်းနှင့် ထိပ်ဆုံးကဦးဆောင်နေပြီး Pheu Thai ပါတီက မဲ ၁၀ သန်းကျော်နှင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

မဲဆွယ်ကာလတွင် ဆေးခြောက်ကို တရားဝင် လွတ်လပ်စွာသုံးစွဲခွင့်ပေးမည်ဟု ကြွေးကြော်ထားသည့် BhumJaiTai ပါတီက ၇၁ နေရာဖြင့် တတိယ၊ လက်ရှိ ဒုဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ပရာဝိ ဦးဆောင်သည့် Palang Pracharath ပါတီက ၄၀နေရာဖြင့် စတုတ္ထ၊ လက်ရှိဝန်ကြီးချုပ် ပရာယွတ်၏ United Thai Nation ပါတီက ၃၆နေရာဖြင့် ရပ်တည်နေသည်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဉပဒေအရ အထက်လွှတ်တော် ၂၅၀ နေရာကို စစ်တပ်ကတိုက်ရိုက်ရွေးချယ်တင်မြှောက်ပြီး အောက်လွှတ်တော် ၅၀၀ နေရာကို ရွေးကောက်ပွဲကတဆင့် ရွေးချယ်ခြင်းလည်းဖြစ်သည်။

ထို့ကြောင့် အရပ်သားများဦးဆောင်ပြီး ညွန့်‌ပေါင်းအစိုးရဖွဲ့နိုင်ရေးသည် အထက်လွှတ်တော်၊ အောက်လွှတ်တော်နှစ်ခုအမတ်စုစုပေါင်းဦးရေ၏ ထက်ဝက်ကျော် ၃၇၆ နေရာရရှိရန်လိုအပ်သည်။

လက်ရှိ မဲအများဆုံးအနိုင်ရထားသည့် Move Forward ပါတီခေါင်းဆောင် လင်ဂျာရွန်ရတ်မှာ ဝန်ကြီးချုပ်ဖြစ်ရန်အလားအလာကောင်းနေပြီး ဒီမိုကရေစီအားပြုသည့် စစ်တပ်အတိုက်အခံပါတီများစုပေါင်းကာ ညွန့်ပေါင်းအစိုးရဖွဲ့သွားနိုင်ချေ ရှိသည်ဟု လေ့လာသုံးသပ်သူများကပြောသည်။

သို့သော်လည်း ၂၀၁၉ ရွေးကောက်ပွဲတွင်လည်း Pheu Thai ပါတီသည် အောက်လွှတ်တော်အမတ်နေရာအများဆုံး အနိုင်ရခဲ့သော်လည်း ဝန်ကြီးချုပ်နေရာရွေးချယ်ရန် လိုအပ်သည့် အရေအတွက်မရခဲ့သည့်အတွက် အစိုးရဖွဲ့နိုင်ခဲ့ခြင်းမရှိခဲ့ပေ။

MFP ပါတီခေါင်းဆောင်လင်ဂျာရွန်ရတ်၏ ယမန်နေ့ညက သတင်းစာရှင်းလင်းပွဲတွင် Pheu Thai ပါတီနှင့် ညွန့်ပေါင်းအစိုးရဖွဲ့နိုင်ရန်အတွက်ဆွေးနွေးမှုများပြုလုပ်ရန်ရှိပြီး Pheu Thai ပါတီဦးဆောင်သူ ပေထုံထန်ရှင်နာဝပ်ကတော့ ပြည်သူ့လူထုရဲ့ဆန္ဒအသံကသာ အရေးကြီးဆုံးဖြစ်သည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ်က အာဏာသိမ်းပြီး ထိုင်းနိုင်ငံကို ၉ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ဝန်ကြီးချုပ် ပရာရွတ်က ယမန်နေ့ညနေပိုင်းတွင် သူ၏ပါတီဌာနချုပ် ရှေ့က တိုးတိုးတိတ်တိတ် ထွက်ခွာသွားပြီး သူ့အနေဖြင့် နိုင်ငံ ငြိမ်းချမ်းပြီး သာယာဝပြောဖို့ကို မျှော်လင့်သလို ဒီမိုကရေစီနှင့် ရွေးကောက်ပွဲအပေါ် လေးစားအသိအမှတ်ပြုမည်ဟု မှတ်ချက်ပြုထားသည်။

Move Forward ပါတီသည် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ လက မြန်မာစစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်းထုတ်ပြန်ခဲ့သလို မဲဆောက်တွင် ဆေးကုရန်လာရောက်သည့် PDF တပ်ဖွဲ့ဝင်သုံးဦးကို ထိုင်းရဲနှင့် တောမောင်း(လဝက)များက ဖမ်းဆီးခဲ့သည့်ကိစ္စနှင့်ပတ်သတ်ပြီး လက်ရှိထိုင်းအစိုးရအာဏာပိုင်များကို ကန့်ကွက်စာထုတ်ပြန်ခဲ့ဖူးသည်။

ဒီမိုကရေစီပါတီများ အနိုင်ရပြီး အစိုးရဖွဲ့နိုင်လျှင် မြန်မာနိင်ငံကပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူညီနှင့် အခြားမူဝါဒအပြောင်းအလဲများ ရှိနိင်သည်ဟု ထိုင်း-မြန်မာအရေး လေ့လာသူများက သုံးသပ်ထားသည်။

Photo – Bangkok Post

Telegram Link – https://t.me/newstlk/1055

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရခိုင်ပြည်နယ်က တိမ်ညိုစစ်ရှောင်စခန်း အရေးပေါ်အကူအညီလို
Next Article စစ်ကြောင်းကြောင့် ကေအဲန်ယူတပ်မဟာ၃ ဒေသခံများ ရာသီဥတုဆိုးရွားသည့်အခြေအနေ၌ ထွက်ပြေးနေကြရ
thanlwinkhet
  • Website

Related Posts

အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး

June 3, 2025

ရွှေအေးမြိုင်စခန်းကို ကရင်ပူပေါင်းတပ်များ ယနေ့ထပ်သိမ်းပိုက် ကရင်ပြည်နယ်တွင်း စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက်ရှိနေ

May 29, 2025

ငွေရတု ကယန်းအမျိုးသားနေ့ ချင်းမိုင်မြို့တွင် ကျင်းပ

April 10, 2025

Leave A Reply Cancel Reply

Recent Posts

  • သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး
  • ဖားကန့်ဗျူဟာမှူးကို လာခေါ်သည့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ခတ်ခံရ
  • အပစ်ရပ်ဆိုပြီး တစ်လအတွင်း TNLA ထိန်းချုပ် နေရာ ၁၃ ခုထက်မနည်းကို စစ်ကောင်စီ တိုက်ခိုက်
  • မြန်မာအပါ ၁၂ နိုင်ငံကို အမေရိကန်ပြည်ဝင်ခွင့်တားမြစ်
  • သေ့ဘောဘိုးစခန်းသိမ်း အောင်ပွဲရ ရဲဘော်များကို ဒေသခံများကြိုဆို

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး

ဖားကန့်ဗျူဟာမှူးကို လာခေါ်သည့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ခတ်ခံရ

အပစ်ရပ်ဆိုပြီး တစ်လအတွင်း TNLA ထိန်းချုပ် နေရာ ၁၃ ခုထက်မနည်းကို စစ်ကောင်စီ တိုက်ခိုက်

မြန်မာအပါ ၁၂ နိုင်ငံကို အမေရိကန်ပြည်ဝင်ခွင့်တားမြစ်

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

သတိလွတ်ပြီး သွေးသစ္စာသီချင်းဆိုသည့် ကျောင်းအုပ်ကြီးနှင့် ဆရာကို စစ်ကောင်စီ ဖမ်းဆီး

June 5, 2025

ဖားကန့်ဗျူဟာမှူးကို လာခေါ်သည့် စစ်ကောင်စီရဟတ်ယာဉ် ပစ်ခတ်ခံရ

June 5, 2025

အပစ်ရပ်ဆိုပြီး တစ်လအတွင်း TNLA ထိန်းချုပ် နေရာ ၁၃ ခုထက်မနည်းကို စစ်ကောင်စီ တိုက်ခိုက်

June 5, 2025

မြန်မာအပါ ၁၂ နိုင်ငံကို အမေရိကန်ပြည်ဝင်ခွင့်တားမြစ်

June 5, 2025

သေ့ဘောဘိုးစခန်းသိမ်း အောင်ပွဲရ ရဲဘော်များကို ဒေသခံများကြိုဆို

June 5, 2025

စစ်တွေ စစ်ဘေးရှောင်များ စားဝတ်နေရေး ကြပ်တည်းနေ

June 5, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.