• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ရဲဘော်နှစ်ဦးသေဆုံးမှုအတွက် သင်တန်းဆရာအား ထောင်ဒဏ်ချမှတ်
  • BPLA ၂၀၃ စစ်ဒေသအတွက် တပ်ရင်းသစ် တစ်ခု တိုးချဲ့ဖွဲ့စည်း
  • တစ်လအတွင်း ထိုင်းနှင့် မလေးရှားတွင် မြန်မာ နှစ်ထောင်နီးပါး ဖမ်းဆီးခံရ
  • ပုလဲရှိ စစ်ကောင်စီတပ်စခန်းကို နှစ်ပတ်ကျော် တိုက်ပြီးနောက် PLA သိမ်းပိုက်
  • အာဏာသိမ်းမယ့်စိုးရိမ်မှုတွေကြောင့် ပြည်သူတွေ ညီညွတ်ကြဖို့ ထိုင်းစစ်တပ်တောင်းဆို
  • ရခိုင်မြောက်ပိုင်းတွင် စပါး စိုက်ပျိုးဧက လျော့ကျ
  • ရွှေ့ပြောင်းမြန်မာဒုက္ခသည်များအား လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ပေးရန် မလေးရှားကို တောင်းဆို
  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မဲဆောက်တွင် ကျင်းပ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ရာဇဝတ်မှုများနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ၌ ပါဝင်ပတ်သက်နေသော ခေါင်းဆောင်များအား KNU စစ်ဆေး အရေးယူမည်
နေ့စဉ်သတင်း

ရာဇဝတ်မှုများနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ၌ ပါဝင်ပတ်သက်နေသော ခေါင်းဆောင်များအား KNU စစ်ဆေး အရေးယူမည်

thanlwinkhetBy thanlwinkhetMay 6, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

Saw Smith

မေ ၆၊ ၂၀၂၃။

ကရင်ပြည်နယ်အတွင်း၌ ရာဇဝတ်မှုများနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသောခေါင်းဆောင်များကို စုံစမ်း စစ်ဆေးအရေးယူသွားမည်ဟု ကေအဲန်ယူပြောခွင့်ရ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောကလယ်စေးက သံလွင်ခက်ကို ပြောသည်။

မောထိုတလေးဒေသရှိ ဟွမ်ယာ Hyunya တရုတ်မြို့သစ်စီမံကိန်း၊ တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ပတ်သက်နေသော KK Park  လောင်းကစားရုံကိစ္စများအပါအဝင် တရားမဝင် စီးပွား‌ရေးလုပ်ငန်းများတွင် ကေအဲန်ယူ ပါဝင်ပတ်သက်နေသည်ဟု ပြောဆိုမှုများကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကေအဲန်ယူဗဟိုက ယနေ့တွင် ထုတ်ပြန်သည်။

တစ်ဆက်တည်း အခြေအနေမှန် သိရှိဖော်ပြနိုင်ရေးအတွက် စုံစမ်းစစ်ဆေးရန် ကေအဲန်ယူဗဟိုအဆင့်က ဦးဆောင်ကာ လွတ်လပ်ပြီး ဘက်မလိုက်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့များ ပါဝင်သော အဖွဲ့ကို ဖွဲ့စည်းပြီး ကေအဲန်ယူ မူဝါဒနှင့် စည်းမျဥ်းဥပဒေများအတိုင်း အကောင်အထည်ဖော်သွားမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

“ရေးသားဖော်ပြမှုတွေက စွပ်စွဲတဲ့ ပုံစံမျိုး သက်ရောက်တဲ့ သဘော ရှိတဲ့အတွက် ကျွန်တော်တို့က အဲဒါကို ဆန့်ကျင်တာပါ။ ဒါပေမယ့် တစ်ဖက်ကလည်း အချက်အလက်တွေနဲ့ လိုင်းပေါ် တက်လာတဲ့ ဟာတွေကို ကျွန်တော်တို့က စုံစမ်းစစ်ဆေးမှု ပြုလုပ်ပါမယ်ဆိုတာကို ကျွန်တော်တို့ ပြောဆိုထားတာ ဖြစ်ပါတယ်” ဟု ကေအဲန်ယူဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပဒိုစောကလယ်စေးက သံလွင်ခက်ကိုပြောသည်။

ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် မောထိုတလေးဒေသရှိ ဟွမ်ယာ Hyunya တရုတ်မြို့သစ်စီမံကိန်းနှင့် ပတ်သက်သည့် မောလောအိအလင်းကုမ္ပဏီသည် ၎င်းစီမံကိန်းမှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကတည်းက နုတ်ထွက်သွားပြီ ဖြစ်သောကြောင့် စီမံကိန်းနှင့်ပတ်သက်၍ မည်သည့်ကိစ္စမဆိုသည် ကေအဲန်ယူနှင့် မပတ်သက်ကြောင်း၊ KK Park ဟုလူသိများပြီး တရုတ်ရာဇဝတ်ဂိုဏ်းများ ပါဝင်ပတ်သက်နေသော လောင်းကစားရုံသည် ကေအဲန်ယူနှင့် လုံးဝပတ်သက်မှု မရှိကြောင်း အသိပေးအပ်ပါသည်ဟု ပါရှိသည်။

သို့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် အုတ်မြစ်ချခဲ့သော မြဝတီမြို့တောင်ဘက် မောထိုတလေးနယ်မြေရှိ ဟွမ်ဟာတရုတ်မြို့သစ်စီမံကိန်း၌ ယခင် ကေအဲန်ယူဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်နှင့်ကာကွယ်ရေးဌာနမှူး ပဒိုစောရောဂျာခင်မှ ပါဝင်လက်မှတ်ထိုးထားသည့် အထောက်အထားများဖြင့် အဆိုပါလုပ်ငန်းအပေါ် ကေအဲန်ယူ၏ ပါဝင်ပတ်သက်မှုကို ဝေဖန်ပြောဆိုနေကြခြင်းဖြစ်သည်။

ထို့ပြင် ပြီးခဲ့သော ရက်ပိုင်း၌လည်း ပဒိုစောရောဂျာခင်၊ တပ်မဟာ ၇ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဖော်ဒိုနှင့် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၏ သားတို့အပါအဝင် ခေါင်ဆောင် ငါးဦးအား တရားမဝင် စီးပွား‌ရေးလုပ်ငန်းများနှင့်ပတ်သက်၍ စစ်ဆေးအရေးယူပေးပါရန် တပ်မဟာ ၅ ၏ တင်ပြလာမှုအပေါ် ကေအဲန်ယူကအရေးယူသွားမည်ဟု ကရင်ဘာသာဖြင့် ထုတ်ပြန်ချက် တစ်‌စောင်လည်း လူမှုကွန်ရက်တွင် ပျံ့နှံနေခဲ့သည်။

ပြီးခဲ့သော ဧပြီလ ၂၇ ရက်ပါ ရက်စွဲဖြင့် ကေအဲန်ယူ၏ တံဆိပ်နှင့် ထွက်ပေါ်လာသော အဆိုပါထုတ်ပြန်ချက်သည်၁၇ ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်အစည်းအဝေးအတွင်းမှ ဆွေးနွေးဆုံးဖြတ်ချက်များဖြစ်သည်ဟု ကေအဲန်ယူနှင့် နီးစပ်သည့် သံလွင်ခက်၏ သတင်းအရင်းအမြစ်က အတည်ပြုပြောသည်။

အဆိုပါ ငါးဦးနှင့် ပတ်သက်၍ ထွက်ပေါ်လာသော ထုတ်ပြန်ချက်သည် ကေအဲန်ယူဗဟိုက တရားဝင် ထုတ်ပြန်ထားခြင်း မရှိသည့်အပြင် ကေအဲန်ယူပြောခွင့်ရ ပဒိုစောကလယ်ဆေးကလည်း အတည်ပြု၍ မရကြောင်း သံလွင်ခက်ကို ပြောသည်။

သို့သော် အချက်အလက်များဖြင့် ဝေဖန်ထောက်ပြထားသည့် ခေါင်းဆောင်များကို စုံးစမ်းမေးမြန်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထိုသို့စုံစမ်းစစ်ဆေးသွားမည့် ခေါင်း​ဆောင် မည်မျှရှိကြောင်းမေးမြန်းရာ “အဓိကကတော့ တင်ပြခြင်း ခံရတဲ့ခေါင်းဆောင်တွေပဲ ရှိပါတယ်။ ကျန်တာကတော့ မရှိပါဘူး” ဟု ပဒိုစောကလယ်စေးက ပြောသည်။

စုံစမ်းစစ်ဆေးမှုနှင့်ပတ်သက်သည့် မေးမြန်းမှုများအား လိုအပ်သလိုထုတ်ဖော်ပြောသွားမည်ဖြစ်ပြီး ဥပဒေချိုးဖောက်မှုများ ဖော်ထုတ်တွေ့ရှိပါက လိုအပ်သလို အရေးယူမှုများ လုပ်ကိုင်သွားမည်ဖြစ်သည်ဟု ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ယနေ့တွင် ထုတ်ပြန်ထားသည်။

*****************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram-> https://t.me/newstlk/944

YouTube -> https://youtu.be/zxRTM_OZtf4

Website ->  https://thanlwinkhet.net/?p=4089&preview=true

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous ArticleKIO/ KIA ဌာနချုပ်တွင်ကျင်းပသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ၅၂ ရာခိုင်းနှုန်းကျော် အောင်မြင်
Next Article မြဝတီမြို့အနီးအပါအဝင် တပ်မဟာ၆နယ်မြေတိုက်ပွဲများ၌ စစ်ကောင်စီဘက်မှ ၁၀၀ ကျော် သေဆုံး
thanlwinkhet
  • Website

Related Posts

ရခိုင်မြောက်ပိုင်းတွင် စပါး စိုက်ပျိုးဧက လျော့ကျ

June 20, 2025

ငလျင်ကြောင့် စီးပွားရေးကျဆင်းမှု ပိုဆိုးရွားလာလို့ ကမ္ဘာ့ဘဏ်ထုတ်ပြန်

June 12, 2025

မီဇိုရမ်ဘက်မှ ကုန်အဝင်နည်းသောကြောင့် ရခိုင်တွင် ကုန်ဈေးနူန်း ပြန်တက်

June 4, 2025

Leave A Reply Cancel Reply

Recent Posts

  • ရဲဘော်နှစ်ဦးသေဆုံးမှုအတွက် သင်တန်းဆရာအား ထောင်ဒဏ်ချမှတ်
  • BPLA ၂၀၃ စစ်ဒေသအတွက် တပ်ရင်းသစ် တစ်ခု တိုးချဲ့ဖွဲ့စည်း
  • တစ်လအတွင်း ထိုင်းနှင့် မလေးရှားတွင် မြန်မာ နှစ်ထောင်နီးပါး ဖမ်းဆီးခံရ
  • ပုလဲရှိ စစ်ကောင်စီတပ်စခန်းကို နှစ်ပတ်ကျော် တိုက်ပြီးနောက် PLA သိမ်းပိုက်
  • အာဏာသိမ်းမယ့်စိုးရိမ်မှုတွေကြောင့် ပြည်သူတွေ ညီညွတ်ကြဖို့ ထိုင်းစစ်တပ်တောင်းဆို

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ရဲဘော်နှစ်ဦးသေဆုံးမှုအတွက် သင်တန်းဆရာအား ထောင်ဒဏ်ချမှတ်

BPLA ၂၀၃ စစ်ဒေသအတွက် တပ်ရင်းသစ် တစ်ခု တိုးချဲ့ဖွဲ့စည်း

တစ်လအတွင်း ထိုင်းနှင့် မလေးရှားတွင် မြန်မာ နှစ်ထောင်နီးပါး ဖမ်းဆီးခံရ

ပုလဲရှိ စစ်ကောင်စီတပ်စခန်းကို နှစ်ပတ်ကျော် တိုက်ပြီးနောက် PLA သိမ်းပိုက်

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ရဲဘော်နှစ်ဦးသေဆုံးမှုအတွက် သင်တန်းဆရာအား ထောင်ဒဏ်ချမှတ်

June 21, 2025

BPLA ၂၀၃ စစ်ဒေသအတွက် တပ်ရင်းသစ် တစ်ခု တိုးချဲ့ဖွဲ့စည်း

June 21, 2025

တစ်လအတွင်း ထိုင်းနှင့် မလေးရှားတွင် မြန်မာ နှစ်ထောင်နီးပါး ဖမ်းဆီးခံရ

June 20, 2025

ပုလဲရှိ စစ်ကောင်စီတပ်စခန်းကို နှစ်ပတ်ကျော် တိုက်ပြီးနောက် PLA သိမ်းပိုက်

June 20, 2025

အာဏာသိမ်းမယ့်စိုးရိမ်မှုတွေကြောင့် ပြည်သူတွေ ညီညွတ်ကြဖို့ ထိုင်းစစ်တပ်တောင်းဆို

June 20, 2025

ရခိုင်မြောက်ပိုင်းတွင် စပါး စိုက်ပျိုးဧက လျော့ကျ

June 20, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.