• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • တစ်လအတွင်း ထိုင်းနှင့် မလေးရှားတွင် မြန်မာ နှစ်ထောင်နီးပါး ဖမ်းဆီးခံရ
  • ပုလဲရှိ စစ်ကောင်စီတပ်စခန်းကို နှစ်ပတ်ကျော် တိုက်ပြီးနောက် PLA သိမ်းပိုက်
  • အာဏာသိမ်းမယ့်စိုးရိမ်မှုတွေကြောင့် ပြည်သူတွေ ညီညွတ်ကြဖို့ ထိုင်းစစ်တပ်တောင်းဆို
  • ရခိုင်မြောက်ပိုင်းတွင် စပါး စိုက်ပျိုးဧက လျော့ကျ
  • ရွှေ့ပြောင်းမြန်မာဒုက္ခသည်များအား လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ပေးရန် မလေးရှားကို တောင်းဆို
  • လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မဲဆောက်တွင် ကျင်းပ
  • ဒေါ်အောင်ဆန်းစုကြည် ၈၀ နှစ်ပြည့် မွေးနေ့တွင် နိုင်ငံတကာသံရုံးများ စာထုတ်တောင်းဆို
  • ထိုင်းလွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲပြန်ကျင်းပဖို့ ထိုင်းအတိုက်အခံပါတီ တောင်းဆို
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»လက်နက်ကိုင်တော်လှန်ရေး နှစ်နှစ်တာခရီး
သတင်းဆောင်းပါး

လက်နက်ကိုင်တော်လှန်ရေး နှစ်နှစ်တာခရီး

thanlwinkhetBy thanlwinkhetMay 6, 2023No Comments5 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောင်းချစ်အောင်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှု၏ အကျိုးဆက်ကြောင့် တိုင်းပြည်လူဦးရေ၏ ထက်ဝက်ခန့်ရှိသည့် လူငယ်များသည် နည်းမျိုးစုံဖြင့် အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒသဘောထားကို ငြိမ်းချမ်းစွာထုတ်ဖော်ပြသခဲ့ကြသည်။

စစ်အာဏာရှင်စနစ်ကို ဖြုတ်ချရန် အနုနည်းဖြင့် မဖြစ်နိုင်တော့သည့်အဆုံး လူငယ်အများစုသည် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လာကြပြီး ပြည်သူလူထုကို ကာကွယ်မှု အပြည့်အဝပေးနိုင်မည့် တပ်မတော်တစ်ရပ်ကိုအကောင်အထည်ဖော်ရန် အိပ်မက်ကိုယ်စီဖြင့် မြို့ပြများကို စွန့်ခွာလာကြသည်။

အဆိုပါလူငယ်များကို အခြေပြုခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို စစ်အာဏာသိမ်းမှုအလွန် သုံးလကျော်အကြာ ၂၀၂၁ ခုနှစ် မေလ ၅ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government-NUG) မှ ပြည်ထောင်စုဝန်ကြီးချုပ်အမိန့်ဖြင့် တရားဝင် စတင်ဖွဲ့စည်းခဲ့ရာ နှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

နှစ်နှစ်တာကာလအတွင်း မတရားမှုကို တွန်းလှန်ရမည်ဟူသော တော်လှန်စိတ်ကို သန္ဓေတည်ပေါက်ဖွားလာသည့်ပြည်သူ့ကာကွယ်ရေးတပ်မတော်သည် လက်ရှိအချိန်တွင် တန်ပြန်ထိုးစစ် အကြိုထိုးစစ်ကာလသို့ ရောက်ရှိနေပြီဟုအမျိုးသားညီညွတ်ရေးအစိုးရက ဆိုသည်။

“အာဏာရှင်နိဂုံး ၂၀၂၃” ဆိုသည့် ကြွေးကြော်သံအတိုင်း အာဏာသိမ်းစစ်တပ်ကို အမြစ်ဖြုတ် တိုက်ဖျက်သွားရန်စစ်အရှိန်ကို တိုးမြှင့်သွားမည်ဟုလည်း ဆိုသည်။

ဖက်ဒရယ်တပ်မတော်၏ ရှေ့ပြေးပုံစံဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တည်ထောင်ရာတွင် စစ်အာဏာသိမ်းမှုကို လက်မခံသည့် လူငယ်အများစုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက စနစ်တကျပြုစုပျိုးထောင်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

“လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူ့သားကောင်းတွေကို ဦးစွာ အလေးပြု ဦးညွှတ်ပါတယ်။အရေးတော်ပုံတပ်သားကောင်းတွေ ဖြစ်အောင် စနစ်တကျ ဝိုင်းဝန်းပြုစုပျိုးထောင်ပေးခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များကိုလည်း အလေးပြုဦးညွတ်ပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက နှစ်နှစ်ပြည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

NUG [1] အနေဖြင့်လည်း မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် အတူ ပူးပေါင်းကာ ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(C3C)၊ ပူးပေါင်းညှိနှိုင်းရေးကော်မတီ(J2C) တို့ကို စုဖွဲ့လုပ်ဆောင်လျက်ရှိနေသည်ဟု ဆိုသည်။

ဖက်ဒရယ်တပ်မတော် တည်ထောင်ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People Defense Force-PDF[2] ) နှင့် တိုင်းရင်းသားတော်လှန်ရေးအစုအဖွဲ့များဖြင့် ပူးပေါင်းတည်ဆောက်သွားမည်ဖြစ်ပြီး စစ်ဆင်ရေးနယ်မြေအလိုက် Chain of Command တည်ဆောက်မှုကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်ဟုလည်း အသိပေးထားသည်။

“ပြည်သူကို ဘယ်တော့မှ သေနတ်ပြောင်း ပြန်မလှည့်မယ့် တပ်မတော် ဖြစ်လာဖို့ ရည်မှန်းထားတယ်။ အမိန့်နာခံမှုအားကောင်းပြီး ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ပြည့်ဝနေတဲ့ ရဲဘော်တွေ များလာတာနဲ့အမျှ ကျနော်တို့ ပန်းတိုင်ဟာ နီးသထက် နီးလာပြီလို့ ပြောလို့ရမှာ ဖြစ်ပါတယ်” ဟု နေပြည်တော် PDF ရဲဘော်တစ်ဦးကဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို မည်သည့်ဒေသတွင် အခြေစိုက်မည် ဟူသော အချက်များ မပါဝင်သော်လည်းနှစ်နှစ်ပြည့်ကာလအချိန်တွင် တစ်တိုင်းပြည်လုံးအတိုင်းအတာဖြင့် တပ်ရင်း ၃၀၀ ကျော် ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာထားပြီး ဖြစ်သည်။

“သာလွန်အင်အား“

လူအင်အား (Man Power) အရ တိုက်ခိုက်ရေးအင်အားသည် ရန်သူ့ထက် “သာလွန်အင်အား” ဖြစ်အောင် အချိန်နှစ်နှစ်အတွင်း စုဖွဲ့တည်ဆောက်နိုင်ခဲ့ခြင်းသည် အောင်မြင်မှု ပြယုဂ်တစ်ခုဖြစ်ပြီး စစ်မဟာဗျူဟာအရ ခံစစ်ဖြင့်စတင်ခဲ့ရသည့် ပြည်သူ့ခုခံတော်လှန်စစ်သည် ယခုအခါ တန်ပြန်ထိုးစစ်အကြိုကာလသို့ အပြည့်အ၀ ရောက်ရှိခဲ့ပြီဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဆိုသည်။

PDF တပ်ရင်းနှင့် စစ်ကြောင်း စုစုပေါင်း ၃၀၀ ကျော်အပြင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များကို မြို့နယ် ၂၅၀ ကျော်တွင် စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားနိုင်ခဲ့သည့်အတွက် သာလွန်အင်အားအနေအထားဖြင့် စစ်ကောင်စီကို တန်ပြန်ထိုးစစ်ဆင်နိုင်နေပြီဖြစ်သည်ဟုလည်း သိရသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တပ်ရင်း ၃၀၀ ကျော်ရှိပြီး တစ်ရင်းလျှင် လူ ၂၀၀ ဖြင့် တွက်လျှင် PDF တပ်ဖွဲ့ဝင်အရေအတွက် ခြောက်သောင်းခန့် ရှိပြီဟု ကျွမ်းကျင်သူများက ကောက်ချက်ချထားကြသည်။

PDF တပ်မတော် တည်ထောင်ပြီး သုံးလအကြာ ၂၀၂၁ ခုနှစ် ဩဂုတ်လအရောက်တွင် တပ်ဖွဲ့ဝင်အင်အား တစ်သောင်းခန့် ရှိလာပြီဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က RFAသတင်းဌာနနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့ဖူးသောကြောင့် ကြားကာလအတွင်း နှစ်ဆခန့် တိုးပွားလာခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များကို မြို့နယ်ပေါင်း ၂၅၀ ကျော်တွင် စနစ်တကျ ဖွဲ့စည်းထားနိုင်နေပြီဟု ဆိုထားသောကြောင့် တစ်မြို့နယ်လျှင် ပကဖအင်အား ၁၅၀၀ ဖြင့် တွက်လျှင် တစ်နိုင်ငံလုံး ပကဖအင်အား၃၇၅၀၀၀ ခန့် ရှိလာနေပြီဟု ခန့်မှန်းပြောဆိုမှုများလည်း ရှိသည်။

Global Fire Power အဖွဲ့၏ ၂၀၂၃ ခုနှစ် ထုတ်ပြန်ချက်အရ မြန်မာစစ်တပ်တွင် အမြဲတမ်း စစ်တိုက်နိုင်သည့် တပ်ဖွဲ့ဝင်အရေအတွက်သည် သုံးသိန်းဝန်းကျင်သာ ရှိသည်ဟု ဖော်ပြထားသည်။

“လူအင်အားအရ ကြည့်မယ်ဆိုရင် MOD-NUG အောက်မှာ PDF နဲ့ ပကဖနှစ်ခုပေါင်း အင်အား အနည်းဆုံး၄၃၅၀၀၀ ခန့် ရှိမယ်။ အ ရေအတွက်အရဆိုရင်တော့ မိမိတို့ အင်အားက သာလွန်အင်အား ဖြစ်နေပြီလို့ကောက်ချက်ချနိုင်တယ်” ဟု လူထုသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဒေါက်တာတေဇာဆန်းက သုံးသပ်ထားသည်။

တရုတ်စစ်ရေးသုတေသီ ဆွန်ဇူး၏ သေနင်္ဂဗျူဟာကျမ်းတွင် ရန်သူထက် အင်အား ငါးဆ သာလွန်နေလျှင် ထိုးစစ်ဆင်ပါဟု ဆိုထားကာ ခံစစ် သေချာ ပြင်ဆင်ထားသည့် စစ်ကောင်စီ ထိန်းချုပ်ရာ မြို့များကို သိမ်းပိုက်ရာတွင်သာလွန်အင်အားဟု သတ်မှတ်၍ မရသေးဟု အမည်မဖော်လိုသည့် Civil Disobedience Movement-CDM[3]  လှုပ်ရှားမှုတွင် ပါဝင်သည့် ဗိုလ်ကြီးတစ်ဦးက ဆိုသည်။

“လက်ရှိမှာ လူအင်အားက အရမ်းသာနေတာလည်း မဟုတ်ဘူး။ လက်နက်ခဲယမ်း၊ တိုက်ရည်ခိုက်ရည် စတဲ့အချက်တွေလည်း ထည့်စဥ်းစားဖို့ လိုသေးတယ်။ မြို့သိမ်းတိုက်ပွဲတွေတော့ မလွယ်သေးဘူး” ဟု ထောက်ပြထားသည်။

သို့သော်လည်း စစ်ကိုင်းတိုင်းရှိ ဟုမ္မလင်း ရွှေပြည်အေးမြို့သစ်ကို ကာကွယ်ရေးတပ်များက ယခုနှစ် ဖေဖော်ဝါရီ ၁ရက်မှစ၍ ရက်အတော်ကြာ ထိန်းထားနိုင်ခဲ့ပြီး စစ်ဘက်သုံး ရဟတ်ယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့သည်အထိတိုးတက်မှုများ ရှိလာခဲ့သည်။[4]

“တန်ပြန်ထိုးစစ် စခန်းသိမ်းမှုများ“

၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီဘက်မှ PDF တပ်ဖွဲ့များကို ချေမှုန်းရန် အရှိန်မြှင့်တင်လာသောကြောင့် ခုခံတွန်းလှန်စစ် ဆင်နွှဲရင်း တစ်ခါတရံ တန်ပြန်ထိုးစစ်ဆင်ကာ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက် အောင်မြင်မှုများလည်း ရှိလာခဲ့သည်။

“စစ်ကောင်စီက သူတို့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်ရဖို့ ကြိုးစားလာတာ တွေ့ရတယ်။ အဲဒီလို ဝင်လာတိုင်းသူတို့ဘက်က ဆုံးရှုံးမှု ကြီးမားမှာပါ။ တော်လှန်ရေးအင်အားစုတွေက ကြံ့ကြံ့ခံ ခုခံပြီးရင်တော့ တန်ပြန်ထိုးစစ်တွေပေါ်လာမှာပါ” ဟု ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်က စစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်ထားသည်။

ထို့ပြင် လေးလတာကာလအတွင်း စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲ ၄၄ ကြိမ်အထိ ဖော်ဆောင်နိုင်ခဲ့သည့်အပြင်တပ်မဌာနချုပ်၊ တိုင်းစစ်ဌာနချုပ်များကို တိုက်ခိုက်မှု ၁၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မုံရွာမြို့ပေါ်ရှိ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရောက်ရှိနေချိန်တွင် MOD လက်အောက်ခံတပ်ရင်းဖြစ်သည့်Chindwin Attack Force (CAF) က ရှော့တိုက်ဒုံးများဖြင့် သွားရောက်ပစ်ခတ်ခဲ့သေးသည်။

“မင်းအောင်လှိုင်‌ရောက်နေတယ် သိလို့ အကြောက်တရား ထည့်ချင်လို့ သွားပစ်တာ” ဟုCAF တာဝန်ခံက ဆိုသည်။

အိန္ဒိယ–မြန်မာ နှစ်နိုင်ငံနယ်စပ် ဘုက္ကန်နယ်မြေရဲစခန်းအား မတ်လ ၂၄ ရက်က အမျိုးသားလွတ်မြောက်ရေးတပ်တော် (NDA) က သာလွန်အင်အားဖြင့် တိုက်ခဲ့ရာ သေနတ် ၁၅ လက်၊ ကျည်မျိုးစုံ ၂၀၀၀ ကျော် သိမ်းဆည်းရမိသည်အထိ အောင်မြင်မှု ကြီးကြီးမားမား ရရှိခဲ့သည်။

“အဲဒီဘုတ်ငှက်စစ်ဆင်ရေးက ခက်ခဲခဲ့တယ်။ ဟိုဘက်က ကတုတ်ကျင်းတွေထဲကနေ အသည်းအသန် ခံပစ်ကြတာ၊ မိနစ်လေးဆယ်လောက် အပြန်အလှန် ပစ်ပြီးချိန်မှာတော့ စခန်းကို သိမ်းနိုင်ခဲ့တာပဲ” ဟု အမျိုးသားလွတ်မြောက်ရေးတပ်တော်မှ ဗိုလ်သျှောင်တစောင်းက စခန်းသိမ်းအောင်ပွဲအကြောင်းကို ပြန်ပြောင်းပြောပြသည်။

စစ်ကောင်စီသည် တိုက်ပွဲအရေးနိမ့်နေလျှင် ချက်ချင်း လေကြောင်းအကူ ခေါ်ကာ ကာကွယ်ရေးတပ်ဖွဲ့များကိုအသာစီး ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်လေ့ရှိသည်။

မုံရွာ–ယာကြီး–ကလေးလမ်းမဘေးရှိ မဟူရာတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီကေဘယ်ဆက်သွယ်ရေးစခန်းသိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီက ရဟတ်ယာဉ်များ အသုံးပြုကာ စစ်ကူ ချက်ချင်း ချပေးပြီး စခန်းပြန်လည်သိမ်းပိုက်နိုင်ရေး ကြိုးစားခဲ့သည်။

“စခန်းကို သိမ်းနိုင်ခဲ့တယ်။ လက်နက်တွေ၊ ပစ္စည်းတွေ ချက်ချင်းသိမ်း စခန်းကို ဖျက်ဆီး ချက်ချင်း ဆုတ်လာရတာ” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် KPDF-2 ယင်းမာပင်ခရိုင်တပ်ရင်း ၁၈ မှ ရဲဘော်တစ်ဦးက ဆိုသည်။

“လူသတ်လက်နက်စက်ရုံများကို မဟာဗျူဟာတိုက်ခိုက်မှုများ“

စစ်ကောင်စီက တော်လှန်ရေးအင်အားစုများကို ချေမှုန်းရန် လက်နက်ခဲယမ်းမျိုးစုံ ထုတ်လုပ်နေသည့်ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) စုစုပေါင်း ၂၅ ခု ရှိပြီး အများစုမှာ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတွင် အများဆုံး တည်ရှိနေသည်။

တော်လှန်စစ်အရှိန် မြှင့်တင်ခဲ့သည့် လေးလတာကာလအတွင်း မကွေးတိုင်းရှိ ကပစစက်ရုံများကို မဟာဗျူဟာကျတိုက်ခိုက်မှု ကိုးကြိမ်အထိ လုပ်ဆောင်နိုင်ခဲ့သည်။

မကွေးတိုင်းတွင် ကပစစက်ရုံ ၁၅ ခုအထိ ရှိနေပြီး အများစုမှာ ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိကာလုံခြုံရေးအင်အား တင်းကျပ်စွာ လက်နက်ပစ္စည်းများကို ထုတ်လုပ်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များကဆိုသည်။

“ချောင်ကျတဲ့ နေရာတွေမှာ ထားထားတယ်။ လုံခြုံရေးလည်း အတော်ကြပ်တာ။ ဒါပေမယ့် တစ်နိုင်ငံလုံးကို ဖြန့်မယ့် လူသတ်လက်နက်စက်ရုံတွေကို ချေမှုန်းရမယ်” ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကာကွယ်ရေးဝန်ကြီးဌာနအောက် အမှတ် ၁ စစ်ဒေသကွပ်ကဲရေးရုံး၏Chain Of Command အောက်တွင် ကပစစက်ရုံများကို မဟာဗျူဟာကျ တိုက်ခိုက်မှုများကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားရန် ရှိသည်ဟု သရက်ခရိုင်တပ်ရင်း၄ Eagle Force တာဝန်ခံ ကိုမြတ်က ဆိုသည်။

“ကျွန်တော်တို့ ရင်း၄ နယ်မြေမှာ ကပစ ၁၂ ရှိတယ်။ ၄၀ မမ၊ ၆၀ မမ ဗုံးသီးတွေ ထုတ်နေတာ၊ အမြဲ ကင်းထောက်နေတယ်။ ဗျူဟာကျ တိုက်ခိုက်မှုတွေ ပိုတိုးလုပ်သွားမယ်” ဟု ၎င်းက ဆိုသည်။

ကာကွယ်ရေးပစ္စည်းစက်ရုံများ ထိခိုက်မည် စိုးသောကြောင့် စစ်ကောင်စီအနေဖြင့် လုံခြုံရေးအင်အား အများအပြား ချမှတ်ထားရပြီး စိုးရိမ်မှု အလွန် ကြီးမားနေသည့် ပုံစံ ပေါက်နေသည်။

“ကပစကို ထိထိရောက်ရောက် မတိုက်နိုင်ရင်တောင် ရှေ့တန်းကို စစ်ကူ မပို့နိုင်အောင် သူတို့ လူတွေကို ထိန်းထားနိုင်တယ်” ဟု ကိုမြတ်က ဆိုသည်။

“စစ်မီးဝိုင်းနေသည့် စစ်ကောင်စီ“

Free Burma Rangers အဖွဲ့၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီသည် မန္တလေးတိုင်း၊ မကွေးတိုင်း အောက်ပိုင်း၊ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့ကိုသာ အပြည့်အဝ ထိန်းချုပ်နိုင်သည့် အခြေအနေအထိ ဆိုးဝါးနေပြီဟု ထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေး နှစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးသောင်းခန့် သေဆုံးမှု ရှိခဲ့သည်ဟုအမျိုးသားညီညွတ်ရေးအစိုးရက ခန့်မှန်းပြောဆိုထားသည်။

အဆိုပါအရေအတွက်သာ တိကျမှန်ကန်ပါက စစ်ကောင်စီသည် စုစုပေါင်းအင်အား၏ ဆယ်ပုံ တစ်ပုံခန့်ကို ဆုံးရှုံးသွားရပြီဖြစ်ပြီး စစ်အာဏာသိမ်းမှုကို လက်မခံသည့် စစ်သားနှင့် ရဲ ၁၃၀၀၀ ကျော်လည်း ပြည်သူ့ရင်ခွင်ထံ ခိုလှုံခဲ့သည်ဟု NUG ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီသည် ထိန်းချုပ်မှု လျော့နည်းလာသည့် နယ်မြေများကို လက်လွတ်မခံဘဲ ပြန်လည်ရယူရေး အင်အားအလုံးအရင်း သုံးကာ ထိုးစစ်ဆင်မှုများ လုပ်ဆောင်လာသော်လည်း လက်ရှိအချိန်အထိ အောင်မြင်မှု မရရှိသေးပေ။

ချင်းပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများကို ချေမှုန်းနိုင်ရန် တင့်ကားများအပါအဝင် ကားအစီးရေ ၇၀ ခန့်ဖြင့်စေလွှတ်ထိုးစစ်ဆင်ခဲ့သော်လည်း ချင်းပူးပေါင်းတပ်ဖွဲ့များက အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ကြသည်။

ထို့အတူ ကရင်နီပြည်နယ်ကိုလည်း စစ်ကောင်စီက စစ်ကြောင်း ၁၂ ကြောင်း၊ အင်အား ၂၀၀၀ ကျော်အပြင်လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ထိုးစစ်ဆင်ခဲ့သော်လည်း တပ်ရင်းအလိုက် ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်။

“မြို့ကြီးများကိုပါ ခြိမ်းခြောက်လာနိုင်ပြီ“

စစ်ကောင်စီသည် သူတို့၏ အာဏာစက် ဗဟိုချက် တည်ရှိရာ နေပြည်တော်ကိုပါ မျက်ခုံးလှုပ်ရသည့် အခြေအနေကို ရောက်ရှိနေပြီဟု နေပြည်တော်ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

“ဗဟိုချက်တည့်တည့်ကို ဆွဲနှုတ်ဖို့အတွက် ကျနော်တို့မှာ ပြင်းပြတဲ့ အာသီသနဲ့ ယုံကြည်ချက် အပြည့် ရှိပါတယ်ဗျ။ ကျွန်တော်တို့ လုပ်ပြပါ့မယ်” ဟု နေပြည်တော်တပ်ရင်း ၈၀၄ မှ တပ်ခွဲမှုး ကိုထူးမော်က သူ၏ ယုံကြည်ချက်ကိုပြောသည်။

မန္တလေးမြို့နှင့် လက်တစ်ကမ်းစာသာ ကွာဝေးတော့သည့် ပြင်ဦးလွင်နှင့် နောင်ချိုအစပ်တွင်လည်း စစ်ကောင်စီကတပ်ရင်း ၇ ခုနှင့်အထက် အင်အား ၁၀၀၀ ခန့် အသုံးပြုကာ အပြင်းအထန် ခုခံနေရသည်ဟု Mandalay PDF စစ်ဦးစီးအဖွဲ့ထံမှ သိရသည်။

မတရားမှုကို တွန်းလှန်လိုသည့် စိတ်ဓာတ်ဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF သည်အချိန် နှစ်နှစ်တာအတွင်း ဆယ်စုနှစ် ခုနစ်ခုအကြာ တည်ထောင်ထားသည့် မြန်မာစစ်တပ်ကို ကျားတပြန်ဘတပြန်ပြန်တိုက်နိုင်သည်မှာ အားရစရာ အနေအထားဖြစ်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပြုထားသည်။

“အချိန်တိုလေးအတွင်းမှာ မင်းအောင်လှိုင်ရဲ့  Standard Army ကြီးကို ပခုံးချင်း ယှဉ်လာနိုင်နေပြီ။ နောင်ကာလတွေမှာ သာလွန်တဲ့ အင်အား တစ်ရပ် ဖြစ်လာမယ်။ အရည်အချင်းရော ခံယူချက်ပါ မိုးနဲ့မြေလို ကွာလာမယ်” ဟုဆိုသည်။

စစ်ကောင်စီကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ ၃၄၀၀ ကျော် ရှိလာပြီး နေအိမ် စုစုပေါင်း ခြောက်သောင်းထောက် မနည်းလည်း မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။ ထို့ပြင် သူတို့အား ဆန့်ကျင်သည့် သူ မှန်သမျှကိုလည်း ဖမ်းဆီးလျက် ရှိပြီး နှစ်သောင်းကျော်အထိ ဖမ်းဆီးထားခဲ့ပြီးဖြစ်သည်။

“ပြည်သူကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ စစ်တပ်ဟာ ပုံစံ ပြောင်းသွားပြီ။ အကြမ်းဖက်အုပ်စုသာသာပဲ ဖြစ်သွားပြီ။နောင်တစ်ချိန်မှာ Federal Army ဖြစ်လာမယ့်PDF တပ်မတော်ဟာ အဲဒီစစ်တပ် institution တစ်ခုလုံးကို အစားထိုးသွားမှာပါ။ စစ်တိုက်တတ်ရုံ တစ်ခုတည်း သင်ပေးနေတာ မဟုတ်ပါဘူး။ အသိဉာဏ် မရှိတဲ့ သေနတ်ကိုင်ထားတဲ့လက်တစ်စုံဟာ ဘယ်လောက် အန္တရာယ်များလဲ သိပြီးကြပါပြီ။ ဒါကြောင့် စစ်သည်တော်ကျင့်ဝတ်တွေရောသင်ပေးနေတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ကတိကဝတ်ပြုထားသည်။

ဓါတ်ပုံ – လွတ်မြောက်နယ်မြေတစ်ခုတွင် စစ်သင်တန်းတက်ရောက်နေသော လူငယ်များ(သံလွင်ခက်)

*****************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – >  https://t.me/newstlk/940

YouTube -> https://youtu.be/zxRTM_OZtf4

Website ->  https://thanlwinkhet.net/?p=4079

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous ArticleNUG ဖမ်းမိသည့် သစ်များကို စစ်ဘေးနှင့် မီးဘေးသင့် ပြည်သူများထံ ခွဲဝေပေး
Next Article ၅ ကြိမ်မြောက်စစ်ကြောင်းထိုးပြီး ချမ်းသာရွာအထက်တန်းကျောင်းကို မိုင်းခွဲဖျက်ဆီး
thanlwinkhet
  • Website

Related Posts

မူးယစ်ဆေးဝါးနဲ့ ပိုယဉ်ပါးလာတဲ့ မြို့

April 28, 2025

ပဋိပက္ခကြားက ကလေးတွေရဲ့ ပညာရေး ခရီးကြမ်း

April 27, 2025

ငလျင်က မြန်မာ့ပြည်တွင်းစစ်ရဲ့ဟန်ချက်ကို ပြောင်းလဲနိုင်သလား

April 24, 2025

Leave A Reply Cancel Reply

Recent Posts

  • တစ်လအတွင်း ထိုင်းနှင့် မလေးရှားတွင် မြန်မာ နှစ်ထောင်နီးပါး ဖမ်းဆီးခံရ
  • ပုလဲရှိ စစ်ကောင်စီတပ်စခန်းကို နှစ်ပတ်ကျော် တိုက်ပြီးနောက် PLA သိမ်းပိုက်
  • အာဏာသိမ်းမယ့်စိုးရိမ်မှုတွေကြောင့် ပြည်သူတွေ ညီညွတ်ကြဖို့ ထိုင်းစစ်တပ်တောင်းဆို
  • ရခိုင်မြောက်ပိုင်းတွင် စပါး စိုက်ပျိုးဧက လျော့ကျ
  • ရွှေ့ပြောင်းမြန်မာဒုက္ခသည်များအား လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ပေးရန် မလေးရှားကို တောင်းဆို

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

တစ်လအတွင်း ထိုင်းနှင့် မလေးရှားတွင် မြန်မာ နှစ်ထောင်နီးပါး ဖမ်းဆီးခံရ

ပုလဲရှိ စစ်ကောင်စီတပ်စခန်းကို နှစ်ပတ်ကျော် တိုက်ပြီးနောက် PLA သိမ်းပိုက်

အာဏာသိမ်းမယ့်စိုးရိမ်မှုတွေကြောင့် ပြည်သူတွေ ညီညွတ်ကြဖို့ ထိုင်းစစ်တပ်တောင်းဆို

ရခိုင်မြောက်ပိုင်းတွင် စပါး စိုက်ပျိုးဧက လျော့ကျ

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

တစ်လအတွင်း ထိုင်းနှင့် မလေးရှားတွင် မြန်မာ နှစ်ထောင်နီးပါး ဖမ်းဆီးခံရ

June 20, 2025

ပုလဲရှိ စစ်ကောင်စီတပ်စခန်းကို နှစ်ပတ်ကျော် တိုက်ပြီးနောက် PLA သိမ်းပိုက်

June 20, 2025

အာဏာသိမ်းမယ့်စိုးရိမ်မှုတွေကြောင့် ပြည်သူတွေ ညီညွတ်ကြဖို့ ထိုင်းစစ်တပ်တောင်းဆို

June 20, 2025

ရခိုင်မြောက်ပိုင်းတွင် စပါး စိုက်ပျိုးဧက လျော့ကျ

June 20, 2025

ရွှေ့ပြောင်းမြန်မာဒုက္ခသည်များအား လူ့အခွင့်အရေးချိုးဖောက်မှု ရပ်တန့်ပေးရန် မလေးရှားကို တောင်းဆို

June 20, 2025

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် မဲဆောက်တွင် ကျင်းပ

June 19, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.