• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»အာဏာသိမ်းမှုကြားက နိုင်ငံရေးမြေစာပင်များ
သတင်းဆောင်းပါး

အာဏာသိမ်းမှုကြားက နိုင်ငံရေးမြေစာပင်များ

thanlwinkhetBy thanlwinkhetMay 5, 2023No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

နန်းဆုပန်ခန့်

မေ ၃၊ ၂၀၂၃။

စစ်ကောင်စီသည် အာဏာသိမ်း နှစ်နှစ်ပြည့်ချိန်တွင် အရေးပေါ်ကာလကို သက်တမ်းတိုးပြီး ထိန်းချုပ်ရခက်သည့်မြို့နယ် ၄၇ ခုကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။

ထိုသို့ သက်တမ်းတိုးပြီးနောက် လေကြောင်းမှ ဗုံးကြဲခြင်း၊ အရပ်သားနေအိမ်များကို မီးရှို့ခြင်းနှင့် အခြား လူ့အခွင့်အရေးချိုးဖောက်မှုများအပါအဝင် အင်အားသုံးစစ်ဆင်ရေးများကို စစ်ကောင်စီတပ်များဘက်က တိုးမြှင့်လုပ်ဆောင်လာသည်။

မြင့်တက်လာသော တိုက်ပွဲများကြားမှ စစ်ဘေးရှောင်များသည် အစားအသောက်၊ ရန်ပုံငွေ၊ သတင်းအချက်အလက်နှင့် လမ်းပန်းဆက်သွယ်ရေးများ ဖြတ်တောက်ခံထားရသည်အထိ လူ့အခွင့်အရေး ရပိုင်ခွင့်များကိုဆုံးရှုံးနေကြရသည်။

၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခဲ့ရာ ကလေးငယ် ၃၀ ကျော်အပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှုများအနက်လူအသေအပျောက်အများဆုံး ဖြစ်စဉ်လည်းဖြစ်ခဲ့သည်။

ဤသည်တို့မှာ လွန်ခဲ့သည့် နှစ်နှစ်က အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် အာဆီယံနိုင်ငံကိုယ်စားလှယ်များရှေ့မှောက်တွင် ချမှတ်ခဲ့သည့် ဘုံသဘောတူညီမှု ၅ ချက်မှာ ယနေ့ အထိ အရာမထင်ခဲ့သည်ကို ပေါ်လွင်စေသည်။အဆိုပါ ဘုံသဘောတူညီချက်များကို စတင်ချမှတ်ခဲ့စဉ်က နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အားပေးအားမြှောက်ပြု ထောက်ခံခဲ့ကြသည်။

ယင်းသို့ ထောက်ခံခဲ့သော်လည်း ယနေ့အထိတိုင် အကောင်အထည်မဖော်နိုင်ခြင်းသည် မြန်မာနိုင်ငံသားများ၏စိတ်ပိုင်းဖြတ်မှုနှင့် နိုင်ငံတကာက လက်ခံထားသည့် အခြေအနေကြား ကွာဟမှု ရှိနေခြင်းကြောင့် ဖြစ်သည်ဟုနိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ရှုမြင်ကြသည်။

ရန်ကုန်သပိတ်ခေါင်းဆောင် ကိုနန်းလင်းက “ကျွန်တော်တို့ မြန်မာပြည်သူတွေရဲ့ လက်ရှိသွားနေတဲ့ တိုက်ပွဲဝင်မှု၊ပေးဆပ်မှုနဲ့ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ နိုင်ငံတကာကသဘောပေါက်နေတဲ့ နားလည်မှုနဲ့ သွားတူမနေဘူး။စေ့စပ်ညှိနှိုင်းမှုကို တွန်းအားပေးတယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေကျတော့ စစ်တပ်ကို ကျွန်တော်တို့ကအပြစ်ဒဏ် ကင်းလွတ်ခွင့် မပေးနိုင်တဲ့ စိတ်နဲ့ ပြတ်ပြတ်သားသား တိုက်ပွဲဝင်နေတယ်။ ဒီအပေါ်တွေမှာ နားလည်မှုမတူဘူး။ အိမ်နီးချင်းနိုင်ငံကအစ အကျိုးစီးပွား အခြေပြုပုံစံနဲ့ စစ်တပ်ကို ဗဟိုပြုတဲ့ ပုံစံနဲ့ စဉ်းစားတယ်။ မြန်မာစစ်တပ်ကို သူတို့ ဩဇာလွှမ်းမိုးရေးအတွက်ပဲ စဉ်းစားပြီးတော့ တကယ့် မြန်မာပြည်ရဲ့ဒီမိုကရေစီနဲ့ ပတ်သက်ရင်လက်တွေ့ပါတဲ့ အကူအညီရော၊ လက်တွေ့ မပါတဲ့ အကူအညီရော ဘာမှ ရပ်တည်မှု မရှိတဲ့ ကိစ္စက အင်မတန်မှဝမ်းနည်းဖို့ ကောင်းတယ်” ဟု ပြောသည်။

လက်ရှိတွင် နိုင်ငံတဝှမ်းလုံးရှိ လက်နက်ကိုင်ပဋိပက္ခများကြောင့် လူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များသည် မြင့်တက်လျက်ရှိပြီး စစ်ဘေးရှောင် လူဦးရေ ၁ ဒဿမ ၈ သန်းခန့်သည် အကူအညီများ လိုအပ်နေသည်ဟု သုတေသနစစ်တမ်းများ ကောက်ယူသည့် ISP Myanmar က ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ဘေးရှောင်များထဲတွင် ထိခိုက်လွယ်အုပ်စုဖြစ်သည့် ကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်းနှင့်အဘိုးအဘွားများမှာ အသက်ရှင်သန်နေထိုင်ရေးအတွက် ရုန်းကန်နေရမှုသည် သာမန်သူများထက် နှစ်ဆ ပိုလျက်ရှိသည်။

ကရင်ပြည်နယ်က အသက် ၇၁ နှစ်အရွယ် စစ်ဘေးရှောင်အဘွားအိုက “အေးအေးချမ်းချမ်း နေထိုင်ရဖို့မျှော်လင့်ချက်ကို သူတို့ (စစ်တပ်) က ရိုက်ချိုးလိုက်တာ မဟုတ်ဘူး။ အသေသတ်လိုက်တာ၊ ဘာလို့လဲဆိုတော့အခု ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေ လုံးဝကို မဲ့သွားပြီ။ ဘယ်အချိန်ကျမှ အလုပ် ပြန်လုပ်ရမယ်ဆိုတာ မသိသေးဘူး။ လူတိုင်းက ဘာမှ မလုပ်နိုင်ဘဲနဲ့ ထမင်းကို မငတ်ရုံ စားပြီးတော့ နေနေရတာ” ဟု ပြောသည်။

စစ်တပ်အာဏာသိမ်းမှု၏ တိုက်ရိုက် အကျိုးဆက်အနေဖြင့် ၅၄ သန်းထဲမှ ပြည်သူအများစုသည် လူမှုစီးပွားရေးချွတ်ခြုံကျမှုဒဏ် ခံနေရပြီး လူဦးရေ ၂ သန်းနီးပါး စစ်ဘေးရှောင်နေကြရသည်ဟု ISP Myanmar က ထုတ်ပြန်ထားသည်။

သို့သော် လက်ရှိတွင် တစ်ကမ္ဘာလုံး၌ ဖြစ်ပေါ်နေသည့် အဆင်မပြေမှု မတည်ငြိမ်မှု ဖြစ်စဉ်များကြားတွင်နိုင်ငံတကာအကူအညီများကို မျှော်လင့်မရသည့်အတွက် ကိုယ့်လူမျိုးအချင်းချင်းသာ အပြန်အလှန်ကူညီကြရန်နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက အကြံပြု ပြောသည်။

၎င်းက “မြန်မာပြည်ရဲ့ ဒုက္ခတွေဟာ ကျွန်မတို့ မြန်မာလူမျိုးဘက်က ကြည့်ရင် အင်မတန် ကြီးတာပေါ့။ ဒါပေမယ့်တစ်ကမ္ဘာလုံးမှာ ဖြစ်နေတဲ့ ဒုက္ခတွေနဲ့ ဆိုင်ရင် သူတို့ လက်က ကြည့်ရင်တော့ ဒီလောက်အရေးမကြီးလောက်ဘူးပေါ့၊ ဘာဖြစ်လဲဆိုတော့ ကိုယ့်ပြည်တွင်းမှာဖြစ်နေတဲ့ ပြည်တွင်းစစ် ဖြစ်နေတာ၊ ဖြစ်ကြတာကိုနော်။ မြန်မာပြည်ရဲ့ပြည်တွင်းရေးကို ဘယ်သူကမှ ဒီလောက် ဂရုစိုက်တာ မဟုတ်ဘူး။ တော်လှန်ရေးလည်း ဒီလိုပါပဲ၊ ကိုယ့်ဟာကိုယ်ပဲလုပ်ကြရမှာပါ။ သူများက ကူညီတယ်ဆိုတာ အရန်ပဲ ဖြစ်မှာပါ” ဟု ပြောသည်။

အနာဂတ်ကြယ်ပွင့်များ ဖြစ်လာမည့် မြန်မာနိုင်ငံရှိ ကျောင်းမတက်နိုင်သည့် ကလေးအရေအတွက်သည်လည်း နှစ်ဆကျော် တိုးလာသည်ဟုSave the Children က ၂၀၂၂ ဇွန်လ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကျောင်းမတက်နိုင်သည့် ကလေးဦးရေသည် ၇.၈ သန်းခန့် ရှိသည်ဟု Save the Children က ဆိုသည်။

ထို့ပြင် ကျောင်းပြင်ပရောက် စစ်ဘေးရှောင်လူငယ်များသည်လည်း စိတ်ဓါတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိလာသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသည့် ကရင်ပြည်နယ်မှ သင်ကြားရေးဆရာမ တစ်ဦးက ပြောသည်။

“ကလေးတွေက သူတို့ရဲ့ အနာဂတ်ကို ဘယ်လို ပုံဖော်မလဲလို့ မစဉ်းစားနိုင်ကြတော့ဘူး။ သူတို့ ကိုယ်တိုင်လည်းဘာလုပ်ရမလဲ မသိဘူး၊ သူတို့အတွက် အဓိက စိတ်ဓါတ် ထိခိုက်တယ်။ ကျွန်မက စစ်ရှောင်စခန်းမှာ ယောကျာ်းလေးတွေကို မတတ်နိုင်ပေမယ့် မိန်းကလေးတွေကိုတော့ စိတ်လေနေမယ့်အစား ချည်ထိုးပညာလေးတွေ သင်ပေးနေတယ်” ဟု ၎င်းက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့်လည်း ကလေးငယ်များအပါအဝင် စစ်ဘေးရှောင်များကို လုံလောက်သည့် ပံ့ပိုးကူညီမှုများပေးနိုင်ရန် စိန်ခေါ်မှုများ ရှိနေသည်။

“လက်ရှိ တိုက်ပွဲတွေ နေရာအနှံ့ ဖြစ်ပွားနေချိန်မှာ စစ်ဘေးရှောင်ဦးရေက တိုးပွားလျက်ရှိသလို ကာလရှည် စစ်ရှောင်ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အစဉ်မပြတ် ပံ့ပိုးပေးနိုင်ဖို့မှာလည်း အခက်အခဲတွေ ရှိလာပါတယ်။ ပြည်သူက ပြည်သူသို့ လှူဒါန်းမှုကို အဓိကထား ဆောင်ရွက်နေရတဲ့ ဝန်ကြီးဌာနအနေနဲ့ လုံလောက်တဲ့ ပံ့ပိုးကူညီမှုပြုလုပ်ပေးနိုင်ဖို့ နိုင်ငံတကာအကူအညီတွေ ရရှိနိုင်အောင်လည်း ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန အတွင်းဝန်က ပြောသည်။

ထိုသို့သော မပြည့်စုံမှုများကြားမှပင် စစ်ရှောင်ပြည်သူများသည် တိုက်ပွဲများအကြား နေ့စဉ် အသက်ရှင်နေထိုင်နိုင်ရေးအတွက် ကြိုးစားရုန်းကန်နေကြဆဲ ဖြစ်သည်။

မွေးဖွားလာကတည်းက ကြီးပြင်းချိန်အထိ ရပိုင်ခွင့်ရှိသည့် ဆုံးရှုံးနေသော လူ့အခွင့်အရေးများကို စစ်ရှောင်ပြည်သူများအနေဖြင့် တိုက်ပွဲများအကြား ရှာဖွေဆုပ်ကိုင်ရင်း နေ့ရက်များကို တောင့်ခံဖြတ်သန်းနေကြဆဲပင် ဖြစ်တော့သည်။

ပုံစာ–သောင်ရင်းမြစ်ကမ်းနဘေးရှိ စစ်ရှောင်စခန်းတွင် စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံများ (သံလွင်ခက်)

*****************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/934

YouTube -> https://youtu.be/zxRTM_OZtf4

Website -> https://thanlwinkhet.net/?p=4062

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleအောင်လအန်ဆန်းနဲ့ တရုတ်ဖိုက်တာ ယှဉ်ပြိုင်ထိုးသတ်မည်
Next Article ချင်းပြည်နယ်ရှိ စစ်ဗျူဟာဌာနချုပ်စခန်း ဝင်ရောက် စီးနင်းခံရ
thanlwinkhet
  • Website

Related Posts

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

နယ်စည်းမခြား မုန်တိုင်းဒဏ်နှင့် စည်းခြားသွားသော မျှော်လင့်ချက်များ (သတင်းဆောင်းပါး)

December 7, 2025

AA လက်ထက် ပထမဆုံး မူဆလင်အုပ်ချုပ်ရေးမှူး (သတင်းဆောင်းပါး)

December 6, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.