• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • သေ့ဘောဘိုးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ
  • အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး
  • သေ့ဘောဘိုးစခန်းကို ပူးပေါင်းတပ်များ တိုက်ခိုက်
  • ပအိုဝ်းအချင်းချင်း သတ်ဖြတ်မှုကို ပြုလုပ်မည်မဟုတ်ဟု PNLA ပြော
  • ကျောက်ဖြူတွင် စစ်ကောင်စီတပ်မှ လက်နက်ချ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း ၆၀ အထိ ရှိလာ
  • ယူကရိန်းဒရုန်းစစ်ဆင်ရေးအတွင်း ရုရှားတိုက်လေယာဥ် ၄၀ ကျော် ပျက်စီး
  • စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ကူပေးနေသည့် မြို့စောင့်တပ်ကို ပူးပေါင်းတပ်ဖွဲ့ လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်
  • မဟာမိတ်တပ်များနှင့် ပူးပေါင်းကာ စစ်ရေးလှုပ်ရှားနေဟု ရန်ကုန်တိုင်း၏ ပထမဆုံး တပ်ရင်း ၅၁၀၁ထုတ်ပြန်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ရှမ်းမြောက် ရေအားလျှပ်စစ်စီမံကိန်းများ ရပ်တန့်ပေးရန် တောင်းဆို
နေ့စဉ်သတင်း

ရှမ်းမြောက် ရေအားလျှပ်စစ်စီမံကိန်းများ ရပ်တန့်ပေးရန် တောင်းဆို

thanlwinkhetBy thanlwinkhetApril 26, 2023No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ယမင်းဖူးပွင့်အောင်

ဧပြီ ၂၆၊ ၂၀၂၃။

ရှမ်းပြည်နယ် မြောက်ပိုင်းက  စစ်ကောင်စီ၏ ရေအားလျှပ်စစ်စီမံကိန်း ရပ်တန့်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများက ယမန်နေ့က အိတ်ဖွင့်စာပေးပို့ တောင်းဆိုထားသည်။

သက်ဆိုင်ရာ လူမျိုးစုလက်နက်ကိုင် ရှမ်း တော်လှန်ရေးတပ်ဖွဲ့များနှင့် ရှမ်း နိုင်ငံရေးပါတီများထံပေးပို့တောင်းဆိုထားခြင်း ဖြစ်သည်။

ဒုဌဝတီမြစ်ပေါ်တွင် တည်ဆောက်နေသည့် အထက်ရဲရွာရေအားလျှပ်စစ်၊ နမ္မတူရေအားလျှပ်စစ်စီမံကိန်းတို့အပါအဝင် တည်ဆောက်ရန် ကျန်ရှိနေသေးသည့် အလယ်ရဲရွာရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှုများရပ်တန့်သွားစေရန် မည်သည့်နည်းနှင့်မဆို တားဆီး ကူညီဆောင်ရွက်ပေးပါရန် တောင်းဆိုသည်ဟု အိတ်ဖွင့်စာတွင်ပါရှိသည်။

ရှမ်းပြည်နယ် အရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဗင်ဒါက “အဓိကက တိုင်းရင်းသားလက်နက်ကိုင်တွေ‌ဆိုတာက ပြည်သူတွေကိုကာကွယ်ဖို့ သူတို့ရဲ့ရည်ရွယ်ချက်ထဲမှာပါမယ်လို့ ယုံကြည်ပါတယ်။သူတို့အနေနဲ့ ကူညီပေးနိုင်ပါစေလို့ အသိပေးတဲ့‌အနေနဲ့ပေးဖြစ်တာပါ” ဟု သံလွင်ခက်ကိုပြောသည်။

ကျေးရွာအုပ်စု ၁၁ စုခန့် ရေနစ်မြုပ်နိုင်သဖြင့်  စီမံကိန်းရပ်တန့်စေရန် တားဆီးကူညီစေလိုသည်ဟု  လည်း အိတ်ဖွင့်စာတွင် ထည့်သွင်း ဖော်ပြထားသည်။

Global Shan Network၊ Tai Youth Yangon၊ Tai Youth Community South Korea၊ Tai Youths Network Japan၊Tai Youth Htong Mao၊ Tai Students’ Union၊ Namtu River Protectors၊  Progressive Youth  Network Hsipa၊Kyun Ta Htaung Myae Foundation၊  Shan Youth WingMaw၊ Shan Community in Japan၊Tai Community (Canada)၊Tai Youth Laikha စသည့် အဖွဲ့အစည်း ၁၃ ခုပူးပေါင်း၍ အိတ်ဖွင့်စာပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းများကြောင့် သီပေါမြို့နယ်ရှိ သမိုင်းဝင် ဘော်ကြိုဘုရားကြီး အပါအဝင် ကျေးရွာအုပ်စု ၁၁ စုနှင့်နမ့်ဆန်မြို့နယ်မှ လီလုကျေးရွာတို့ ရေအောက်သို့ နစ်မြုပ်ကာ ဒေသခံပြည်သူသောင်းချီ၏လူမှုဘ၀များကို ကိုထိခိုက်စေနိုင်သည်ဟု ဒေသခံများကပြောသည်။

ထို့ပြင် ရှမ်းပြည်အတွင်းရှိ မြစ်များပေါ်တွင် ဧရာမရေကာတာကြီး ဆယ်ခုရှိနှင့်နေပြီး အဆိုပါရေကာတာများမှထုတ်လုပ်သောလျှပ်စစ်သည် မြန်မာပြည်ရေအားလျှပ်စစ်ထုတ်လုပ်မှု၏ ထက်ဝက်ကျော်ပမာဏရှိသော်လည်းရှမ်းပြည်ရှိ ဒေသအများအပြားတွင် လျှပ်စစ်မီးကို ယခုထက်တိုင် မရရှိသေးဟု ဒေသခံတစ်ဦးကပြောသည်။

“ဘယ်တုန်းကမှတော့ အစိုးရဘက်က ပြည်သူတွေရဲ့အသံကိုနားထောင်ခဲ့တာမျိူးမရှိဘူး။ နိုင်ငံတကာ ကုမ္ပဏီတွေကိုတောင်းဆိုတဲ့အခါမှာတစ်ချို့ကတော့ နှုတ်ထွက်တာမျိုးတွေရှိတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၈  ခုနှစ်ကတည်းကစတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပြည်သူများကသိရှိကာသက်ဆိုင်ရာအစိုးရကို ဆန္ဒပြကန့်ကွက်ခဲ့ဖူးသည်။

ပုံစာ– အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမြင်ကွင်း။

Photo -Crd

*****************

အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။

Telegram – > https://t.me/newstlk/822

YouTube -> https://youtu.be/zxRTM_OZtf4

Website -> https://thanlwinkhet.net/?p=3830

Website ->https://eng.thanlwinkhet.net

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleလေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၃၀၀ နီးပါးပျက်စီး
Next Article မတူပီတွင် ကြိုးတံတားတစ်စင်းအား ပြည်သူများနှင့် ပူးပေါင်းဆောက်လုပ်
thanlwinkhet
  • Website

Related Posts

ဆန်ဝယ်ယူမယ့် မလေးရှားတောင်းဆိုချက် အင်ဒိုနီးရှားပယ်ချ

May 2, 2025

မြန်မာနိုင်ငံမှာ တရုတ်လုံခြုံရေးကုမ္ပဏီများ စတင်အခြေစိုက်

March 22, 2025

တစ်လအတွင်း ပြည်ပနိုင်ငံတွင် ဖမ်းဆီးခံရသူ တစ်ထောင်ကျော်ရှိ

March 8, 2025

Leave A Reply Cancel Reply

Recent Posts

  • သေ့ဘောဘိုးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ
  • အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး
  • သေ့ဘောဘိုးစခန်းကို ပူးပေါင်းတပ်များ တိုက်ခိုက်
  • ပအိုဝ်းအချင်းချင်း သတ်ဖြတ်မှုကို ပြုလုပ်မည်မဟုတ်ဟု PNLA ပြော
  • ကျောက်ဖြူတွင် စစ်ကောင်စီတပ်မှ လက်နက်ချ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း ၆၀ အထိ ရှိလာ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

သေ့ဘောဘိုးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ

အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး

သေ့ဘောဘိုးစခန်းကို ပူးပေါင်းတပ်များ တိုက်ခိုက်

ပအိုဝ်းအချင်းချင်း သတ်ဖြတ်မှုကို ပြုလုပ်မည်မဟုတ်ဟု PNLA ပြော

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

သေ့ဘောဘိုးတိုက်ပွဲ စစ်ကောင်စီ လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေ

June 3, 2025

အဆိုတော်ချမ်းချမ်းရဲ့ အွန်လိုင်းကုန်ပစ္စည်းတင်သွင်းရောင်းချသူတွေကို စစ်ကောင်စီဖမ်းဆီး

June 3, 2025

သေ့ဘောဘိုးစခန်းကို ပူးပေါင်းတပ်များ တိုက်ခိုက်

June 3, 2025

ပအိုဝ်းအချင်းချင်း သတ်ဖြတ်မှုကို ပြုလုပ်မည်မဟုတ်ဟု PNLA ပြော

June 2, 2025

ကျောက်ဖြူတွင် စစ်ကောင်စီတပ်မှ လက်နက်ချ အလင်းဝင်လာသူနှင့် စစ်သုံ့ပန်း ၆၀ အထိ ရှိလာ

June 2, 2025

ယူကရိန်းဒရုန်းစစ်ဆင်ရေးအတွင်း ရုရှားတိုက်လေယာဥ် ၄၀ ကျော် ပျက်စီး

June 2, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.