Saw Smith
ဧပြီ ၁၀ ၊ ၂၀၂၃ ။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဝေဘူလမြို့ပေါ်ကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၉ ဦးသေဆုံးသည်ဟု ဒေသခံများထံမှသိရသည်။
ယနေ့ ဧပြီလ ၁၀ရက် နံနက် ၁၁နာရီဝန်းကျင်တွင်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာတိုက်လေယာဥ်ဖြင့် ဝေဘူလမြို့ပေါ်ကို ဗုံးနှစ်လုံးကျဲချခဲ့သည်။
” ၉ ယောက်ဆုံးတယ်။ မြို့ထဲမှာအလောင်း ၈ လောင်း။ တစ်ဦးက ဆေးရုံရောက်ပြီးမှဆုံးတာ။ ဒဏ်ရာရ ၃ ဦးမှာတစ်ဦးက ပြင်းထန်တယ် “ဟု CNDF ပြောရေးဆိုခွင့်ရှိသူ လိုင်းကျုံးငိုင်းကပြောသည်။
စစ်ကောင်စီတပ်လေကြောင်းမှဗုံးကြဲမှုသည် ဝေဘူလမြို့ စာသင်ကျောင်းနှင့်ဘောလုံးကွင်းနေရာများကိုဖြစ်ပြီးသေဆုံးများတွင် ကျောင်းအုပ် ယဆရာကြီး ထောင်းဇာအုပ်တို့ ဇနီးမောင်နှံပါဝင်သည်ဟု ဒေသခံသတင်းများကဖော်ပြထားသည်။
ကျောင်းဝန်းအတွင်းသို့ ဗုံးကြဲတိုက်ခိုက်မှုတွင် ဝန်ထမ်းအိမ်ယာ ၂ လုံးနှင့် လူနေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဝေဘူလမြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊နတ်ချောင်းကျေးရွာမှ ၁၀မိုင်လောက်ဝေးသော ကလေး–နတ်ချောင်း– ဖလမ်း လမ်းမပေါ်တွင်တည်ရှိသော မြို့ငယ်လေးဖြစ်ပြီး ပြီးခဲသည့် နှစ် အတွင်းတွင် လည်း စစ်ကောင်စီများစစ်ကြောင်း များက ဝေဘူလမြို့ ကို ၃ ကြိမ်လောက် စစ်ကြောင်းထိုးခဲ့သည်ဟု ဒေသခံသတင်း The Rihli Voice ကဖော်ပြထားသည်။
ယနေ့နံနက်အစောပိုင်းတွင် ဖလမ်းမြို့နယ်အတွင်းရှိ ဗာရ်းစစ်ကောင်စီစခန်းကို CNDF က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ဗာရ်းကျေးရွာနှင့် ကြောင်ဟဲကျေးရွာတစ်ဝိုက်ကို လေကြောင်းမှ ၆ ကြိမ်ထက်မနည်း ဗုံကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ပုံစာ–ဝေဘူလမြို့ဗုံးကြဲခံရမှုတွင် သေဆုံးသွားသည့် ကျောင်းအုပ်ဆရာကြီး ဇနီးမောင်နှံ။
ဓာတ်ပုံ-The Rihli Voice
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.net/?p=3462
Website ->https://eng.thanlwinkhet.net