• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို
  • ဂေါ်ရခါးလူမျိုး ၈၄ ဦးအား TNLA ပြန်လွှတ်ပေး
  • မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ကလေးငယ်များ အပါ ၁၀ ဦးထက်မနည်း သေဆုံး
  • သံမဏိစက်ရုံတွင် တပ်စွဲထားသည့် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး သေဆုံး
  • ချင်းမိုင်တွင် မူးယစ်ဆေးပြား ခြောက်သိန်း ဖမ်းမိ
  • တောင်ကုတ်နှင့် မအီကို စစ်ကောင်စီ ဗုံးကြဲ
  • ကန့်ဘလူတွင် စစ်မှုမထမ်းလိုသူများ အုပ်ချုပ်ရေးမှူးအား လာဘ်ထိုးနေရ
  • မြေလတ်ဒေသက ပျူစောထီးများ ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်နေ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နေ့စဉ်သတင်း»ကရင်နီတွင် စစ်ကောင်စီကြောင့် အရပ်သားနှင့်စစ်ရှောင် ၄၄၇ ဦးသေဆုံး
နေ့စဉ်သတင်း

ကရင်နီတွင် စစ်ကောင်စီကြောင့် အရပ်သားနှင့်စစ်ရှောင် ၄၄၇ ဦးသေဆုံး

thanlwinkhetBy thanlwinkhetApril 1, 2023No Comments2 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

“ပြည်တွင်းရေးမဟုတ်ဘဲ လူသားတစ်ရပ်လုံးရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ပြစ်မှုကျူးလွန်နေတာဖြစ်တယ် “

Saw Smith

ဧပြီ ၁ ၊ ၂၀၂၃ ။

လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှတိုက်ခိုက်မှုများအပါအဝင် ကရင်နီပြည်တွင် စစ်ကောင်စီတပ်များကြောင့်အရပ်သားနှင့်စစ်ဘေးရှောင် ၄၄၇ ဦးအသက်ဆုံးရှုံးထားသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များထံမှ သိရသည်။

ကရင်နီပြည်နယ်အတွင်း၌ စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးအချိုးဖောက်ခံရမှုများနှင့်ပတ်သက်ပြီး လစဉ်အချက်အလက်များထုတ်ပြန်နေသည့် တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF၏ဖော်ပြချက်အရအာဏာသိမ်းစ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ခုနှစ် ၊ မတ်လ ၃၁ ရက်အထိ အရပ်သား ပြည်သူသတ်ဖြတ်ခံရသူ ၃၁၃ ဦးနှင့်စစ်ရှောင် သေဆုံးသူ  ၁၃၄ ဦးရှိပြီးဟုဆိုသည်။

ပြီးခဲ့သောမတ်လ၈ရက်မှစ၍ စစ်ကောင်စီက စစ်ကြောင်း ၁၂ ကြောင်း အင်အားနှစ်ထောင်ဝန်းကျင်ဖြင့် ထိုးစစ်ဆင်နေသည်။ ထို့ပြင် မြို့နယ်အသီးသီးရှိအထိုင်တပ်များမှ လက်နက်ကြီးများပစ်ခတ်မှုများ၊ လေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်နေသည်။

ထို့ကြောင့် စစ်ဘေးရှောင်များ ထွက်ပြေးရှောင်တိမ်းနေရသည်မှာ ဘေးလွတ်ရာမြေမရှိတော့ဟု စစ်ဘေးရှောင်များကိုကူညီပေးနေသည့် နွေဦးဂရုလေးများအဖွဲ့တာဝန်ခံက သံလွင်ခက်ကိုပြောသည်။

စစ်ကောင်စီ၏မြေပြင်၊ဝေဟင်ထိုးစစ်များနှင့်တိုက်ပွဲပြင်းထန်နေမှုများကြောင့် ကရင်နီပြည်တွင် စစ်ဘေးရှောင်နှစ်သိန်းခွဲဝန်းကျင်အထိတိုးလာသည်။ စစ်ဘေးရှောင်များသည် လုံခြုံစိတ်ချရသည့်နေရာ၊ ဆေးဝါး၊အစားအသောက်နှင့် အမိုး၊အကာများ အရေးပေါ်လိုအပ်နေသည်ဟု ကရင်နီလူ့အခွင့်ရေးဒါရိုက်တာဦးဗညားကပြောသည်။

ကရင်နီစစ်ဘေးရှောင်များ အရေးပေါ်အကူအညီလိုအပ်သည့်အခြေအနေတွင် လေကြောင်းမှတိုက်မှုနှင့်နေ့စဥ်လက်နက်ကြီးများပစ်ခတ်မှုများကြောင့် လုံခြုံစိတ်ချရသည့်နေရာ မရှိတော့သဖြင့် နိုင်ငံတကာမှ စစ်ကောင်စီကိုထိရောက်သည့်အရေးယူမှုများ အမြန်ဆုံးလုပ်ရန်လိုအပ်နေပြီဟု ၎င်းကပြောသည်။

” ဒီမြန်မာနိုင်ငံရဲ့ အခင်းအကျဥ်းဟာ ပြည်တွင်းရေးတစ်ခုလိုပဲမမြင်ဖို့ လိုအပ်လာပါပြီ။ ပြည်တွင်းရေးမဟုတ်ဘဲလူသားတစ်ရပ်လုံးရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတဲ့ပြစ်မှုကျူးလွန်နေတာ ဖြစ်တယ် ။ အဲ့ဒါကြောင့်လူသားတစ်ရပ်ကို မျက်လုံးနဲ့ကြည့်ပြီးတော့ စစ်ကောင်စီကို အမြန်ဆုံးချုပ်ငြိမ်းအောင် အရေးယူဖို့ ပိတ်ဆို့မှုတွေလုပ်ဖို့တောင်းဆိုချင်ပါတယ် “ဟု ဦးဗညားကပြောသည်။

လက်နက်ကြီးထိမှန်မှုနှင့်လေကြောင်းမှဗုံးကြဲမှုများကြောင့် ပြည်သူများမကြာခဏ ထိခိုက်သေဆုံးမှုများရှိနေသည့်ကရင်နီပြည်တွင် ပြီးခဲ့သော မတ်လ၌ အရပ်သားနှင့်စစ်ဘေးရှောင် ၈ဦးအသက်ဆုံးရှုံးခဲ့ရသည်။ ဘောလခဲမြို့နယ်တွင် သစ်လုပ်ငန်းလုပ်နေသော လုပ်ငန်းခွင်တစ်ခုဗုံးကြဲခံရ၍ အလုပ်သမား၃ ဦးသေဆုံးသည့်ဖြစ်စဥ်သည်ပြီးခဲ့သောမတ်လတွင် ကရင်နီပြည်၌ သေဆုံးမှုနှင့်ထိခိုက်မှုအများဆုံးဖြစ်ရပ်ဖြစ်သည်။

ပြီးခဲ့သော မတ်လအတွင်း၌ ကရင်နီပြည်နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၁၃ ကြိမ်အထိပြုလုပ်ခဲ့သည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPFက ဖော်ပြထားသည်။

” Save Zone တို့ No Fly Zone တို့ကတော့အမြဲတမ်းတောင်းဆိုနေကြဖြစ်တယ်။ ဒါပေမယ့်အခုချိန်ထိအရာမရောက်ဘူး။ ဒါကြောင့် နိုင်ငံတကာက လုပ်နိုင်တာကိုတောင်းဆိုချင်တာက လေယာဥ်ဆီတင်ပို့မှုကို တားမြစ် ဖို့လိုတယ်။ ရောင်းချနေတဲ့ကုမ္ပဏီတွေကို ပိတ်ဆို့၊ ဒဏ်ခတ်ဖို့အရေးကြီးတယ် “ဟု ဦးဗညားကပြောသည်။

ကရင်နီပြည်တွင် အရပ်သားပြည်သူများ အသက်ဆုံးရှုံးနေရမှုများအတွက် နိုင်ငံတကာမှ ကူညီမှုများကိုမရရှိသည့်အပြင် စစ်ဘေးရှောင်များ အရေးပေါ်လိုအပ်နေသည့် အခြေခံ ပစ္စည်းများအတွက်ကိုပင် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ထောက်ပံ့မှုများကို မရရှိသေးပေ။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFPမှ ထောက်ပံ့မှုများကို စစ်ကောင်စီက ထိန်းချုပ်ထားသည့်အတွက် ကရင်နီပြည်၌လွိုင်ကော်မြို့ပေါ်ရှိစစ်ရှောင်ဦးရေ ရာဂဏန်းမျှသာ အကူအညီရရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

” ကလော နဲ့အောင်ပန်းကြားမှာ WFP တံဆိပ်နဲ့တွဲကား ၁၀ စီးရပ်ထားပါတယ်။ တွဲကားတစ်စီးကို ဆန်အိတ် ၇၂၀တင်ဆောင်နိုင်ပါတယ် ။ ကလောနဲ့ အောင်ပန်းကြားမှာ လွိုင်ကော်လမ်းခွဲဂိတ်ရှိပါတယ်။အဲ့ဂိတ်က ပင်လောင်းမှာဆန်ဆိုင်ဖွင့်ထားတဲ့လူတောင် ဆန်သယ်ယူခွင့်မပေးပါဘူး “ဟု ဒေသခံကားသမားတစ်ဦးက သံလွင်ခက်ကိုပြောသည်။

ကရင်နီပြည်နယ်အတွင်းသို့ ကုန်စည်များစီးဆင်းရာ အဓိကလမ်းကြောင်းများကို စစ်ကောင်စီနှင့် PNOတို့က ဂိတ်များချ၍ စစ်ဆေးမှုများ၊ ကန့်သတ်ပိတ်ဆို့မှုများကိုပြုလုပ်နေသည်။ ဆန်အိတ်ကိုအရေအတွက်အနည်းငယ်သာသယ်ခွင့်ပေးပြီး တစ်အိတ်လျှင် ကျပ်၃၀၀၀ ပေးရသည်ဟု ၎င်းကပြောသည်။

ပြည်တွင်း၌ စစ်ကောင်စီက လမ်းကြောင်းများကို ပိတ်ဆို့ထားသည့်အပြင် မြန်မာ–ထိုင်းနယ်စပ်တို့မှ ရိက္ခာများသယ်ယူရန်အတွက် ထိုင်းဘက်ကလည်း ပိတ်ပင်မှုများရှိနေသောကြောင့် ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များအတွက် ရိက္ခာသယ်ယူရေးအတွက်ပင် အခက်အခဲဖြစ်နေသည်ဟု ကူညီပေးနေသူများထံမှသိရသည်။

ကရင်နီပြည်နယ်အတွင်း၌ အရပ်သားနှင့်စစ်ရှောင်များအသက်ဆုံးရှုံးနေမှုများတွင် အစားအသောက်ချို့တဲ့မှုနှင့်ဆေးဝါးရှားပါး၍ကျန်းမာရေးစောင့်ရှောက်မှုမပေးနိုင်သည့်အခြေအနေတို့ကြောင့် သေဆုံးသူများလည်းရှိနေသည်ဟု PKPFမှ တာဝန်ရှသူတစ်ဦးက သံလွင်ခက်ကိုပြောဆိုထားသည်။

ပုံစာ–ပြီးခဲ့သည့်မတ်လတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒီးမော့ဆိုအရှေ့ခြမ်းရှိ နေအိမ်များမီးလောင်ပျက်စီးမှု။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဘီလူးကွန်မန်ဒို စစ်ကြောင်း ၂ ရက်ဆက်တိုက် အတိုက်ခံရ
Next Article တော်လှန် ပုန်ကန် လူငယ့်မာန်
thanlwinkhet
  • Website

Related Posts

ရခိုင်တွင် ငါးပုစွန်ဝယ်ယူမှုလုပ်ငန်း ပြန်လည်ပတ်လာ

July 29, 2025

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးတစ်ပါး ဒဏ်ရ

July 22, 2025

နောင်ချိုမြို့အားလုံးနီးပါးကို စစ်ကောင်စီပြန်လည်ထိန်းချုပ်၊ တိုက်ပွဲများပြင်းထန်နေဆဲ

July 16, 2025

Leave A Reply Cancel Reply

Recent Posts

  • ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို
  • ဂေါ်ရခါးလူမျိုး ၈၄ ဦးအား TNLA ပြန်လွှတ်ပေး
  • မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ကလေးငယ်များ အပါ ၁၀ ဦးထက်မနည်း သေဆုံး
  • သံမဏိစက်ရုံတွင် တပ်စွဲထားသည့် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး သေဆုံး
  • ချင်းမိုင်တွင် မူးယစ်ဆေးပြား ခြောက်သိန်း ဖမ်းမိ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို

ဂေါ်ရခါးလူမျိုး ၈၄ ဦးအား TNLA ပြန်လွှတ်ပေး

မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ကလေးငယ်များ အပါ ၁၀ ဦးထက်မနည်း သေဆုံး

သံမဏိစက်ရုံတွင် တပ်စွဲထားသည့် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး သေဆုံး

ယခင်သတင်းများ

  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို

August 15, 2025

ဂေါ်ရခါးလူမျိုး ၈၄ ဦးအား TNLA ပြန်လွှတ်ပေး

August 15, 2025

မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ကလေးငယ်များ အပါ ၁၀ ဦးထက်မနည်း သေဆုံး

August 15, 2025

သံမဏိစက်ရုံတွင် တပ်စွဲထားသည့် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး သေဆုံး

August 14, 2025

ချင်းမိုင်တွင် မူးယစ်ဆေးပြား ခြောက်သိန်း ဖမ်းမိ

August 14, 2025

တောင်ကုတ်နှင့် မအီကို စစ်ကောင်စီ ဗုံးကြဲ

August 14, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.