နန်းဆုပန်ခန့်
မတ်လ ၂၄၊ ၂၀၂၃။
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်း၌ ၁၂ဘီး ကား ၅ စီးဖြင့်လာသောစစ်ကောင်စီတပ်ဖွဲ့အားဒေသကာကွယ်ရေးတပ်ဖွဲမှမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးသွားသည်ဟု Danger Force LPDF ကထုတ်ပြန်သည်။
မုံရွာ န.မ.ခ တပ်မှ အရာတော် စ.ခ.တ ၁၀ တပ် သို့သွားသောအဆိုပါစစ်ကောင်စီတပ်ယာဥ်တန်းကို ယမန်နေ့မတ်လ ၂၃ရက်၊ နံနက်၇နာရီခန့်တွင်တုံးတင်ကန်ကျေးရွာ နှင့် ကမ်းဖြူကျေးရွာအကြားတွင် ပဒေသာမိုင်း ၆ လုံး ၊လက်နက်ငယ် များဖြင့် ကိုက် ၅၀ အကွာအဝေးမှ တိုက်ခိုက်ခဲ့သည်။
ကြားဖြတ်တိုက်ခိုက်မှုကြောင့် ကား ၁ စီး ထိခိုက်ပျက်စီးခဲ့ပြီး ကားထဲရှိစစ်ကောင်စီတပ်သားများလည်းထိခိုက်သေဆုံးမှုရှိသည်ဟု ကင်းထောက်အဖွဲ့ထံမှသိရသည်ဟု Danger Force LPDF အဖွဲ့၏ထုတ်ပြန်ချက်တွင်ပါရှိသည်။
“လက်နက်ငယ်နဲ့ကြားဖြတ်တိုက်ခိုက်တာက ၃ကြိမ်၊ မိုင်းနဲ့တိုက်တာက အခါ ၅၀ ကျော်ပြီး၊ ပဒေသာမိုင်းနဲ့ဆွဲတာကတော့ဒါပထမဦးဆုံးအကြိမ်ပဲ”ဟု Danger Force LPDF မိုင်းတာဝန်ခံကပြောသည်။
ထိုစစ်ဆင်ရေးကို Danger Force LPDFနှင့်အတူလင်းယုန် တပ်ဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။