ယမင်းဖူးပွင့်အောင်
မတ် ၂၄၊ ၂၀၂၃။
မြို့ပြစစ်ဆင်ရေး(မစ်ရှင်)တစ်ခု ဆောင်ရွက်ထားသည့်နေရာတွင် ချစ်သူစုံတွဲရောက်ရှိလာသည့်အတွက်အဆိုပါလုပ်ငန်းဆောင်ရွက်မှုကို ဖျက်သိမ်းလိုက်ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့အင်အားစု Union of Myanmar Cvil Defence (UMCD) မြို့ပြပြောက်ကျားအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်(UG) များ မစ်ရှင်ပြုလုပ်သည့်အခါ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အရေးပါပြီး စစ်ကောင်စီထိန်းချုပ်ထားသည့် ရုံးဌာနဆိုင်ရာများနှင့်လုံခြုံရေးချထားသည့်နေရာများကို ရှောင်ရှားစေလိုသည်ဟု ၎င်းကဆက် ပြောသည်။
အလားတူဖြစ်ရပ်မျိုး များစွာရှိပြီး အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပြောဆိုလိုခြင်းမရှိဟု(UMCD)အဖွဲ့ဝင်တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်သူ့အင်အားစု Union of Myanmar Cvil Defence (UMCD) သည်ရန်ကုန်အပါအဝင်မြို့ကြီးများတွင် ပြောက်ကျားမစ်ရှင်များ ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။
စစ်ကောင်စီထိန်းချူပ်ထားသည့် မြို့ပြများတွင် မစ်ရှင်များဆောင်ရွက်သည့်အခါ ပြောက်ကျားတပ်ဖွဲ့ဝင်များ၏လုံခြုံရေးသည် အန္တရာယ်များပြီး ဖမ်းဆီးရမိပါက အလောင်းသာပြန်ရသည့်ဖြစ်စဉ်များလည်းရှိသည်ဟုပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“အန္တရာယ်ကြားထဲကလုပ်ရတဲ့အခါ ၊စစ်ကောင်စီကိုလည်းအာရုံစိုက်ရသလို ၊အရပ်သားပြည်သူတွေကရှိနေတဲ့အခါ ကျွန်တော်တို့ သည်အတိုင်းကြည့်နေရတယ်၊အဲ့တော့ စစ်ကောင်စီတပ်တွေ ထိန်းချုပ်ထားတဲ့နေရာတွေ သွားတာလာတာဂရုစိုက်စေချင်ပါတယ်” ဟု ၎င်းကပြောသည်။
UMCD ကို ၂၀၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ၂ နှစ်တာကာလအတွင်း ရန်ကုန်မြို့ပြကစစ်ရေးပစ်မှတ်များ၊ စစ်အုပ်ချုပ်ရေး ယန္တရားများအား တိုက်ခိုက်ဖောက်ခွဲခြင်း၊ စစ်ဘက်ဆိုင်ရာ ရန်သူ့သတင်းပေးများအား ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့သည်ဟု ယမန်နေ့က ထုတ်ပြန်ထားသည်။