ဆန္ဒပြပွဲများတွင်ပါဝင်ခဲ့သည် ဗကသအဖွဲ့ဝင် ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီက ထောင်ဒဏ် တသက်တကျွန်းအမိန့်ချမှတ်ခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ မြေပြင်လှုပ်ရှားမှုရေးရာတာဝန်ခံ ကိုကောင်းဆက်ပိုင်အား ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် မတ်လ ၂၂ ရက်နေ့တွင် ထောင်ဒဏ် တသက်တကျွန်း အမိန့်ချလိုက်ကြောင်း သိရသည်ဟု ဗကသများအဖွဲ့ချုပ်က ယမန်နေ့ညပိုင်းတွင် ဖော်ပြထားသည်။
အသက် ၂၀ နှစ်အရွယ်ရှိ ဗကသရဲဘော် ကိုကောင်းဆက်ပိုင်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် စစ်ကောင်စီတပ်ဖွဲ့များ၏ ဖမ်းဆီးခံခဲ့ရပြီး ၃လကျော်အကြာတွင် မတရားအမိန့် ချမှတ်ခံရခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်လည်း အထက (၁) မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဒုဥက္ကဌဖြစ်သူ ကိုဟိန်းထက် (ခ) ကိုပိုပိုကိုလည်း စစ်ကောင်စီက ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့သည်။
ဓာတ်ပုံ–ဗကသများအဖွဲ့ချုပ်