ကမ္ဘာ့အကောင်းဆုံး နိုင်ငံကူးလက်မှတ်အဖြစ် ဂျပန်နိုင်ငံပတ်စပို့စ် ငါးနှစ်ဆက်တိုက်ရပ်တည်၊ မြန်မာနိုင်ငံက အဆင့်၉၆မှာရပ်တည်
**********************
ဇန်နဝါရီ ၁၄၊ ၂၀၂၃။
၂၀၂၃ ခုနှစ်အတွက် အကောင်းဆုံး နိုင်ငံကူးလက်မှတ်ပိုင်ဆိုင်ထားသည့်နိုင်ငံအဖြစ် ဂျပန်နိုင်ငံက သတ်မှတ်ခံရပြီး မြန်မာနိုင်ငံက အဆင့် ၉၆ မှာသာ ရပ်တည်နိုင်ခဲ့သည်ဟု သိရသည်။
Hensley Passport Index အရ ကမ္ဘာ့အကောင်းဆုံး နိုင်ငံကူးလက်မှတ်များစာရင်းကို နှစ်စဉ်ထုတ်ပြန်လေ့ရှိပြီး ဂျပန်နိုင်ငံက အကောင်းဆုံးပတ်စပို့စ်အဖြစ် ငါးနှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံသည် ဗီဇာမလိုအပ်ဘဲ နိုင်ငံပေါင်း ၁၉၃ နိုင်ငံအထိ သွားရောက်လည်ပတ်ခွင့် ရနေခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်ရှိရုံဖြင့် ဗီဇာမပါဘဲ နိုင်ငံပေါင်း ၄၇ နိုင်ငံ သွားရောက် လည်ပတ်နိုင်ခွင့် ရှိနေကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံးသို့ ဗီဇာမပါဘဲ သွားရောက်ခွင့်ရနေခြင်းဖြစ်သည်။
၂၀၂၂ စာရင်းအရ မြန်မာသည် အဆင့် ၉၉ မှာရပ်တည်နေသည့်အတွက် အဆင့်နှစ်ဆင့် တက်လာခြင်း ဖြစ်သည်။
ကမ္ဘာ့အကောင်းဆုံး နိုင်ငံကူးလက်မှတ်များစာရင်းတွင် အာရှနိုင်ငံများဖြစ်သည့် ဂျပန်၊ စင်ကာပူနှင့် တောင်ကိုရီးယားနိုင်ငံများက ထိပ်ဆုံးသုံးနေရာတွင် ရပ်တည်နေသည်ကိုလည်း တွေ့ရသည်။
ဇန်နဝါရီလ ၂ ရက်နေ့မှစ၍ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးခြင်းကို ရက်အကန့်အသတ်မရှိဘဲ ပိတ်ထားကြောင်း မြန်မာတစ်နိုင်ငံလုံးရှိ လက်မှတ်ထုတ်ပေးရေးရုံးများက ကြေညာထားသည်။