• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်
  • ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့
  • လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ
  • “အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်
  • ရခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခ ၅ ဆခန့် မြင့်တက်လာ
  • ဖားအံထောင်မှ အကျဉ်းသား ၃၈ ဦးကို KNU လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်
  • နတ်မောက်အရှေ့ခြမ်း တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၈ ဦး သေဆုံး
  • မတ်လအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အမျိုးသမီး ၁၄၀ ကျော်ထိခိုက်သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»သတင်းမီဒီယာတွေ ဆက်ပြီး ရှင်သန်နိုင်ပါ့မလား. . . . . .?
ဆောင်းပါး

သတင်းမီဒီယာတွေ ဆက်ပြီး ရှင်သန်နိုင်ပါ့မလား. . . . . .?

thanlwinkhetBy thanlwinkhetMay 3, 2025No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်
ဒေါ်နယ်ထရမ့်က အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီ အားလုံးကို ရက် ၉၀ ဆိုင်းငံ့ထားမယ့် အမိန့်တစ်ရပ်ကို ဇန်နဝါရီ ၂၀ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
အမေရိကန်သမ္မတအဖြစ် ထရမ့်တာဝန်ယူပြီးနောက် အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီတွေကို ဆိုင်းမဆင့် ဗုံမဆင့် ရုတ်ခြည်း ဖြတ်တောက်လိုက်မှုကြောင့် နိုင်ငံပေါင်း ၃၀ ကျော်က လွတ်လပ်သော မီဒီယာတွေနဲ့ သတင်းလွတ်လပ်ခွင့်အတွက် ထောက်ပံ့မယ်လို့ ကတိကဝတ်ပြုထားတဲ့ ထောက်ပံ့ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၆၈ သန်းဝန်းကျင် ရပ်တန့်သွားခဲ့တယ်လို့ Global Investigative Journalism Network ရဲ့ အဆိုအရ သိရပါတယ်။
အဲဒီလို ဖြတ်တောက်မှုတွေထဲမှာ မြန်မာနိုင်ငံလိုစစ်အာဏာရှင်တွေနဲ့ အခြားသော အစိုးရအသီးသီးတွေရဲ့ အပြင်းအထန် ဖိနှိပ်မှုကို ခံနေရတဲ့ နိုင်ငံတွေလည်း ပါဝင်ပါတယ်။ နောက်ဆက်တွဲအဖြစ် VOA၊ RFA နဲ့ အခြားသော ကမ္ဘာ့ထိပ်တန်းမီဒီယာတွေကိုလည်း ထရမ့်က အကူအညီတွေ ဖြတ်တောက်ပစ်ခဲ့ပါတယ်။ (အမေရိကန်သတင်းဌာနတွေ ဖြစ်တဲ့ VOA နဲ့ RFA ကို မူလအတိုင်း ပြန်ပြီး လည်ပတ်ဖို့ တရားရုံးက အမိန့်ချထားပါတယ်)
ထရမ့်ရဲ့ ရန်ပုံငွေ ဖြတ်တောက်တာက ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက် တစ်ခုတည်းအတွက်သာမကဘဲ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်အတွက် ကြိုးပမ်းမှုတွေကနေလည်း ဗျူဟာမြောက်ဆုတ်ခွာခြင်း ဖြစ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဥရောပအစိုးရတွေရဲ့ ဦးစားပေးမူဝါဒအပြောင်းအလဲတွေကြောင့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အကျပ်အတည်းက ပိုပြီး ဆိုးရွားလာခဲ့ပါတယ်။ နောက်ပြီး ရုရှား – ယူကရိန်းပဋိပက္ခတွေနဲ့ အခြားသော ပထဝီ နိုင်ငံရေးဆိုင်ရာ အချက်အလက်တွေကြားမှာ နိုင်ငံအများအပြားက မိမိကိုယ်မိမိ ခုခံကာကွယ်ရေးဆီ ဦးတည်သွားကြပါတော့တယ်။
လက်ရှိအချိန်မှာတော့ ထရမ့်အစိုးရရဲ့ ရန်ပုံငွေဖြတ်တောက်မှုရဲ့ အကျိုးသက်ရောက်မှုတွေကို မီဒီယာတွေတင် မဟုတ်ဘဲ အခြားသော အဖွဲ့အစည်းတွေအနေနဲ့လည်း ခံစားခဲ့ရပြီး ဖြစ်ပါတယ်။ အပတ်စဉ် လူပေါင်း ၃၆၁ သန်း ဝင်ရောက်ကြည့်ရှုလေ့ရှိခဲ့တဲ့ VOA နဲ့ RFA ဆိုရင်လည်း ထုတ်လွှင့်နေကျ သတင်းဖော်ပြမှု အစီအစဉ်တွေကို လျှော့ချခဲ့ရပြီး ဝန်ထမ်းအများစုကို အလုပ်က ထုတ်ပစ်ခဲ့ရပါတယ်။ အမေရိကန်သတင်းဌာနတွေဖြစ်ကြတဲ့ VOA နဲ့ RFA ကို မူလအတိုင်း ပြန်ပြီး လည်ပတ်ဖို့ တရားရုံးက ဆုံးဖြတ်ချက်ချထားပေမယ့် အစိုးရရှေ့နေတွေဘက်က အယူခံဝင်ပြီး အမှုကို အချိန်ဆွဲထားနိုင်ဖွယ်ရှိတယ်လို့ VOA မြန်မာပိုင်းဌာနရဲ့ ဝန်ထမ်း တစ်ယောက်က ပြောပါတယ်။
VOA နဲ့ RFA ဟာ ဂလိုဘယ်မီဒီယာအစိုးရအေဂျင်စီ – USAGM (United State Agency for Global Media) လက်အောက်က သတင်းဌာနတွေအဖြစ် ဆယ်စုနှစ်များစွာကြာ လည်ပတ်ခဲ့ပြီး ပြည်သူတွေအပေါ် နည်းလမ်းအမျိုးမျိုးနဲ့ ဖိနှိပ်ချုပ်ချယ်လေ့ရှိတဲ့ ကမ္ဘာအရပ်ရပ်က အစိုးရတွေအကြောင်းနဲ့ ဘေးဖယ်ခံထားရတဲ့ ကမ္ဘာအရပ်ရပ်က လူမှုအဖွဲ့အစည်းတွေရဲ့ အကြောင်းကို ဘာသာစကားမျိုးစုံနဲ့ တင်ဆက်ပေးနေတဲ့ သတင်း ဌာနတွေ ဖြစ်ကြပါတယ်။ (USAGM ဟာ VOA နဲ့ RFA အပါအဝင် အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ထားတဲ့ နိုင်ငံတကာသတင်းမီဒီယာ ၅ ခုရဲ့ မိခင်အဖွဲ့အစည်းလည်း ဖြစ်ပါတယ်) VOA နဲ့ RFA တို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ အဆုံးသတ်သွားအောင် ဒါမှမဟုတ် နယ်ပယ်သေးငယ်ကျဉ်းမြောင်းသွားအောင် ထရမ့်အစိုးရ ဆောင်ရွက်ခဲ့ခြင်းက (အထူးသဖြင့်) အမှီအခိုကင်းတဲ့ ဂျာနယ်လစ်ဇင်တွေအပေါ် ပံ့ပိုးမှု ကျဆင်းနေချိန်မှာ ကမ္ဘာ့သတင်းရယူခွင့်အပေါ် အဟန့်အတားဖြစ်စေခဲ့နိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ လွတ်လပ်သော မီဒီယာတွေဆိုရင်လည်း ထရမ့်ပုံဖော်ခဲ့တဲ့ လမ်းကြောင်းရဲ့ သားကောင် ဖြစ်ခဲ့ရပါတယ်။ အရင်စစ်အစိုးရလက်ထက်တွေမှာ ပုံစံမျိုးစုံနဲ့ ဖိနှိပ်ချုပ်ချယ်ခံခဲ့ရတဲ့ မြန်မာ့သတင်း လွတ်လပ်ခွင့်က ၂၀၁၁ ခုနှစ်နောက်ပိုင်း အရပ်သားတစ်ပိုင်း အစိုးရလက်ထက်တွေမှာ တိုးတက်မှုတွေ ရှိလာခဲ့ပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုက ခိုင်မာအားကောင်းစ ပြုနေတဲ့ သတင်းလွတ်လပ်ခွင့်ဆီ ဦးတည်နေတဲ့လမ်းကြောင်းကို ပျက်စီးစေခဲ့ပါတယ်။
စင်စစ်တော့လည်း မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေဟာ စစ်အစိုးရရဲ့ သတင်းလွတ်လပ်ခွင့်အပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ရင်းနှီးပြီးသားဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းက လူသန်း ၂၀ လောက် ပုံမှန် ကြည့်ရှုလေ့ရှိကြတဲ့ ဧရာဝတီ၊ မဇ္ဈိမ၊ DVB၊ Myanmar Now နဲ့ BNI တို့လို အမှီအခိုကင်းတဲ့ သတင်းဌာနတွေဟာ သူတို့ရဲ့ သတင်းတင်ဆက်မှုတွေကို ပြည်တွင်းနဲ့ ပြည်ပတွေကနေ ဆယ်စုနှစ်များစွာ ကြာအောင် တင်ဆက်ခဲ့ကြပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သတင်းဌာနတွေရဲ့ ရုံးခန်းတွေကို ဝင်ရောက် စီးနင်းတာ၊ လိုင်စင်ရုတ်သိမ်းတာနဲ့ ဂျာနယ်လစ်တွေကို ဖမ်းဆီးတာတွေ ဆောင်ရွက်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ရမ်းကားမှုတွေက ဂျာနယ်လစ်တွေကို ပြည်ပနိုင်ငံတွေဆီ နောက်ထပ်တစ်ဖန် ထွက်ပြေးဖို့ ဖိအား ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံက သတင်းသမားအများစုဟာ ကိုယ့်လုံခြုံရေးနဲ့ သတင်းတွေ ဆက်ပြီး တင်ဆက်နိုင်ဖို့အတွက် ပြည်ပနိုင်ငံတွေဆီ ထပ်မံထွက်ပြေးခဲ့ရပြန်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြည်နှင်ဒဏ်ပေးပြီး သတင်းလုပ်ငန်း ဆက်ပြီး လည်ပတ်နိုင်ဖို့အတွက် နိုင်ငံတကာအလှူရှင်တွေအပေါ် မှီခိုအားထားနေရတဲ့ သတင်းအဖွဲ့အစည်းတွေဟာ အမေရိကန်အစိုးရက အကူအညီတွေ ရပ်ဆိုင်းထားတာကြောင့် များစွာ ထိခိုက်နစ်နာနေကြရပါတယ်။
အခုလို အမေရိကန်ရဲ့ အကူအညီ ရပ်ဆိုင်းထားမှုကြောင့် အဓိကကျတဲ့ သတင်းတိုက်တွေအနေနဲ့ ဘတ်ဂျတ် ၃၀ – ၃၅ ရာခိုင်နှုန်းအထိ ဆုံးရှုံးခဲ့ရပါတယ်။ တချို့သော သတင်းတိုက်တွေကတော့ ဒီဆုံးရှုံးမှုတွေကို အစားထိုးနိုင်ဖို့ နောက်ထပ်ဝင်ငွေရင်းမြစ်တွေဆီကနေ ဘတ်ဂျက်စီးဆင်းလာအောင် ကြိုးစားထားနိုင်ကြတယ်ဆိုပေမယ့် မြန်မာ့သတင်းမီဒီယာတွေအပေါ် ငွေကြေးပိုင်း ဖိစီးမှုတွေက ပိုပြီး ဆိုးရွားလာနေပါတယ်။ ဖေဖော်ဝါရီလ အကုန်မှာတော့ နောက်ထပ်မီဒီယာ ၁၀ ခုထက်မနည်းက ပိတ်သိမ်းရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေကြရပြီး တစ်ချိန်က အဖွဲ့ဝင် ၉ ဦးရှိခဲ့တဲ့ မီဒီယာလုပ်ငန်းတစ်ခုဟာ လက်ရှိအချိန်မှာတော့ ၉ ဦးထဲကနေ ၃ ဦး ဆုံးရှုံးခဲ့ရပါတယ်။ မြန်မာ့မီဒီယာပရော်ဖက်ရှင်နယ် ၂၀၀ ကျော် ထိခိုက်ခဲ့ရပြီး အနည်းဆုံး ထက်ဝက်ဝန်းကျင်က အလုပ်ထုတ်ပယ်တာတွေနဲ့ ရင်ဆိုင်နေရသလို တချို့ကတော့လည်း လစာလျှော့ခံခဲ့ရပါတယ်။
ချင်းနဲ့ ကရင်လို လူမှုအဖွဲ့အစည်းတွေကို ပစ်မှတ်ထားတဲ့ တိုင်းရင်းသားသတင်းဌာနတွေဆိုရင်လည်း အမေရိကန်ရဲ့ ကူညီပံ့ပိုးမှုတွေအပေါ်ကို အပြည့်အဝ မှီခိုနေရတဲ့အတွက် ထရမ့်အစိုးရရဲ့ အကူအညီ ဖြတ်တောက်မှုတွေကြောင့် လုံးဝပိတ်သိမ်းပစ်ရတော့မယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ တိုင်းရင်းသား မီဒီယာတွေအပေါ် သက်ရောက်မှုက တိုင်းရင်းသားအသိုက်အဝန်းအတွက် သတင်းအချက်အလက်ရရှိမှုနဲ့ ကိုယ်စားပြုမှုဆိုင်ရာ ကွာဟချက်ကို ပိုပြီး ကြီးမားစေနိုင်ပါတယ်။
ဖော်ပြခဲ့သလို အမေရိကန်အစိုးရရဲ့ နိုင်ငံခြားအကူအညီ ရပ်ဆိုင်းမှုတွေကြောင့် ပြည်ပရောက် မြန်မာ မီဒီယာတွေဟာ ဘဏ္ဏာရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေကြရပေမယ့် ပြည်ပအခြေစိုက်မီဒီယာတွေဟာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်စွမ်းရှိကြောင်း တွေ့ရပါတယ်။ ရန်ပုံငွေဖြတ်တောက်မှုကြောင့် ရုန်းကန်နေရတဲ့ မြန်မာ သတင်းသမားတွေကို လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီက အရေးပေါ်ထောက်ပံ့မှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာလည်း ရုန်းကန်နေရတဲ့ သတင်းသမားတွေ ကာမိအောင်အတွက် မရှိမဖြစ် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ လူမှုစရိတ်အချို့ ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း တစ်လကို ဘတ် ၁ သန်း (အမေရိကန်ဒေါ်လာ ၂၉,၀၀၀) လိုအပ်တဲ့အတွက် ရေရှည်ရပ်တည်ဖို့အတွက် ပိုပြီး ခက်ခဲတဲ့ ပမာဏ ဖြစ်နေပြန်ပါတယ်။ ပြည်ပရောက် လွတ်လပ်တဲ့ မြန်မာမီဒီယာတွေကို အမြန်ဆုံး မကယ်တင်နိုင်ဘူးဆိုရင်တော့ စစ်ကောင်စီ ကျောထောက်နောက်ခံပြုထားတဲ့ မီဒီယာတွေကနေတဆင့် သတင်းစီးဆင်းမှုတွေကို စစ်ကောင်စီက လက်ဝါးကြီးအုပ်သွားနိုင်ပြီး မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ လဲပြိုသွားနိုင်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေကို ပြန်ပြီး တုံ့ပြန်တဲ့အနေနဲ့ မီဒီယာအဖွဲ့အစည်းတွေဟာ အမေရိကန်နဲ့ ဥရောပအစိုးရတွေရဲ့ရန်ပုံငွေအပေါ် မှီခိုနေရမှုတွေကို လျှော့ချနိုင်ဖို့အတွက် အစားထိုးနိုင်မယ့် အခြားနည်းဗျူဟာတွေ ရှာဖွေနေပါတယ်။ အစားထိုးမယ့် နည်းလမ်းတွေထဲမှာ မိတ်ဖက်အဖွဲ့အစည်းသစ်ရှာဖွေခြင်းကနေ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေကနေ ငွေရှာဖွေခြင်းအထိ ပါဝင်ပါတယ်။ ကတိကဝတ်တွေအပေါ် မှီခိုနေရတဲ့ ဒီဖြေရှင်းနည်းတွေက ဖွံ့ဖြိုးတိုးတက်ဖို့ အချိန်များစွာ လိုအပ်မှာဖြစ်သလို ဆုံးရှုံးသွားတဲ့ အမေရိကန်ရဲ့ အကူအညီတွေကို အပြည့်အဝ အစားထိုးနိုင်ဖို့တော့ မလွယ်ကူပါဘူး။
အမှီအခိုကင်းတဲ့ ဂျာနယ်လစ်ဇင်အတွက် ငွေကြေးအထောက်အပံ့ကို ရုတ်သိမ်းလိုက်ခြင်းက သတင်းလွတ်လပ်ခွင့်ကို ကာကွယ်သူအဖြစ် တစ်ကမ္ဘာလုံးက ယုံကြည်ခဲ့တဲ့ ဝါရှင်တန်အပေါ် ယုံကြည် ကိုးစားမှုမှန်သမျှကို ပျက်စီးစေနိုင်မယ့် အန္တရာယ်ရှိနေပါတယ်။ အမေရိကန်ရဲ့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ပြည်ပအခြေစိုက်မီဒီယာ အဖွဲ့အစည်းတွေအပေါ် အကူအညီဖြတ်တောက်ခြင်းက “အမှီအခိုကင်းတဲ့ သတင်းစာပညာရှင်သန်ရေးက အမေရိကန်အတွက် ဦးစားပေး မဟုတ်တော့ဘူး” ဆိုတာကို ဖော်ပြနေပါတယ်။ ရန်ပုံငွေ ဖြတ်တောက်ခံထားရမှုကို အခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေက အစားထိုးဖြည့်ဆည်းပေးဖို့ ခြေလှမ်း မပြင်တော့ဘူးဆိုရင် ကမ္ဘာကြီးဟာ အရေးကြီးတဲ့ သတင်းစကားတွေ ဆုံးရှုံးသွားရမယ့် အန္တရာယ် ရှိနေပါတယ်။
ကမ္ဘာကြီးမှာ သတင်းမှားတွေနဲ့ မီဒီယာတွေအပေါ် အာဏာရှင်ဆန်တဲ့ ထိန်းချုပ်မှု မြင့်တက်လာနေချိန်မှာ အမှီအခိုကင်းတဲ့ သတင်းစာပညာတွေအတွက် အမေရိကန်ရဲ့ ထောက်ခံမှု နောက်ပြန်ဆုတ်ခြင်းက အသံမဲ့သွားတော့မယ့် ခေတ်သစ်တစ်ခုကို အစပြုလိုက်ခြင်းလည်းဖြစ်လို့နေပါတော့တယ်။
Ref: From Resistance to Survival: Myanmar’s Free Press Battles US Aid Cuts

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြင်းမထိတောင် သတ္တုတူးဖော်မှုအား ဒေသခံများ ဆန္ဒပြကန့်ကွက်
Next Article ကျောက်ဖြူ ထပ်တိုးစစ်ရှောင်များအတွက် အကူအညီ ပိုလိုအပ်နေ
thanlwinkhet
  • Website

Related Posts

ခရစ္စမတ်နှင့် ဝေးကွာနေဆဲ လေးကေ့ကော်စစ်ရှောင်များ

December 26, 2025

သောင်ရင်းမြစ်တစ်ဖက်ကမ်းက တည်ဆောက်နေဆဲ တရုတ်စီမံကိန်းများ (ဆောင်းပါး)

December 26, 2025

နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်ပြောပြီး အရပ်သားပစ်မှတ်ကို နေ့စဉ်ဗုံးကြဲနေတဲ့ စစ်အုပ်စု(ဆောင်းပါး)

December 13, 2025

Leave A Reply Cancel Reply

Recent Posts

  • ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်
  • ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့
  • လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ
  • “အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်
  • ရခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခ ၅ ဆခန့် မြင့်တက်လာ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်

ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့

လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ

“အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်

ယခင်သတင်းများ

  • April 2026
  • March 2026
  • February 2026
  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်နီသတင်း
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပညာရေးသတင်း
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • ရှမ်းမြောက်
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • သရော်စာ
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အထိမ်းအမှတ် အင်္ကျီပြာလှုပ်ရှားမှုစတင်

April 10, 2026

ပန်းတိုင်ရောက်သည်အထိ အတူတိုက်ပွဲဝင်မည်ဟု ကိုးကန့် နှင့် တအာင်းတပ်တို့ အာရက္ခတပ်တော်ထံ သဝဏ်လွှာပို့

April 10, 2026

လူသားတို့ကဲ့သို့ တစ်အုပ်စုတည်းသားချင်း ပြန်တိုက်သည့် ချင်ပန်ဇီတို့၏ “ပြည်တွင်းစစ်” ပထမဆုံး တွေ့ရှိ

April 10, 2026

“အမေ” မှသည် “အဘ” ဆီသို့ (သို့မဟုတ်) ဘက်မျှလွန်းသော သတင်းသမားဖြစ်နည်း လမ်းညွှန်

April 10, 2026

ရခိုင်တွင် ငွေသားရှားပါးမှုကြောင့် ငွေထုတ်ခ ၅ ဆခန့် မြင့်တက်လာ

April 9, 2026

ဖားအံထောင်မှ အကျဉ်းသား ၃၈ ဦးကို KNU လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွှတ်

April 9, 2026
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.