![]()
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အနီးက အွန်လိုင်းငွေလိမ်ဂိုဏ်းများ ကျက်စားရာ KK Park မှ ထွက်ပြေးလာသူ ၅၀၀ ကျော်အား ထိုင်းနိုင်ငံမှ ယာယီခိုလှုံခွင့်ပေးထားသည်ဟု ထိုင်းသတင်းဌာနများ၏ ရေးသားချက်အရသိရသည်။
ကျားဖြန့်ဂိုဏ်းများမှ ထွက်ပြေးလာသူများအား ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်ခရိုင်၊ မဲကူဒေသခွဲ၊ အမှတ် ၉ ရွာဖြစ်တဲ့ ဘန်မဲကူထာဆွန် (Ban Mae Ku Tha Sung) ရှိ ယာယီစခန်းတွင် ခိုလှုံခွင့်ပေးထားသည်ဟု ထိုင်းသတင်းဌာနများမှ ဖော်ပြကြသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အနီးက အွန်လိုင်းငွေလိမ်ဂိုဏ်းများရှိရာ KK Park ၏ ဝင်ထွက်ဂိတ်များအား အောက်တိုဘာ ၂၂ ရက် မနက်အစောပိုင်းတွင် ဖွင့်ပေးလိုက်သည်။
ယင်းသို့ ဖွင့်ပေးလိုက်တွင် အဆိုပါ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်သူများ မြဝတီမြို့ အမှတ် ၁ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားမှ တစ်ဆင့် တရားဝင်လမ်းကြောင်းဖြင့် ထိုင်းနိုင်ငံဘက်သို့ သွားရောက်ရန် တန်းစီ စောင့်ဆိုင်းခြင်းများ ရှိနေသည်ဟု မြဝတီမြို့ခံများမှ ပြောသည်။
ထို့အပြင် တရားမဝင် မှောင်ခိုလမ်းကြောင်းများမှလည်း ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးစားမှုများလည်း ရှိနေသည်ဟု သိရသည်။
လက်ရှိတွင် KK Park မှ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြသူများ နေထိုင်နိုင်ရန် နေရာထိုင်ခင်းအပြည့်အစုံဖြင့် ယာယီစခန်း ၄ ခုအား ဖွင့်လှစ်ပေးထားသည်ဟု သိရသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ အနီးက အွန်လိုင်းငွေလိမ်ဂိုဏ်းများရှိရာ KK Park ၏ ဝင်ထွက်ဂိတ်များအား အောက်တိုဘာ ၂၂ ရက် မနက်အစောပိုင်းတွင် ဖွင့်ပေးလိုက်သည်။
ယင်းသို့ ဖွင့်ပေးလိုက်တွင် အဆိုပါ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်သူများ မြဝတီမြို့ အမှတ် ၁ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားမှ တစ်ဆင့် တရားဝင်လမ်းကြောင်းဖြင့် ထိုင်းနိုင်ငံဘက်သို့ သွားရောက်ရန် တန်းစီ စောင့်ဆိုင်းခြင်းများ ရှိနေသည်ဟု မြဝတီမြို့ခံများမှ ပြောသည်။
ယနေ့အထိ အမှတ် ၁ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားမှ တစ်ဆင့် ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်ရန် တန်းစီစောင့်ဆိုင်းနေသည့် နိုင်ငံပေါင်းစုံမှ နိုင်ငံသားများရှိနေသည်ကို သံလွင်ခက်မှ ရိုက်ကူးထားသည့် ဓါတ်ပုံများ အရသိရသည်။
အဆိုပါ KK Park အား အာဏာသိမ်း စစ်တပ်မှ ဝင်ရောက်စီးနင်းခဲ့သည့် သတင်းအား ၎င်းတို့ပိုင် မီဒီယာများမှ တဆင့် အောက်တိုဘာ ၁၉ ရက်တွင် ဖြန့်ဝေခဲ့သည်။
#KKPark #ထွက်ပြေးတိမ်းရှောင်လာသူ #ယာယီစခန်း၄ခု #နေထိုင်ခွင့်ပြု #ThanLwinKhetNews
