• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မြဝတီတောင်ဘက် စစ်ကောင်စီလက်ကျန်စခန်းများ မကျစေရန် လေကြောင်းမှ ခုခံတိုက်ခိုက်
  • အမ်ပီတီစခန်းကုန်းပြန်ရရန် အင်အားရာချီဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်
  • အိန္ဒိယလေယာဉ်ပျက်ကျမှုမှ အသက်ရှင်လွတ်မြောက်ခဲ့သူ “ပျံသန်းပြီး ၃၀ စက္ကန့်အကြာတွင် ပြဿနာ စတင်ခဲ့” ဟုဆို
  • ရှမ်းကရင်နီနယ်စပ်တွင် စစ်ရေးတင်းမာ
  • ခရီးသည် နှစ်ရာကျော်ပါ အိန္ဒိယလေယာဉ် ပျက်ကျသည့် မြင်ကွင်းရုပ်သံ
  • ခရီးသည် နှစ်ရာကျော်ပါ အိန္ဒိယလေယာဉ် ပျံတက်ပြီးချင်း ပျက်ကျ
  • ငလျင်ကြောင့် စီးပွားရေးကျဆင်းမှု ပိုဆိုးရွားလာလို့ ကမ္ဘာ့ဘဏ်ထုတ်ပြန်
  • ဖားကန့်တွင် ပြည်သူ သုံးဦးအား စစ်ကောင်စီ ပစ်သတ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»မူးယစ်ဆေးဝါးနဲ့ ပိုယဉ်ပါးလာတဲ့ မြို့
ဆောင်းပါး

မူးယစ်ဆေးဝါးနဲ့ ပိုယဉ်ပါးလာတဲ့ မြို့

thanlwinkhetBy thanlwinkhetApril 28, 2025No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မောင်လှိုင်း

နမ့်စန်မြို့သည် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နှင့် ထိုင်း-မြန်မာနယ်စပ် တာချီလိတ်တို့ကို ဆက်သွယ်ပေးထားသည့် လမ်းမကြီးဘေးတွင် ရှိသည်။ ယင်းမြို့သည် ပြည်သူ့စစ်အဖွဲ့ပေါင်းစုံ အုပ်စိုးသော မြို့လည်း ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နမ့်စန်မြို့တွင် ကေတီဗီ ကာရာအိုကေခန်းများ၊ အနှိပ်ခန်းများ၊ ဟိုင်းခန်းများ ပိုမိုများပြားလာခဲ့သည်။ ၎င်းတို့ထဲတွင် ကခုန်သီဆိုခြင်းများအပြင် မူးယစ်ဆေးဝါးများသည်လည်း လွယ်လွယ်ကူကူ ဝယ်ယူသုံးစွဲရနိုင်ပြီး နောက်ဆက်တွဲ ခိုးမှု၊ လုယက်မှုများ ကဲ့သို့သော မှုခင်းများလည်း ပေါများလာခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများသည် ကျောင်းနေရွယ်ကလေးများကြားအထိပါ ကူးစက်ပျံနှံ့နေပြီး ဒေသခံများသည် ၎င်းတို့၏ သားသမီးငယ်များ မူးယစ်ဆေးဝါး လွယ်လွယ်ကူကူ သုံးစွဲလာမည်ကို စိုးရိမ်နေကြသည်။

“မူးယစ်ဆေးဝါးအစ Vape (E-စီးကရက်) ကလို့တောင် ဖြစ်နေပြီ။ ကျောင်းသားတွေထဲမှာတော့ ဒီနှစ်ထဲမှာ တစ်ကြိမ် မိတယ်၊ K(Ketamine) ဆိုတဲ့ မူးယစ်ဆေးဝါးမိတာပေါ့နော်။ အများဆုံး ဒုက္ခပေးနေတာ အဲဒီ Vapes (အီလက်ထရောနစ် စီးကရက်) တွေပဲ။ အဲဒီ Vapes တွေက နှစ်တန်း၊ သုံးတန်းအရွယ်တွေကအစ ပျံ့နေတယ်” ဟု အသက် ၄၂ နှစ်အရွယ် ကျောင်းဆရာ တစ်ဦးက ပြောသည်။

ကျောင်းနေအရွယ် အထက်တန်းကလေးအများစုသည် ကျောင်းပြင်ပရှိ ၎င်းတို့နှင့် ရွယ်တူကလေးငယ်များမှတဆင့် E-စီးကရက်နှင့် မူးယစ်ဆေးကို ရရှိနေပြီး မူးယစ်ဆေးဝါးများနှင့် ပိုမို နီးစပ်လာခဲ့သည်ဟု ၎င်းက ဆိုသည်။

နမ့်စန်မြို့အာဏာပိုင်များသည် E-စီးကရက်နှင့် မူးယစ်ဆေးဝါးစသည်တို့ကို ရောင်းချခွင့်မရှိစေရန် တင်းကြပ်စွာ ကိုင်တွယ်နေသော်လည်း ကျောင်းနေအရွယ် ကလေးငယ်များအထိ ပျံနှံ့နေဆဲဖြစ်သည်ဟု နမ့်စန်မြို့ခံများက ပြောသည်။

“အထက်တန်းကလေးတွေဆိုရင် မူးယစ်ဆေးဝါး ဝယ်ဖို့ ဘာမှ မခဲယဉ်းတော့ဘူး။ အခုက မိုဘိုင်းဖုန်းတွေနဲ့ ချိတ်ဆက်ဖို့ တအားလွယ်တာ။ ဒီနေရာမှာလာ ကျနော်တို့ ရှိတယ် လာပို့ပေးဆိုရင်တောင် ချက်ချင်း ရောက်လာတယ်။ အဲဒီလို မိုဘိုင်းတွေနဲ့ ရောင်းဝယ်နေကြတာ” ဟု အထက်ပါကျောင်းဆရာက ဆိုသည်။

E-စီးကရက်များသည် ယနေ့ခေတ်တွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးငြင်းခုံလျက်ရှိသော ဆေးလိပ်အစားထိုး သောက်သည့် ကိရိယာ တစ်မျိုးဖြစ်သည်။ ထို့ထဲတွင် မည်သည့်ဓာတုပစ္စည်းများ ပါဝင်သည်ကို အတိအကျ မသိရှိနိုင်သလို ၎င်း၏ ဘေးထွက်ဆိုးကျိုး အန္တရာယ်များကိုလည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ကျောင်းတစ်ကျောင်းဆိုရင် အိမ်သာနောက်မှာ ဆေးသွားသုံးစွဲတဲ့ ကျောင်းသားတွေတောင်မှ ကျောင်းထုတ်ရတဲ့ သာဓကမျိုးတွေ ရှိတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

နမ့်စန်မြို့ရှိ ရပ်ကွက်ဈေးဆိုင်များတွင် မူးယစ်ဆေးဝါးများကို သာမန်ဈေးဝယ်သကဲ့သို ဝယ်ယူရရှိနေပြီး ယင်းအခြေအနေများသည် ကျောင်းနေအရွယ် ကလေးများနှင့် လူငယ်လူရွယ်များကို မူးယစ်ဆေးဝါးသားကောင်အဖြစ် တွန်းပို့နေသည်ဟု နမ့်စန်မြို့ခံများက ပြောသည်။

စိတ်အပန်းဖြေခြင်းထက် ပိုလာတဲ့ KTV များ

နမ့်စန်မြို့တွင် ယခင်စစ်အာဏာမသိမ်းခင်ကာလများတွင် KTV (ကာရာအိုကေခန်း) နှင့် မာဆတ် (အနှိပ်ခန်း) များ အနည်းငယ်ရှိသော်လည်း အာဏာသိမ်းပြီးနောက် လေးနှစ်ကျော်အကြာတွင် နှစ်ဆ တိုးလာသည်ဟု မြို့ခံများ၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ ကေတီဗီနှင့် မာဆတ်များသည် မိတ်ဆွေသူငယ်ချင်းများနှင့် သွား၍ သာမာန် စိတ်အပန်းဖြေသည့် နေရာတစ်ခုထက် ပိုလာသည်ဟု မြို့ခံများက သုံးသပ်သည်။

“ကေတီဗီတိုင်း အကုန် ရတယ်။ သီချင်းဆိုမယ်ဆိုရင် အခန်းက မရဘူး။ ဟိုင်းမှ အခန်းရတယ် မိန်းကလေးတွေကလည်း ဟိုင်းအခန်းပဲ ဝင်ကြတယ်။ မိန်းကလေးတွေက တစ်ခုမှာ အနည်းဆုံး အယောက် ၅၀ ရှိတယ်။ ကေတီဗီက ဌာနဆိုင်ရာ ဝန်ထမ်းတွေ အမြဲ မပြတ်ဘူး” ဟု နမ့်စန်မြို့နေ အသက် ၅၂ နှစ်အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

ဟိုင်းခန်းဆိုသည်မှာ မူးယစ်ဆေးဝါး အလွယ်တကူရရှိပြီး သီးသန့် သုံးစွဲကြသော အခန်းကို ဆိုလိုခြင်းဖြစ်သည်။

“ဖွင့်နေတာကတော့ ၁၀ နှစ် ကျော်ပါပြီ။ အခုနှစ်ပိုင်းမှ ထပ်ဖွင့်တာက ငါးခု၊ တစ်နှစ်ကျော်ပဲ ရှိသေးတယ်။ 5 D တွေနဲ့ပေါ့၊ မူးယစ်တွေက အခု အသစ်ဖွင့်တဲ့ ဟာတွေက စတယ်ပဲ ပြောရမှာပေါ့။ အရင်က မကြားဘူး၊ အဓိကက ကေတီဗီတိုင်း မူးယစ်က အေးအေးဆေးဆေး အစစ်အဆေး မရှိ ရနေတာက လူငယ်တွေအတွက် အနာဂတ် မကောင်းလို့ပါ” ဟု အထက်ပါအမျိုးသားက ဆိုသည်။

5D ဆိုသည်မှာ သာမာန်ကာရာအိုကေ တစ်ခုထက် ပို၍ ကောင်းမွန်သော အသံ၊ မြင်ကွင်း၊ လှုပ်ရှားမှု၊ ပတ်ဝန်းကျင်နှင့် အငွေ့အသက်၊ ပူဖောင်းရနံများ စသည့် အာရုံခံစားမှုများ ပါဝင်သည့် အခန်း တစ်ခု ဖြစ်သည်။ ၎င်းတို့ကို ယနေ့ခေတ် ကေတီဗီများတွင် အသုံးပြုလျက်ရှိသည့် နည်းပညာများလည်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်က မိုးနဲနှင့် မတ်ကျန်းလမ်းဆုံအနီးတွင် ကေတီဗီကို လာရောက် စွန့်ပစ်ထားသည်ဟု ယူဆရသည့် အသက် ၁၉ နှစ်ဝန်းကျင်အရွယ် မိန်းကလေး တစ်ဦး ရုပ်အလောင်းကို တွေ့ရှိခဲ့ရသည်ဟု လူမှုကူညီကယ်ဆယ်ရေးအသင်းနှင့် နီးစပ်သည့် အသက် ၅၅ နှစ်အရွယ် နမ့်စန်မြို့ခံ အမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါ မိန်းကလေးသည် ဖေဖော်ဝါရီလ ၁၄ ရက်တွင် နမ့်စန်မြို့သို့ လာရောက်ခဲ့ပြီး နောက်တစ်ရက်တွင် ၎င်း၏ ရုပ်အလောင်းအား လွယ်ဆိုင်းရွာအနီးတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

“အဲဒါက တရားခံ က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က တစ်ယောက်ရဲ့ ညီ ဖမ်းမရသေးဘူး။ ဘယ်လိုသတ်လဲတော့ မသိရသေးဘူး။ ကားပေါ်က တွန်းချထားတဲ့ ပုံပဲ၊ ကေတီဗီကို ဟိုင်းဖို့ ခေါ်သွားတာ ကောင်မလေးက ဟိုင်းမယ်လေး မိုးနဲက” ဟု မြို့ခံ အမျိုးသား တစ်ဦးကလည်း ပြောသည်။

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ၊ လောင်းကစားဝိုင်းများ၊ ခိုးဆိုးလုနှိုက်မှုများနှင့် မှုခင်းများ ပေါသည့် အဆိုပါ နမ့်စန်မြို့သည် ၁၉၉၆ ခုနှစ်တွင် နအဖစစ်အစိုးရနှင့် ခွန်ဆာတို့ ငြိမ်းချမ်းရေးယူပြီးနောက် မတ်ကျန်း၊ နားရိုင်းနှင့် မဟာဂျာကဲ့သို့သော ပြည်သူ့စစ် (ပသစ) များမှ အဆိုပါဒေသကို အုပ်စိုးထားသည်။

ပိုဆိုးလာတဲ့ မူးယစ်အန္တရာယ်

မြန်မာနိုင်ငံ၏ နိုင်ငံရေး ပဋိပက္ခအခြေနေများသည် ပိုမိုပြင်းထန်နေဆဲဖြစ်သလို မူးယစ်ဆေးဝါး ထုတ်လုပ်မှုသည်လည်း လာမည့်နှစ်များတွင် ပိုမိုချဲ့ထွင်လာနိုင်သည်ဟု UNODC ၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းတွင် နမ့်စန်မြို့မှ သယ်ဆောင်လာသည့် ကျပ်ငွေတန်းဖိုး ၁၄ ဘီလီယံ တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရရှိခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

နမ့်စန်မြို့ကို အုပ်စိုးသည့် ပြည်သူ့စစ်များက ရောင်းဝယ်ဖောက်ကားမှုများ၊ လောင်းကစားဝိုင်းများကို ဌာနဆိုင်ရာအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု နမ့်စန်မြို့ခံများက ပြောသည်။

ယင်းအပြင် ကေတီဗီအရေအတွက် ၁၀ ခုထက်မနည်း ရှိပြီး ၎င်းတို့အားလုံးကို ပြည်သူ့စစ်များနှင့် စစ်ကောင်စီဌာနဆိုင်ရာများမှ ဦးဆောင်လုပ်ကိုင်နေကြခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုကြသည်။

“အဖွဲ့စည်း နာမည်ခံတာကတော့ နားရိုင်း ဗိုလ်မူးကြူးစန်း နှစ်ခု၊ မတ်ကျန်းက ရွှေငါးကန် ဦးလင်းဆိုင် ပေါ့ v8 ဘားက SSS(Southern Shan State)” ဟု အသက် ၅၂ နှစ်အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါး ဆေးစွဲနေသူများကို ပြည်သူ့စစ်များမှ တပ်သားအသစ်စုဆောင်းခြင်းများလည်း ပြုလုပ်နေသည်။

“မူးယစ်ဆေးဝါးသုံးစွဲလို့ လမ်းပေါ်မှာ လေလွင့်နေတဲ့ ကလေးတွေ အုပ်စုဖွဲ့ပြီးတော့ မူးယစ်ဆေး သုံးစွဲနေတဲ့ အဖွဲ့တွေတော့ သိပ်မတွေ့ရတော့ဘူး။ တပ်သားအသစ် စုဆောင်းတဲ့အထဲ ပါသွားပြီ” ဟု အသက် ၅၅ နှစ်အရွယ် အမျိုးသားက ပြောသည်။

မှုခင်း ပိုများ

နမ့်စန်မြို့တွင် မူးယစ်ဆေးဝါးများကို လွယ်ကူစွာ သုံးစွဲခွင့်ရရှိနေခြင်းက ခိုးဆိုးလုနှိုက်နှင့် မှုခင်းများကို ပိုမိုဖြစ်ပေါ်လာစေသည်ဟု မြို့ခံများက မှတ်ချက်ပြုသည်။

“ဆိုင်ကယ် ခိုးတာတို့၊ အိမ်ဖောက်ထွင်းမှုပေါ့ဗျာ။ အဲဒါမျိုးတွေ ပိုများလာတယ်။ ခိုးဆိုးလုနှိုက်တွေ ပိုများလာတယ်” ဟု နမ်စန်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည် ဖေဖော်ဝါရီ ၂၇ ရက်တွင် နမ့်စန်မြို့ရှိ ဂေါ်ရခါး ဘုရားကျောင်းတွင် မီးထွန်းပူဇော်နေသည့် ဂေါ်ရခါးလူမျိုး တစ်ဦး ရိုက်သတ်ခံရ၍ နေရာတွင် သေဆုံးသွားခဲ့သည်။

“သူခိုးက ဂေါ်ရခါး ဘုရားမီးထွန်းနေတုန်း ရိုက်သတ်လိုက်တယ်။ တရားခံတော့ အတိအကျ မသိရသေးဘူး။ ထင်တာတော့ ဝင်ခိုးတာကို ပက်ပင်းတိုးတော့ ရိုက်လိုက်တာ ဖြစ်မယ်” ဟု အသက် ၅၂ အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

ထို့အပြင် လောင်းကစားနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများသည် ယခင်အရပ်သားအစိုးရလက်ထက်တွင် လျော့နည်းလာသော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တဖန် ပြန်လည် ခေတ်စားလာခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုသည်။

“မူးယစ်ဆေးဝါးကတော့ ကျနော်တို့ မြို့မှာ ပေါပါတယ်၊ အာဏာသိမ်းပြီး ဒီ၂၀၂၁ နောက်ပိုင်းမှာတော့ ပိုဆိုးတာပေါ့” ဟု နမ့်စန်မြို့ခံ အမျိုးသားက ပြောသည်။

ထို့ကြောင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တရားဥပဒေစိုးမိုးမှု လျော့ကျလာသည့် နောက်ဆက်တွဲအနေဖြင့် နမ့်စန်မြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ အသုံးပြုမှုနှင့် ခိုး၊ ဆိုး၊ လု၊ နှိုက်ကဲ့သို့သော မှုခင်းများကို ကိုင်တွယ်ဖြေရှင်းဖို့အရေး အဖြေရှာရန်မှာ ပိုမိုခက်ခဲနေဆဲဖြစ်သည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမျှတမှုနှင့် ဂုဏ်သိက္ခာအတွက် ၁၂ တန်းစာမေးပွဲ ပြန်ကျင်းပခြင်းဖြစ်ဟု စစ်ကောင်စီဆို
Next Article ငလျင်ထိထားသည့် ကျောက်တုံးကြီး လိမ့်ကျ၍ စစ်ရှောင်အဖိုးအိုတစ်ဦး သေဆုံး
thanlwinkhet
  • Website

Related Posts

လားရှိုးကနေ MNDAA ဘာကြောင့် ဆုတ်ခွာခဲ့ရသလဲဆိုတာ

June 8, 2025

တရုတ်အမြတ်ထွက်တဲ့ စစ်ကောင်စီရွေးကောက်ပွဲ

May 25, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

Leave A Reply Cancel Reply

Recent Posts

  • မြဝတီတောင်ဘက် စစ်ကောင်စီလက်ကျန်စခန်းများ မကျစေရန် လေကြောင်းမှ ခုခံတိုက်ခိုက်
  • အမ်ပီတီစခန်းကုန်းပြန်ရရန် အင်အားရာချီဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်
  • အိန္ဒိယလေယာဉ်ပျက်ကျမှုမှ အသက်ရှင်လွတ်မြောက်ခဲ့သူ “ပျံသန်းပြီး ၃၀ စက္ကန့်အကြာတွင် ပြဿနာ စတင်ခဲ့” ဟုဆို
  • ရှမ်းကရင်နီနယ်စပ်တွင် စစ်ရေးတင်းမာ
  • ခရီးသည် နှစ်ရာကျော်ပါ အိန္ဒိယလေယာဉ် ပျက်ကျသည့် မြင်ကွင်းရုပ်သံ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မြဝတီတောင်ဘက် စစ်ကောင်စီလက်ကျန်စခန်းများ မကျစေရန် လေကြောင်းမှ ခုခံတိုက်ခိုက်

အမ်ပီတီစခန်းကုန်းပြန်ရရန် အင်အားရာချီဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်

အိန္ဒိယလေယာဉ်ပျက်ကျမှုမှ အသက်ရှင်လွတ်မြောက်ခဲ့သူ “ပျံသန်းပြီး ၃၀ စက္ကန့်အကြာတွင် ပြဿနာ စတင်ခဲ့” ဟုဆို

ရှမ်းကရင်နီနယ်စပ်တွင် စစ်ရေးတင်းမာ

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မြဝတီတောင်ဘက် စစ်ကောင်စီလက်ကျန်စခန်းများ မကျစေရန် လေကြောင်းမှ ခုခံတိုက်ခိုက်

June 13, 2025

အမ်ပီတီစခန်းကုန်းပြန်ရရန် အင်အားရာချီဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်

June 13, 2025

အိန္ဒိယလေယာဉ်ပျက်ကျမှုမှ အသက်ရှင်လွတ်မြောက်ခဲ့သူ “ပျံသန်းပြီး ၃၀ စက္ကန့်အကြာတွင် ပြဿနာ စတင်ခဲ့” ဟုဆို

June 12, 2025

ရှမ်းကရင်နီနယ်စပ်တွင် စစ်ရေးတင်းမာ

June 12, 2025

ခရီးသည် နှစ်ရာကျော်ပါ အိန္ဒိယလေယာဉ် ပျက်ကျသည့် မြင်ကွင်းရုပ်သံ

June 12, 2025

ခရီးသည် နှစ်ရာကျော်ပါ အိန္ဒိယလေယာဉ် ပျံတက်ပြီးချင်း ပျက်ကျ

June 12, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.