
 
  
 
ခင်သရဖီဦး
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နှင့် ပန်းနီလာကျေးရွာကို စစ်တပ်က Y-12 ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် အရွယ်မရောက်သေးသည့် ကလေးငယ် နှစ်ဦး အပါအဝင် လေး ဦးသေဆုံးခဲ့ပြီး ကိုး ဦးဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ နံနက် ၁၁ နာရီခွဲကျော်တွင် ပန်းနီလာကျေးရွာအနီးဝန်းကျင်နှင့် ပုဏ္ဏားကျွန်းမြို့ထဲကို ဗုံး ၄ လုံး ကြဲချခဲ့သည်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ အသက် ၃၀ အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
” ကားလမ်းမထက်မှာ ရှိတာ ရွာက။ ပန်းနီလာရွာထိပ်ကို Y-12 နှစ်စီး နဲ့ ဗုံးကြဲသွားတာ။ စာသင်ကျောင်းရှေ့နားက နေအိမ်တွေမှာ ကျတယ်။ ၄ ဦး ပွဲချင်းပြီး သေတယ်။။ ပုဏ္ဏားကျွန်း မြို့ထက်မှာက အဆောက်အအုံး တွေကို ကျတယ်။ ” ဟု ၎င်းက ဆိုသည်။
 
 
ဒေသခံ ကိုး ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိသွားပြီး ၎င်းတို့ထဲမှ ဒေသခံ ခြောက်ဦးမှာလည်း ဒဏ်ရာပြင်းထန်ကြောင်း အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
” ဒဏ်ရာ ရတဲ့လူတွေမှာ ကလေးတွေလည်းပါသေးတယ်။ ၆ ယောက် က ဒဏ်ရာ ပြင်းထန်ပါတယ်။ လက်ပြတ်သွားတာ ခြေပြတ်သွားတာတွေ ဝမ်းဗိုက်ဒဏ်ရာတွေ များပါတယ်။ လူနာတွေက စိုးရိမ်ရပါတယ်။”ဟု ဆိုသည်။

 စစ်ကော်မရှင်တပ်အနေဖြင့် ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင်လည်း ပုဏ္ဏာကျွန်း မြို့ထဲ နှင့် ၅၅၀ တပ်ရင်း ထဲသို့ ဂျက်ဖိုက်တာဖြင့် ဗုံး ၈လုံးထိ ကြဲချတိုက်ခိုက်ခဲ့သည်။
စစ်ကော်မရှင်တပ်အနေဖြင့် ယမန်နေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင်လည်း ပုဏ္ဏာကျွန်း မြို့ထဲ နှင့် ၅၅၀ တပ်ရင်း ထဲသို့ ဂျက်ဖိုက်တာဖြင့် ဗုံး ၈လုံးထိ ကြဲချတိုက်ခိုက်ခဲ့သည်။ရခိုင်တွင် အောက်တိုဘာ ၃၀ရက်နှင့် ၃၁ ရက် နှစ်ရက်ဆက်တိုက် စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ဒေသခံ ၁၀ ဦး သေဆုံးပြီး ၃၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိထားသည်။
#ပုဏ္ဏားကျွန်း #ရက်ဆက်တိုက်ဗုံးကြဲ #ThanLwinKhetNews

 
									 
					