၁၂ တန်းစာမေးပွဲအား ပြန်လည်ဖြေဆိုခိုင်းခြင်းသည် တန်းတူညီမျှမှုနှင့် ဂုဏ်သိက္ခာအတွက် ဖြစ်သည်ဟု စစ်ကောင်စီပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာချောချောစိန်က ဝါဒဖြန့် မြဝတီသတင်းမီဒီယာမှ ပြောသည်။
၎င်းက “အခုလို စာမေးပွဲတွေ ပြန်စစ်ရတယ်ဆိုတဲ့ ရည်ရွယ်ချက်က သုံးခု ရှိပါတယ်။ ပထမတစ်ချက်က မျှတမှုဖြစ်ဖို့၊ ဒုတိယအချက်က ဂုဏ်သိက္ခာရှိဖို့နဲ့ တတိယအချက်ကတော့ ပညာရေးကို အထောက်အကူဖြစ်ဖို့ပါ” ဟု ပြောသည်။
မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် စစ်ကိုင်းငလျင်ကြောင့် မန္တလေးစာစစ်ဌာနရှိ အဖြေလွှာများ မီးလောင်းပျက်စီးခဲ့ရသည်။ ထိုအဖြေလွှာများမှာ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်းနှင့် နေပြည်တော်တို့မှ ဖြေဆိုခဲ့သည့် ကျောင်းသားပေါင်း ၆၃၀၀၀ ၏ အဖြေလွှာများဖြစ်သည်။
ပြန်လည် ကျင်းပမည့် စာမေးပွဲအား ဇွန်လ ၁၆ ရက်မှ ၂၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ကျောင်းသားများအနေဖြင့် လေ့ကျင့်သင်ကြားရေးစခန်းများတွင် နေထိုင်ကာ ဖြေဆိုရမည်ဟု စစ်ကောင်စီ ထုတ်ပြန်ပြောကြားချက်အရသိရသည်။