တရုတ်နိုင်ငံ၏ ဖိအားကြောင့် သိမ်းပိုက်ထားသော လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာမည်ဟု သတင်းများထွက်ပေါ်လာသဖြင့် ဝေဖန်မှုများစွာ ရင်ဆိုင်နေရသော ကိုးကန့်တပ်(MNDAA)သည် ဧပြီလ ၂ ရက်တွင် ကျဆုံးသော သူရဲကောင်းရဲဘော်များအတွက် အောက်မေ့ဖွယ်ဂုဏ်ပြုအခမ်းအနားကို ကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ဧပြီလ ၇ ရက်တွင် ထုတ်ပြန်ခဲ့သော အဆိုပါအခမ်းအနားကို ကိုးကန့်တပ်ထိန်းချုပ်နယ်မြေ၊ ရန်လုံကျိုင်းသူရဲကောင်းဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ပြီး တရုတ်၏ ထိန်းသိမ်းခြင်းကို ခံထားရသော ကိုးကန့်ခေါင်းဆောင်ဖုန်တာရွှင်တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ၁၀၂၇ စစ်ဆင်ရေးအပါအဝင်တိုက်ပွဲများတွင် ကျဆုံးခဲ့သော ရဲဘော်များနှင့် လားရှိုးတိုက်ပွဲများတွင် ကျဆုံးခဲ့သော ရဲဘော်များအား အောက်မေ့ဖွယ်ပြုလုပ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၎င်းအခမ်းအနားတွင် ဂုဏ်ပြုမှတ်တမ်းတင်စကားပြောခြင်း၊ လွမ်းဆွတ်ပန်းခွေချခြင်းနှင့် မိသားစုဝင်များအား တွေဆုံစကားပြောခြင်း၊ အလေးပြုခြင်းများပါဝင်ခဲ့သည်။
ကိုးကား / ဓာတ်ပုံ – The Kokang

























