![]()
ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) ၏ ၃၁ နှစ်ပြည့်တပ်မတော်နေ့အခမ်းအနားကို ဌာနချုပ်တည်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကော်သူးမွဲခီး(ဆုံဆည်းမြိုင်)တွင် ဒီဇင်ဘာ ၂၁ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ DKBA အကြီးအကဲများဖြစ်သော DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီး၊ ဒုတိယစစ်ဦးစီးချုပ် စောရွှေဝ၊ စစ်ဦးစီးအရာချုပ် ဗိုလ်ချုပ်စောဆန်းအောင်၊ စစ်ရေးချုပ် စောစိန်ဝင်း၊ ဗိုလ်မှူးချုပ်စိုင်းကျော်လှ၊ DKBA တပ်ဖွဲ့ဝင်များ၊ ပြည်သူများနှင့် ထိုင်းနယ်စပ်လုံခြုံရေးဆိုင်ရာ ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။

ဒီဇင်ဘာ ၂၁ ရက်၌ကျင်းပါသော ၎င်းအခမ်းအနားတွင် DKBA ဦးဆောင်သူများက တပ်တော်နေ့ဆိုင်ရာ အမှတ်တရစကားများပြောကြားခဲ့ပြီး မီးပုံပျံများလွှတ်တင်ခြင်းများထည့်သွင်းဆောင်ရွက်ခဲ့သည်။

ဓါတ်ပုံ – ကိုဏီတာ(သံလွင်ခက်)
