ဧပြီလ ၇ ရက်တွင် ချင်းပြည်နယ်မြောက်ပိုင်း၊ ဖလမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်း ခလရ ၂၆၈ ကုန်းကို ချင်းညီနောင်နှင့် တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်လိုက်နိုင်သဖြင့် ဖလမ်းမြို့က စိုးမိုးနိုင်ခဲ့သည်။
ထိုသို့သိမ်းပိုက်နိုင်ရေးအတွက် ချင်းညီနောင် စစ်ဆင်ရေး (Operation CB)အဖြစ် ချင်းညီနောင်အဖွဲ့(Chin Brotherhood – CB) နှင့် အာရက္ခတပ်တော်(AA)တို့က ၂၀၂၄ နိုဝင်ဘာလ ၉ ရက်တွင် စတင်ကာ ထိုးစစ်ဆင်ခဲ့သည်။
၎င်းနောက် အချိန်တိုအတွင်း ဖလမ်းမြို့ပေါ်ရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများနှင့် ရဲစခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ခလရ၂၆၈ တပ်စခန်းကုန်းကို ထိုးစစ်ဆင်ရာတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်ခဲ့သဖြင့် လေးလကျော်ကြာမြင့်ခဲ့ရသည်။
၂၆၈ စခန်းကို သိမ်းပိုက်နိုင်ရန်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ရိက္ခာစီးဆင်းရေးလမ်းကြောင်းများ၊ ရေအရင်းအမြစ်များကို ဖြတ်တောက်ကာ သိမ်းပိုက်နိုင်ရန် ပြင်ဆင်ခဲ့သည်။
ယနေ့သိမ်းပိုက်မှုတွင် စခန်းစွန့်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများကို လိုက်လံရှာဖွေခြင်း၊ နယ်မြေရှင်းလင်းခြင်းများကို လုပ်ဆောငနေဆဲကာလဖြစ်သည့်အတွက် အသေးစိတ်အချက်အလက်များကို ထုတ်ပြန်သွားဟု ဒေသတွင်း သတင်းဌာနများတွင် ရေးသားထားသည်။
ကိုးကား/ဓါတ်ပုံ – Chinland News