![]()
ထိုင်းဘုရင့်မယ်တော် မိဖုရားကြီးသီရိခေတ် နတ်ရွာစံမှု ရက်၉၀ပြည့်အောက်မေ့ဖွယ်ရာအခမ်းအနားကို ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA) ဌာနချုပ်ဆုံဆည်းမြိုင်တွင် ဒီဇင်ဘာလ ၁၈ ရက်၌ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင်အောက်တိုဘာ ၂၄ရက်တွင် နတ်ရွာစံသွားခဲ့သော ထိုင်းဘုရင့်မယ်တော်ကြီးသီရိခေတ်အား ဂါရဝပြုခြင်းနှင့် DKBA၏ စစ်ဦးစီးအရာချုပ် ဗိုလ်ချုပ်စောဆန်းအောင်က အောက်မေ့အမှတ်ရဖွယ်စကားများ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ကရင်လူမျိုးတွေ၊ မြန်မာနိုင်ငံသားတွေအတွက် ယက်ကန်းယက်ဖို့ ချည်လုံးကစ ဝေငှပေးခဲ့တယ်။ ထွက်လာတဲ့ အထည်တွေကိုလည်း ပြန်ဝယ်ပေးဖို့စီစဉ်ပေးခဲ့တာတွေရှိတယ်။ သောက်သုံးရေကစ စီစဉ်ကူညီခဲ့တာတွေ ရှိခဲ့ပါတယ်။ ဘုရင်မကြီးဆုံးရှုံးသွားရတဲ့အတွက် ကျွန်တော်တို့လည်း ထိုင်းတော်ဝင်မိသားစု၊ ထိုင်းနိုင်ငံသားတွေနဲ့အတူ ဝမ်းနည်းရပါတယ်”ဟု ဗိုလ်ချုပ်စောဆန်းအောင်ကပြောသည်။

အဆိုပါ အခမ်းအနားသို့ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောစတီး၊ ဒုတိယစစ်ဦးစီးချုပ် စောရွှေဝ၊ စစ်ဦးစီးအရာချုပ် ဗိုလ်ချုပ်စောဆန်းအောင်၊ စစ်ရေးချုပ် စောစိန်ဝင်း၊ ဗိုလ်မှူးချုပ်စိုင်းကျော်လှ၊ DKBA တပ်ဖွဲ့ဝင်များ၊ ပြည်သူများနှင့် ထိုင်းနယ်စပ်လုံခြုံရေးဆိုင်ရာ ဝန်ထမ်းအချို့ တက်ရောက်ခဲ့ကြသည်။
ဓါတ်ပုံ – ကိုဏီတာ(သံလွင်ခက်)
