ငလျင်ဘေးဒဏ်ဖြင့် အရေးပေါ်အခြေအနေကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား အကူအညီပေးရန်အတွက် ဗီယက်နမ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနှင့် အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနတို့မှ စေလွှတ်သော ကယ်ဆယ်ရေးအဖွဲ့များသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိခဲ့သည်။
အကူအညီပေးရေးအဖွဲ့ကို အမြန်ထွက်ခွာနိုင်ရန်အတွက် A330 နှင့် A321 လေယာဉ်နှစ်စီးအား နည်းပညာပိုင်းစစ်ဆေးမှုများ၊ ခွင့်ပြုချက်များကို VietJet ဗီယက်ဂျက် တာဝန်ယူစီစဉ်ပေးခဲ့သည်။
မတ်လ ၃၀ ရက် နေ့လယ်ပိုင်းတွင် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၁၀၆ ဦး၊ ဆေးဘက်ဆိုင်ရာ ကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ၊ စားသောက်ကုန်များနှင့် ရှာဖွေကယ်ဆယ်ရေးခွေးများကို VJ2875 နဲ့ VJ2877 လေယာဉ်နှစ်စီးဖြင့်သယ်ဆောင်ကာ ဟနွိုင်း နိုဘိုင်းလေဆိပ်မှတဆင့် ရန်ကုန်မြို့သို့ ထွက်ခွာခဲ့သည်။
ဓါတ်ပုံ – Vietjet










