• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်
  • ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး
  • စစ်တွေတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် လက်နက်ကြီးသံများ ဆက်တိုက်ထွက်ပေါ်
  • ဘက်စုံပိတ်ဆို့မှုကြောင့် စစ်တွေလက်လုပ်လက်စားများ အငတ်ဘေး ရင်ဆိုင်နေရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»သတင်းဆောင်းပါး»မလေးရှားရောက် မြန်မာလုပ်သားများနှင့် အော်ပရာစီ ဖမ်းဆီးမှုများ
သတင်းဆောင်းပါး

မလေးရှားရောက် မြန်မာလုပ်သားများနှင့် အော်ပရာစီ ဖမ်းဆီးမှုများ

thanlwinkhetBy thanlwinkhetFebruary 28, 2025Updated:April 9, 2025No Comments4 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

မောင်လှိုင်း
စစ်ကောင်စီ ပြဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေ၊ စစ်ရေးနှင့် နိုင်ငံရေးပဋိပက္ခများကြောင့် လူငယ်များ နိုင်ငံစွန့်ခွာကာ ပြည်ပသို့ ထွက်ခွာရန် ကြိုးစားကြသည်မှာ ပြီးခဲ့သည့်နှစ်ပိုင်းတွင် ပိုများလာနေသည်။
ထိုသို့ စစ်မှုထမ်းရန် သတ်မှတ်ထားသည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်နှင့် လူလတ်ပိုင်းအများစုသည် စစ်မှုထမ်းရှောင်ရန် ထိုင်းနှင့် မလေးရှား နိုင်ငံများသို့ တရားမဝင် လမ်းကြောင်းများမှ တဆင့် ပြည်ပသို့ ထွက်ခွာသွားကြသည်။
သို့သော်လည်း ရောက်ရှိသွားသည့် နိုင်ငံများတွင် တရားမဝင်နေထိုင်ရသောကြောင့် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရပြီးနောက် စစ်ကောင်စီထံသို့ ပြန်လည် လွှဲပြောင်းခံရခြင်းများ ရှိနေသည်။
တရားဝင် အလုပ်လုပ်ခွင့် မရ၍ ဖမ်းခံရ
မြန်မာနိုင်ငံသားများ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်မှု အများဆုံးနိုင်ငံ တစ်ခု ဖြစ်သည့် မလေးရှားနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လမှစတင်ကာ အော်ပရာစီ စစ်ဆင်ရေးများ ဖော်ဆောင်၍ တရားမဝင် နေထိုင်သည့် နိုင်ငံခြားသားများအား ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်လာခဲ့သည်။
အထူးသဖြင့် မြန်မာနိုင်ငံသားအများစု နေထိုင်ကြသည့် ကလန်း၊ ကွာလာလမ်ပူ၊ ပူချွန်း၊ အီဂျို့စသည့်မြို့များနှင့် နိုင်ငံအနှံ့အပြားတွင် တရားမဝင် နိုင်ငံခြားသားများအား မလေးရှားအာဏာပိုင်းများမှ လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်ဟု မလေးရှားရောက်မြန်မာများက ပြောသည်။
မြို့တော် ကွာလာလမ်ပူနှင့် ၂၁ မိုင်သာ ကွာဝေးသည့် ကလန်းမြို့ မဲရူးဈေးကို ဖေဖော်ဝါရီ ၂၂ ရက်တွင် မလေးရှား အာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့သည်။ ယင်းသို့ ဖမ်းဆီးမှုကြောင့် အဆိုပါဈေးတွင် တရားမဝင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား ၅၀၀ ကျော်အပါအဝင် တရားမဝင် အလုပ်သမား စုစုပေါင်း ၆၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
“ဒီနေ့လည်း ၅၀၀ ကျော် ပါသွားတယ်။ နေ့တိုင်း ဖမ်းနေတာပဲ။ နေ့လည် ၅၀၀ ကျော် ပါသွားတယ်။ မြို့ကြီးတွေဆို ဈေးဝယ်စင်တာတွေကအစ အကုန်ပိတ်ပြီး ဖမ်းနေတာ” ဟု မလေးရှားနိုင်ငံ ကလန်းမြို့အနီး အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
ကလန်းမြို့အနီးရှိ စားသောက်ဆိုင်များ၊ ဈေးများ၊ လူနေအိမ်တိုက်ခန်းများ၊ ရေဆိုးမြောင်းများအောက်နှင့် မီးဖိုချောင်များတွင် ပုန်းခိုနေသူများအား မလေးရှားအာဏာပိုင်များက လိုက်လံရှာဖွေဖမ်းဆီးနေသည့် ဓါတ်ပုံများနှင့် ဗီဒီယိုများအား လူမှုကွန်ယက်စာမျက်နှာများတွင် တွေ့မြင်ရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်လယ်မှ စတင်၍ မလေးရှားနိုင်ငံအနှံအပြားရှိ (Over Stay) တရားမဝင်နေထိုင်သူများကို လိုက်လံဖမ်းဆီးခဲ့သည်ဟု မလေးရှားရောက် မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးသည့် Myanmar Labour Affairs and Refugees Organization ဥက္ကဌ ကိုမင်းထိုက်က သံလွင်ခက်ကို ပြောသည်။
“ဩဂုတ်လကနေစပြီး ကြမ်းတယ်။ အော်ပရာစီ အကြီးစားတွေ တစ်ခါဖမ်းရင် လူဦးရေ နှစ်ရာ၊ သုံးရာ၊ လေး၊ ငါးရာ အဲဒီလိုမျိုးတွေ ဖြစ်လာတယ်။ ဩဂုတ်လကနေ ဖမ်းတာ ပိုပြီးတော့ ကြမ်းလာတာ ဒီနေ့အထိပဲ” ဟု ၎င်းက ပြောသည်။
မလေးရှားအာဏာပိုင်များက ၂၀၂၄ ခုနှစ် သြဂုတ်လမှ ဒီဇင်ဘာလအထိ ငါးလတာအတွင်း တရားမဝင် မြန်မာလုပ်သား ၃၀၀၀ အထိ ဖမ်းဆီးခံခဲ့ရသည်။ ယခု ၂၀၂၅ ခုနှစ် အစပိုင်း နှစ်လနီးပါးခန့်တွင် မလေးရှားနိုင်ငံ၌ တရားမဝင် အလုပ်လုပ်ကိုင်သူ နိုင်ငံခြားသား ဦးရေ ၂၀၀၀ ထက်မနည်း ထိန်းသိမ်းခံခဲ့ရသည်။
ထို့အပြင် မြန်မာအများစု တရားမဝင်နည်းလမ်းအသုံးပြု၍ ဝင်ရောက်သည့် ထိုင်း-မလေးရှားနယ်စပ် လမ်းကြောင်းများတွင်လည်း လုံခြုံရေးတိုးမြှင့်ထားပြီး နေ့စဉ်ဖမ်းဆီးမှုများလည်း ဆက်တိုက် လုပ်ဆောင်နေသည်။
တိုင်ကြားမှုများ
“သောက်စားမူးရူးပြီးတော့ လူသတ်မှုအထိ ကျူးလွန်နေကြတယ်။ တချို့သော သူတွေဆိုရင် သူ့နိုင်ငံသား (မလေးရှား) တွေကို သတ်တယ်။ အဲဒီအမှုတွေကစပြီး ကျနော်တို့ လိုက်နေတာ ရှိပါတယ်။ တချို့တွေ နေထိုင်တာက သနပ်ခါးတွေနဲ့ ကွမ်းတံတွေးတွေနဲ့ အဲဒီလို အကုန်အစုံနေကြတယ်။ ပြီးရင် လူလွတ်တဲ့ နေရာဆိုရင် ဝိုင်း ထိုင်ကြမယ် သောက်စားကြမယ်” ဟု ကိုမင်းထိုက်က မြင်တွေ့ရသည်များကို ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းမှ စ၍ တရားမဝင်နိုင်ငံခြားသားများအား တွေ့ရှိပါက တိုင်ကြားရန် အထူးတောင်းဆိုသည့် စာအား မလေးရှားအစိုးရမှ ထုတ်ပြန်ထားသည်။
မလေးရှားနိုင်ငံတွင် တရားမဝင်နေထိုင်ကြသည့် နိုင်ငံခြားသားများသည် အဖွဲ့လိုက် ရမ်းကားခြင်းနှင့် ဂိုဏ်းထောင်သောင်းကျန်းခြင်းများလည်း ရှိနေသည်ဟု မလေးရှားရောက် မြန်မာအမျိုးသမီးတစ်ဦးက ပြောသည်။
“Over stay တွေက အများကြီး ရှိတာပဲ။ သူတို့ တော်ရုံ မနိုင်ဘူး။ တချို့ over stay သမားတွေက ကောင်းကောင်းမွန်မွန် လုပ်စားတယ်။ တချို့က အဖွဲ့လိုက် ဂိုဏ်းထောင်ထားတာမျိုးတွေ” ဟု အဆိုပါအမျိုးသမီးက ဆိုသည်။
ထိုသို့ ဖမ်းဆီးခံထားရသူများအား သက်ဆိုင်ရာတရားရုံးများမှတဆင့် မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့သည်ဟု အော်ပရာစီ ဖမ်းဆီးခြင်းခံရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ အသက် ၂၅ နှစ်အရွယ်အမျိုးသားတစ်ဦးက ပြောသည်။
“မြန်မာနိုင်ငံသားတွေ အများကြီးပဲ။ ကျနော်နဲ့ အတူတူကို အယောက် ၅၀ လောက်ရှိတာ။ မြန်မာ မပါဘူးဆိုရင် တစ်ရက် တစ်ရက်ကို အယောက်၂၀ ကျော်ပါတာ” ဟု ၎င်းက ပြောသည်။
အဆိုပါအမျိုးသားသည် မလေးရှား လဝက(လူဝင်မှုကြီးကြပ်ရေး) မှ စီစဉ်ပေးသည့် အချုပ်ထောင်တွင် တစ်လကြာ နေထိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ သံရုံးက စီစဉ်ပေးသော လေယာဉ်ဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာတွင် ပြည်တွင်းသို့ ပြန်လည်ရောက်ရှိခဲ့သူ ဖြစ်သည်။
ယင်းသို့ တရားမဝင် နေထိုင်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနှင့် တရားမဝင် အလုပ်လုပ်ကိုင်မှုများကြောင့် မြန်မာနိုင်ငံသားအများစုသည် မလေးရှားနိုင်ငံရှိ သက်ဆိုင်ရာတရားရုံးများတွင် တရားစွဲဆိုခြင်းခံရပြီး အနည်းဆုံး ပြစ်ဒဏ် ခြောက်လ အထိ ချမှတ်ခံရကြောင်း သိရသည်။
သို့သော် ယခုနောက်ပိုင်း ဖမ်းဆီးမှုများ များလာခြင်းကြောင့် ပြစ်ဒဏ် တစ်လမှ သုံးလ ဝန်းကျင်အထိသာ ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် မြန်မာနိုင်ငံသို့ မြန်ဆန်စွာ ပြန်လည်ပို့ဆောင်ခြင်းဖြစ်သည်ဟု မလေးရှားရောက်မြန်မာလုပ်သားများနှင့် မြန်မာအလုပ်သမားအဖွဲ့အစည်းများက ဆိုသည်။
“သူတို့ နေ့စဉ် ညစဉ်ဖမ်းနေတဲ့ လူဦးရေ တအားများနေတဲ့အခါကျတော့ အချုပ်ထောင်တွေမှာ နေရာ မဆံ့တော့ဘူး ၊ Camp တွေမှာ နေရာ မဆံ့တော့ဘူး။ ထောင်တွေမှာ နေရာ မဆံ့တော့ဘူး။ မြန်မြန်ဆန်ဆန် ပြန်ပို့တယ်။ တရားရုံး မပို့တော့ဘူး” ဟု ကို မင်းထိုက်က ပြောသည်။
တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရပ်ဆိုင်း
မြန်မာနိုင်ငံသားများအပါအဝင် တရားမဝင် အလုပ်သမားများအား မလေးရှားအစိုးရမှ တရားဝင် အလုပ်ခေါ် ဗီဇာ Calling Visa ((Visa With Reference-VDR) ကို ပြီးခဲ့သည့်နှစ် မေလ ၃၁ ရက်မှစတင် ရပ်ဆိုင်းခဲ့သည်။
ထို့အပြင် မလေးရှားအစိုးရသည် တရားမဝင် နေထိုင်သည့် နိုင်ငံခြားသားများအား ပြုလုပ်ပေးသည့် RTK (Recalibration Programme) တရားဝင်အထောက်အထားပြုလုပ်ခွင့်ကိုလည်း ၂၀၂၃ နှစ်ကုန်ပိုင်းမှစတင်၍ မလေးရှားအစိုးရမှ ရပ်ဆိုင်းခဲ့သည်။
RTK သည် မလေးရှားအစိုးရမှ တရားမဝင်အလုပ်သမားများအရေအတွက်ကို သတ်မှတ်ဖော်ထုတ်ရန်၊ စောင့်ကြည့်ရန်နှင့် ခွင့်ပြုထားသည့် အလုပ်များ၊ စက်ရုံများတွင် နိုင်ငံခြားသားအလုပ်သမားများအတွက် လိုအပ်နေသော နေရာလွတ်များကို ဖြည့်ပေးနိုင်ရန် ရည်ရွယ်သည့် Programme တစ်ခုဖြစ်သည်။
မလေးရှားအစိုးရမှ နိုင်ငံခြားသားများကို တရားဝင်အထောက်အထား စမတ်ကတ်များ ပြုလုပ်ရန် ပြောဆိုခဲ့သော် လည်း လာရောက် ပြုလုပ်သူနည်းပါးသောကြောင့် RTK အစီအစဉ် ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်ဟု မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသည့် အဖွဲ့အစည်းများမှ ပြောသည်။
ထိုသို့ တရားဝင်အထောက်အထားပြုလုပ်ခွင့်အား ရပ်ဆိုင်းလိုက်ပြီးနောက်တွင် တရားမဝင်အလုပ်သမား ဦးရေ ပိုမိုများပြားလာသည့် အပြင် မလေးရှားလူမျိုးများမှလည်း တိုင်ကြားခြင်းများ ရှိနေခြင်းကြောင့် ဖမ်းဆီးခြင်းများ ပိုမို လုပ်ဆောင်လာခြင်းဖြစ်သည်ဟု မြန်မာအလုပ် သမားအရေးကူညီဆောင်ရွက်ပေးသည့် Myanmar Workers Organization အဖွဲ့တာဝန်ရှိသူတစ်ဦးမှ သုံးသပ်သည်။
“ဒီနိုင်ငံဘက်က သူတို့ တရားမဝင် အလုပ်သမားတွေနဲ့ပတ်သက်ပြီးတော့ Chance အခွင့်အရေးပေးထားတယ်။ ဒါပေမယ့် သူတို့ မျှော်လင့်အတိုင်း မဖြစ်လာဘူး။ ပါမစ်လုပ်ရတဲ့ လူဦးရေ တအားနည်းတာတွေ့တယ်။ အဲဒီတော့ တရားမဝင် လုပ်သားတွေကို သေချာစိစစ်ပြီး ဖမ်းမယ်ဆိုတာမျိုးဖြစ်လာတယ်ပေါ့နော်” ဟု ၎င်းက ဆိုသည်။
တရားမဝင် ရွှေ့ပြောင်းအလုပ် လုပ်ကိုင်ကြသည့် မြန်မာအများစုသည် အဆိုပါတရားဝင်အထောက်ထားကတ် ပါမစ်ပြုလုပ်ရန် ငွေကြေးမတတ်နိုင်ခြင်းနှင့် ပွဲစား လိမ်လည်မှုများကြောင့် ပြုလုပ်ရန် အခက်အခဲများ ရှိသည်ဟုလည်း ဆိုကြသည်။
စစ်သားအသစ် စုစောင်းခံရမည်ကို စိုးရိမ်နေ
“အဖမ်းခံရပြီး ပြန်လာတဲ့ သူတွေကို စစ်သားစုဆောင်းရေးအတွက် ပို့မယ်လို့ အဲဒီလိုပြောနေကြတယ်” ဟု အော်ပရာစီ ဖမ်းဆီးမှုကြောင့် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသူ တစ်ဦးမှ ပြောသည်။
မလေးရှားရောက်မြန်မာလုပ်သားများကြားတွင် ထိုသို့သော ပြောဆိုမှုများရှိနေသော်လည်း သံလွင်ခက်အနေဖြင့် သီးခြားအတည်ပြုနိုင်ရန်ကြိုးစားလျက်ရှိသည်။
“ဒီမလေးရှားအစိုးရက ဒီမြန်မာပြည်ဘက်က စစ်တပ်နဲ့ ပူးပေါင်းပြီးတော့ သူတို့ လက်ထဲကို ထည့်နေတယ်လို့ ပြောနေတာ အမှန်တကယ်တော့ အခုအချိန်အထိ ကျနော်တို့ ပြန်ကြားသိရတာက အကုန်လုံး အိမ်ပြန်ရောက်ကြပါတယ်” ဟု Myanmar Labour Affairs and Refugees Organization ဥက္ကဌ ကိုမင်းထိုက်က ပြောသည်။
မလေးရှားနည်းတူ ထိုင်းနိုင်ငံသည်လည်း နယ်စပ်ဖြတ်ကျော်တရားမဝင် ရောက်လာသည့် မြန်မာနိုင်ငံသားများ ၊ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို နေ့စဉ်ဖမ်းဆီးလျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံသားများအား ပြန်လည် လွှဲပြောင်းပေးပြီးနောက် စစ်သား သစ် အတင်းအဓမ္မစုဆောင်းခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။
စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်တွင် လူငယ်များအပြင် လူလတ်ပိုင်းများသည် ပြည်ပသို့ ထွက်ခွာမှု မြင့်မားလာခြင်းကြောင့် ပြည်ပသို့ မထွက်ခွာနိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ပိတ်ပင်နေခြင်းဖြစ်သည်ဟုလည်း မြင်ကြသည်။
ထို့ကြောင့် တရားမဝင်နည်းလမ်းများကို အသုံးပြု၍ ပြည်ပနိုင်ငံများသို့ ထွက်ခွာကာ တရားမဝင် နေထိုင်ရသူများ၊ အလုပ်လုပ်ကိုင်နေရသူများမှာ သက်ဆိုင်ရာ အာဏာပိုင်များထံတွင် ဖမ်းဆီးမခံရရန် ပုန်းကွယ် နေထိုင်နေကြရသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleရှင်သူမှာ မျက်ရည်စတွေနဲ့
Next Article စကစ ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ရုရှားသမ္မတ ပူတင်တွေ့မည်
thanlwinkhet
  • Website

Related Posts

ပျက်စီးသွားသော ငြိမ်းချမ်းရေးသင်္ကေတနှင့် အိမ်ပြန်ချိန်ဝေးနေဆဲ လေးကေ့ကော် (၄) နှစ်တာ

December 17, 2025

နယ်စည်းမခြား မုန်တိုင်းဒဏ်နှင့် စည်းခြားသွားသော မျှော်လင့်ချက်များ (သတင်းဆောင်းပါး)

December 7, 2025

AA လက်ထက် ပထမဆုံး မူဆလင်အုပ်ချုပ်ရေးမှူး (သတင်းဆောင်းပါး)

December 6, 2025

Leave A Reply Cancel Reply

Recent Posts

  • နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ
  • ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်
  • ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး
  • ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး
  • ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ယခင်သတင်းများ

  • December 2025
  • November 2025
  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နိုင်ငံရေးသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

နှစ်သစ်ကူးအကြိုညတွင် သံတွဲကို စစ်တပ်က ထပ်ဗုံးကြဲ

December 31, 2025

ကသာမြို့ဒေသခံများ နှစ်သစ်ကူးကာလတွင် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ၊ မြို့အဝင်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်

December 31, 2025

ထိုင်းတွင် အလှူသွားသည့် မြန်မာကားမှောက် ၆ ဦးသေဆုံး

December 31, 2025

ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

December 31, 2025

ငပလီ ဗုံးကြဲခံရမှု ထိခိုက်သူများ ဆေးကုသစရိတ်နှင့် အရေးပေါ်အကူအညီ လိုအပ်

December 31, 2025

ငပလီတွင် တီဗီကြည့်နေစဉ် စစ်တပ် ဗုံးကြဲ၍ ကလေးငယ်များအပါ ၉ ဦး သေဆုံး

December 30, 2025
Copyright © 2026. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.