• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ချင်းမိုင်တွင် ဖမ်းမိသော ကျားဖြန့်ဂိုဏ်း မြန်မာနှစ်ဦးပါဝင်
  • သောင်ရင်းမြစ်ဘေးရှိ ကျေးရွာဒေသခံများ စားနပ်ရိက္ခာနှင့် ခြင်ဆေးများ လိုအပ်
  • ထိုင်းဝန်ကြီးချုပ်ကို ရာထူးမှ ဆိုင်းငံ့
  • မြန်မာနှင့် အိန္ဒိယတွင် ၁၀ နာရီအတွင်း ငလျင် ၅ ကြိမ် လှုပ်ခတ်
  • စစ်မှုထမ်းတပ်သားများဖြင့် တနင်္သာရီတွင် စစ်‌ကောင်စီ အင်အားဖြည့်
  • လုံလောက်စွာ ဆေးကုသခွင့်မရ၍ ဇွန်လ တစ်လတည်းတွင် နိုင်ကျဉ်း ၃ ဦးအထိ သေဆုံး
  • ထိုင်းနိုင်ငံ တစ်ရှူးစက္ကူစက်ရုံမီးလောင်မှုဖြစ်ပွား သေဆုံးသူများနှင့် ပျောက်ဆုံးသူများရှိ
  • အာဏာသိမ်းရန် တောင်းဆိုနေသည်ဟု ပြောဆိုချက်ကို ဆန္ဒပြခေါင်းဆောင်များမှ ငြင်းဆို
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ရှင်သူမှာ မျက်ရည်စတွေနဲ့
ဆောင်းပါး

ရှင်သူမှာ မျက်ရည်စတွေနဲ့

သန္တာဖြူBy thanlwinkhetFebruary 28, 2025No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

သန္တာဖြူ

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅။

ကမ္ဘာ့အနောက်ဘက်ခြမ်း အမေရိကန်ကနေ လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ ရပ်ဆိုင်းခဲ့တာက အကူအညီလိုအပ်နေတဲ့ နိုင်ငံအားလုံး ရုတ်တရက် မှောင်မိုက်သွားပါတော့တယ်။ မျှော်လင့်ချက် ရောင်ခြည်မဲ့သွားတဲ့ထဲမှာ မြန်မာနိုင်ငံသားတွေ စစ်ဘေးရှောင်နေရတဲ့ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့လ ဇန်နဝါရီ ၂၅ ရက်က စတင်ပြီး ပြည်ပနိုင်ငံတွေကို ပေးအပ်ထားတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို သုံးလ ရပ်ဆိုင်းလိုက်ပြီး ပြန်လည်သုံးသပ်တာတွေ လုပ်ဆောင်သွားမယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပါတယ်။

ဒီလို ရပ်ဆိုင်းမှုတွေကြောင့် အမှောင်မိုက်ဆုံး အခြေအနေကို ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ချက်ချင်းခံစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်မှာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်း ၉ ခုလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှု၊ ရေပေးဝေမှုနဲ့ စခန်းတွင်း သန့်ရှင်းရေး လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်တာပါ။

ဒါ့အပြင် အဲဒီဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ လူပေါင်း တစ်သိန်းနီးပါးရဲ့ ဆေးဝါးကုသခွင့်၊ စားဝတ်နေရေးနဲ့ အခြားသော မျှော်လင့်ချက်တွေ အားလုံးကို ပျောက်ကွယ်သွားစေပါတယ်။

အုန်းဖြန်ဒုက္ခသည်စခန်းအတွင်းက ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ လူနာတွေဟာ ညတွင်းချင်း ဆေးရုံက ဆင်းပေးခဲ့ရပြီး ကလေးမွေးဖွားခါနီး ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်‌ယောက်က နှစ်မိုင်ခန့် ဝေးတဲ့ အုန်းဖြန် ဆေးရုံကို ညတွင်းချင်း အရေးပေါ် ပြောင်းရွှေ့ခဲ့ရပါတယ်။ ဒီလို အရေးပေါ် ပြောင်းရွှေ့တာကို လူနာတိုင်း မလုပ်နိုင်ခဲ့ပါဘူး။

အုန်းဖြန်စခန်းအတွင်းမှာ နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ IRC က ဖွင့်လှစ်ထားတဲ့ ဆေးရုံကို ပိတ်သိမ်းလိုက်တာကြောင့် ဖေဖော်ဝါရီ ၁၅ ရက်အထိ သေဆုံးသူ ငါးယောက်အထိ ရှိခဲ့ပါတယ်။ သေဆုံးသူတွေက အသက် ၆၀ ကျော်အရွယ်တွေ ဖြစ်ပြီး နာတာရှည် နှလုံးရောဂါကြောင့် အောက်ဆီဂျင် ရှုနေရသူတွေပါ။ ဆေးရုံပိတ်ကတည်းက အိမ်မှာပဲ ဆေးကုသမှုခံယူခွင့်မရှိဘဲ အသက်ဆုံးရှုံးတဲ့ အထိ နေထိုင်ခဲ့ကြရပါတယ်။

ငွေ‌ကြေး ပြေလည်တဲ့ မိသားစု တချို့သာ အောက်စီဂျင်ဗူးဝယ်ယူရှူနိုင်ကြပေမယ့် ငွေကြေးချို့တဲ့သူတွေ အဖို့ကတော့ ဘာမှ လုပ်ကိုင်နိုင်စွမ်းမရှိဘဲ မိသားစုဝင်တစ်ယောက် ဆုံးရှုံးသွားမှာကို ထိုင်စောင့်နေကြရတာပါ။

“ထိုင်းဆရာဝန်တွေ တစ်ပတ်ကို ၃ ရက်တော့ လာတယ်။ လာပေမယ့်လည်း အချိန်ပြည့် မဟုတ်ဘူး။ ဥပမာအားဖြင့် သူတို့ ဆေးပေးမယ့် အချိန်လောက်ပဲ လာတယ်။ အစအဆုံး လူနာတွေကို ကြည့်တာတော့ မရှိတော့ဘူး။ စစချင်း တစ်ပတ်တုန်းကတော့ ကြည့်ပေးတယ်” လို့ အုန်းဖြန်ဒုက္ခသည်စခန်းတွင်းမှာ နေထိုင်တဲ့ မအယ်ခူဖောက လက်ရှိ စခန်းတွင်း ဆေးကုသမှု အခြေအနေကို ရှင်းပြပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းအတွင်းမှာ ထိုင်းအစိုးရရဲ့ ကျန်းမာရေးအဖွဲ့တွေက တစ်ပတ်မှာ နှစ်ရက် ဆေးကုသဖို့ သဘောတူထားတယ်လို့ ကရင်ဒုက္ခသည်များကော်မတီ အတွင်းရေးမှူး ဦးစောပွယ်စေးက ဆိုပါတယ်။

ဒီလို သဘောတူညီမှုနဲ့ နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ IRC ကလည်း ဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ဆေးရုံတွေကို ပြန်လည်သုံးခွင့်ပြုလိုက်ပေမယ့် ဆေးဝါးနဲ့ ကျွမ်းကျင်ပညာရှင်တွေ အချိန်ပြည့်မရှိတာကြောင့် ဆေးကုသခွင့်အတွက် အခက်အခဲကြုံနေရဆဲ ဖြစ်ပါတယ်။

“အခက်အခဲ အများကြီး ရှိပါတယ်။ အရင်ကဆို အပြင်လူနာ အတွင်းလူနာ လက်ခံပြီးတော့ ကုသသွားတယ်။ စခန်းတွင်းမှာ ကုလို့မရတဲ့ အရေးပေါ်လူနာတွေကို သူတို့ကပဲ တာဝန်ယူဆောင်ရွက်ပြီးတော့ လုပ်သွားတယ်။ အဲဒီအပိုင်းကိုလည်း ကျွန်တော်တို့မှာ အခက်အခဲရှိတယ်” လို့ ဦးစောပွယ်စေးက လက်ရှိအခြေအနေကို ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းထဲမှာ ထိုင်းကျန်းမာ‌ရေးဝန်ထမ်းတွေက အချိန်ပိုင်း ဆေးကုသမှုတွေ လုပ်ပေးနေပေမယ့် လုံလောက်မှု မရှိဘူးလို့ စခန်းတွင်း နေထိုင်သူတွေဆီက သိရပါတယ်။

အရင်က သွေးတိုး၊ ဆီးချိုနဲ့ တခြားနာတာရှည် ဝေဒနာရှင်တွေကို တစ်လစာ ဆေးဝါးပေးနေရာက အခုဆို တစ်ပတ်စာသာ ပေးတယ်လို့ သွေးတိုးရောဂါ ခံစားနေရတဲ့ ဝေဒနာရှင် တစ်ဦးက ပြောပါတယ်။

“ကျန်းမာရေးပြဿနာက မပြေလည်သေးဘူး။ ယာယီခဏလိုမျိုး ဖြစ်နေတော့ ဆေးဝါးက မပြည့်စုံသေးဘူး။ အရေးပေါ်လူနာကတော့ အမြဲတမ်းရှိလျက်ပဲ ညဆိုရင်ပေါ့” ဟု မအယ်ခူဖောက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ကူညီပေးသွားမယ်လို့ ထိုင်းကျန်းမာရေးဝန်ကြီးက ဇန်နဝါရီ ၂၉ ရက်မှာ ပြောထားပေမယ့် အရေးပေါ် ကျန်းမာရေးကိစ္စတွေအတွက် အုန်းဖန်ဆေးရုံကို သွားရောက်ကုသနေရဆဲပါပဲ။

“မြန်မာပြည်က အခြေအနေအရ ဒီထဲကို ရောက်လာတဲ့ ထပ်တိုးတွေ အများကြီးပဲ။ နိုင်ငံခြားထွက်တဲ့ လူက ထွက်သွားမယ်။ ရှိတဲ့သူက ရှိမယ်ဆိုရင် ပြန်ကူညီနိုင်တယ်။ အခုက အကုန်လုံးက ဆို့သွားတဲ့အခါကျတော့ ရှိသမျှလည်း အကုန်ရပ် ရှေ့ကို ဆက်ရမယ့် ခရီးကလည်း အကုန်ရပ်၊ ဒါတွေကလည်း အကုန်ရပ်ဆိုတော့ အဆင်မပြေဘူးပေါ့နော်” လို့ အန်းဖြန်ဒုက္ခသည်စခန်းက မဒါးဒါးဖောက ပြောပါတယ်။

သူမဟာ တတိယနိုင်ငံထွက်ခွာခွင့် ဆုံးရှုံးရတဲ့အပြင် အခု စခန်းတွင်းမှာ နိုင်ငံတကာကူညီကယ်ဆယ်ရေး ကော်မတီ IRC ရဲ့ အကူအညီတွေ ရပ်ဆိုင်းမှုကြောင့် လူသားတစ်ယောက်ရပိုင်ခွင့်တွေ အကြိမ်ကြိမ်ဆုံးရှုံးမှု ခံစားနေရသူပါ။

အမေရိကန်သမ္မတက ဒုက္ခသည်လက်ခံမှု အစီအစဉ်ကို ရပ်ဆိုင်းတဲ့ အထဲ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည် ၂၀ ဦးလည်း ပါဝင်ပါတယ်။
လက်ရှိမှာ အရေးပေါ် ဆေးဝါးကုသမှုအတွက် အဆင်မပြေနိုင်သေးသလို စားနပ်ရိက္ခာ ထောက်ပံ့မှုကိုလည်း ၂၀၂၅ ခုနှစ် မတ်လအထိပဲ ပေးမယ်လို့ စခန်းတွင်းတာဝန်ရှိသူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ IRC က စားနပ်ရိက္ခာအတွက် လူတစ်ဦးကို တစ်လ ၃၂၄ ဘတ် ထောက်ပံ့ပါတယ်။ ဒီပမာဏဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေရတဲ့ တစ်နေ့ လုပ်အားခထက် နည်းနေပါသေးတယ်။
“စားနပ်ရိက္ခာ ပေးတာတော့ သုံးလပိုင်း အထိ အာမခံချက်ရှိတယ်။ သူတို့က သုံးလ တစ်ကြိမ် လူစာရင်းစစ်တာ ရှိတယ် မလား။ ဒီဇန်နဝါရီမှာ စစ်ထားတာဖြစ်တဲ့အတွက် မတ်လ အထိတော့ အာမခံချက်ရှိတယ်။ သုံးလပိုင်း နောက်ပိုင်းကတော့ ဘယ်လို လာမလဲ မသိဘူး”လို့ အနာဂတ်မသေချာမှုတွေကို မအယ်ခူဖောက ရင်ဖွင့်ပါတယ်။

မသေချာ မရေရာမှုတွေနဲ့ ကြုံနေရတဲ့ အုန်းဖြန်ဒုက္ခသည်စခန်းမှာ စခန်းတစ်ခုလုံးစာ ရေရရှိရေးအတွက် ကရင်လူမျိုးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ကရင်ဒုက္ခသည်များကော်မတီက ဦးဆောင်ပြီး ကူညီဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်။
စခန်းတစ်ခုလုံးက ရေဖြန့်ဝေတဲ့ စက်တွေ လည်ပတ်နိုင်ဖို့ အလှူရှင်တွေက ဆီဖိုးတွေ လှူဒါန်းပေးတာကြောင့် ရေက တစ်ရက်ခြား တစ်ခါ မိသားစုအားလုံး အတွက် လုံလုံလောက်လောက် ရရှိနေပြီလို့ နေထိုင်သူတွေက ပြောပါတယ်။

“စက်တွေ လည်ပတ်ဖို့ အလှူရှင်တွေက ဆီဖိုးတွေ လှူဒါန်းပေးတယ်။ ဒီစက်တွေ မောင်းနှင်နိုင်ဖို့ စခန်းတွင်းမှာ နေတဲ့သူတွေက volunteer လုပ်ပြီး ဆောင်ရွက်နေပါတယ်။ ဒီစက်တွေ လည်ပတ်ဖို့လည်း လူအင်အားက ၃၀ ဝန်းကျင်လောက် လိုပါတယ်”လို့ ဦးစောပွယ်စေးက ကိုယ်ထူကိုယ်ထ ရေရရှိရေး လုပ်နေရပုံကို ရှင်းပြတာပါ။

အမေရိကန်ရဲ့ ကူညီထောက်ပံ့ရေးအစီအစဉ်ဖြစ်တဲ့ USAID က ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း လူသားချင်းစာ နာထောက်ထားမှု အရေးပေါ် အကူအညီအတွက် ကန်ဒေါ်လာ ၉၃ သန်းကျော် ထောက်ပံ့ခဲ့ပါတယ်။ ဒီအကူအညီတွေက ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP၊ အပြည်ပြည်ဆိုင်ရာကလေးများ ရန်ပုံငွေအဖွဲ့ UNICEF နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA တို့ဆီကတစ်ဆင့် မြန်မာနိုင်ငံကို ပေးအပ်နေတာပါ။

အခု ၂၀၂၅ ခုနှစ်မှာ မြန်မာလူဦးရေ ၁၅ သန်းခန့် စားနပ်ရိက္ခာမလုံလောက်ဘဲ အငတ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFP က ဇန်နဝါရီ ၂၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒါဟာ လူ ၃ ယောက်မှာ ၁ ယောက်နှုန်းနဲ့ စုစုပေါင်း လူ သန်း ၂၀ ခန့် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတဲ့ အခြေအနေပါ။

“ကြားပေါက်က ကြမ်းကျွံပြီးတော့ ပြုတ်ကျသွားတဲ့ သူတွေ ရှိမယ်။ သေတဲ့သူတွေ ရှိမယ်။ နာတဲ့သူတွေ ရှိမယ်။ အင်မတန် စိတ်မကောင်းဘူး။ ဒါမဖြစ်သင့်ဘူး” လို့ New Myanmar Foundation ရဲ့ ဒါရိုက်တာ ဒေါက်တာစန်းအောင်က ပြောပါတယ်။
အမေရိကန်ရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ရပ်ဆိုင်းလိုက်တာကြောင့် ဒုက္ခသည်စခန်းတွေသာမကဘဲ မဲဆောက်က အရပ်ဖက်လူမှုအဖွဲ့အစည်းတွေအပြင် ပြည်တွင်းပဋိပက္ခကြောင့် မြန်မာတစ်နိုင်ငံလုံးက စစ်ရှောင်စခန်းတွေမှာ နေထိုင်နေသူတွေအားလုံး အခက်ကြုံနေရတာပါ။

အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် အထိ ပြည်တွင်းစစ်ပဋိပက္ခကြောင့် စစ်ရှောင်နေရတဲ့ ၃.၅ သန်းကျော်နဲ့အတူ လူသားတစ်ဦးချင်းစီ ရပိုင်ခွင့်ရှိတဲ့ လူ့အခွင့်အရေး၊ အမျိုးသမီးအရေးနဲ့ ပညာသင်ကြားခွင့် စတဲ့ ကဏ္ကာပေါင်းစုံအပေါ်ကို အခက်အခဲ ဖြစ်စေခဲ့ပါတယ်။
ပြန်လည်သုံးသပ်မှုတွေလုပ်မယ့် ဆိုင်းငံ့ သုံးလအတွင်းမှာ မြန်မာနိုင်ငံအရေး လှုပ်ရှားသူတွေနဲ့ စစ်ရှောင်စခန်းတွေမှာ ကူညီမှုတွေ လုပ်နေတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ရပ်တည်နိုင်အောင် ကျားကန်ထားရမဲ့ အခြေအနေပါပဲ။

ဒုက္ခသည်စခန်းတွင်းမှာ နေထိုင်သူတွေကလည်း အမေရိကန်ရဲ့ အကူအညီတွေ ပြန်လည်ပေးအပ်ဖို့ မျှော်လင့်နေကြပြီး အကူအညီတွေ ပြန်မရခဲ့ဘူးဆိုရင်တောင်မှ ပြင်ပမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုချင်နေကြပါတယ်။

အမေရိကန်က ပိတ်လိုက်တဲ့ အလင်းရောင်ကြောင့် မှောင်မိုက်သွားရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အနာဂတ်ဟာ ပြန်လည် ကြည်လင်လာမှာလား………. ဘယ်လို့ အခြေအနေတွေ ဖြစ်လာမလဲဆိုတာကိုတော့ အချိန်တစ်ခုအထိ စောင့်ဆိုင်းရအုံးမှာပါ။

မဒါးဒါးဖောက လေးလံတဲ့ လေသံနဲ့ “အကူအညီတွေလည်း ပြန်မရဘူး။ အပြင်ထွက်ပြီးလည်း အလုပ်လုပ်ခွင့် မရဘူးဆိုရင် စခန်းထဲမှာ ထောင်ကျနေတာနဲ့ မခြားတော့ဘူး” လို့ ပြောပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleသောင်ရင်းငရဲခန်းက အပြန်
Next Article မလေးရှားရောက် မြန်မာလုပ်သားများနှင့် အော်ပရာစီ ဖမ်းဆီးမှုများ
thanlwinkhet
  • Website

Related Posts

ကျောက်မဲကို တစ်လထဲ သုံးကြိမ်မြောက် ဗုံးကြဲ၊ ဒေသခံများ ထိခိုက်မှုရှိ

June 29, 2025

စစ်ဝါဒီတွေစိုးမိုးဗိုလ်ကျရာ အရှေ့တောင်အာရှ

June 29, 2025

ငလျင်က ယူငင်သွားသော သမိုင်းမှတ်တမ်းများ (သုံးလပြည့်ဆောင်းပါး)

June 28, 2025

Leave A Reply Cancel Reply

Recent Posts

  • ချင်းမိုင်တွင် ဖမ်းမိသော ကျားဖြန့်ဂိုဏ်း မြန်မာနှစ်ဦးပါဝင်
  • သောင်ရင်းမြစ်ဘေးရှိ ကျေးရွာဒေသခံများ စားနပ်ရိက္ခာနှင့် ခြင်ဆေးများ လိုအပ်
  • ထိုင်းဝန်ကြီးချုပ်ကို ရာထူးမှ ဆိုင်းငံ့
  • မြန်မာနှင့် အိန္ဒိယတွင် ၁၀ နာရီအတွင်း ငလျင် ၅ ကြိမ် လှုပ်ခတ်
  • စစ်မှုထမ်းတပ်သားများဖြင့် တနင်္သာရီတွင် စစ်‌ကောင်စီ အင်အားဖြည့်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ချင်းမိုင်တွင် ဖမ်းမိသော ကျားဖြန့်ဂိုဏ်း မြန်မာနှစ်ဦးပါဝင်

သောင်ရင်းမြစ်ဘေးရှိ ကျေးရွာဒေသခံများ စားနပ်ရိက္ခာနှင့် ခြင်ဆေးများ လိုအပ်

ထိုင်းဝန်ကြီးချုပ်ကို ရာထူးမှ ဆိုင်းငံ့

မြန်မာနှင့် အိန္ဒိယတွင် ၁၀ နာရီအတွင်း ငလျင် ၅ ကြိမ် လှုပ်ခတ်

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ချင်းမိုင်တွင် ဖမ်းမိသော ကျားဖြန့်ဂိုဏ်း မြန်မာနှစ်ဦးပါဝင်

July 1, 2025

သောင်ရင်းမြစ်ဘေးရှိ ကျေးရွာဒေသခံများ စားနပ်ရိက္ခာနှင့် ခြင်ဆေးများ လိုအပ်

July 1, 2025

ထိုင်းဝန်ကြီးချုပ်ကို ရာထူးမှ ဆိုင်းငံ့

July 1, 2025

မြန်မာနှင့် အိန္ဒိယတွင် ၁၀ နာရီအတွင်း ငလျင် ၅ ကြိမ် လှုပ်ခတ်

July 1, 2025

စစ်မှုထမ်းတပ်သားများဖြင့် တနင်္သာရီတွင် စစ်‌ကောင်စီ အင်အားဖြည့်

July 1, 2025

လုံလောက်စွာ ဆေးကုသခွင့်မရ၍ ဇွန်လ တစ်လတည်းတွင် နိုင်ကျဉ်း ၃ ဦးအထိ သေဆုံး

June 30, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.