၂၀၂၀ ကိုဗစ်ကာလကတည်းက ၅ နှစ်ကျော်ကျော်ရှိပြီ။ Counsellor hour က ၁၅၀၀ ကျော်သွားပြီ။ Senior Counsellor ဖြစ်ပြီပေါ့နော်။ စိတ်ဒဏ်ရာကို အထူးပြုတဲ့ Counselling ပေါ့နော် Trauma Force Counselling ကိုလည်း လုပ်နေတယ်။
မေး။ လက်ရှိ မြန်မာနိုင်ငံရဲ့ ပဋိပက္ခ၊ စီးပွားရေးကျဆင်းမှု၊ မလုံခြုံမှုတွေကြောင့် ပြည်သူတွေဟာ အဓိကအားဖြင့် ဘယ်လို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ စိန်ခေါ်မှုတွေကို အများဆုံး ရင်ဆိုင်နေရပါသလဲ။
ဖြေ။ ပဋိပက္ခတွေ၊ စစ်ပွဲတွေဖြစ်နေတာကြောင့် ဝင်ငွေပိုင်းမှာ အခက်အခဲ ဖြစ်လာကြတယ်။ နေ့စဉ်နဲ့ အမျှ စစ်ပွဲတွေကို မြင်နေကြတဲ့ အခါမှာ လူတွေမှာက အသက်ဘေးကနေ လွတ်မြောက်အောင် ရုန်းကန်နေရတဲ့ အခြေအနေမျိုး ဖြစ်တာကြောင့် နေ့စဉ်နဲ့ အမျှ စိုးရိမ်ပူပန်မှုက မြင့်တက်နေတာပေါ့။ ဒီအခက်အခဲတွေကြောင့်ပဲ အချင်းချင်းတွေ ကြားထဲမှာ စကားများကြတာတွေ နားလည်မှုလွဲကြတာတွေ ဖြစ်တဲ့ လူမှုရေး ပြဿနာတွေကလည်း အများကြီး ဖြစ်လာတယ်။ ဆတ်ဆတ်ထိ မခံတဲ့ စိတ်တွေ၊ ဒေါသစိတ်တွေ များလာတယ်။ ရှေ့ရေးမှာ ဘာဖြစ်မယ်မှန်းမသိတဲ့ အခါကျတော့ ကျွန်တော်တို့ဆီမှာ လမ်းပျောက်လာတယ်။ ဘဝ ဖြစ်တည်မှုတွေ ပျောက်ဆုံးလာတယ်။ မျှော်လင့်ချက်မဲ့မှု၊ ကူရာကယ်ရာမဲ့မှုတွေ အဲဒါတွေက စိတ်ဓါတ်ကျတဲ့ဆီကို ကူးသွားစေတယ်။
မေး ။ စီးပွားရေး အခက်အခဲနဲ့ ပဋိပက္ခဒဏ်တွေနဲ့ အတူ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေဟာ ဘာကြောင့် ပိုများလာတယ်လို့ ထင်ပါသလဲ။
ဖြေ။ ဒီကာလမှာ အရှေ့ကပြောခဲ့တဲ့ အခြေအနေကို အားလုံကြုံနေရတယ်။ တနေ့ထက် တနေ့ ဘယ်လို့ လုပ်ကိုင်စားသောက်ရမလဲ၊ တစ်လထက် တစ်လ အသက်ရှင်ရေး အတွက် ရန်းကန်နေရတာမျိုး။ ဒါတွေက ကာလရှည်ကြာလာတဲ့ အခါ လူတွေမှာ ထွက်ပေါက်မရှိဘူး ဖြစ်လာတယ်။ နောက်ဆက်တွဲ အဖြစ် ညအိပ်မပျော်တာမျိုး အရမ်းများလာတယ်။ ကိုယ်ကိုယ့်ကိုယ် အနှုတ်သဘောဆောင်တဲ့ အမြင်တွေ အများကြီး မြင်လာတယ်။ ကိုယ်ကိုယ့်ကိုယ် အသုံးမကျဘူးတို့ အဖြစ်မရှိဘူးတို့ မြင်လာတယ်။ ဒီကာလမှာ ဘာမှ ဖြစ်မြောက်လာတာ မရှိဘူးလေနော်။ ဒါက အားနည်းချက်ကြောင့် မဟုတ်ဘူး။ ခေတ်ရဲ့ အခြေအနေကိုက လုပ်သာကိုင်သာ မရှိတာကြောင့် ဖြစ်တယ်။ ဒီမတည်ငြိမ်မှုတွေကြောင့် မိမိကိုယ့်ကိုယ် အဆုံးစီရင်မှုတွေ ဖြစ်တယ်။ ထွက်ပေါက်မဲ့လာတာတွေ ဖြစ်တယ်။
မေး။ စိတ်ဖိစီးမှုဒဏ်ကို မခံနိုင်တော့တဲ့ အခြေအနေမှာ ရောက်နေပြီဆိုတာ ဘယ်လို လက္ခဏာရပ်တွေကနေ သိနိုင်မလဲ။
ဖြေ။ ဥပမာပေးရရင် မိုးရွာထဲ ထွက်သွားရင် နေရင်းထိုင်ရင်း မိုးစိုတာမျိုးပေါ့။ အခုဖြစ်နေတဲ့ ပဋိပက္ခတွေက ဘဝ အတွက် လိုအင်တွေ လိုအပ်ချက်တွေ၊ တည်ငြိမ်မှုတွေကို မရဘူးဆိုတာမြင်စေချင်တယ်။ တခါတလေကျရင် စိတ်ကျန်းမာရေးက ကိုယ့်ညံ့လို့ အသုံးမကျလို့ ဖြစ်တတ်တယ်လို့ မြင်တတ်ကြတယ်။ အမှန်တကယ်က အခုလို ကာလမှာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓါတ်ကျတယ် ဆိုတာက မိုးရွာလို့ရှိရင် မိုးရွာထဲ လမ်းလျှောက်သွားရင် မိုးစိုမှာပဲ။ ဒီသဘောပဲ။ ဒီပဋိပက္ခကာလအတွင်းမှာ စိုးရိမ်ပူပန်မှု မရှိဘူး။ စိတ်ဓါတ်ကျတာမျိုး မရှိဘူးဆိုရင် ဒါကလည်း စိတ်ပိုင်းဆိုင်ရာပြဿနာရဲ့ နောက်ထက် အခက်အခဲ တစ်ခုဖြစ်တယ်။ လူတွေမှာ အဆင်မပြေရင် အဆင်မပြေတဲ့ ခံစားချက်ကို ရတယ်။ ဒုက္ခရောက်ရင် ဒုက္ခရောက်တဲ့ ခံစားချက်ကို ရဖို့လိုတယ်။ စိတ်ဖိစီးမှုအဆင့်ကနေ အရမ်းပြင်းထန်တဲ့ စိတ်ဖိစီးမှု အဆင့်ကို ရောက်ပြီး ကိုင်တွယ်နိုင်တဲ့ စွမ်းရည်တွေ၊ လိုက်လျောညီထွေစွာ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်တွေ လျော့ကျလာတာတွေ ဖြစ်တတ်တယ်။ ဒါကို ဂရုစိုက်ဖို့လိုတယ်။ စိတ်ပြေလက်ပျောက်ဖြစ်အောင် အပြင်သွားတာမျိုး၊ သူငယ်ချင်းတွေနဲ့ စကားပြောတာမျိုး တို့ လုပ်ဖို့လိုတယ်။
မေး။ တစ်ဦးချင်းရဲ့ စိတ်ကျန်းမာရေးအတွက် မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှု (Support) ဟာ ဘယ်လောက်အထိ အရေးပါပါသလဲ။
ဖြေ။ အထက်မှာပြောတဲ့ အရာတွေ ခံစားနေရပြီဆိုရင် လူမှုပတ်ဝန်းကျင်ရဲ့ ဂရုပြုမှုပေါ့နော်။ စိတ်ကျန်းမာရေးလို့ ခေါ်လိုက်လို့ရှိရင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးပိုင်းဆိုင်ရာရေ စိတ်ပိုင်းဆိုင်ရာ တစ်ခုဖြစ်သွားတာနဲ့ အဲသုံးခုမှာ သုံးခုစလုံး ထိခိုက်သွားတာ သို့မဟုတ် တစ်ခု ထိခိုက်သွားတာမျိုး ရှိနေတတ်ကြတယ်။ တတိယ တစ်ခုဖြစ်တဲ့ လူမှုရေးပိုင်းဆိုင်ရာပေါ့နော်။ ဒါကြောင့် လူမှုပတ်ဝန်းကျင်ရဲ့ ပံ့ပိုးကူညီမှုက အရမ်းလိုအပ်တယ်။ ကျွန်တော်တို့ ခံစားချက်တွေကို နားလည်ပေးတဲ့သူတွေ၊ ဘဝကို လမ်းညွှန်ပြသပေးတဲ့သူတွေ လိုအပ်ချက်တွေကို အမြဲတမ်း မဟုတ်ရင်တောင် တစ်ကြိမ် တခါ ဖြည့်ဆည်းပေးခဲ့သူတွေ ချစ်ချင်မြတ်နိုးရတဲ့ သူတွေ (ဥပမာ- ခွေး၊ကြောင်၊ တူတွေ၊ တူမတွေ အနီးနားက ကလေးတွေ) နဲ့ ချိတ်ဆက်နေဖို့က လိုအပ်တယ်။
မေး။ ဒီလို မရေရာ မသေချာတဲ့ ကာလတွေမှာ လူတစ်ဦးချင်းစီအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိအောင်၊ နေ့စဉ်ဘဝကို ကျန်းမာစွာ ဖြတ်သန်းနိုင်အောင် စိတ်သဘောထား (Mindset) ကို ဘယ်လိုမျိုး ပြင်ဆင်ထားသင့်ပါသလဲ။
ဖြေ။ ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကို ဂရုပြုတဲ့ပုံစံကို အရင်ဆုံးကြည့်ဖို့ လိုမယ်ပေါ့နော်။ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အရင်ဆုံး အတည်ပြုဖို့လိုတယ်။ လက်ရှိ ဖြစ်နေတဲ့ စိတ်ခံစားချက်တွေကို ဘယ်လို့မျိုး handel (ကိုင်တွယ်ဖြေရှင်း) လုပ်သလဲပေါ့။ စိတ်ခံစားချက်တွေကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်း စိတ်ခံစားချက်တွေက လူမှုဘဝအပေါ် ဘယ်လို့ အကျိုးသက်ရောက်သလဲ ပြန်သုံးသပ်ဖို့ လိုတယ်။ နေ့စဉ်စောင့်ကြည့်နေဖို့ လိုတယ်။ ဒီဟာတွေ အပေါ်မှာ Positive (အကောင်းမြင်၊အပြုသဘော) အမြင်တွေနဲ့ ကြည့်ဖို့ လိုအပ်တယ်။ အဲလို့မျိုး မလုပ်ဘူးဆိုရင် ကိုင်တွယ်နိုင်တဲ့ စွမ်းရည်တွေက ထိခိုက်သွားတတ်တယ်။
မေး။ မြန်မာလူမျိုးအများစုက စိတ်ကျန်းမာရေးကုသမှု (Mental Health Treatment) ခံယူမှုတွေက ဘယ်လို့ ပြောင်းလဲလာလဲ။
ဖြေ။ Mental Health နဲ့ ပတ်သက်ရင် ကျွန်တော်တို့ဆီမှာ လူငယ်တွေကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး လက်ခံလာတယ်။ ကျယ်ကျယ်ပျံ့ပျံ့သိလာတယ်။ လက်ခံလာတယ်လို့ ပြောရမယ်။ Mental Industry ကလည်း ကိုဗစ်ကာလ နောက်ပိုင်းနဲ့ crisis ကာလမှာ အများကြီးဖွံ့ဖြိုးလာတယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံမှုက လူကြီးတွေမှပဲ နည်းနည်းလေး ကျန်တာမျိုး ရှိတယ်။ Counselling ကကျတော့ ဘဝရဲ့ ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေ စိတ်ခံစားချက်တွေကို ဖြေရှင်းကိုင်တွယ်နိုင်တာကို သွားတဲ့အခါကျ တော့ လူတိုင်းက Counselling ယူဖို့ လိုအပ်တယ်။
မေး။ လူတွေအနေနဲ့ စိတ်ကျန်းမာရေး မထိခိုက်အောင် မီဒီယာ သုံးစွဲမှုကို ဘယ်လို ထိန်းချုပ်သင့်ပါသလဲ။
ဖြေ။ အထူးသဖြင့် လူမှုကွန်ရက်မီဒီယာမှာ သတင်းတွေ၊ သတင်းဓါတ်ပုံတွေကို သတင်းဌာနတွေက သက်သေ အထောက်အထား အဖြစ် တင်တာမျိုးရှိတယ်။ အဲဒါတွေကို မြင်ခြင်းအားဖြင့် Secondary Trauma နဲ့ ပတ် သက်လို ဂရုစိုက်ဖို့လိုတယ်။ သတင်းတွေက ကျွန်တော်တို့နဲ့လည်း အဆက်ပြတ်လို့ မရဘူးပေါ့နော်။ ဆိုတော့ အကောင်းဆုံးက ရုပ်သံ သတင်းတွေ နားထောင်တာမျိုးလုပ်လို့ရတယ်။
#WorldMentalHealthDay #purplewindowcounselling #အင်တာဗျူး #ThanLwinKhetNews