• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • သောင်ရင်းမြစ်အတွင်း နိုင်ငံခြားသားရုပ်အလောင်းများ မျောလာ
  • ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ စသော်လည်း ပြည်သူများ စိတ်မဝင်စား
  • တောင်ကုတ် မဟော်သဓာအထက်တန်းကျောင်းကို စစ်တပ် ဗုံးကြဲ
  • ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများအား အဓမ္မ အလုပ်စေခိုင်းနေ
  • လူနာသွားယူသည့် ကား ဒရုန်းဖြင့် ပစ်ခတ်ခံရ၍ ၁၄ နှစ်အရွယ် အသင်းဝင်တစ်ဦး သေဆုံး
  • TNLA ထိန်းချုပ်ထားသည့် ဒေသများတွင် စစ်တပ်ဗုံးကြဲ၍ သုံးပတ်ကျော်အတွင်း ဒေသခံ ၄၇ ဦးအထိ သေဆုံး
  • KK Park မှ ထွက်လာသူများ လုပ်ငန်းသုံးဖုန်းများအား အောက်ဈေးဖြင့် ရောင်းချ
  • ကျောက်ဖြူ သိုင်းချောင်းရွာကို စစ်တပ် ဗုံးကြဲ၍ အရပ်သားတစ်ဦး ဒဏ်ရာရ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»တော်လှန်ရေးတပ်တွေရဲ့ အိမ်ပြန်အောင်ပွဲတွေဆင်နိုင်ခဲ့တဲ့ ၂၀၂၄ ခုနှစ်
ဆောင်းပါး

တော်လှန်ရေးတပ်တွေရဲ့ အိမ်ပြန်အောင်ပွဲတွေဆင်နိုင်ခဲ့တဲ့ ၂၀၂၄ ခုနှစ်

thanlwinkhetBy thanlwinkhetDecember 31, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောင်းချစ်အောင်

ဒီဇင်ဘာ ၃၁၊ ၂၀၂၄။

 

မကြာခင် ကုန်ဆုံးတော့မဲ့ ၂၀၂၄ ခုနှစ်ဟာ မြန်မာစစ်တပ်တဖြစ်လဲ စစ်ကောင်စီတပ်အတွက် စစ်ရေးချိန်ခွင်လျာအရ အလှည့်အပြောင်းကြီးမားခဲ့တဲ့ နှစ်ဖြစ်ပါတယ်။ အရှေ့မြောက်ပိုင်းနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှစ်ခုအပြင် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ၅ ခုကိုလည်း ဆုံးရှုံးခဲ့ရတာပါ။

 

တစ်နှစ်အတွင်းမှာပဲ အင်အားသောင်းနဲ့ချီ ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီတပ်ဟာ လက်ရှိအချိန်အထိ မြို့ ၉၀ ထက်မနည်းကို ဆုံးရှုံးထားရပြီး နိုင်ငံအနောက်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ စစ်မျက်နှာအများအပြားကို တပြိုင်တည်း ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

 

၂၀၂၄ ခုနှစ်အတွင်း တိုင်းရင်းသားတော်လှန်ရေးတပ်တွေက အောင်မြင်မှုအသီးသီးကို ရယူနိုင်ခဲ့ပြီး အဲဒီအထဲမှာ အိမ်ပြန် ခရီးအောင်ပွဲတွေလို့ခေါ်နိုင်တဲ့ ဗဟိုဌာနချုပ်နေရာဟောင်းတွေကို ပြန်လည်ရယူနိုင်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

 

စံချိန်တင်လက်နက်ချမှုနဲ့ လောက်ကိုင်အောင်ပွဲ

********************

လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့ချိန် ၂၀၀၉ ခုနှစ်မှာ ဦးဖုန်ကြားရှင်ဦး ဆောင်တဲ့ ကိုးကန့်တပ်ဖွဲ့ (MNDAA) ဟာ ဌာနချုပ်ရှိရာ လောက်ကိုင်ဒေသကို စွန့်လွှတ်ခဲ့ရပါတယ်။

 

မူးယစ်ဆေးဝါးတွေ့ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့အတူ လက်အောက်ခံတပ်မှူးတွေ သစ္စာဖောက်ခဲ့တဲ့အတွက် ကိုးကန့် တပ်နယ်မြေတွေ ဆုံးရှုံးကာ တရုတ်နယ်စပ်အထိ ထွက်ပြေးခဲ့ရတာပါ။

 

၂၀၁၅ ခုနှစ်မှာ လောက်ကိုင်မြို့ကို ပြန်ရရေးအတွက် လျှပ်တပြက်ထိုးစစ်ဆင်ခဲ့ပေမယ့် သိမ်းပိုက်နိုင်တဲ့အထိ အောင်မြင်မှုမ ရခဲ့ပါဘူး။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက် မနက်အစောပိုင်းက ချင်းရွှေဟော်မြို့မှာ စတင်ခဲ့တဲ့ ၁၀၂၇ ထိုးစစ်ဟာ ကိုးကန့်တပ် အိမ်ပြန်ခရီးရဲ့ အစခြေလှမ်းဖြစ်ခဲ့ပါတယ်။

 

စစ်ဆင်ရေးအစမှာပဲ မြို့ ၄ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး နာမည်ကြီးခံစစ်နေရာဖြစ်ခဲ့ဖူးတဲ့ ကွမ်းလုံဗျူဟာကို သိမ်းပိုက်နိုင်ခဲ့ကာ လောက်ကိုင်မြို့ကို ထိုးစစ်ဆင်ခဲ့ပါတယ်။

 

၁၀၂၇ စစ်ဆင်ရေး ၇၁ ရက်မြောက်နေ့ဖြစ်တဲ့ ဇန်နဝါရီလ ၅ ရက်နေ့မှာ လောက်ကိုင်ဒေသကွပ်ကဲရေးစစ်ဌာနချုပ် (ဒကစ) က ဗိုလ်မှူးချုပ်အဆင့်ရှိသူ ခြောက်ဦး၊ အရာရှိ ၂၂၈ ဦး အပါအဝင် ရဲဘော်နဲ့တခြားအဆင့် နှစ်ထောင်နီးပါး လက်နက်ချခဲ့ပြီး လောက်ကိုင်မြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

 

ဒါ့အပြင် နန်ထင်မိန်တောင် စခန်းကုန်းမှာရှိတဲ့ တပ်ဖွဲ့တွေကလည်း လက်နက်ချတာကြောင့် ကိုးကန့်ဒေသ တစ်ခုလုံးကို သိမ်း ပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်ဟာ စစ်ဆင်ရေးမစခင် ၂၀၂၂ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီး သူ့ရဲ့သားဖြစ်သူ ဖုန်တာရွှင်လက်ထက်မှာမှ လောက်ကိုင်မြို့ကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

 

နာမည်ကြီးခံစစ် ပါဂျိုနားဖော့

******************

၁၉၈၇ ခုနှစ်ကာလအထိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ရဲ့ ဗဟိုဌာနချုပ်ဖြစ်ခဲ့တဲ့ နားဖော့စခန်းဟာ ဝိုင်းမော်မြို့နယ် ထဲမှာ တည်ရှိပါတယ်။ မြန်မာစစ်တပ်တွေ အလွယ်တကူ တက်လာလို့မရအောင် မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းအနီးတောင် တွေပေါ်မှာ ခံစစ်အထိုင်ချထားတာဖြစ်ပါတယ်။

 

အနီးနားက ပါဂျိုမှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဌအပါအဝင် နိုင်ငံရေးဦးဆောင်သူတွေ စုဖွဲ့နေထိုင်ကြတယ်လို့ မြန်မာစစ်တပ်ဗိုလ်မှူးကြီးဟောင်းသောင်းဝေဦးက သူ့ရဲ့စာအုပ်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။

 

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ကွပ်ကဲမှုအောက်က တပ်ရင်းတွေပါဝင်တဲ့ သာလွန်အင်အားအသုံးပြုခဲ့ပြီး သူရိန်ထွန်း စစ် ဆင်ရေးအဖြစ် ထိုးစစ်ဆင်ခဲ့ရာမှာ နားဖော့စခန်းကို မြန်မာစစ်တပ်က ၁၉၈၇ မေလကုန်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ KIA အနေနဲ့ ဗဟိုဌာနချုပ်ကို လိုင်ဇင်ဒေသ အဲဒီနောက်ပိုင်း နောက်ဆုံးလိုင်ဇာကို ပြောင်းရွှေ့ခဲ့ရပါတယ်။

 

အဲဒီအချိန်ကတည်းက နားဖော့ဒေသမှာ မြန်မာစစ်တပ်က ခေတ်အဆက်ဆက်တပ်စွဲလာခဲ့ပြီး KIA အတွက် အင်အားဆုတ် ယုတ်ခဲ့ရတဲ့ကာလတွေ ဖြစ်ခဲ့ပါတယ်။

 

၂၀၂၄ ခုနှစ်အရောက်မှာတော့ ကချင်ပြည်နယ်အတွင်း အင်အားချိန်ခွင်လျှာပြောင်းလဲလာခဲ့ပါတယ်။ နိုင်ငံအနှံ့စစ်မျက်နှာအ များအပြား ရင်ဆိုင်နေရတဲ့အချိန်မှာ KIA ဟာ မတ်လ ၇ ရက်မှာ ထိုးစစ်အရှိန်ကို မြှင့်တင်လာခဲ့ပါတယ်။

 

လက်ရှိဌာနချုပ် လိုင်ဇာမြို့အနီးက စစ်ကောင်စီစခန်းတွေကို ဦးဆုံးသိမ်းပိုက်ခဲ့ပြီး ဗန်းမော်နဲ့ဝိုင်းမော်မြို့အကြားက စခန်း တွေကို ဆက်တိုက်ထိုးစစ်ဆင်ခဲ့တာပါ။ အဲဒီနောက်ပိုင်း ကချင်အထူးဒေသ-၁ တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့အထိ သိမ်း ပိုက်နိုင်ခဲ့ပါတယ်။

 

KIA အတွက် အထူးခြားဆုံးအောင်ပွဲကတော့ ၁၉၈၇ ခုနှစ်ကတည်းက ဆုံးရှုံးခဲ့လိုက်ရတဲ့ နားဖော့ဗျူဟာကုန်းကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၂၁ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၀ ကျော်ရှိတဲ့ အဲဒီစခန်းကို KIA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။

 

တော်လှန်ဗဟိုချက်ဖြစ်ခဲ့ဖူးတဲ့ မာနယ်ပလောပြန်လည်ရရှိမှု

************

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တချိန်က ဗဟိုဌာနချုပ်ဟောင်း၊ တပ်ပေါင်းစုတွေရဲ့ဌာနချုပ်ဟောင်း ဖြစ်ခဲ့တဲ့ မာနယ်ပလောကို နှစ်ပေါင်း ၃၀ အတွင်းမှာပဲ KNU က ပြန်သိမ်းလိုက်ပါတယ်။

 

မာနယ်ပလောကို စစ်တပ်က ၁၉၉၅ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်မှာ သိမ်းသွားခဲ့တာကြောင့် KNU ဟာ အဲဒီဒေသကို လက်လွှတ် ခဲ့ရတာပါ။

 

မာနယ်ပလောဒေသဟာ ကရင်လက်နက်ကိုင်တော်လှန်ရေးအတွက်သာမက မြန်မာပြည် ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးအတွက် တပ်ပေါင်းစုတွေ၊ စင်ပြိုင်အစိုးရတွေကို တည်ထောင်ခဲ့တဲ့ဌာနချုပ်နေရာလည်းဖြစ် ပါတယ်။

 

KNU ဌာနချုပ်ဟောင်းရှိတဲ့ မာနယ်ပလောဟာ ကရင်ပြည်နယ် တပ်မဟာ ၇ နယ်မြေ၊ လှိုင်းဘွဲ့မြို့နယ်ထဲမှာ ပါဝင်ပြီး တပ်မ ဟာ ၅ ထဲက ဖာပွန်မြို့နယ်နဲ့လည်း ဆက်စပ်နေပါတယ်။

 

မာနယ်ပလောမှာ စစ်ကောင်စီတပ်ရဲ့အမှတ် ၉၁၃ ခြေမြန်တပ်ရင်း (ခမရ ၉၁၃) နို့ဒေး၊ ဖူးလောကုန်း၊ ကဆောဝါးလေး (ဆင်ဖြူတောင်စခန်း)၊ ဂယ်ဂေါ်ကျိုး၊ မြောက်ကုန်း စတဲ့စခန်းတွေ တပ်စွဲထားခဲ့တာပါ။

 

အဲဒီစခန်းတွေကို KNLA နဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်တာတွေကြောင့် ပြီးခဲ့တဲ့နိုဝင်ဘာလကစပြီး စစ်ကောင် စီတပ်တွေဟာ ခမရ ၉၁၃ ကို ပူးပေါင်းသွားကြပါတယ်။

 

ဒီဇင်ဘာ ၁၆ ရက်မှာ ခြေမြန်တပ်ရင်း ၉၁၃ နဲ့ အမြောက်တပ်ခွဲ ၃၁၁ တို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး KNU ဌာနချုပ် ဟောင်းဟာ ကရင်တပ်တွေလက်ထဲ ပြန်လည်ရောက်ရှိခဲ့ရပါတယ်။

 

ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ စစ်အင်အားသတ်မှတ်ချက်မှာ အဆင့် ၃၅အထိ ရောက်ရှိခဲ့တဲ့ မြန်မာစစ်တပ်အတွက် အဆိုးဝါးဆုံးအချိန်ကာလတစ်ခုကို ရင်ဆိုင်နေရပြီး တော်လှန်ရေးတပ်တွေလက်ထဲ နယ်မြေအတော်များများကို ထိန်းချုပ်ခွင့်ပြုထားနေရဆဲဖြစ်ပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleအာရက္ခတပ်တော်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံဆက်ဆံရေး
Next Article ရန်ကုန်တွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကိုယ်ထူကိုယ်ထကျင်းပ
thanlwinkhet
  • Website

Related Posts

အရှေ့တီမော၏ မြန်မာစစ်အုပ်စုအပေါ် သံတမန်ဆက်ဆံရေး အပြောင်းအလဲ

October 3, 2025

အိန္ဒိယက အာဏာသိမ်းစစ်တပ်ကို အားပေးလာခြင်းနောက်ကွယ်က အကျိုးစီးပွားများ မိုဒီနှင့် စစ်ခေါင်းဆောင်၏ သီးသန့်တွေ့ဆုံမှု- အိန္ဒိယ၏ မြန်မာမူဝါဒ ပြောင်းလဲလာခြင်းလား

October 3, 2025

စစ်ကော်မရှင် လက်ခုပ်ထဲက ရေလို ဘဝများ

September 29, 2025

Leave A Reply Cancel Reply

Recent Posts

  • သောင်ရင်းမြစ်အတွင်း နိုင်ငံခြားသားရုပ်အလောင်းများ မျောလာ
  • ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ စသော်လည်း ပြည်သူများ စိတ်မဝင်စား
  • တောင်ကုတ် မဟော်သဓာအထက်တန်းကျောင်းကို စစ်တပ် ဗုံးကြဲ
  • ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများအား အဓမ္မ အလုပ်စေခိုင်းနေ
  • လူနာသွားယူသည့် ကား ဒရုန်းဖြင့် ပစ်ခတ်ခံရ၍ ၁၄ နှစ်အရွယ် အသင်းဝင်တစ်ဦး သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

သောင်ရင်းမြစ်အတွင်း နိုင်ငံခြားသားရုပ်အလောင်းများ မျောလာ

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ စသော်လည်း ပြည်သူများ စိတ်မဝင်စား

တောင်ကုတ် မဟော်သဓာအထက်တန်းကျောင်းကို စစ်တပ် ဗုံးကြဲ

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများအား အဓမ္မ အလုပ်စေခိုင်းနေ

ယခင်သတင်းများ

  • October 2025
  • September 2025
  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ထုတ်ပြန်ချက်
  • ဓာတ်ပုံသတင်း
  • နယ်စပ်သတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရခိုင်သတင်း
  • ရေဒီယို
  • ရွေးကောက်ပွဲသတင်း
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

သောင်ရင်းမြစ်အတွင်း နိုင်ငံခြားသားရုပ်အလောင်းများ မျောလာ

October 28, 2025

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ စသော်လည်း ပြည်သူများ စိတ်မဝင်စား

October 28, 2025

တောင်ကုတ် မဟော်သဓာအထက်တန်းကျောင်းကို စစ်တပ် ဗုံးကြဲ

October 28, 2025

ဒိုက်ဦးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူများအား အဓမ္မ အလုပ်စေခိုင်းနေ

October 27, 2025

လူနာသွားယူသည့် ကား ဒရုန်းဖြင့် ပစ်ခတ်ခံရ၍ ၁၄ နှစ်အရွယ် အသင်းဝင်တစ်ဦး သေဆုံး

October 27, 2025

TNLA ထိန်းချုပ်ထားသည့် ဒေသများတွင် စစ်တပ်ဗုံးကြဲ၍ သုံးပတ်ကျော်အတွင်း ဒေသခံ ၄၇ ဦးအထိ သေဆုံး

October 25, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.