• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို
  • နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်
  • အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်
  • မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
  • အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»အာရက္ခတပ်တော်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံဆက်ဆံရေး
ဆောင်းပါး

အာရက္ခတပ်တော်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံဆက်ဆံရေး

thanlwinkhetBy thanlwinkhetDecember 31, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်
ဒီဇင်ဘာ ၃၁၊ ၂၀၂၄။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အာရက္ခတပ်တော် – AA က ရခိုင်ဗုဒ္ဓဘာသာတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်တိုက်ပွဲဝင်နေပြီး ဒါကမြန်မာနိုင်ငံရဲ့ လူမျိုးရေးပဋိပက္ခတွေအတွက် အရေးပါတဲ့အသစ်အဆန်းတစ်ခုလည်း ဖြစ်နေပါတယ်။

AA နဲ့ မြန်မာစစ်တပ်အကြား ပြင်းထန်တဲ့တင်းမာမှုတွေပေါ်ပေါက်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှာ AA က ရဲကင်းစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့နောက်ပိုင်းမှာတော့ ဒီအဖြစ်အပျက်က လူပေါင်း ၁၅၇,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့အနေအထားဆီ ဦးတည်ခဲ့ပါတယ်။

နိုင်ငံရေးအရပစ်ပယ်ခံထားရတဲ့အကျိုးဆက်အဖြစ် အေအေကို ရခိုင်ပြည်သူလူထုထောက်ခံမှုအင်အားကြီးမားလာခဲ့ပြီး ၂၀၁၇ ခုနှစ်ကစလို့ တိုတောင်းတဲ့အချိန်အတွင်း တရုတ်ရဲ့ကျောထောက်နောက်ခံနဲ့ အရှိန်ကြီးမားလာခဲ့ပါတယ်။
ဘေဂျင်းအနေနဲ့ မြန်မာနိုင်ငံမှာ သူရဲ့စီးပွားရေးနဲ့ ဗျူဟာမြောက်ပန်းတိုင်တွေကို ကာကွယ်ဖို့လိုပါတယ်။ ဒါကြောင့်လည်း မြန်မာစစ်တပ်၊ အေအေ နှစ်ဖက်လုံးနဲ့ အင်အားချိန်ခွင်လျှာမျှနေဖို့ လိုအပ်ပါတယ်။

အာရက္ခတပ်တော်ဒီရေတက်ချိန်
အေအေ ကို ၂၀၀၉ ခုနှစ် ဧပြီမှာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ အေအေရဲ့ ရည်မှန်းချက်က ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်နဲ့ဆင်တူတဲ့ ရခိုင်ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေထူထောင်ဖို့ပါပဲ။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်ထဲမှာပါဝင်ပါတယ်။ အေအေက ရခိုင်အမျိုးသားရေးစိတ်ဓာတ်ကိုလက်ကိုင်ထားသလို ဒေသတွင်းသာယာဝပြောရေးနဲ့ ရခိုင်တိုင်းရင်းသားအသိုက်အဝန်းရဲ့ ယဉ်ကျေးမှု၊ အမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ကတိပြုထားပြီး လူထုရဲ့ထောက်ခံမှုရဖို့ကိုလည်း ကြိုးစားနေပါတယ်။
အေအေရဲ့ကနဦးကာလတွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် – KIA ရဲ့အရိပ်အောက်ကနေ လေ့ကျင့်သင်ကြားခဲ့ပြီး နောက်ပိုင်းမှာတော့ အင်အားကြီး UWSA ဆီရွှေ့ပြောင်းခဲ့ပါတယ်။ အစပထမကာလတွေမှာ အေအေက ရှမ်းနဲ့ကချင်ပြည်နယ်တွေမှာ စစ်ဆင်ရေးလေ့ကျင့်မှုတွေနဲ့ တိုက်ပွဲအတွေ့အကြုံတွေရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်ကစပြီး ရခိုင်ပြည်နယ်ဘက်ကို အာရုံစိုက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၇ ခုနှစ် နောက်ပိုင်းရောက်မှသာ အေအေက ရခိုင်ပြည်နယ်မှာ ထင်ရှားကျော်ကြားလာခဲ့ပါတယ်။

အေအေကို တရုတ်က ဘာတွေထောက်ပံ့ခဲ့သလဲ
တရုတ်အစိုးရက အေအေကို လက်နက်တိုက်ရိုက်ထောက်ပံ့တာနဲ့ပတ်သက်ပြီး အထောက်အထားအနည်းငယ်သာရှိသေးပေမယ့် စစ်တွေရေတပ်သင်္ဘောတိုက်ခိုက်မှုအပါအဝင် သာဓကအများအပြားအရ အေအေ လက်ထဲ တရုတ်လက်နက်တွေစီးဆင်းခဲ့တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါတယ်။
Anders Corr ရဲ့စကားအရ အေအေရဲ့ဘဏ္ဍာရေးအရင်းအမြစ်တွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က တရုတ် နိုင်ငံကဖြစ်ပါတယ်။ အေအေကို တရုတ်ကထောက်ပံ့ပေးထားတဲ့ပစ္စည်းတွေထဲ ယူနီဖောင်း၊ လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ပါဝင်ပါတယ်။ ၂၀၁၉ ခုနှစ် ဇွန်လက အေအေရဲ့ စစ်တွေရေယာဉ်တိုက်ခိုက်မှုမှာ တရုတ်လုပ် ၁၀၇ မီလီမီတာ ဒုံးကျည် ၃ စင်း အေအေကပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
အေအေရဲ့ အဓိကလက်နက်အရင်းအမြစ်က UWSA နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဆီကဖြစ်ပြီး အခြားတိုင်းရင်းသားလက်နက်ကိုင်တွေဆီကလည်း ဝယ်ယူခဲ့ပါတယ်။ UWSA နဲ့ တရုတ်က ရင်းနှီးတဲ့မိတ်ဘက်တွေဖြစ်ပြီး UWSA ရဲ့နယ်မြေအတွင်း တရုတ်လက်နက်ထုတ်လုပ်တဲ့ စက်ရုံတွေရှိတယ်လို့ UWSA ကပြောဆို ထားပါတယ်။ ဒါကြောင့်လည်း လက်နက်နဲ့ပတ်သက်တဲ့ အကျိုးခံစားခွင့်က UWSA နဲ့နီးကပ်တဲ့အဖွဲ့တွေမှာ ပိုပြီးရှိနေပါတယ်။ UWSA က (AA လည်းပါဝင်တဲ့) မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ရဲ့ ဖက်ဒရယ်နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုဆိုင်ရာကော်မတီ – FPNCC ကိုဦးဆောင်နေပါတယ်။ ဘေဂျင်းက AA ကိုဩဇာလွှမ်းမိုးနိုင်ဖို့ FPNCC ကိုအသုံးချနေတယ်လို့ သတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။
အေအေရဲ့လက်နက်တိုက်တွေဆီကို ခေတ်မီဆန်းပြားတဲ့တရုတ်လက်နက်တွေစီးဆင်းနေတာက အေအေကို တရုတ်ရဲ့ကျောထောက်နောက်ခံပြုနေမှုအပေါ် အားကောင်းစေပါတယ်။ ၂၀၂၀ ခုနှစ် ဇူလိုင်လမှာ ထိုင်းစစ်တပ်က မြန်မာနဲ့ထိုင်းနယ်စပ်ကနေ ဒေါ်လာ ၁ သန်းတန်ဖိုးရှိတဲ့ တရုတ်လက်နက်အများအပြား ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီလက်နက်တွေက အေအေနဲ့ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာလှုပ်ရှားနေတဲ့ သောင်းကျန်းသူအဖွဲ့တွေအတွက်ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကလည်း မြန်မာစစ်တပ်က တရုတ်လုပ်လက်နက်တွေဖြစ်တဲ့ FN6 လေယာဉ်ပစ်လက်နက်တွေ၊ RPG တွေအပြင် အေအေရဲ့မဟာမိတ်ဖြစ်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ TNLA ရဲ့ကျည်တောင့် ၄၀,၀၀၀ အပါအဝင် တခြားလက်နက်တွေ သိမ်းဆည်းရမိခဲ့ပါသေးတယ်။
နောက်ထပ်ထူးခြားချက်တစ်ခုက အိန္ဒိယနိုင်ငံရဲ့ ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေးစီမံကိန်းနဲ့မတူဘဲ တရုတ်ရဲ့စီမံကိန်းတွေအပေါ် အေအေက ပစ်မှတ်ထားတိုက်ခိုက်တာမျိုးမရှိတဲ့အချက်ပါ။ အေအေရဲ့ ပြောရေးဆိုခွင့်ရ ဦးခိုင်သုခက ၂၀၂၀ ခုနှစ် မတ်လက ထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာလည်း “တရုတ်က မိမိတို့အား အသိအမှတ်ပြုသော်လည်း အိန္ဒိယကထိုသို့မဟုတ်” လို့ထုတ်ပြန်ခဲ့တဲ့အတွက် အေအေနဲ့ ဘေဂျင်းရဲ့ ဆက်စပ်နေမှုကို ထပ်ပြီးဖော်ပြခဲ့ပါတယ်။
တရုတ်နှင့်ချိတ်ဆက်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် AA ချိတ်ဆက်နေမှု
UWSA လို EAOs အများအပြားနဲ့မတူဘဲ ဘေဂျင်းက AA ကို တိုက်ရိုက်ကျောထောက်နောက်ခံပေးတာမျိုးမရှိပါဘူး။ အဲဒီလိုဆောင်ရွက်မယ့်အစား တရုတ်နိုင်ငံက သူရဲ့မဟာဗျူဟာနဲ့အကျိုးစီးပွားတွေလုံခြုံစေဖို့အတွက် အခြား EAO တွေကတဆင့် AA ဆီကို လက်နက်နဲ့အခြားအရင်းအမြစ်တွေ ချိတ်ဆက်ထားပါတယ်။ AA ကို တရုတ်ကသွယ်ဝိုက်ထောက်ခံပေးနေတာက မြန်မာနိုင်ငံမှာ ဘေဂျင်းရဲ့ဩဇာကို ဆက်ပြီးထိန်းသိမ်းဖို့နဲ့ EAOs နဲ့အစိုးရကြား ဟန်ချက်ညီအောင်လုပ်ဆောင်မှုရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။ AA နဲ့သာ အချိတ်အဆက်မိပြီဆိုရင်တော့ ဘေဂျင်းက သူရဲ့အခြေခံအဆောက်အအုံပရောဂျက်တွေကို ကာကွယ်နိုင်ပါပြီ။
ဆွီဒင်သတင်းထောက် ဘာတီးလ်လင့်တနာကတော့ တရုတ်ရဲ့မြန်မာနိုင်ငံအပေါ် ပေါ်လစီကို “မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ပေါ်လစီ” အဖြစ် ရှင်းပြခဲ့ပါတယ်။ တရုတ်နိုင်ငံက တစ်ဖက်မှာလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနေသလို ကုလသမဂ္ဂလုံခြုံရေးကောင်စီလို နိုင်ငံတကာအဖွဲ့အစည်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကနေ မြန်မာနိုင်ငံကို ကာကွယ်ပေးနေပါတယ်။ တစ်ဖက်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလိုအပ်တဲ့ ရန်ပုံငွေနဲ့လက်နက်တွေ ထောက်ပံ့ပေးနေပါတယ်။
တကယ်တမ်းတော့ တရုတ်က ရခိုင်ပြည်နယ်မှာ AA လိုအဖွဲ့အစည်းမျိုးရှိနေတာကို မနှစ်သက်ပါဘူး။ AA ရှိ နေတာက သူ့ရဲ့စီးပွားရေးလုပ်ငန်းတွေအတွက် မလိုလားအပ်တဲ့မတည်ငြိမ်မှုတွေကို ဖြစ်စေတယ်လို့ရှုမြင်ထားပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်ရဲ့စီးပွားရေးပရောဂျက်တွေ အဆင်ပြေပြေလည်ပတ်နိုင်ဖို့အတွက် တည်ငြိမ်တဲ့ အခြေအနေတစ်ရပ်ရှိနေဖို့လိုပါတယ်။ AA ရဲ့တောင်းဆိုချက်တွေကို မြန်မာစစ်တပ်က လိုက်လျောမှာမဟုတ်ဘူးလို့ ဘေဂျင်းကရိပ်မိပါတယ်။ AA ရဲ့ရပ်တည်မှုက မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်စေပါတယ်။
ပထမအချက်အနေနဲ့ အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်မှုတွေက တရုတ်ပရောဂျက်တွေနဲ့ တရုတ်တွေရဲ့ လုပ်ငန်းဆောင်တာတွေအပေါ် အကျိုးသက်ရောက်စေပါတယ်။ ဒုတိယအချက်က နယ်စပ်လုံခြုံရေးက မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့အကျိုးစီးပွားတွေအတွက် အရေးကြီးတဲ့ကဏ္ဍတစ်ခုဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့တရုတ်အိမ်နီးချင်းဖြစ်နေတာက တခြားသူတွေ ဝင်ရောက်လာမှာကနေ ကာကွယ်ပေးနိုင်လိမ့်မယ်လို့ တရုတ်က ယုံကြည်ထားပါတယ်။ AA နဲ့စစ်တပ်အကြားဖြစ်နေတဲ့မတည်ငြိမ်မှုတွေက နိုင်ငံတကာ ကိုဝင်ရောက်ဖို့တွန်းအားပေးနေသလိုပါပဲ။ ဒါက တရုတ်ရဲ့ အကျိုးစီးပွားမဟုတ်ပါဘူး။
တတိယအချက်ကတော့ AA ဟာ အင်အားကြီးမားတဲ့အဖွဲ့အဖြစ် တည်ရှိနေတဲ့အတွက် အစိုးရနဲ့ AA ကြား ဟန်ချက်ညီနေတာမျိုးကိုပဲ ဘေဂျင်းကလိုအပ်ပါတယ်။ စတုတ္ထအချက်အနေနဲ့ မြန်မာစစ်တပ်နဲ့နေပြည်တော်က တရုတ်နဲ့ EAO တွေကြားကဆက်ဆံရေးအပေါ် သံသယရှိနေခဲ့တာကြာပါပြီ။ AA ကို တရုတ်က တိုက်ရိုက်ထောက်ပံ့ပေးခြင်းက ဒီအချက်ကို ပိုပြီးဆိုးရွားစေပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်နေပါစေ။ မြန်မာတစ်နိုင်ငံလုံးကို စစ်တပ်ကမထိန်းချုပ်နိုင်တော့ဘူးဆိုတဲ့ အမှန်တရားကြောင့် ဘေဂျင်းက မြန်မာနိုင်ငံမှာရှိနေတဲ့ သူရဲ့စီးပွားရေးတွေနဲ့ ဗျူဟာမြောက်အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့ EAO တွေနဲ့ အစိုးရနှစ်ရပ်လုံးနဲ့ ချိတ်ဆက်ဖို့လိုအပ်ပါတယ်။
AA ရဲ့ရခိုင်ပြည်နယ်ဟာ ကျောက်ဖြူဆိပ်ကမ်းနဲ့ တရုတ် – မြန်မာရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းလို စီးပွားရေးအရရော မဟာဗျူဟာအရပါအရေးပါတဲ့ BRI ပရောဂျက်တွေရဲ့အချက်အချာတွေ ရှိနေပါတယ်။ ဘူမိမဟာဗျူဟာရှုထောင့်အားနည်းချက်ကိုလျှော့ချဖို့ ဒီစီမံကိန်းတွေက တရုတ်အတွက်အရေးကြီးပါတယ်။ ဒါကြောင့်လည်း ဘေဂျင်းရဲ့ရည်မှန်းချက်ကြီးတဲ့ပရောဂျက်တွေ အနှောင့်အယှက်မဖြစ်ရအောင်အတွက် AA နဲ့ချိတ်ဆက်မှုတွေ ထူထောင်ဖို့ လိုအပ်ပါတယ်။
AA ကို တရုတ်ကျောထောက်နောက်ခံပြုပေးနေတယ်ဆိုတာကလည်း အခြေအနေအရဖြစ်ပေါ်လာတာပါ။ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ လူမျိုးရေးပဋိပက္ခတွေအဆုံးသတ်သွားဖို့ ဘေဂျင်းကမမြင်သေးပါဘူး။ ဒါ ကြောင့်လည်း AA အပါအဝင်ကျန်တဲ့ EAO တွေနဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်တဲ့ထိတွေ့ဆက်ဆံမှုတွေကို ဘေဂျင်းက ဆက်ပြီးဆောင်ရွက်ဖို့မျှော်လင့်ရသလို တိုင်းရင်းသားပဋိပက္ခတွေကနေ အမြတ်ထုတ်ပြီး နေပြည်တော်နဲ့ ဆက်ဆံရေးကိုလည်းဆက်ပြီး ထိန်းသိမ်းထားဦးမှာပဲလို့ ဆဝါးနိုင်ပါတယ်။
___________________
“The Arakan Army and China’s Relationship with Ethnic Armed Organizations in Myanmar” ကို ဆီ လျော်အောင်ရေးသားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဥပဒေမဲ့သတ်ခံရမှုကြောင့် တစ်နှစ်အတွင်း နိုင်ကျဉ်း ၉ ဦးသေဆုံး
Next Article တော်လှန်ရေးတပ်တွေရဲ့ အိမ်ပြန်အောင်ပွဲတွေဆင်နိုင်ခဲ့တဲ့ ၂၀၂၄ ခုနှစ်
thanlwinkhet
  • Website

Related Posts

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

တရုတ်လိုလားတဲ့ရှမ်းမြောက်နဲ့ TNLA စစ်ရေးအပြောင်းအလဲ

May 11, 2025

မြန်မာ့အရေး ပိုပြီးရှင်းလင်းတဲ့မူဝါဒလိုအပ်

May 11, 2025

Leave A Reply Cancel Reply

Recent Posts

  • ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို
  • နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ
  • နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို
  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ချင်းကာကွယ်ရေး-အရှိုနယ်မြေရှိ ပညာရေး ဆရာများအား ခြိမ်းခြောက်ဟန့်တားခြင်း လုပ်မည် မဟုတ်ဟုဆို

May 22, 2025

နောင်ချိုမြို့နယ်ကို စစ်ကောင်စီ နှစ်ရက်ဆက် ဗုံးကြဲ

May 22, 2025

နယ်စပ်စခန်းများသိမ်းပြီးနောက် ထိုင်းနှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့ကြား ဆက်ဆံရေးကောင်းမွန်လာဟုဆို

May 22, 2025

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

May 21, 2025

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

May 21, 2025

အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်

May 21, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.