• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • TNLA နှင့် စစ်ကောင်စီ အပစ်ရပ်ရန် တရုတ် သီးခြားတွေ့ဆုံနားချ
  • ဥကရစ်ထတိုက်ပွဲအတွင်း လက်နက်ကြီးအစ ထိမှန်၍ ဒေသခံ တစ်ဦး သေဆုံး
  • သီပေါ ဆေးရုံနှင့် စိုက်ပျိုးရေးရုံးအား စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ
  • ရုရှားက တာလီဘန်အစိုးရကိုအသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ
  • လှိုင်းဘွဲ့မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံ
  • မြင်းခြံတွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၍ ၃၀ ထက်မနည်း သေဆုံး
  • ဥကရစ်ထတိုက်ပွဲအတွင်း ရွာသား သုံးဦး အပြင်းအထန် ဒဏ်ရာရ
  • လားရှိုးတွင် ပျက်စီးသွားသော မှတ်ပုံတင်ပြုလုပ်သူများကို ငွေကြေး အမြောက်မြားတောင်းခံ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ဒုစရိုက်မှုတွေအတွက် ဗဟိုချက်ဖြစ်လာတဲ့မဲခေါင်ဒေသ
ဆောင်းပါး

ဒုစရိုက်မှုတွေအတွက် ဗဟိုချက်ဖြစ်လာတဲ့မဲခေါင်ဒေသ

thanlwinkhetBy thanlwinkhetDecember 10, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်
ဒီဇင်ဘာ ၁၀၊ ၂၀၂၄။

လျင်မြန်စွာကြီးထွားလာနေတဲ့ တရုတ်စီးပွားရေးလုပ်ငန်းတွေနဲ့ နီးစပ်မှု၊ တရုတ်လောင်းကစားသမားတွေ စိတ်တိုင်းကျကစားနိုင်မယ့် ကာစီနိုစင်တာတွေ ပေါ်ပေါက်လာမှု၊ အွန်လိုင်းလောင်းကစားနဲ့ ငွေကြေးခဝါချမှုတွေကို ဖြစ်ပေါ်စေတဲ့ ဒစ်ဂျစ်တယ်ဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှုစတဲ့ တရားမဝင်လောင်းကစားလှုပ်ရှားမှုတွေအတွက် မဲခေါင်မြစ်ဝှမ်းဒေသဟာ ဗဟိုအချက်အချာကျတဲ့ နေရာတစ်ခုဖြစ်လာနေတယ်လို့ မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ယောက်က AGB ကိုပြောပါတယ်။

Asia Gaming Brief (AGB) နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ Crisis Group ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ ရစ်ချတ်ဟော်ဆေး က မဲခေါင်ဒေသခွဲမှာရှိတဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကွန်ရက်တွေအပေါ် ကိုင်တွယ်ဖြေရှင်းနိုင်ရေးနဲ့ပတ်သက်တဲ့အတိုင်းအတာနဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ပါတယ်။

“မကြာသေးတဲ့ဆယ်စုနှစ်တွေအတွင်း တရုတ်စီးပွားရေးက အလျင်အမြန်ကြီးထွားလာခဲ့တယ်။ အဲဒီလို ကြီးထွားလာတဲ့ တရုတ်စီးပွားရေးနဲ့အတူပဲ တရုတ်လောင်းကစားသမားတွေအတွက် ကာစီနိုရုံတွေပေါ်ပေါက်လာသလို တခြားရာဇဝတ်မှုလုပ်ငန်းတွေက ဒေသတွင်းမှာရှိတဲ့ တခြားနေရာတွေလိုပဲ၊ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်မှာရှိတဲ့မိုင်းလားနဲ့ လာအိုမှာရှိတဲ့ ရွှေတြိဂံအထူးစီးပွားရေးဇုန် (SEZ) အတွက်လည်း အပြောင်းအလဲများစွာယူဆောင်လာခဲ့တယ်”လို့ ပြောပါတယ်။

Crisis Group ဟာ ပဋိပက္ခလျော့ပါးရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သလို မဲခေါင်မြစ်ဝှမ်းမှာရှိတဲ့ ရာဇဝတ်ဂိုဏ်းတွေအနေနဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ နိုင်ငံရေးဘောဂဗေဒကြား ဘယ်လိုပတ်သက်နေကြသလဲဆိုတာကို သုတေသနပြုလေ့လာနေတဲ့အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ အဲဒီလို သုတေသနပြုလုပ်ပြီး နောက်မှာတော့ အစိုးရနဲ့ တခြားအဖွဲ့အစည်းတွေကို အကြံပြုတင်ပြတာ၊ မူဝါဒချမှတ်သူတွေနဲ့ တရားဥပ‌ဒေစိုးမိုးမှုအကြား စကားဝိုင်းတွေဖြစ်လာအောင်ဆောင်ရွက်ပေးတာမျိုးကိုလည်း ဆောင်ရွက်ပေးလေ့ရှိပါ တယ်။

ထူးခြားတဲ့ အထူးစီးပွားရေးဇုန်
ရွှေတြိဂံအထူးစီးပွားရေးဇုန်က လာအို၊ မြန်မာနဲ့ ထိုင်း သုံးနိုင်ငံနယ်နိမိတ် မဲခေါင်မြစ်ဝှမ်းတလျှောက်မှာ တည်ရှိပါတယ်။ အထူးစီးပွားရေးဇုန်ကို တရုတ်နိုင်ငံသား ကျောက်ဝေး (Zhao Wei) တည်ထောင်ထားတဲ့ Kings Romans Group (Dok Ngiew Kham လို့လည်း လူသိများပါတယ်) က ၉၉ နှစ်အငှားစာချုပ်နဲ့ လည်ပတ်ဆောင်ရွက်ခဲ့ပါတယ်။ Kings Romans Group က ဟောင်ကောင်မှတ်ပုံတင်ထားတဲ့ကုမ္ပဏီဖြစ်ပြီး ကျောက်ဝေးကတော့ အထူးစီးပွားရေးဇုန်ရဲ့ ဥက္ကဋ္ဌပါ။

ကျောက်ဝေးဟာ “မကာအိုကာစီနိုလုပ်ငန်းတွေရဲ့ သမ္ဘာရင့်”ပုဂ္ဂိုလ်ဖြစ်သလို ၂၀၀၁ ခုနှစ်ကစပြီး တရုတ်နိုင်ငံနယ်စပ်မှာရှိတဲ့ မြန်မာနိုင်ငံရဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ NDAA ထိန်းချုပ်ရာမိုင်းလားမြို့မှာ ကာစီနိုလောင်းကစားရုံတွေဖွင့်လှစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံက ပြည်တွင်းလောင်းကစားကို တားမြစ်ပိတ်ပင်ထားတဲ့အတွက် တရုတ်လူမျိုးတွေကိုကူညီဖို့ ကာစီနိုရုံတွေဖွင့်လှစ်ရခြင်းဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အထူးစီးပွားရေးဇုန်ကို ၂၀၀၇ ခုနှစ် ဧပြီလ ၂၆ ရက်မှာ စတင်တည်ဆောက်ခဲ့ပြီး လာအိုအစိုးရကလည်း အထူးစီးပွားရေးဇုန်ကနေ အစုရှယ်ယာတွေရရှိနေပါတယ်။ အထူးစီးပွားရေးဇုန်ကို ခိုင်မာတဲ့စီးပွားရေး အခြေခံအုတ်မြစ်တစ်ခုဖြစ်လာဖို့၊ ယဥ်ကျေးမှု၊ တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ လယ်ယာစီးပွားရေး၊ အာဆီယံကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ကမ္ဘာတဝန်းမှာရှိတဲ့ အခြားအထူးစီးပွားရေးဇုန်တွေလို ကမ္ဘာ့အဆင့်မီ အထူးဇုန်တစ်ခုဖြစ်လာစေဖို့ရည်ရွယ်ချက်တွေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပေမယ့် အကျိုးတူစီးပွားရေးအဖြစ် ပထမဆုံးတည်ဆောက်ခဲ့တာကတော့ Kings Romans ကာစီနိုပါ။
ပြီးခဲ့တဲ့နှစ်မှာ Crisis Group ရဲ့ ဒေသတွင်းအစီရင်ခံစာမှာဖော်ပြထားတဲ့အတိုင်းပဲ ရွှေတြိဂံအထူးစီးပွားရေးဇုန် အထူးသဖြင့် Kings Romans ကာစီနိုမှာ ငွေကြေးခဝါချမှုတွေ အကြီးအကျယ်ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်တုန်းကလည်း အလားတူပါပဲ။ ကျောက်ဝေးကို နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေရဲ့အကြီးအကဲအဖြစ် အမေရိကန်က ပိတ်ဆို့အရေးယူထားပါတယ်။

Crisis Group အနေနဲ့ Kings Romans ကာစီနိုရဲ့ငွေကိုင်ကောင်တာမှာ သီးခြားဒေါ်လာသန်းပေါင်းများစွာ ငွေပေးချေမှုတွေကို မြင်တွေ့ခဲ့ပါတယ်။ ငွေလွှဲပြောင်းသူတွေဟာ ပလတ်စတစ်ဈေးဝယ်အိတ်တွေ ဒါမှမဟုတ် လက်ကိုင်အိတ်တွေနဲ့ တရုတ်ယွမ်ငွေ ၁၀၀ တန်တွေကိုသယ်ယူလာခဲ့ကြတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

လာအိုအာဏာပိုင်တွေဟာ တရုတ်နိုင်ငံရဲ့ညွှန်ကြားချက်တွေကြောင့် ဖော်ပြခဲ့တဲ့ငွေကြေးခဝါချမှုတွေကို ဖြိုခွဲနိုင်ဖို့ကြိုးစားနေပေမယ့်လည်း လူကိုယ်တိုင်လောင်းကစားတာတွေနဲ့ အွန်လိုင်းကာစီနိုလုပ်ငန်းတွေက ငွေကြေးခဝါမှုတွေအတွက် အခွင့်အရေးဖြစ်နေဆဲပါပဲ။

Kings Romans Group ဟာ ကာစီနိုလောင်းကစားရုံတွေအပြင် စီးပွားရေးလုပ်ငန်းတွေအတွက် မြေနေရာ အငှားချတာ၊ ပုဂ္ဂလိကဆိုင်ရာမြေနေရာငှားရမ်းတာ စတဲ့ အခြားပရောဂျက်များစွာကိုလည်း အထူးစီးပွား ရေးဇုန်အတွင်း လုပ်ကိုင်နေကြပါတယ်။

ကိုဗစ်ကာလအတွင်းတုန်းကတော့ အများစုက အထူးစီးပွားရေးဇုန်ကနေထွက်ခွာသွားကြပေမယ့် အခုလက်ရှိမှာတော့ နည်းနည်းချင်းစီပြန်လာနေကြတဲ့အတွက် အထူးစီးပွားရေးဇုန်မှာ တရုတ်နိုင်ငံသား ၇၀,၀၀၀ ဝန်းကျင်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေကြတယ်လို့ ဒေသခံတွေက Crisis Group ကိုပြောပါတယ်။

ဒါ့အပြင် တခြားနိုင်ငံက ကျွမ်းကျင်လုပ်သားထောင်ပေါင်းများစွာရှိနေတဲ့အပြင် လုပ်ငန်းကျွမ်းကျင်မှုနည်းနည်းပဲရှိတဲ့ အလုပ်သမားတွေ၊ လုပ်ငန်းကျွမ်းကျင်မှုလုံးဝမရှိတဲ့ အလုပ်သမားတွေကလည်း ထောင်ပေါင်းများစွာရှိနေပြီး အများစုကတော့ မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့သိရပါတယ်။

အခြားသောနိုင်ငံ့စီးပွားရေးထက်သာလွန်တဲ့ တရားမဝင်အမြတ်အစွန်းများ

ဒေသတွင်းအာဏာဗဟိုချက်နဲ့ဝေးကွာတဲ့ မဲခေါင်မြစ်ရဲ့အမှောင်ဘက်ခြမ်းမှာတော့ မှောင်ခိုလုပ်ငန်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းနဲ့ လူကုန်ကူးမှုတွေတည်ရှိနေခဲ့တာ ကာလအတော်ကြာခဲ့ပါပြီလို့ ဟော်ဆေးက AGB ကိုပြောပါတယ်။

၂၀၂၁ ခုနှစ် မြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှုကလည်း ရှမ်းပြည်နယ်မှာရှိတဲ့သံလွင်မြစ်အပေါ် နေပြည်တော်ရဲ့ဩဇာလွှမ်းမိုးနိုင်စွမ်းကို ဆုတ်ယုတ်စေခဲ့သလို ဒေသတွင်းမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း သူတို့ပိုင်ဆိုင်တဲ့ဒေသတွေမှာ သူတို့ဩဇာလွှမ်းမိုးမှုကိုတိုးချဲ့လာခဲ့ပါတယ်။ ဒါတွေအားလုံးအတွက် ရလဒ်ကတော့ တရားမဝင်လှုပ်ရှားမှုတွေ တဟုန်ထိုးကြီးထွားလာတာပါပဲ။

“ဒီလို တရားမဝင်စီးပွားရေးလုပ်ငန်းတွေက နိုင်ငံ့စီးပွားရေးတချို့ထက် ပိုပြီးကြီးမားနေတဲ့အတွက် တုန်လှုပ်ခြောက်ခြားဖို့ကောင်းပါတယ်။ အဲဒီလို ရာဇဝတ်မှုဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအချို့က နိုင်ငံတွေမှာ ဒါမှမဟုတ် သက်ဆိုင်ရာဒေသအလိုက်မှာရှိတဲ့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေရဲ့ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုတွေထဲ ပါဝင်ပါတယ်။ ဒါက နိုင်ငံ့ဝန်ထမ်းတချို့ရဲ့ အကျင့်ပျက်ခြစားမှုတွေကိုကျော်လွန်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခြစားမှုတွေဖြစ်သွားအောင် ခြိမ်းခြောက်နေပါတယ်”လို့ ဟော်ဆေးက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

“တရားစီရင်ပိုင်ခွင့်ရှိတဲ့နေရာတစ်ခုတည်းကွက်ပြီး ဖြိုခွင်းလိုက်မယ်ဆိုရင်လည်း ရာဇဝတ်ဂိုဏ်းတွေက သူတို့အသာစီးရနိုင်မယ့် နောက်ထပ်တစ်နေရာကိုပြောင်းသွားတာ တွေ့ရပါလိမ့်မယ်။ ဒီလို ရာဇဝတ်မှုနဲ့ သက်ဆိုင်တဲ့ဂိုဏ်းတွေက နိုင်ငံဖြတ်ကျော်ဆောင်ရွက်နေကြတဲ့အတွက် ဒေသအလိုက် ညှိနှိုင်းဆောင်ရွက်မှု တစ်ခုလုပ်ဖို့ လိုအပ်ပါတယ်”

တရားမဝင်လုပ်ငန်းတွေကနေ အမြတ်ငွေဒေါ်လာဘီလီယံဆယ်ချီရရှိနေတဲ့အတွက် ကြီးမားတဲ့ကာစီနိုရုံတွေနဲ့ အခြားသောအခြေခံအဆောက်အအုံဆိုင်ရာရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ ရာဇဝတ်ဂိုဏ်းတွေိကို တွန်းအားပေးနေပြန်ပါတယ်။ အဲဒီလိုရင်းနှီးမြှုပ်နှံမှုတွေက ဥပဒေကိုလိုက်နာမှုအားနည်းတဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ နိုင်ငံတော်ကလက်လှမ်းမမီနိုင်တဲ့ တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို စီးဆင်းသွားပါတယ်။ အထူးသဖြင့်ကတော့ မြန်မာနိုင်ငံပါ။

NGO တွေရဲ့အဆိုအရဆိုရင်တော့ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ အခြားသောအကျင့်ပျက်ခြစားမှုတွေက ဖော်ပြခဲ့တဲ့ ရာဇဝတ်မှုလုပ်ငန်းတွေထွန်းကားလာဖို့ခွင့်ပြုပေးထားတဲ့ ဒေသတွင်းကအစိုးရအဖွဲ့အစည်းတွေကို ပိုပြီးထိခိုက်စေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာအခြေစိုက်ပြီး ၂၅ နှစ်ကြာလေ့လာဆန်းစစ်မှုတွေလုပ်ခဲ့သူတစ်ဦးကလည်း ဒေသတွင်းရာဇဝတ်မှုတွေမှာ နောက်ဆုံးပေါ်လိမ်နည်းကတော့ ငွေလိမ်စင်တာတွေပဲဖြစ်တယ်လို့ပြောပါတယ်။

ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေကြသူအများစုကတော့ တရုတ်နိုင်ငံသားတွေဖြစ်ကြပါတယ်။ တရုတ်အပြင် မလေးရှား၊ ထိုင်းနဲ့ တောင်အာရှနိုင်ငံက လူငယ်လူရွယ်တွေနဲ့ အမျိုးသမီးတွေလည်း ငွေလိမ်စင်တာတွေမှာ အတင်းအဓမ္မအလုပ်စေခိုင်းခံနေရသလို ပိုပြီးဝေးတဲ့နိုင်ငံတွေဖြစ်တဲ့ နိုင်ဂျီးရီးယား၊ ဘရာဇီး၊ ဂျော်ဂျီယာလို နိုင်ငံကလူတွေကလည်း ကမ္ဘာတဝန်းမှာရှိတဲ့သားကောင်တွေကို လိမ်လည်နေကြပါတယ်။ သူတို့တွေရဲ့လိမ်လည်နည်းတွေကတော့ အွန်လိုင်းကနေတဆင့် ရင်းနှီးမြှုပ်နှံမှုအတုတွေနဲ့ဆွဲဆောင်တာ ဟန်ဆောင်အချစ် ဇာတ်လမ်းဖန်တီးတာနဲ့ အခြားသောလိမ်လည်မှုတွေပါ။

မကြာသေးခင်တုန်းကတော့ လာအိုအာဏာပိုင်တွေဟာ ငွေလိမ်စင်တာအများအပြားကိုပိတ်သိမ်းခဲ့ပါတယ်။ အထူးသဖြင့်ကတော့ လူကုန်ကူးခံရသူတွေနဲ့လည်ပတ်နေတဲ့ ငွေလိမ်စင်တာတွေကိုပိတ်ပစ်ခဲ့တယ်လို့ Crisis Group ရဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

“နိုင်ငံပေါင်းများစွာကနေ လူကုန်ကူးခံရသူတွေဒုက္ခရောက်နေကြရတာက ဒေသတွင်းမှာ ထင်ရှားတဲ့ သံတမန်ရေးရာပြဿနာဖြစ်လာခဲ့တာကြောင့် လာအိုနဲ့ ဘေဂျင်းအစိုးရနှစ်ဖက်စလုံးက အထူးစီးပွားရေးဇုန် တွေအပေါ် ဖိအားပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ငွေလိမ်စင်တာတွေကိုပိတ်ပစ်တဲ့လုပ်ဆောင်ချက်မျိုးကို ဆောင်ရွက်ခဲ့ကြတာပါ”လို့ Crisis Group ရဲ့အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

“အဲဒီလိုဆောင်ရွက်ခဲ့တာရဲ့ရလဒ်ကတော့ ငွေလိမ်စင်တာတွေအပြင် အွန်လိုင်းလောင်းကစားလုပ်ငန်းတွေဟာ မြန်မာနိုင်ငံအထူးသဖြင့် ရှမ်းပြည်နယ်မှာရှိတဲ့ တာချီလိတ်နဲ့ ကရင်ပြည်နယ်မှာရှိတဲ့ ရွှေကုက္ကိုလ်၊ မြဝတီမြို့အနီးတဝိုက်ကနေရာတွေကို ရွှေ့ပြောင်းကုန်ကြပါတယ်”

မကြာသေးခင်တုန်းကလည်း မြန်မာနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ရဲတပ်ဖွဲ့ဝင်တွေက ဖုန်း ၁၀ လုံးနဲ့ သံသယရှိတဲ့ အွန်လိုင်းလိမ်လည်သူတွေကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ငွေလိမ်ဂိုဏ်းခေါင်းဆောင်တွေဖြစ်တယ်လို့ စွပ်စွဲခံခဲ့ရပြီးနောက် တရုတ်နိုင်ငံကိုပို့ဆောင်ခဲ့တယ်လို့ လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့ပါ တယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်းက နမ့်စန်မြို့နယ်မှာ တရုတ်နိုင်ငံသား ၁,၀၀၀ ကျော်ကို ငွေလိမ်စင်တာတွေနဲ့ဆက်နွယ်ပတ်သက်မှုတွေကြောင့် ဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံမြောက် ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုကျူးလွန်ခဲ့တယ်လို့ သံသယရှိသူ ၄၄,၀၀၀ ဝန်းကျင်ကိုလည်း တရုတ်နိုင်ငံကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

ဒစ်ဂျစ်တယ်ချိတ်ဆက်မှုတွေနဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုဖြစ်တဲ့ Cryptocurrencies ပေါ်ပေါက်လာခြင်းက လည်း တရုတ်ပြည်မကြီးကလူတွေကိုပစ်မှတ်ထားတဲ့ အွန်လိုင်းလောင်းကစားပလက်ဖောင်းတွေနဲ့ ငွေ ကြေးခဝါချမှုတွေကိုတိုးမြင့်လာစေခဲ့တယ်လို့ ဟော်ဆေးကထောက်ပြပါတယ်။

“အွန်လိုင်းငွေလိမ်လုပ်ငန်းက နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထားတဲ့ ရာဇဝတ်မှုဂိုဏ်းတွေနဲ့စုဖွဲ့ထားပြီး ငွေကြေးအမြောက်အမြားရင်းနှီးမြှုပ်နှံထားတာဖြစ်တဲ့အတွက် အလွန်ကိုပဲ ခေတ်မီဆန်းပြားလာပါတယ်”လို့ လေ့လာသုံးသပ်သူတစ်ဦးက AGB ကိုပြောပါတယ်။

ဒီလိုကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်ဖို့ဆိုရင် ရာဇဝတ်ဂိုဏ်းတွေဟာ စည်းကမ်းထိန်းသိမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာပြဿနာတွေကို ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် “ယုံကြည်မှု” ရှိနေဖို့လိုအပ်ပါတယ်။ ဒါကြောင့်လည်း ရာဇဝတ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ပြည်သူ့စစ်တွေထိန်းချုပ်ထားတဲ့နယ်မြေတွေအတွင်းဝင်ရောက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင် ရွက်နေကြပါတယ်။

သက်ဆိုင်ရာအဖွဲ့အစည်းအတွက် ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အမြတ်ဝေစုကို ရာဇဝတ်ဂိုဏ်းတွေက အာမခံပေးရမှာဖြစ်သလို အဲသလိုအာမခံပေးတဲ့အတွက်လည်း ရာဇဝတ်ဂိုဏ်းတွေရဲ့ တရားမဝင်လုပ်ဆောင်မှုတွေကို မြန်မာနိုင်ငံတွင်းမှာရှိတဲ့အဖွဲ့အစည်းတွေက မျက်ကွယ်ပြုပေးမှာပဲဖြစ်ပါ တယ်။

တရုတ်နဲ့အမေရိကန်တို့ရဲ့ ပထဝီနိုင်ငံရေးပြိုင်ဆိုင်မှုတွေက ဒေသတွင်းတရားဥပဒေစိုးမိုးရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကြိုးပမ်းမှုတွေကိုရှုပ်ထွေးစေပြီး ကျယ်ပြန့်တဲ့ဘက်စုံလှုပ်ရှားမှုတွေအတွက် အဟန့်အတားဖြစ်စေတယ်လို့ လေ့လာသုံးသပ်သူတွေကဆိုပါတယ်။

“တရုတ်နဲ့အမေရိကန်နှစ်နိုင်ငံစလုံးက ဒေသတွင်းမှာ မကြာခဏပြိုင်ဆိုင်မှုတွေရှိနေပေမယ့် ဒေသတွင်း ဩဇာလွှမ်းမိုးမှုတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့မူဘောင်တွေအများကြီးရှိပါတယ်။ အင်ဒို – ပစိဖိတ်ဒေသမှာ တော့ ပိုပြီးကျယ်ပြန့်တဲ့ ပထဝီနိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုထက် ပြိုင်ဆိုင်မှုတွေဆီပဲ ဦးတည် သွားလေ့ရှိတယ်။ ဥပမာအနေနဲ့ တရုတ်နိုင်ငံသားတွေအပေါ် အကျိုးသက်ရောက်မှုကြီးမားတဲ့ အွန်လိုင်းလိမ် လည်မှုစင်တာတွေကို တရုတ်အစိုးရကအာရုံစူးစိုက်နေရတဲ့အတွက် အမေရိကန်အာရုံစိုက်နေတဲ့ ဓာတုဆေးဝါးတွေအပေါ် အာရုံစိုက်မှုနည်းသွားတယ်” လို့ သူကထောက်ပြပါတယ်။

ဘေဂျင်းနဲ့ဝါရှင်တန်နှစ်နိုင်ငံစလုံးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးလိုချင်တယ်လို့ မဲခေါင်နိုင်ငံတွေမှာရှိတဲ့အရာ ရှိတွေကပြောပေမယ့် သူတို့မှာလည်း တစ်ဖက်ဖက်ကိုရွေးချယ်ဖို့လိုတယ်ဆိုတဲ့ဖိအားမျိုး မကြာခဏခံစားရလေ့ရှိပါတယ်။

“ဒါက နိုင်ငံဖြတ်ကျော်ဖွဲ့စည်းထားတဲ့ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ လိုအပ်တဲ့ ကျယ်ပြန့်တဲ့ ဘက်ပေါင်းစုံကအရေးယူမှုတွေကို နှောင့်နှေးစေပါတယ်။ ဒါပေမယ့်လည်း မကြာသေးခင်တုန်းကပဲ ဘန်ကောက်မှာ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တို့ဆွေးနွေးခဲ့ကြတဲ့ကိစ္စရပ်တွေနဲ့ ဇန်နဝါရီ ၃၀ ရက်မှာစတင်လိုက်တဲ့ အမေရိကန်- တရုတ် မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်းအဖွဲ့တွေကြားမှာ အပြုသဘောဆောင်တဲ့လက္ခဏာတချို့ရှိနေပါတယ်” လို့ လေ့လာသုံး သပ်သူကပြောပါတယ်။
____________________
“Proximity to China turned Mekong River region into online gambling and money laundering hub” ကိုဆီလျော်အောင်ရေးသားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဆန်ဈေးဘာကြောင့်တက်လဲ
Next Article နောင်ချိုတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၆ဦး ဒဏ်ရာရ
thanlwinkhet
  • Website

Related Posts

ကျောက်မဲကို တစ်လထဲ သုံးကြိမ်မြောက် ဗုံးကြဲ၊ ဒေသခံများ ထိခိုက်မှုရှိ

June 29, 2025

စစ်ဝါဒီတွေစိုးမိုးဗိုလ်ကျရာ အရှေ့တောင်အာရှ

June 29, 2025

ငလျင်က ယူငင်သွားသော သမိုင်းမှတ်တမ်းများ (သုံးလပြည့်ဆောင်းပါး)

June 28, 2025

Leave A Reply Cancel Reply

Recent Posts

  • TNLA နှင့် စစ်ကောင်စီ အပစ်ရပ်ရန် တရုတ် သီးခြားတွေ့ဆုံနားချ
  • ဥကရစ်ထတိုက်ပွဲအတွင်း လက်နက်ကြီးအစ ထိမှန်၍ ဒေသခံ တစ်ဦး သေဆုံး
  • သီပေါ ဆေးရုံနှင့် စိုက်ပျိုးရေးရုံးအား စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ
  • ရုရှားက တာလီဘန်အစိုးရကိုအသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ
  • လှိုင်းဘွဲ့မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံ

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

TNLA နှင့် စစ်ကောင်စီ အပစ်ရပ်ရန် တရုတ် သီးခြားတွေ့ဆုံနားချ

ဥကရစ်ထတိုက်ပွဲအတွင်း လက်နက်ကြီးအစ ထိမှန်၍ ဒေသခံ တစ်ဦး သေဆုံး

သီပေါ ဆေးရုံနှင့် စိုက်ပျိုးရေးရုံးအား စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ

ရုရှားက တာလီဘန်အစိုးရကိုအသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ

ယခင်သတင်းများ

  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

TNLA နှင့် စစ်ကောင်စီ အပစ်ရပ်ရန် တရုတ် သီးခြားတွေ့ဆုံနားချ

July 5, 2025

ဥကရစ်ထတိုက်ပွဲအတွင်း လက်နက်ကြီးအစ ထိမှန်၍ ဒေသခံ တစ်ဦး သေဆုံး

July 5, 2025

သီပေါ ဆေးရုံနှင့် စိုက်ပျိုးရေးရုံးအား စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ

July 5, 2025

ရုရှားက တာလီဘန်အစိုးရကိုအသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်လာ

July 5, 2025

လှိုင်းဘွဲ့မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး ဘက်ပြောင်းခိုလှုံ

July 4, 2025

မြင်းခြံတွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ၍ ၃၀ ထက်မနည်း သေဆုံး

July 4, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.