• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ဒရုန်းစစ်ပွဲမှာ တော်လှန်‌ရေးတပ်ဖွဲ့တွေ နောက်ကောက်ကျနေပြီလား . . . . . .?
  • မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် စစ်တပ် ဗုံးကြဲ
  • ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး
  • စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ
  • ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို
  • ဂေါ်ရခါးလူမျိုး ၈၄ ဦးအား TNLA ပြန်လွှတ်ပေး
  • မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ၍ ကလေးငယ်များ အပါ ၁၀ ဦးထက်မနည်း သေဆုံး
  • သံမဏိစက်ရုံတွင် တပ်စွဲထားသည့် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး သေဆုံး
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»နိုင်ငံတကာသတင်း»အဆုံးအဖြတ်ပြည်နယ်များတွင် မဲအကြိတ်အနယ်ဖြစ်နေဆဲ အမေရိကန်ရွေးကောက်ပွဲ
နိုင်ငံတကာသတင်း

အဆုံးအဖြတ်ပြည်နယ်များတွင် မဲအကြိတ်အနယ်ဖြစ်နေဆဲ အမေရိကန်ရွေးကောက်ပွဲ

thanlwinkhetBy thanlwinkhetNovember 6, 2024No Comments1 Min Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

 

သံလွင်ခက်
နိုဝင်ဘာ ၆၊ ၂၀၂၄။

အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲရလဒ်များကို ပြည်နယ်အသီးသီးတွင် ရေတွက်နေပြီး အဆုံးအဖြတ်ပေးနိုင်မည့် ပြည်နယ် ၇ခုတွင် အနိုင်ရလဒ်မပေါ်သေးဘဲ ဒေါ်နယ်ထရမ့်နှင့် ကမ်မလာဟဲရစ်တို့ မဲအကြိတ်အနယ်ဖြစ်နေသည်ဟု သိရသည်။

အမေရိကန်တွင် ပြည်နယ်စုစုပေါင်း ၅၀ရှိသော်လည်း ပြည်နယ် ၄၃ခုမှာ ရွေးကောက်ပွဲမတိုင်မီကတည်းက ဒီမိုကရက်တစ်နှင့် ရီပတ်ပလီကန်ပါတီနှစ်ခုအတွက် မဲရလဒ် အဖြေပေါ်ပြီးသားပြည်နယ်များ ဖြစ်သည်။

ထောက်ခံသည့် ပြည်နယ်များအရ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ကမ်မလာဟဲရစ်က ၂၂၆မဲကို အခိုင်အမာရရှိမည်ဖြစ်ပြီး ရီပတ်ပလီကန်ပါတီ ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့်က ၂၁၉မဲကို ရရှိထားပြီးဖြစ်သည်။ ကိုယ်စားလှယ်လောင်းတစ်ဦးသည် ၂၇၀မဲအထက်ရရှိမှ သမ္မတရာထူး တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး အိမ်ဖြူတော်သို့ အရောက်လှမ်းခွင့်ရမည်ဖြစ်သည်။

ထို့ကြောင့် အဆုံးအဖြတ်ပေးနိုင်သည့် ပြည်နယ်(Swing States) ၇ခုတွင်ရှိသည့် ၉၃မဲအတွက် ကိုယ်စားလှယ်နှစ်ဦးက မဲအပြိုင်အဆိုင်ဖြစ်နေပြီး ပြတ်သားတဲ့ ဦးဆောင်မှုမျိုး မတွေ့ရသေးပေ။ ၉၃မဲအနက် ထရမ့်က ၅၁မဲရရှိရန်လိုအပ်ပြီး ကမ်မလာက ၄၄မဲရရှိရန်သာ လိုအပ်သည်။

အဆိုပါပြည်နယ်များအနက် ပန်ဆယ်ဗေးနီးယားပြည်နယ်သည် မဲ ၁၉မဲနှင့် အများဆုံးရှိနေပြီး အမေရိကန် အရှေ့ပိုင်းစံတော်ချိန် ည၁၀နာရီခွဲအထိ စာရင်းအရ ဒေါ်နယ်ထရမ့်က ၅၁ ဒဿမ ၂ရာခိုင်နှုန်း၊ ကမ်မလာဟဲရစ်က ၄၇ ဒဿမ ၈ရာခိုင်နှုန်း ရှိနေသည်ဟု သိရသည်။

ပြိုင်ဆိုင်မှု ပြင်းထန်သည့် ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့တွင် ကြီးကြီးမားမား မဲလိမ်မှုများ ရှိနေသည်ဟု ဒေါ်နယ်ထရမ့်ဘက်က စွပ်စွဲပြောဆိုထားပြီး ဖီလာဒဲလ်ဖီးယားရဲတပ်ဖွဲ့ဘက်က ငြင်းဆန်ထားသည်။

ဂျော်ဂျီယာ၊ နော့ခ်ကယ်ရိုလိုင်းနား၊ အရီဇိုးနား၊ ဝစ္စကိုဆင်၊ နဗားဒါး ပြည်နယ်များတွင် ထရမ့်က ရာခိုင်းနှုန်းအနည်းငယ်နှင့် မဲအသာရနေပြီး မီချီဂန်ပြည်နယ်တွင် ဟဲရစ်က အသာရနေသည်။

အဆုံးဖြတ်ပြည်နယ်အများစုတွင် ဒေါ်နယ်ထရမ့်က အသာရနေသော်လည်း မဲရေတွက်မှုမှာ မပြီးဆုံးသေးသောကြောင့် သမ္မမနေရာ ရလဒ်မှာ ပေါ်ထွက်လာခြင်းမရှိသေးပေ။

တစ်နိုင်ငံလုံးအတိုင်းအတာအရ အမေရိကန် အရှေ့လယ်ပိုင်းစံတော်ချိန် ၁၁နာရီ ၂၀အထိ ဒေါ်နယ်ထရမ့်က ၂၃၀မဲနှင့် ကမ်မလာဟဲရစ်က ၁၇၉မဲ ရရှိထားပြီးဖြစ်သည်။
Photo- USA Today Network

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleဘုတလင် အင်းတဲဒေသခံ အမျိုးသားတဦးကို စစ်ကောင်စီက သတ်ဖြတ်
Next Article တအာင်းပြည်သို့ တင်သွင်းမည့် သွင်းကုန်များကို TNLA က အခွန်ကင်းလွတ်ခွင့်ပြုမည်
thanlwinkhet
  • Website

Related Posts

ဂါဇာတွင် ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံ အီဗီယာတာ ဒေးဗစ်၏ ဗီဒီယို ဟားမတ်စ်အဖွဲ့ ထုတ်ပြန်

August 4, 2025

အပစ်ရပ်သဘောတူအပြီး ၂၄ နာရီမပြည့်ခင် ထိုင်း ကမ္ဘောဒီးယားနယ်စပ် ပစ်ခတ်မှု ထပ်ဖြစ်

July 29, 2025

လက်ရှိစစ်ပွဲအတွင်း ကျဆုံးခဲ့သည့် ကမ္ဘောဒီးယားတပ်သားရုပ်အလောင်းများကို ထိုင်းစစ်တပ်ပြန်လွှဲ

July 28, 2025

Leave A Reply Cancel Reply

Recent Posts

  • ဒရုန်းစစ်ပွဲမှာ တော်လှန်‌ရေးတပ်ဖွဲ့တွေ နောက်ကောက်ကျနေပြီလား . . . . . .?
  • မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် စစ်တပ် ဗုံးကြဲ
  • ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး
  • စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ
  • ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ဒရုန်းစစ်ပွဲမှာ တော်လှန်‌ရေးတပ်ဖွဲ့တွေ နောက်ကောက်ကျနေပြီလား . . . . . .?

မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် စစ်တပ် ဗုံးကြဲ

ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး

စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ

ယခင်သတင်းများ

  • August 2025
  • July 2025
  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျန်းမာရေးသတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စစ်ရှောင်
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ဒရုန်းစစ်ပွဲမှာ တော်လှန်‌ရေးတပ်ဖွဲ့တွေ နောက်ကောက်ကျနေပြီလား . . . . . .?

August 17, 2025

မိုးကုတ်ကို ဂျက်ဖိုက်တာဖြင့် စစ်တပ် ဗုံးကြဲ

August 17, 2025

ဘန်ကောက် ငလျင်ကြောင့် သေဆုံးသွားသူများအတွက် အလုပ်ရှင်မှ တစ်ဦးကို ဘတ် ၁ သန်းပေး

August 16, 2025

စစ်တွေတွင် ဒေသခံများ မကြာခဏ ဖမ်းဆီးခံနေရ

August 16, 2025

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွင် နေထိုင်သူများအား အလုပ်လုပ်ခွင့်ပြုမည်ဟုဆို

August 15, 2025

ဂေါ်ရခါးလူမျိုး ၈၄ ဦးအား TNLA ပြန်လွှတ်ပေး

August 15, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.