• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်
  • အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်
  • မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
  • အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု
  • ကရင်နီရှိ စစ်ရှောင်စခန်းတစ်ခုတွင် တစ်လနီးပါး ဆန်ပြတ်လပ်နေ
  • ကျောက်ဖြူကို စစ်ကောင်စီ အပြင်းအထန် ကာကွယ်နေ
  • ထိုင်း-မြန်မာနယ်စပ် ဖုပ်ဖရအနီးတွင် မြန်မာ ၄၄ ဦး ဖမ်းမိ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ပြည်တွင်းစစ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာစိန်ခေါ်မှုများ
ဆောင်းပါး

ပြည်တွင်းစစ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာစိန်ခေါ်မှုများ

thanlwinkhetBy thanlwinkhetOctober 29, 2024No Comments5 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ဘုန်းမောင်

အောက်တိုဘာ ၂၉၊ ၂၀၂၄။

 

ပြင်းထန်သောအကြမ်းဖက်မှုများနှင့် ရာသီဥတုပြောင်းလဲမှုများက တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိနေပါသည်။ ရာသီဥတုပြောင်းလဲမှုက လူသားတို့၏အသက်မွေးဝမ်းကျောင်းမှု၊ အိုးမဲ့အိမ်မဲ့ဖြစ်ရမှု၊ ရွှေ့ပြောင်းအခြေချ နေထိုင်ရမှု၊ နဂိုရှိနှင့်ပြီးသား ပဋိပက္ခဒိုင်းနမစ်များအပါအဝင် လက်နက်ကိုင်ပဋိပက္ခများအား တိုက်ရိုက်မ ဟုတ်သောနည်းလမ်းဖြင့် တိုးမြှင့်လာစေကြောင်း လက်ရှိလေ့လာမှုများအရ တွေ့ရှိထားပါသည်။ အပြန်အ လှန်ဆက်စပ်မှုအရဆိုလျှင်လည်း ရာသီဥတုပြောင်းလဲမှုများက နိုင်ငံတစ်ခုချင်းစီတိုင်း၏ နိုင်ငံရေး၊ လူမှုစီး ပွားရေးနှင့် စစ်ရေးအခြေအနေများပေါ် မူတည်နေပါသည်။

 

သို့သော် ပြင်းထန်ကြီးမားလွန်းသောပဋိပက္ခများက လူ့အဖွဲ့အစည်းတစ်ရပ်၏အားနည်းချက်များကို ပိုမိုဆိုး ရွားစေပါသည်။ ထို့ကြောင့်လည်း ပြင်းထန်သောပဋိပက္ခများအား ရင်ဆိုင်နေကြရသူများသည် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိသယောင်ထင်မြင်လာစေတတ်ပြီး ရာသီဥတုကပေးသောရှော့ခ်များအပေါ် ခံနိုင်ရည်ရှိသောလူသားအရေအတွက် တိုးပွားလာစေသယောင်ရှိပါသည်။ မြန်မာနိုင်ငံသည် ရာသီဥတု ပြောင်းလဲမှုနှင့် အကြမ်းဖက်မှုများကို အပြင်းထန်ဆုံးရင်ဆိုင်နေရသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။

 

ပြင်းထန်လာသောပဋိပက္ခများနှင့် ရာသီဥတုဖောက်ပြန်မှုများ

ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ဆိုးဆိုးရွားရွားခံစားနေရသောနိုင်ငံတွင် မြန်မာနိုင်ငံသည်လည်း အပါအဝင် ဖြစ်သည်။ ရေကြီးခြင်း၊ အပူချိန်လွန်ကဲခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းများတိုက်ခတ်ခြင်း၊ မြေပြိုခြင်းစသည့် ရာ သီဥတုဆိုင်ရာအန္တရာယ်များကို မြန်မာနိုင်ငံအနေဖြင့် မြင့်မားစွာရင်ဆိုင်နေရသည်။ အထူးသဖြင့် မြန်မာနိုင် ငံ ကမ်းရိုးတန်းဒေသများနှင့် မြေနိမ့်ပိုင်းဒေသများတွင်နေထိုင်ကြကုန်သော လူဦးရေ ၅ သန်းကျော်ကို ခြိမ်း ခြောက်လျက်ရှိနေသည်။

ယင်းအပြင် ရာသီဥတုဖောက်ပြန်မှုဒဏ်ကိုခံနိုင်ရည်မရှိသော စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများအပေါ် ခြိမ်းခြောက်မှုမြင့်မားနေပြီး အဆိုပါလုပ်ငန်းများအပေါ် မှီခိုအားထားနေကြရရှာသော မြန်မာနိုင်ငံရှိ ကျေး လက်နေပြည်သူများသည် ဆိုးရွားလာနေသောရာသီဥတုဖောက်ပြန်မှုများအား ပြန်လည်တုံ့ပြန်နိုင်မည့်  ကြို တင်ပြင်ဆင်မှုပိုင်းများတွင် အားနည်းနေဆဲပင်ဖြစ်သည်။ ဤအားနည်းချက်ကလည်း သဘာဝပတ်ဝန်း ကျင်ယိုယွင်းပျက်စီးမှုများကို တိုးမြှင့်စေပါသည်။ ဥပမာအားဖြင့်ဆိုရလျှင် သစ်ခိုးထုတ်ခြင်းကဲ့သို့သော တရားမဝင်အလေ့အကျင့်များက ရေကြီးချိန်တွင် မြေပြိုမှုအန္တရာယ်ကို ပိုမိုဆိုးရွားစေပါသည်။ မြန်မာနိုင်ငံ တွင် ရာသီဥတု ၃ မျိုးရှိသည့်အနက် မိုးရာသီတွင် ရေကြီးမြေပြိုမှုများ နှစ်စဥ်ဖြစ်ပွားလေ့ရှိသည်။

ဖော်ပြခဲ့သောပြဿနာများအား ပိုမိုကြီးထွားစေသည်က မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ကမ္ဘာ့အရှည်ကြာ ဆုံးသောပြည်တွင်းစစ်ဖြစ်သည်။ မြန်မာစစ်တပ်သည် ၁၉၆၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ရာစုနှစ်တဝက်  နီးပါးကြာအောင် စစ်အုပ်ချုပ်ရေးဖြင့် မြန်မာနိုင်ငံကိုတိုက်ရိုက်အုပ်ချုပ်ခဲ့သည်။ စစ်အုပ်ချုပ်ရေးကာလများ အတွင်း မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြစ်တင်ဖယ်ကြဥ်ခြင်းခံခဲ့ရပြီး အထီးကျန်ခဲ့ရသဖြင့် ဖွံ့ဖြိုးမှုများ ဆိုးဆိုးရွားရွားနောက်ကျကျန်ခဲ့ရသည်။ ယင်းနောက် အရပ်သားတပိုင်းအစိုးရဟု လူအများ ခေါ်ဝေါ်ခဲ့ကြသော ဒီမိုကရေစီစနစ်ဆီသို့ အသွင်ကူးပြောင်းခဲ့သည်။

 

ဆယ်စုနှစ် ၁ ခုကြာဖြေလျှော့ပေးပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ရွေးကောက်ခံအရပ်သား အစိုးရကိုဖြုတ်ချပြီး မြန်မာစစ်တပ်က အာဏာသိမ်းယူခဲ့ပြန်သည်။ ယခင်တုန်းကအေးချမ်းခဲ့သော မကွေး နှင့်စစ်ကိုင်းကဲ့သို့သော ဗမာအများဆုံးနေထိုင်ရာတိုင်းဒေသကြီးများကိုပါ ယခုတစ်ကြိမ်အာဏာသိမ်းယူမှု က စစ်ပွဲများဆီ တွန်းပို့ခဲ့တော့သည်။ အကြမ်းဖက်မှုများသည် ယခင်ကမကြုံဖူးခဲ့သောအဆင့်သို့ တိုးမြှင့် ရောက်ရှိလာခဲ့ပြီး ပြည်သူအများအပြားကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖွဲ့စည်းကာ မြန်မာစစ်တပ် ကို တန်ပြန်တိုက်ခိုက်လျက်ရှိနေသည်။

 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုက ဆယ်စုနှစ်တစ်ခုကြာရရှိခဲ့သော နိုင်ငံရေးနှင့်စီးပွားရေးဖြေလျှော့မှုများ အား အဆုံးသတ်သွားစေခဲ့သည်။ ၂၀၁၀ ပြည့်လွန်နှစ်များအတွင်း မြန်မာနိုင်ငံသည် လစ်ဘရယ်ပြုပြင် ပြောင်းလဲကာလများသို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းဝင်ရောက်လာခဲ့သောကြောင့် မျှော်လင့်ချက်ရောင် ခြည်များဖြင့် တလက်လက်တောက်ပခဲ့ဖူးသည်။ အလားအလာရှိသောအနာဂတ်ကာလကို ဆဝါးကြည့်ခဲ့ကြသည်။ အဆိုပါကာလများအတွင်း မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများကျင်းပခဲ့ပြီး နိုင်ငံတကာရှိလေ့လာသူ အများစုကလည်း မြန်မာနိုင်ငံတွင်ကျင်းပခဲ့သော အဆိုပါရွေးကောက်ပွဲများက လွတ်လပ်ပြီးတရားမျှတသည်ဟု ဆိုခဲ့ကြသည်။ အဆိုပါကာလများအတွင်း တိုင်းပြည်၏ဖက်ဒရယ်နှင့် ဒီမိုကရေစီအနာဂတ်အတွက် သိသာထင်ရှားသော တိုးတက်မှုများလည်းရှိခဲ့ပါသည်။

 

သို့သော် မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးကာလများအတွင်း ဘာသာရေး နှင့်လူမျိုးရေးအဓိကရုဏ်များ ပေါ်ပေါက်လာခဲ့ကာ ရိုဟင်ဂျာမူဆလင်များအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုများကျူးလွန်ခဲ့ခြင်းက အရပ် သားအစိုးရအဖို့ အဓိကကျသောချို့ယွင်းချက်ဖြစ်ခဲ့သည်။ အဆိုပါချို့ယွင်းချက်များရှိခဲ့သည့်တိုင် မြန်မာနိုင်ငံ ၏အရပ်သားဦးဆောင်သောအစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးတည်ဆောက်မှုများတွင် အောင်မြင်မှုတချို့ရရှိခဲ့ပါသည်။

 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲပဋိပက္ခများတိုးမြှင့်လာခြင်းက အထက်၌ဖော်ပြခဲ့သော မြန်မာနိုင်ငံ၏တိုးတက်မှုများကို နောက်ကြောင်းပြန်လှည့်စေခဲ့ပြီး ဆိုးဆိုးရွားရွားအကျိုးသက်ရောက်မှုများ ရှိခဲ့သည်။ စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလဒ်များ သဲထဲရေသွန်ဖြစ်ခဲ့ရ သလို နိုင်ငံတော်နှင့် တိုင်းဒေသကြီးအစိုးရများကြားက အဖွဲ့အစည်းဆိုင်ရာနှင့် မူဝါဒတည်ဆောက်ရေးတို့ တွင် များစွာထိခိုက်နစ်နာခဲ့ရသကဲ့သို့ ရာသီဥတုဆိုင်ရာဆောင်ရွက်ချက်များနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲများအပေါ်ကိုလည်း ထိခိုက်နစ်နာစေခဲ့ပါသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးမှုကောင်စီ (State Administration Council – SAC) ဟု အမည်ပေးထားသော စစ်အုပ်ချုပ်ရေးတစ်ရပ်ဖွဲ့စည်းခဲ့သည်။ ထို့နောက်မှာတော့ မြန်မာအစိုးရနှင့်စစ်တပ်ကို ဆယ်စုနှစ်ပေါင်းများစွာ တော်လှန်တိုက်ခိုက်လျက်ရှိနေ ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် စစ်ကောင်စီဆန့်ကျင်ရေးဒီမိုကရေစီအင်အားစုများကို မြန်မာစစ်တပ်က အပြင်းအထန်နှိပ်ကွပ်ပါတော့သည်။

 

မြန်မာနိုင်ငံအရပ်ရပ်ကလူငယ်များကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People’s Defense Force – PDF) များဖွဲ့စည်းကာ မိမိတို့ကိုယ်ပိုင်လက်နက်ငယ်များဖြင့် မိမိကိုယ်မိမိခုခံကာကွယ်ခဲ့ကြပြီး နောက်ပိုင်း မှာတော့ မြန်မာစစ်တပ်ကိုပါ ဦးတည်တိုက်ခိုက်လာကြသည်။

 

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကလည်း ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီ ညွတ်ရေးအစိုးရ (National Unity Government) ကိုဖွဲ့စည်းကာ PDF များအားထောက်ပံ့ပေးခဲ့သည်။ အဆိုပါ PDF များသည် ကချင်လွတ်လပ်ရေးတပ်မတော် (Kachin Independence Army – KIA)နှင့် ကရင်အမျိုးသားအစည်းအရုံး (Karen National Union – KNU) ကဲ့သို့သော တိုင်းရင်းသားလက်နက် ကိုင်များနှင့် လက်တွဲကာ မြန်မာစစ်တပ်အားတိုက်ခိုက်နေကြသည်။

စစ်အာဏာသိမ်းမှုနှင့် နောက်ဆက်တွဲပေါ်ပေါက်လာခဲ့သောပဋိပက္ခများက လူသားချင်းစာနာထောက်ထား မှုဆိုင်ရာအကူအညီများအပေါ် ဆိုးရွားစွာအကျိုးသက်ရောက်ခဲ့ပါသည်။ အာဏာမသိမ်းခင်အချိန်တုန်းကမူ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်သူမှာ ၁ သန်းဝန်းကျင်သာရှိခဲ့ရာမှ လက်ရှိအချိန် မှာတော့ မြန်မာ့လူဦးရေ၏ ၃ ပုံ ၁ ပုံ သို့မဟုတ် လူဦးရေ ၁၈ သန်းကျော်သည် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာအကူအညီများ အပူတပြင်းလိုအပ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အိုးမဲ့အိမ်မဲ့အရေအတွက်က လည်း ၃ သန်းကျော်ရှိလာခဲ့သည်။ ယင်းအပြင် ၂၀၁၇ ခုနှစ်တွင်ဖြစ်ပွားခဲ့သော မြန်မာစစ်တပ်၏ ရိုဟင်ဂျာ မူဆလင်များအပေါ် လူမျိုးသုဥ်းသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာမူဆလင် အများ အပြားထွက်ပြေးခဲ့ရပြီး လက်ရှိအချိန်မှာတော့ ရိုဟင်ဂျာမူဆလင် ၁ သန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင်နေထိုင်နေကြရသည်။ ထို့ပြင် ရိုဟင်ဂျာမူဆလင်အမျိုးသမီးများနှင့် ကလေးငယ် များအပါအဝင် ထောင်ပေါင်းများစွာသောရိုဟင်ဂျာမူဆလင်များသည် အင်ဒိုနီးရှားနှင့်မလေးရှားနိုင်ငံများသို့ ပင်လယ်ရေကြောင်းလမ်းကတဆင့် ခက်ခက်ခဲခဲသွားနေကြသည်။

 

အထက်တွင်ဖော်ပြခဲ့သော အကြပ်အတည်း ၂ ခုက မြန်မာနိုင်ငံအပေါ် အပြန်အလှန်သက်ရောက်မှုများရှိနေ ပါသည်။ ပဋိပက္ခများက သဘာဝပတ်ဝန်းကျင်ဆိုင်ရာကြိုးပမ်းမှုများကို စိတ်ပျက်အားလျော့စေတတ်ပြီး ရာသီဥတုပြောင်းလဲမှုများကလည်း မတည်ငြိမ်မှုများကို ပိုမိုတိုးလာစေပြန်သဖြင့် ပဋိပက္ခများကို ပိုမိုဆိုးရွား လာစေပါတော့သည်။

မလုံခြုံမှုအတွက် သက်ရောက်မှုများနှင့် ပြည်တွင်းသက်ရောက်မှုများ

မြန်မာနိုင်ငံတွင် အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်းနှင့် စီးပွားရေးအခွင့်အလမ်းများရှားပါးလာနေခြင်း ကြောင့် ပဋိပက္ခများပိုမိုဆိုးရွားလာနေပြီး မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူများသည် ရင်ဆိုင်နေရသော ဝမ်းရေးကိစ္စကိုဖြေရှင်းနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်မည့် အသက်မွေးဝမ်းကျောင်း မှုကို ရွေးချယ်လာကြရတော့သည်။ အဆိုပါပြဿနာကို အများဆုံးရင်ဆိုင်နေရသည်က အထူးသဖြင့် တနင်္သာရီတိုင်းဒေသကြီးဖြစ်ပြီး ဒီရေတောများကနေတဆင့် အဆင့်မြင့်မီးသွေးများထုတ်လုပ်နေကြသည်။ ထို့ကြောင့်လည်း အဆိုပါဒေသတွင်နေထိုင်ကြသော မရှိဆင်းရဲသားကျောမွဲများသည် ၎င်းတို့အစဥ်အဆက် လုပ်ကိုင်လာခဲ့ကြသော လယ်ယာလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းများကိုစွန့်လွှတ်ကာ မီးသွေးများထုတ်လုပ် လာကြသဖြင့် သစ်တောပြုန်းတီးမှုများဖြစ်ပေါ်စေခဲ့သည်။

 

အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးမမှန်တော့သောကြောင့် အိမ်သုံးချက်ပြုတ်ရန်အတွက် မီးသွေးဝယ် လိုအားမြင့်တက်လာခဲ့ပြီး သစ်တောပြုန်းတီးမှုအရှိန် မြင့်မားလာခဲ့သည်။ အားကောင်းသောဆိုင်ကလုန်းမုန် တိုင်းများတိုက်ခတ်နေချိန်တွင် ဒီရေတောများက ဒီရေတက်ခြင်းများကို သဘာဝနည်းလမ်းအတိုင်း တားဆီး ပေးနိုင်သည်။ ဒီရေတောများဆုံးရှုံးခြင်းက ပြင်းထန်သောရာသီဥတုပြောင်းလဲမှုကို ကြုံတွေ့စေပါသည်။ ဥပ မာအားဖြင့်ဆိုရလျှင် ၂၀၀၈ ခုနှစ်အတွင်းတိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်းများ စွာသေကြေခဲ့ရပြီး အခြားပျက်စီးဆုံးရှုံးများကိုလည်း ကြီးကြီးမားမားခံစားခဲ့ရသည်။

 

ပြည်တွင်းအဆင့် ရာသီဥတုပြောင်းလဲမှုသည် ကာလရှည်ကြာကတည်းကတည်ရှိလာခဲ့သော ပဋိပက္ခများ နှင့်ပတ်သက်သော မကျေနပ်ချက်များကို ပိုမိုဆိုးရွားလာစေနိုင်ပါသည်။ အထူးသဖြင့် ရာသီဥတုဖောက်ပြန် မှုဒဏ်ကို ကြုံတွေ့နေရသောလူပေါင်းများစွာအတွက် မြေယာလက်လှမ်းမီမှုကအရေးကြီးသောအချက်တစ် ချက်ဖြစ်သည်။ နယ်စပ်ဒေသတွင်နေထိုင်ကြသော လူနည်းစုတိုင်းရင်းသားများသည် ဘိုးဘွားပိုင်မြေနှင့်သစ်

 

တောများအပေါ် မှီခိုအားထားနေရသဖြင့် လုံခြုံစိတ်ချရမှုမရှိသော မြေယာပိုင်ဆိုင်ခွင့်များက ၎င်းတို့အပေါ် သက်ရောက်မှုများရှိပါသည်။ ဖော်ပြပါအချက်က အထူးသဖြင့် ပြည်တွင်းစစ်ကြောင့် ဆယ်စုနှစ်ပေါင်းများ စွာ အကြမ်းဖက်မှုများနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသော တိုင်းရင်းသားလူနည်းစုများ၏ မကျေနပ်ချက် များကို ဆက်လက်တည်မြဲစေပါသည်။

ရာသီဥတုပြောင်းလဲခြင်းနှင့် အခြားသောပဋိပက္ခများပေါင်းစပ်မိခြင်းက ဆင်းရဲသားများနှင့်ဘေးဖယ်ခံထား ရသူများ၏ မလုံခြုံမှုကို ပို၍ကြီးမားစေသည်။ မိုးခေါင်ခြင်းနှင့် ရေကြီးခြင်းတို့ကြောင့် သီးနှံထွက်ညံ့ဖျင်း လာပြီး လယ်သမားများ အကြွေးတင်လာကြတော့သည်။

 

နိုင်ငံတစ်နိုင်ငံအပေါ် ပြင်းထန်သောရာသီဥတုဆိုင်ရာရိုက်ခတ်မှုများရှိလာချိန်တွင် နိုင်ငံတော်ဘက်က လုံ လောက်သောတုံ့ပြန်မှုများဆောင်ရွက်နိုင်ဖို့ လွန်စွာအရေးကြီးသည်။ ထိုသို့မဆောင်ရွက်နိုင်ပါက နိုင်ငံရေး အကြပ်အတည်းဖြစ်ပေါ်စေပြီး နိုင်ငံတော်ကိုလည်း ခြိမ်းခြောက်လာမည်ဖြစ်သည်။ လူပေါင်း ၁၃၀,၀၀၀ ထက်မနည်းသေဆုံးခဲ့ရသော ၂၀၀၈ နာဂစ်ဆိုင်ကလုန်းအပေါ် ယခင်စစ်အာဏာပိုင်များက အဆိုးရွားဆုံး စီမံခန့်ခွဲခဲ့ကြောင်း သမိုင်းတွင် မှတ်တမ်းအဖြစ်ရှိနေပါသည်။ ထိုအချိန်က မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့သော နအဖစစ်အစိုးရ၏ ၂၀၀၈ နာဂစ်ဆိုင်ကလုန်းအပေါ်တုံ့ပြန်ပုံက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများသို့ ဝင် ရောက်ခွင့်နှင့် ဆက်သွယ်ရေးကန့်သတ်ချက်များဖြင့် နိုင်ငံတကာ၏ဝေဖန်မှုများကိုလှည့်စားနိုင်ရန် ကြိုးစား ခဲ့ခြင်းဖြစ်သည်။ နာဂစ်ဆိုင်ကလုန်းက ပြည်တွင်းနှင့်ပြည်ပတွင် စစ်အစိုးရ၏နိုင်ငံရေးအာဏာကို ပို၍ ယို ယွင်းလာစေခဲ့သည်။ နာဂစ်ဆိုင်ကလုန်းဒဏ်ခံရသောဒေသများသို့ နိုင်ငံတကာ၏အကူအညီများပေးအပ် ခွင့်ပြုရန် ပြင်သစ်က နိုင်ငံတကာအသိုင်းအဝိုင်းကိုတိုက်တွန်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထိုသို့ မအောင်မြင်ခဲ့သော်လည်း အဆိုပါတိုက်တွန်းမှုက စစ်အစိုးရ၏ နိုင်ငံတကာတွင်တရားဝင်မှုကို စိန်ခေါ်ခြင်း တစ်ရပ်ဖြစ်ခဲ့သလို တိုင်းပြည်အပေါ်ထားရှိသော နိုင်ငံခြားရေးမူဝါဒများကိုလည်း ပုံပေါ်လာစေခဲ့သည်။

ယင်းအပြင် မုန်တိုင်းတိုက်ခတ်ပြီး ၈ ရက်အကြာတွင် ကျင်းပရန်စီစဥ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒခံယူပွဲကိုလည်း နအဖကကျင်းပခဲ့ပါသည်။ ထို့နောက်မှာတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အောင် မြင်ကြောင်း နအဖကကြေညာခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

သိပ်မကြာသေးခင်တုန်းကလည်း ဆိုင်ကလုန်းမိုခါနှင့် ဆိုင်ကလုန်းရာဂီတို့ မြန်မာနိုင်ငံကိုဝင်ရောက်တိုက် ခတ်ခဲ့သည်။ စစ်ကောင်စီသည် နိုင်ငံတဝန်းလုံးတွင် ပြင်းထန်သောစစ်ရေးပဋိပက္ခများနှင့် ရင်ဆိုင်နေရပြီး  ရာသီဥတုပြောင်းလဲမှုများကြောင့်ရင်ဆိုင်လာရသော ပြဿနာများကို အချိန်မီဖြေရှင်းနိုင်ခြင်းမရှိခဲ့ပါ။

ဆိုင်ကလုန်းမိုခါတိုက်ခတ်ခဲ့သော ရခိုင်ပြည်နယ်ရှိ သဘာဝဘေးဒဏ်သင့်ဒေသများသို့ ကုလသမဂ္ဂနှင့် နိုင်ငံ တကာ NGO များဝင်ရောက်ခွင့်ကိုလည်း စစ်ကောင်စီကကန့်သတ်ခဲ့သည်။ နိုင်ငံတကာထံမှ အကူအညီများ မရနိုင်သေးသောအချိန်တွင်ပင် မြန်မာနိုင်ငံက အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သော အာရက္ခတပ်တော် – AA သည် ဒေသတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၏အကူအညီဖြင့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ရာတွင် အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ သည်။ အဆို ပါကြိုးပမ်းဆောင်ရွက်မှုများအတွင်း လူပေါင်း ၁၀၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခြင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးများပါဝင်သည်။ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာသွားလာနေ ထိုင်ခွင့်မရသေးသော နိုင်ငံမဲ့ရိုဟင်ဂျာမူဆလင်များသည် ရာသီဥတုဖောက်ပြန်မှု ကြောင့်ဖြစ်ပေါ်လာသော သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် နိုင်ငံရေးအရပစ်ပယ်ခံထားရခြင်း၏ အကျိုးဆက်များကို အဆိုး ရွားဆုံးခံစားခဲ့ကြရပါသည်။ ရခိုင်လူထု၏ မြန်မာစစ်တပ်အပေါ်မကျေနပ်ချက် များတိုးမြှင့်လာနေချိန်မှာပဲ အာရက္ခတပ်တော်အပေါ် လူထုထောက်ခံမှုမြင့်တက်လာနေသည်။

ရာသီဥတုဆိုင်ရာဘေးအန္တရာယ်များ လျင်မြန်စွာဖြစ်ပေါ်နေသည့်အတွက် မြန်မာနိုင်ငံသည် နိုင်ငံ၏ဂေဟ စနစ်နှင့် လူမှုရေးဆိုင်ရာတို့တွင် ခံနိုင်ရည်ရှိနိုင်ရန်မှာ ရာသီဥတုကလိုက်လျောညီထွေဖြစ်ဖို့လိုအပ်ပြီး ဤလိုအပ်မှုကလည်း မြန်မာနိုင်ငံအဖို့ အကြီးမားဆုံးသောလိုအပ်မှုဖြစ်ပေသည်။

အာဏာသိမ်းကာလအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုများအတွက် နိုင်ငံတကာရန်ပုံငွေများ ဖြတ်တောက်ခံထားရပြီး ပြန်လည်စတင်နိုင်ခြင်းမရှိသေးပေ။ ယင်းအပြင် အာဏာသိမ်းပြီးချိန်ကစ၍ မြန်မာနိုင်ငံတွင် အကျိုးအမြတ်များသော ကျောက်စိမ်း၊ မြေရှားသတ္တု၊ သစ်နှင့် ရွှေထုတ်ယူခြင်းများအပါ အဝင် သစ်ထုတ်ခြင်းနှင့် တူးဖော်ရေးလုပ်ငန်းများ တိုးမြင့်လာခဲ့သည်။ ဤသို့သော စည်းကမ်းမဲ့စွာဖြင့် သယံဇာတထုတ်ယူခြင်းလုပ်ငန်းများက သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် မြေ ယာပျက်စီးခြင်းများဖြစ်ပေါ်စေပြီး ရာသီဥတုဆိုင်ရာထိခိုကနှုန်းကို တိုးမြင့်စေပါသည်။

ဒေသအဆင့်

အချို့သော ရာသီဥတုနှင့်ဆက်စပ်နေသော လုံခြုံရေးဆိုင်ရာအန္တရာယ်များသည် နိုင်ငံနယ်နိမိတ်ကိုကျော် လွန်ကာ အိမ်နီးချင်းဒေသများ၏လုံခြုံရေးအပေါ် ထိခိုက်နိုင်ချေများရှိနေသည်။ မြန်မာနိုင်ငံကနေ အိမ်နီး ချင်းနိုင်ငံများဆီသို့ ရွှေ့ပြောင်းအခြေချမှုများတွင် အဓိကအားဖြင့် နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာ အကြောင်း ရင်းများကြောင့်ဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။

 

အာဏာသိမ်းပြီးချိန်ကစ၍ အသက်မွေးဝမ်းကျောင်းမှုအခြေအနေများ ကျဆင်းလာခြင်းနှင့် စီးပွားရေး အခြေအနေများဆိုးရွားလာခြင်းတို့က မြန်မာနိုင်ငံရှိလူငယ်များအား ရွှေ့ပြောင်းနေထိုင်ကြရန် တွန်းအားဖြစ် စေခဲ့သည်။ အသက်မွေးဝမ်းကျောင်းအတွက် မရှိမဖြစ်လိုအပ်သော စိုက်ပျိုးရေးလုပ်ငန်းများအပေါ် ရာသီ ဥတုပြောင်းလဲမှုက သက်ရောက်မှုရှိနေခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများတွင် အလုပ်အကိုင်အခွင့်အလမ်း များရှာဖွေနေသော ကျေးလက်နေလူငယ်များအား ပြောင်းရွှေ့နေထိုင်ဖို့ တွန်းအားတစ်ခုဖြစ်စေခဲ့သည်။

 

ထိုင်းနိုင်ငံသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံကရွှေ့ပြောင်းလုပ်သား ၂ ဒဿမ ၅ သန်းကျော်လက်ခံထား ပြီး ယင်းထက် တိုးလာနိုင်စရာရှိသည်ဟုခန့်မှန်းထားသည်။ ယင်းအနက်က အချို့ရွှေ့ပြောင်းအလုပ်သမား များသည် တရားဝင်စာရွက်စာတမ်းများ ကိုင်ဆောင်ထားကြသော်လည်း အများစုမှာတော့ တရားဝင် အထောက်အထားများ မရှိကြပါ။ မြန်မာနိုင်ငံနယ်စပ်ဒေသတလျှောက်တွင်လည်း အွန်လိုင်းနှင့် ငွေလိမ်စင် တာများ များပြားလာနေပြီး များပြားလွန်းသော တရားမဝင်လူကုန်ကူးမှုများနှင့် တရားမဝင်ကုန်ပစ္စည်းများ အား မှောင်ခိုကုန်သွယ်ခြင်းများနှင့်အတူ လုံခြုံရေးအန္တရာယ်ကိုလည်း ကြီးမားစေပါသည်ဟု နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဌာန DPPA ၏ အရှေ့အလယ်ပိုင်း၊ အာရှနှင့် ပစိဖိတ်ဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Khaled Khiari က ပြောသည်။ ရာသီဥတုနှင့်ပတ်သက်သောအန္တရာယ်များကြောင့် ရွှေ့ ပြောင်းနေထိုင်မှုပုံစံများပြောင်းလဲလာပြီး ဤပြဿနာများက ဒေသဆိုင်ရာပြဿနာအဖြစ် ကြီးထွားလာနေ ကာ ထိလွယ်ခိုက်လွယ်သော နယ်စပ်နယ်နိမိတ်များကိုလည်း မတည်မငြိမ်ဖြစ်စေပါသည်။

အကြံပြုချက်များ

အာဏာသိမ်းပြီးချိန်ကစ၍ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုများနှင့် လက်နက်ကိုင်ပဋိပက္ခများအား ရင်ဆိုင်ခဲ့ရပြီး ယင်းက ဒေသ၊ နိုင်ငံတော်နှင့် ဒေသတွင်းလုံခြုံရေးများအပေါ် သက်ရောက်မှုများရှိနိုင်ပါ သည်၊။ ဖော်ပြပါစိန်ခေါ်မှုများကိုဖြေရှင်းနိုင်ရန်မှာ အဆင့်တိုင်း၌ညှိနှိုင်းမှုများဆောင်ရွက်ရမည်ဖြစ်ပြီး ခိုင်မြဲ သောကြိုးပမ်းမှုများ လိုအပ်သည်။

နေ့စဥ်ရင်ဆိုင်နေရသောအတားအဆီးများအား ရှေ့တန်းကနေ စွမ်းစွမ်းတမံဆောင်ရွက်နေကြသည့် ဒေသ ခံအဖွဲ့အစည်းများနှင့် ရပ်ရွာတက်ကြွလှုပ်ရှားသူများည် ရာသီဥတုနှင့်ပတ်သက်သောခံနိုင်ရည်ကိုတည် ဆောက်ရာတွင် အရေးပါသောအခန်းကဏ္ဍက ပါဝင်နေပါသည်။ စစ်ဘေးဒဏ်သင့်ချင်းပြည်နယ်တွင် အသေးစားရေအားလျှပ်စစ်စက်ရုံများတည်ဆောက်ခြင်းသည် ဒေသခံလူထု၏ စွမ်းအင်ပြည့်ဖြိုးရန် ကြိုး ပမ်းမှုတစ်ခု၏ ထင်ရှားသောဥပမာဖြစ်သည်။ ရွာသားများသည် ချက်ပြုတ်ရာတွင် မီးသွေးအစား လျှပ်စစ်မီး ဖိုးများသုံးစွဲနေနိုင်သေးသောကြောင့် သစ်တောပြုန်တီးမှုတိုက်ဖျက်ရာတွင် ကူညီပေးရာရောက်ပါသည်။ ဤသို့သောသူများအား ကူညီပံ့ပိုးပေးရန် နိုင်ငံတကာအတွက်အရေးကြီးသည်။

အာဆီယံသည် ရာသီဥတုဆိုင်ရာ လုံခြုံရေးအန္တရာယ်များလျှော့ချရန်နှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု များကနေတဆင့် ရာသီဥတုဒဏ်ခံနိုင်ရည်တည်ဆောက်ရေးတို့တွင် ပံ့ပိုးကူညီသင့်ပါသည်။ ရာသီဥတုနှင့် ဆက်စပ်နေသော ဘေးအန္တရာယ်များကြားကနေတဆင့်ပေးအပ်နေသော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ဘေးကင်းလုံခြုံဖို့ကလည်း အရေးကြီးပါသည်။ ထို့အတွက်ကြောင့်လည်း မြန်မာစစ် တပ်၏ အရပ်သားများအပေါ်ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ ချက်ချင်းရပ်တန့်ပေးဖို့ အာဆီယံကဦးဆောင် တောင်းဆိုသင့်သည်။

ထိုသို့ဆောင်ရွက်ရန်ပျက်ကွက်ခဲ့မည်ဆိုပါက ပဋိပက္ခဒဏ်ခံစားနေရသော မြန်မာပြည်သူများနှင့် ၎င်းတို့၏ အနာဂတ်များအပြင် အရှေ့တောင်အာရှဒေသတွင်းတည်ငြိမ်ရေးအပေါ် ရေရှည်အကျိုးသက်ရောက်မှုများ ရှိ လာနိုင်ပါသည်။

 

“Concurrent Challenges of Conflict and Climate Change in Myanmar” ကို ဆီလျော်အောင် ရေးသားသည်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleအညာဒေသတွင် အခြေချပြီး စစ်ရေးဖော်ဆောင်နိုင်တော့မည်ဟု BPLA ကြေငြာ
Next Article ထောင်ဒဏ်ကျခံနေရသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ဆေးကုသမှု ခံယူနေရ
thanlwinkhet
  • Website

Related Posts

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

တရုတ်လိုလားတဲ့ရှမ်းမြောက်နဲ့ TNLA စစ်ရေးအပြောင်းအလဲ

May 11, 2025

မြန်မာ့အရေး ပိုပြီးရှင်းလင်းတဲ့မူဝါဒလိုအပ်

May 11, 2025

Leave A Reply Cancel Reply

Recent Posts

  • ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်
  • ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်
  • အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်
  • မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်
  • အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်

မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကျောက်ဖြူ မင်းတပ်တောင် ကာကင်းစခန်းငယ်တစ်ခုကို အေအေ သိမ်းပိုက်

May 21, 2025

ပရာဒေါင်းခေါင်းဆောင်များ လွတ်လာပြီးနောက် သတ္တုတူးဖော်ခြင်းအတွက် ဆက်ဆွေးနွေးမည်

May 21, 2025

အာရှမှာ ကိုဗစ်ကူးစက်မှု မြင့်တက်

May 21, 2025

မီဇိုရမ် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်း ပြန်ဖွင့်

May 21, 2025

အမျိုးသမီးအလုပ်သမားများ ဓမ္မတာလာစဉ် နားခွင့်ပေးရန် ဥပဒေ ထိုင်းတွင် အတည်ပြု

May 21, 2025

ကရင်နီရှိ စစ်ရှောင်စခန်းတစ်ခုတွင် တစ်လနီးပါး ဆန်ပြတ်လပ်နေ

May 21, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.