• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်
  • ကော်သူးလေ သမိုင်းမှ အုပ်ချုပ်ရေးနှင့် ပြုပြင်မွမ်းမံမှုများကို သင်ခန်းစာယူရန်လိုဟု KNU ဥက္ကဌပြော
  • တတိယကမ္ဘာစစ်စတင်နေပြီလို့ ရုရှားစစ်ဗိုလ်ချုပ်ကြေညာ
  • ဆေးဝါးကုသခွင့်မရ၍ ငါးလအတွင်း နိုင်ကျဉ်း ၁၁ ဦး သေဆုံး
  • ရက်လည်အလှူလုပ်ရန် ပြင်ဆင်စဉ် လက်နက်ကြီးကျ၍ ကျန်ရစ်သူ မိသားစုဝင်များပါ ထပ်သေဆုံး
  • လေယာဉ်် ပျက်ကျမှုကြောင့် သေဆုံးသူများအတွက် လျော်ကြေး ရူပီး ၁၀ သန်း ပေးမည်
  • မြဝတီတောင်ဘက် စစ်ကောင်စီလက်ကျန်စခန်းများ မကျစေရန် လေကြောင်းမှ ခုခံတိုက်ခိုက်
  • အမ်ပီတီစခန်းကုန်းပြန်ရရန် အင်အားရာချီဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»စစ်တိုင်း ၃ တိုင်းကို ဖြိုချဖို့ကြိုးစားတဲ့ တစ်နှစ်ပြည့် ၁၀၂၇ စစ်ဆင်ရေး
ဆောင်းပါး

စစ်တိုင်း ၃ တိုင်းကို ဖြိုချဖို့ကြိုးစားတဲ့ တစ်နှစ်ပြည့် ၁၀၂၇ စစ်ဆင်ရေး

thanlwinkhetBy thanlwinkhetOctober 26, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

ကောင်းချစ်အောင်
အောက်တိုဘာ ၂၇၊ ၂၀၂၄။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက် မနက်လေးနာရီခန့်မှာ တရုတ်- မြန်မာနယ်စပ် ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာကနေ ၁၀၂၇ စစ်ဆင်ရေးပေါ်ပေါက်လာခဲ့ပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့ပါဝင်တဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့စစ်ဆင်ရေးဟာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တို့အထိ ကျယ်ဝန်းတဲ့စစ်နယ်ဝှမ်း (multi warfare) ကြီးဖြစ်လာပါတော့တယ်။

ဒီကနေ့မှာတော့ ၁၀၂၇ စစ်ဆင်ရေးဟာ တစ်နှစ်ပြည့်မြောက်ခဲ့ပြီး စစ်ကောင်စီရဲ့စစ်အင်္ဂါစဉ်အရ တတိယအကြီးဆုံးဖြစ်တဲ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ကာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ဟာလည်း ရှေ့တန်းစစ်မျက်နှာတွေ ဖြစ်လာပါတယ်။

ညီနောင်သုံးဖွဲ့က တစ်ဘက်၊ စစ်ကောင်စီက တစ်ဘက် စုစုပေါင်းအင်အား သောင်းနဲ့ချီပါဝင်တိုက်ခိုက်ကြတဲ့တိုက်ပွဲတွေနဲ့အတူ နိုင်ငံတဝှမ်းဟန်ချက်ညီပေါ်ပေါက်လာတဲ့ ထိုးစစ်တွေကြောင့်လည်း မြန်မာစစ်တပ်သမိုင်းကြောင်းတ လျှောက် အဆိုးဝါးဆုံးရှုံးနိမ့်မှုကိုလည်း ရင်ဆိုင်နေရပါတယ်။

ငြိမ်းချမ်းရေးလမ်းကြောင်းက ဖယ်ကျဉ်ခံရတဲ့ ညီနောင်သုံးဖွဲ့ရဲ့ ထိုးစစ်
*****************
ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ လူငယ်တွေနဲ့ သွေးသစ်လောင်းဖွဲ့စည်းထားတဲ့ TNLA နဲ့ ၂၀၀၉ ခုနှစ်မှာ သန္ဓေတည်ပေါ်ပေါက်လာတဲ့ AA တို့ရဲ့ အင်အားနဲ့နယ်မြေစိုးမိုးမှုကို မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ အသိမှတ်ပြုမှုအားနည်းခဲ့တာကို တွေ့ရပါတယ်။

၂၀၁၀ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အကြား ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ TNLA နဲ့ AA အဖွဲ့ တွေကို ချန်လှပ်မှုတွေရှိခဲ့ပါတယ်။ တစ်ဘက်မှာလည်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDA A) ကို ၂၀၀၉ ခုနှစ်မှာ ကိုးကန့်ဒေသက တိုက်ထုတ်အပြီးမှာလည်း နှစ်ဘက်စစ်ရေးတင်းမာမှုတွေ ရှိနေခဲ့တာပါ။

အဲဒီလိုအခင်းအကျင်းမှာ ညီနောင်သုံးဖွဲ့အကြား ပိုမိုစည်းလုံးလာခဲ့တယ်လို့ AA ဒုစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်က BNI နဲ့ သီးသန့်အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

အဲဒါကြောင့် အချိန်ငါးနှစ်ကြာ တပ်အင်အားနဲ့ ဗျူဟာကို တည်ဆောက်ယူရခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့တာဖြစ်ပါတယ်။ စစ်ဆင်ရေးစတဲ့ ပထမရက်က ထုတ်ပြန်တဲ့ ညီနောင်သုံးဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ စစ် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးတို့ကို ဦးတည်ထားပြီး ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို အမြစ်ဖြတ်ဖို့ ရည်ရွယ်ချက်လည်း ပါဝင်ပါတယ်။

အောက်တိုဘာ ၂၇ ရက်မှာ ကိုးကန့်တပ်က လောက်ကိုင်၊ ကုန်းကြမ်း၊ ကွမ်းလုံတို့ပါဝင်တဲ့ ကိုးကန့်ဒေသ၊ တအာင်းတပ်က မန္တလေး- လားရှိုး- မူဆယ် အမှတ် ၃ ပြည်ထောင်စုလမ်းမကြီးတဝိုက်ကို ဟန်ချက်ညီတိုက်ခိုက်ခဲ့ကြတာပါ။ အာရ က္ခတပ်တော်- AA ကတော့ သူ့ရဲ့ ရခိုင်ပြည်ထိုးစစ်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှသာ စတင်နိုင်ခဲ့ပါတယ်။

မလွယ်ကူတဲ့ စစ်ဆင်ရေး
****************
၁၀၂၇ စစ်ဆင်ရေးအစပိုင်းကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီဘက်က လားရှိုးအရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တို့အပြင် တပ်မ ၅ ခုထက်မနည်း စစ်ရေးလှုပ်ရှားနေပြီး စုစုပေါင်း အင်အားတပ်ရင်း ၉၀ ထက်မနည်းရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

အဲဒီလိုပဲ ရခိုင်ပြည်နယ်ထဲမှာလည်း အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာ နချုပ်၊ တပ်မ ၄ ခုတို့အပြင် ရဲတပ်ရင်း၊ နယ်ခြားစောင့်တပ်ရင်းတွေ အများအပြားရှိနေတာဖြစ်ပါတယ်။

ကိုးကန့်တပ်က တရုတ်နယ်စပ်မြို့တွေဖြစ်တဲ့ ချင်းရွှေဟော်၊ ကြူကုတ်(ပန်ဆိုင်း)၊ ဖောင်းဆိုင်၊ မော်ထိုက်စတဲ့ မြို့တွေကို လျှပ်တပြတ်တိုက်ခိုက်ခဲ့ပြီး အဲဒီကနေတဆင့် မြန်မာစစ်တပ်ရဲ့နာမည်ကျော် ကွမ်းလုံမြို့ကို ၁၂ ရက်အတွင်း သိမ်း ပိုက်နိုင်ခဲ့ကာ သံလွင်မြစ်အရှေ့ခြမ်းဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကိုးကန့်ဒေသရဲ့ အကြီးဆုံးစစ်ဌာနချုပ်ဖြစ်တဲ့ လောက်ကိုင်ဒကစကို သိမ်းပိုက်နိုင်ခဲ့ပြီး လောက်ကိုင်မြို့ကိုပါ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က တပ်မမှူးအဆင့်ရှိတဲ့ ဗိုလ်မှူးချုပ် ၆ ဦး အပါအဝင် တပ်သား ၂,၀၀၀ ကျော်လက်နက်ချခဲ့ရတဲ့အထိ အောင်မြင်မှုကို ရရှိနိုင်ခဲ့တာပါ။

၁၀၂၇ စစ်ဆင်ရေးပထမလှိုင်းအတွင်း ကိုးကန့်တပ်ဟာ မြို့ ၁၁ မြို့အထိ သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီထဲက ပန်လုံ၊ ဟိုပန်မြို့ နှစ်မြို့ကို ဝတပ်ဖွဲ့ (UWSA) ဆီ လွှဲပြောင်းပေးခဲ့ပါတယ်။

တစ်ဘက်မှာလည်း တအာင်းတပ် (TNLA) က အဓိက ကုန်သွယ်ရေးလမ်းမကြီးတလျှောက်ကို ပိတ်ဆို့ဖြတ်တောက်ထားပြီး စစ်ကောင်စီမြေပြင်တပ်ကူတွေ တက်မလာနိုင်အောင် ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ မိုင်းငေါ့၊ မိုင်းလုံ၊ မန်တုံ ၇ မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကိုပါ တိုက်ရိုက်ခြိမ်းခြောက်နိုင်တဲ့အဆင့်အထိ အောင်မြင်မှုရခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှာတော့ တရုတ်ရဲ့ကြားဝင်စေ့စပ်မှုကြောင့် ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်ရခဲ့ကာ ရှမ်းမြောက်စစ်ဆင်ရေးတစ်ခန်းရပ်သွားခဲ့ရပါတယ်။ အဲဒီကာလအတွင်း စစ်ကောင်စီက အရပ်သားပစ်မှတ်တွေကို အကြိမ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး သဘောတူညီမှုစာချုပ်ကို ချိုးဖောက်ခဲ့ပါတယ်။

အာရက္ခတပ်တော်- AA ဘက်မှာတော့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်ထဲက အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဖက်စပ် ကုလားတန်ဘက်စုံစီမံကိန်းရဲ့ အထက်ပိုင်းဒေသကို လွှမ်းခြုံထားတဲ့ စစ်ကောင်စီဗျူဟာကြီးတွေကို ထိုးစစ်အစပိုင်းမှာ အချိန်အတော်ကြာ တိုက်ယူခဲ့ရပါတယ်။ ရွာကြီးတစ်ခုစာ ကျယ်ဝန်းတဲ့ နူံဘူး၊ ထရွန်အိုင်ဗျူဟာကြီးနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ပလက်ဝမြို့နယ်ကို ထိန်းချုပ်လိုက်ပါတယ်။

အဲဒီနောက်မှာတော့ AA ရဲ့ထိုးစစ်ဟာ ဆက်တိုက်အရှိန်ပြင်းထန်ခဲ့ပြီး ကုလားတန်မြစ်ဝှမ်းဒေသက မြို့တွေကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ကာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ရှမ်းမြောက်ဒေသမှာ အပစ် ရပ်ခဲ့ရပေမယ့် AA ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ် မြို့နယ်တွေမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးဟာ ဆက်လက်ဖြစ်ပွားနေခဲ့တာပါ။

အခုနှစ်လယ်ပိုင်းမှာတော့ AA ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းအထိပါ စစ်ဆင်ရေးကို တိုးချဲ့လာပြီး သံတွဲမြို့နယ်ကိုပါ ထိန်းချုပ်နိုင်ခဲ့ကာ လေဆိပ်နဲ့ ရေတပ်စခန်းတစ်ခုကို ပထမဆုံးသိမ်းပိုက်နိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်လာပါတယ်။

လက်ရှိအချိန်အထိ AA ဟာ ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၀ခုနဲ့ ပလက်ဝမြို့နယ်တို့ကို ထိန်းချုပ်ထားပြီး တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ကို ပိတ်ဆို့တိုက်ခိုက်နေပါတယ်။

PDF တွေရှေ့တန်းရောက်လာတဲ့ စစ်ဆင်ရေးဒုတိယလှိုင်း
******************
ရခိုင်ပြည်နယ်မှာ အပစ်မရပ်ခဲ့ပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ ငါးလခန့် ယာယီအပစ်ရပ်ထားခဲ့ရပါတယ်။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အပစ်ရပ်စာချုပ်ပျက်ပြယ်သွားပြီး ဇွန်လ ၂၅ ရက်မှာ စစ်ဆင်ရေး တကျော့ပြန် စတင်ခဲ့ပါတယ်။

စစ်ဆင်ရေးဒုတိယလှိုင်းမှာတော့ မန္တလေးတိုင်းထဲအထိ တိုက်ပွဲတွေပြင်းထန်လာခဲ့ပြီး နွေဦးတော်လှန်ရေးကာလ အတွင်းမှာ ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့တွေဟာ အခရာဖြစ်လာပါတယ်။

MDY- PDFနဲ့ မဟာမိတ်တပ်တွေက မန္တလေးတိုင်းမြောက်ပိုင်းကို ဖြန့်ကျက်ထိုးစစ်ဆင်နေတာကို‌တွေ့ရပြီး စဉ့်ကူးမြို့ နယ်တစ်ခုလုံးနဲ့ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီစခန်း၃၅ခုထက်မနည်းကို သိမ်းပိုက်ထားနိုင်နေပြီ ဖြစ်ပါတယ်။

ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ မြင်းခြံခရိုင်အတွင်းက စစ်ကောင်စီတပ်စခန်းနဲ့ မြို့တွေဟာလည်း တိုက်ခိုက်ခံနေရပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)နယ်မြေတွေဟာ မကြုံစဖူးတချိန်တည်း အတိုက်ခံနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် မိုးကုတ်မြို့ကို သိမ်းပိုက်နိုင်ရာမှာ တအာင်းတပ် (TNLA) နဲ့အတူ NUG လက်အောက်ခံတပ်ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄ တို့ပါဝင်တဲ့ မိုးကုတ်ဗျူဟာကလည်း အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းတိုက်ပွဲတွေမှာ MDY PDF နဲ့အတူ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း အခြေစိုက်စစ်ကိုင်းတိုင်းထဲက ဗျုဟာတပ်ရင်းတွေကလည်း အားဖြည့်ကူညီခဲ့ကြပါတယ်။

ရွှေဘိုခရိုင် တပ်ရင်း ၇၊ ၁၀၊ ၁၆ တို့ပါဝင်တဲ့ ဗျုဟာအမှတ် ၅၂ နဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆ တို့ပါဝင်တဲ့ ဗျူဟာအမှတ် ၅၅ တို့ ပါဝင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

လားရှိုးမြို့သိမ်းတိုက်ပွဲမှာလည်း ကိုးကန့်တပ်ဟာ တပ်မဟာ ၃ခုအထိ မြို့ရဲ့ မြောက်ဘက်၊ အရှေ့ဘက်နဲ့ အနောက်ဘက်တို့မှာ ပိတ်ဆို့စေခဲ့ပြီး အဲဒီအထဲမှာ အညာဒေသက PDF တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ တပ်မဟာ ၆၁၁ လည်းပါဝင်ခဲ့ ပါတယ်။

၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း လက်ရှိအချိန်အထိ လားရှိုးအပါအဝင် ရှမ်းမြောက်ဒေသက မြို့ငါးမြို့နဲ့ မန္တလေးတိုင်းထဲက မြို့ ၄ မြို့ကို သိမ်းပိုက်ထားနိုင်တာ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကြောင့် တစ်ရက်ကို ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ သန်းထက်မနည်းရှိတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလုံးကို တရုတ်နိုင်ငံက ဆုံးရှုံးခဲ့ရပါတယ်။ အဲဒါကြောင့် တရုတ်ဟာ ကူမင်းမြို့ဆွေးနွေးပွဲတွေ ကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး ရှမ်းမြောက်က စစ်ဆင်ရေးကို ငါးလကြာ ရပ်တန့်နိုင်ခဲ့ပါတယ်။

စစ်ဆင်ရေးဒုတိယလှိုင်းကာလမှာ PDF တပ်ဖွဲ့တွေ ရှေ့တန်းရောက်လာတာကို တရုတ်အစိုးရဘက်က သဘောမကျကြောင်း ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်မှာ ဝတပ်ဖွဲ့ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တဲ့ ပူအယ်မြို့လျို့ဝှက်အစည်းအဝေးမှာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာတိန့်ရွှီကျင်းက ပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တွေနဲ့ နီးကပ်တဲ့ဆက်ဆံရေးကို ရှောင်ရှားဖို့နဲ့ အကူအညီမပေးဖို့ တရုတ်က ကိုးကန့်တပ်ကို ဖိအားအပြင်းအထန်ပေးခဲ့ပြီး ကိုးကန့်တပ်ဘက်ကလည်း တရုတ်ရဲ့တောင်းဆိုချက်တွေကို လိုက်လျောကာ အပစ်ရပ်ကြောင်း စာထုတ်ပြန်ခဲ့ရပါတယ်။ တအာင်းတပ် (TNLA) ကတော့ ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ပြီး အမြောက်ဌာနချုပ်ရှိရာ တောင်ခမ်းရွာကို ပိတ်ဆို့တိုက်ခိုက်နေပါတယ်။

တရုတ်ရဲ့ ဖိအားပေးမှုတွေကြောင့် ကိုးကန့်တပ်ဟာ တိုက်ပွဲဖော်ဆောင်မှုရပ်တန့်ခဲ့ပေမယ့် တစ်နှစ်ကြာတဲ့အထိ အာရက္ခတပ်တော်က အမ်းမြို့အခြေစိုက် တိုင်းစစ်ဌာနချုပ်ကို ပိတ်ဆို့တိုက်ခိုက်နေပြီး တအာင်းတပ်ရဲ့မဟာမိတ်ဖြစ်တဲ့ MDY- PDF ကလည်း မန္တလေးတိုင်းစစ်ဌာနချုပ်အနားအထိ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleစစ်ကောင်စီ၏ ရွှေဈေးထိန်းချုပ်မှုကြောင့် မြန်မာရွှေ ပြည်ပထွက်ဖွယ်ရှိ
Next Article မြန်မာပြည်တွင် မည့်သည့်အာဏာရှင်ကိုမှ ထပ်ပြီး အုပ်စိုးခွင့်မရရှိအောင်ကြိုးစားနေဟု SNLD ဥက္ကဌဆို
thanlwinkhet
  • Website

Related Posts

လားရှိုးကနေ MNDAA ဘာကြောင့် ဆုတ်ခွာခဲ့ရသလဲဆိုတာ

June 8, 2025

တရုတ်အမြတ်ထွက်တဲ့ စစ်ကောင်စီရွေးကောက်ပွဲ

May 25, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

Leave A Reply Cancel Reply

Recent Posts

  • KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်
  • ကော်သူးလေ သမိုင်းမှ အုပ်ချုပ်ရေးနှင့် ပြုပြင်မွမ်းမံမှုများကို သင်ခန်းစာယူရန်လိုဟု KNU ဥက္ကဌပြော
  • တတိယကမ္ဘာစစ်စတင်နေပြီလို့ ရုရှားစစ်ဗိုလ်ချုပ်ကြေညာ
  • ဆေးဝါးကုသခွင့်မရ၍ ငါးလအတွင်း နိုင်ကျဉ်း ၁၁ ဦး သေဆုံး
  • ရက်လည်အလှူလုပ်ရန် ပြင်ဆင်စဉ် လက်နက်ကြီးကျ၍ ကျန်ရစ်သူ မိသားစုဝင်များပါ ထပ်သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်

ကော်သူးလေ သမိုင်းမှ အုပ်ချုပ်ရေးနှင့် ပြုပြင်မွမ်းမံမှုများကို သင်ခန်းစာယူရန်လိုဟု KNU ဥက္ကဌပြော

တတိယကမ္ဘာစစ်စတင်နေပြီလို့ ရုရှားစစ်ဗိုလ်ချုပ်ကြေညာ

ဆေးဝါးကုသခွင့်မရ၍ ငါးလအတွင်း နိုင်ကျဉ်း ၁၁ ဦး သေဆုံး

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကရင်သတင်း
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • တိုင်းရင်းသားသတင်း
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

KNU ဥက္ကဌဟောင်း စောဘိုမြ၏ ဇနီး ကွယ်လွန်

June 14, 2025

ကော်သူးလေ သမိုင်းမှ အုပ်ချုပ်ရေးနှင့် ပြုပြင်မွမ်းမံမှုများကို သင်ခန်းစာယူရန်လိုဟု KNU ဥက္ကဌပြော

June 14, 2025

တတိယကမ္ဘာစစ်စတင်နေပြီလို့ ရုရှားစစ်ဗိုလ်ချုပ်ကြေညာ

June 14, 2025

ဆေးဝါးကုသခွင့်မရ၍ ငါးလအတွင်း နိုင်ကျဉ်း ၁၁ ဦး သေဆုံး

June 14, 2025

ရက်လည်အလှူလုပ်ရန် ပြင်ဆင်စဉ် လက်နက်ကြီးကျ၍ ကျန်ရစ်သူ မိသားစုဝင်များပါ ထပ်သေဆုံး

June 13, 2025

လေယာဉ်် ပျက်ကျမှုကြောင့် သေဆုံးသူများအတွက် လျော်ကြေး ရူပီး ၁၀ သန်း ပေးမည်

June 13, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.