မြန်မာနိုင်ငံအနောက်မြောက်ပိုင်းနေထိုင်တဲ့ ကိုဇော်မြင့်သိန်း ကလယ်သမားတစ်ယောက်ဖြစ်ပြီး သူနေထိုင်ဒေသ မှာ အင်တာနက် ပြတ် တောက်နေတာ တစ်နှစ်ကျော်ကြာခဲ့ပါပြီ။ ဒါကြောင့်လည်း သူနဲ့သူမိသားစုအပြင် ဒေသတစ် ခုလုံးက အဆင်မပြေမှုများစွာနဲ့ရင်ဆိုင်နေ ကြရပါတယ်။ သူ့သားအနေနဲ့ အွန်လိုင်းကနေ ပညာမသင် ကြားနိုင် တော့သလို သူစိုက်ပျိုးခဲ့တဲ့ဖရဲသီးတွေကိုလည်း အွန်လိုင်းပေါ်တင်ပြီး မရောင်းနိုင်ခဲ့တာကြာပါပြီ။ အင်တာနက် ဖြတ်တောက်ပစ်တာက သူ့ဘဝကို သတ်ဖြတ်လိုက်သလိုပါပဲ။ ရှင်ရက်နဲ့သေနေတဲ့ဘဝကြီးပဲလို့ ကိုဇော်မြင့်သိန်း ခံစားနေရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာနေထိုင်တဲ့ အသက် ၄၅ နှစ်အရွယ် ကိုဇော်မြင့်သိန်းက“ အင်တာနက်ဖြတ်လိုက်တာက ကျွန်တော့် နားနဲ့မျက်စိကို ပိတ်ထားတာပဲ” လို့ ဖုန်းနဲ့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အစောပိုင်းမှာ မြန်မာစစ်တပ်ကအာဏာသိမ်းခဲ့ပါတယ်။စစ်အုပ်ချုပ်ရေးကို လက်မ ခံတဲ့ပြည်သူတွေက လက်နက်စွဲကိုင်တော်လှန်ခဲ့ကြပါတယ်။ တော်လှန်ရေးအတွက် အမာခံနယ် မြေဖြစ်လာတဲ့ စစ်ကိုင်းတိုင်းလို ဒေသတွေကို စစ်အုပ်စုက အင်တာနက်တွေ လုံးဝဖြတ်တောက်ပစ်လိုက်သလို မိုဘိုင်းဖုန်းဆက်သွယ်မှုတွေကို လည်း ကြိုကြားကြိုကြား ဖြတ်တောက်ပစ်ပါတယ်။
လူ့အသက်တွေက အင်တာနက်လိုင်းတွေ ဖုန်းလိုင်းတွေအပေါ် မှီတည်နေကြောင်း သူကရှင်းပြပါတယ်။
ပြီးခဲ့တဲ့မေလက သူ့အနီးဝန်းကျင်ရွာတစ်ရွာကို စစ်ကောင်စီက ခြုံခိုတိုက်ခိုက်ခဲ့တဲ့အတွက် လူ ၉ ယောက်သေဆုံးခဲ့ ပါတယ်။ တကယ်လို့သာ စီးနင်းတိုက်ခိုက်မယ့်အကြောင်း ကြိုတင်သတင်းရထားခဲ့ရင် သူတို့တွေကိုကာကွယ်နိုင် မှာသေချာတယ် လို့ သူက ပြောပါ တယ်။
“သူတို့တွေ သတင်းအချက်အလက် အချိန်မီမရခဲ့ဘူး”
မြန်မာနိုင်ငံကလူအများက Facebook Messenger ဒါမှမဟုတ် WhatsApp ကိုသုံးပြီး သတင်းအချက်အလက်တွေ ပေးပို့လေ့ရှိတတ်ပါတယ်။ တစ်စိတ်တစ်ပိုင်းအနေနဲ့လည်း ဖုန်းနဲ့ပြောရတာထက်ပိုလုံခြုံတယ်လို့ ယူဆထားတဲ့ အတွက်ကြောင့်ပါ။
အင်တာနက်ပြတ်တောက်နေတဲ့ အရာတော်မြို့အနီးက အသက် ၄၂ နှစ်အရွယ် မသင်းသင်း ကလည်း စစ်ကောင်စီ ရဲ့ ဩဂုတ်လက အလားတူတိုက်ခိုက်မှုမျိုးနဲ့ပတ်သက်ပြီး အခုလိုပြော ပါတယ်။
“အဲဒီတုန်းကလည်း အင်တာနက်ဖြတ်ထားလို့ ရွာသားတွေ ဘာမှမသိလိုက်ရဘူး။ စစ်သားတွေရောက်လာမှပဲ သိ တော့တယ်” လို့ဖုန်းနဲ့ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ခံအစိုးရကိုဖြုတ်ချပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ ပထမဆုံးလှုပ်ရှားမှုက အင်တာနက်ဖြတ်တောက်မှုဖြစ်ပြီး ဒါက ဆန္ဒပြပွဲတွေကို စစ်တပ်ကဖြိုခွင်းလိုက်တာပါ။
အဲဒီအချိန်ကစပြီး အင်တာနက်ဖြတ်တောက်မှုတွေနဲ့ အနှောင့်အယှက်တွေက စစ်အုပ်စုရဲ့အဓိကလှုပ်ရှားမှုဖြစ်လာ ခဲ့ပြီး ကုလကျွမ်းကျင်သူတွေက ဒီလိုအဖြစ်အပျက်တွေကို “ဒစ်ဂျစ်တယ်အာဏာရှင်စနစ်” လို့ခေါ်ဝေါ်ခဲ့ကြပါ တယ်။
စစ်ကောင်စီရဲ့ဖမ်းဆီးမှုတွေကြောင့်ထွက်ပြေးနေရသူတွေအတွက်ကတော့ အွန်လိုင်းသတင်းအချက်အလက် ရယူ နိုင်ရေးက သေရေးရှင်ရေးကိစ္စပါပဲ။ အင်တာနက်ဖြတ် တောက်ခြင်းက မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ်အမှောင်ခေတ် ဆီ ပြန်ဆွဲခေါ်နေတဲ့လုပ်ရပ်ပဲလို့ ဇွန်လကပဲ သူတို့တွေပြောခဲ့ကြပါတယ်။
ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကို မှတ်ချက်ပေးဖို့တောင်းဆိုခဲ့ပေမယ့် ပြန်ပြီးမဖြေကြားခဲ့ပါဘူး။ အရင်ကတည်းကလည်း သူတို့ကိုဆန့်ကျင်တဲ့လုပ်ရပ်မှန်သမျှကို တရားမဝင်တဲ့အကြမ်းဖက်မှုဖြစ်ပြီး တိုင်းပြည် ပြန်လည်ထူထောင်နိုင်ဖို့ စစ်တပ်ကကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။
“စစ်တပ်၏ ရက်စက်ယုတ်မာမှုများ”
နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ကာလတွေအတွင်း အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကာကွယ်ဖို့နဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကိုကန့်သတ်ဖို့ရည်ရွယ်ပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့အစိုးရတွေက အင်တာနက် ကန့်သတ်ချက်တွေကို ပိုပြီးအသုံးပြုလာနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း အိန္ဒိယနိုင်ငံကလွဲပြီး မြန်မာနိုင်ငံက ကမ္ဘာတစ်ဝှမ်းမှာ အင်တာနက်ဖြတ်တောက်မှု အများဆုံး နိုင်ငံဖြစ်ခဲ့တယ်လို့ Access Now အဖွဲ့ကပြောပါတယ်။ စစ်ကိုင်းလိုဒေသတွေမှာတော့ ဆက်ပြီး ပြတ်တောက်နေ တုန်းပါပဲ။
အဆိုးရွားဆုံးအခြေအနေမျိုး ကြုံတွေ့နေရချိန်မှာ အင်တာနက်ဖြတ်တောက်တာက “လူ့အခွင့်အရေးချိုးဖောက်မှု တွေ နဲ့ အာဏာပိုင်တွေရဲ့ ရက်စက်ယုတ်မာမှု”တွေကို ကာကွယ်နိုင်ဖို့ဖြစ်တယ်လို့ Access Now က အာရှ-ပစိဖိတ် ရေးရာမူဝါဒလေ့လာသူ ဝေဖြိုးမြင့် ကပြောပါတယ်။
စစ်တပ်ထိန်းချုပ်မှုနဲ့ စီးပွားရေးမြို့တော်ရန်ကုန်အပြင် တခြားနေရာတွေမှာ အင်တာနက်ပြန်ရခဲ့ပေမယ့် စစ်ကိုင်း ဒေသလို ပဋိပက္ခဇုန်ဖြစ်တဲ့ အမာခံနယ်မြေတွေမှာတော့ အင်တာနက်ဆက်ပြီး ဖြတ်တောက်ထားဆဲပါ။ စစ်ကောင် စီကိုဖြုတ်ချဖို့ရည်ရွယ်ပြီး NUG က ၂၀၂၁ ခုနှစ်ကပဲ “ပြည်သူ့ခုခံစစ်”ကိုကြေညာခဲ့ပါတယ်၊
စစ်အာဏာရှင်ခေါင်းဆောင်တွေက မိုဘိုင်းဖုန်းနဲ့ ကြိုးမဲ့အင်တာနက်ဆက်သွယ်မှုတွေကို ဖြတ်တောက်ပစ်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို အမိန့်ပေးခဲ့ပြီး တော်လှန်ရေးအမာခံကျေးလက်ဒေသတွေကို ပစ်မှတ်ထားတိုက်ခိုက် ခဲ့ပါတယ်။ ဖုန်းလိုင်းတွေလည်း မကြာခဏ ပြတ်တောက်နေတတ်ပါတယ်။
မြန်မာနိုင်ငံရဲ့မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အနက် ၅၄ မြို့နယ်အထက် အင်တာနက်ပြတ်တောက်မှုဒဏ်ကို အလူးအလဲ ခံစားနေရတယ်လို့ Access Now ကပြောပါတယ်။ ဒါကြောင့်လည်း အစားအသောက်နဲ့ တခြားလိုအပ်တဲ့ အခြေခံ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေးမှာ အနှောင့်အယှက်ဖြစ်ခဲ့ရပါတယ်။
“ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေက အန္တရာယ်အနည်းဆုံးလမ်းကသွားချင်ပေမယ့် လမ်းကြောင်းနဲ့ ပတ် သက်ပြီး သတင်းအချက်အလက်တွေ မရနိုင်တော့ဘူး”လို့ ဝေဖြိုးမြင့် ကပြောပါတယ်။
“အန္တရာယ်မကင်းသော ဖေ့စ်ဘုတ်”
အင်တာနက်ဖြတ်တောက်မှုကြောင့် ပြီးခဲ့တဲ့နှစ်မှာ မြန်မာ့စီးပွားရေးက ဒေါ်လာ ၂ ဒဿမ ၈ ဘီလီယံနီးပါး ဆုံးရှုံးခဲ့ရပါ တယ်။ အင်တာနက် လိုင်းပြန်ရတဲ့နေရာတွေမှာ နေထိုင်သူတွေအတွက်တောင် အခက်အခဲတွေကတော့ ရှိနေတုန်းပါပဲ။
အာဏာမသိမ်းခင်းတုန်းကတော့ အသက် ၂၄ နှစ်အရွယ် မခင် အနေနဲ့ ဖေ့စ်ဘုတ်ကဆင့် အမွှေးတိုင် ၊ ဖယောင်း တိုင် နဲ့ နံ့သာရှူဆေး ရောင်းချတဲ့လုပ်ငန်းငယ်တစ်ခုမှာ ဒေါ်လာ ၄၀၀၀ နီးပါးရင်းနှီးမြှုပ်နှံနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်က ဖေ့စ်ဘုတ်အပါအဝင် ဝဘ်ဆိုဒ်တွေနဲ့ ဆိုရှယ်မီဒီယာတွေကို ကန့်သတ်ထားတဲ့အတွက် စီးပွားရေး လုပ်ငန်းငယ်အများအပြား ပြိုလဲခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူပေါင်း ၅၅ သန်းက သတင်းအချက်အလက်မျှ ဝေဖို့အပြင် စီးပွားရေးလုပ်ကိုင်ဖို့ ဖေ့စ်ဘုတ်ကိုအသုံးပြုကြရပါတယ်။
“ကျွန်မက အရောင်းအဝယ်လုပ်ဖို့ ဖေ့စ်ဘုတ်ကို အားကိုးနေရတာပါ”လို့ ပြီးခဲ့တဲ့နှစ်ကမှ ထိုင်းနိုင်ငံကနေရွှေ့ ပြောင်းလာပြီး လုပ်ငန်းပြန်လည်စတင်ဖို့ကြိုးစားနေရတဲ့ မခင် ကပြောပါတယ်။
“အင်တာနက်နဲ့ဆိုရှယ်မီဒီယာတွေကို ကန့်သတ်လိုက်တော့ အသေးစားလုပ်ငန်းတွေအပေါ် အများကြီးသက် ရောက်မှု ရှိခဲ့ပါတယ်”
စစ်ကောင်စီပြောရေးဆိုခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က “ဖေ့စ်ဘုတ်က ကျွန်တော်တို့အတွက် အန္တရာယ်ရှိတယ်။ ဖေ့စ်ဘုတ် ကတစ်ဆင့် ကျွန်တော်တို့ အနိုင်ကျင့်ခံနေရတယ်။ ဒါကြောင့်လည်း ဖေ့စ်ဘုတ်အစား ကိုယ်ပိုင်ဆိုရှယ်ပလက် ဖောင်းတစ်ခု အစားထိုးနိုင်ဖို့ကြိုးစားနေတယ်”လို့ သတင်းစာရှင်းလင်းပွဲမှာ မကြာသေးခင်ကပဲပြောကြားခဲ့ပါတယ်။
ဘုန်းမောင်
Ref: The Japan Times
ပုံစာ-ပုလဲဒေသတွင်ဆန္ဒထုတ်ဖော်နေသည့်မြင်ကွင်းများ။
Photo-Pale Entertainment