• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 
  • မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ
  • မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ
  • NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း
  • ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်
  • ပြည်ပသို့ ထွက်ခွာခွင့် အေအေ ပိတ်ပင်မှုအပေါ် ရခိုင်လူငယ်တွေ ကြိုဆိုသလား
  • ရခိုင်အတွက် လူသားချင်းအကူအညီပေးရေးစင်္ကြံကနေ ဘင်္ဂလားဒေ့ရှ် နောက်ဆုတ်
  • Sky Villa ကွန်ဒိုမှ အလောင်းတစ်လောင်းနှင့် ရွှေထည်များ ထပ်မံတွေ့ရှိ
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»တရားရေးဆိုင်ရာစိန်ခေါ်မှုသစ်တွေနဲ့ရင်ဆိုင်နေရတဲ့ ဖွေထိုင်းပါတီ
ဆောင်းပါး

တရားရေးဆိုင်ရာစိန်ခေါ်မှုသစ်တွေနဲ့ရင်ဆိုင်နေရတဲ့ ဖွေထိုင်းပါတီ

thanlwinkhetBy thanlwinkhetSeptember 1, 2024No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

 

ဘုန်းမောင်

စက်တင်ဘာ ၁၊ ၂၀၂၄။

ထိုင်းနိုင်ငံတွင် မကြာသေးမီကပဲ ဝန်ကြီးချုပ်ဆေထာထဝီဆင် ပြုတ်ကျသွားပြီး ၎င်း၏နေရာကိုယခင် ဝန် ကြီးချုပ်ဟောင်းဖြစ်ခဲ့ဖူးသူ သက်ဆင်ရှင်နာဝပ်၏သမီး ပေတုန်တန်ရှင်နာဝပ်က ဆက်ခံပြီး ဝန်ကြီးချုပ်ဖြစ် လာခဲ့ပါသည်။

ထိုင်းနိုင်ငံတွင် ဝန်ကြီးချုပ်သစ်ပြန်လည်ခန့်အပ်ပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံ၏ နိုင်ငံရေးရာသီဥတုကတော့ ကောင်းပုံမပေါ်သေးပါ။ အဘယ်ကြောင့်ဆိုသော် ဘုရင်စနစ်ထောက်ခံသူတော်ဝင်ဝါဒီများက လက်ရှိဝန် ကြီးချုပ်သစ်နှင့် သူမ၏ပါတီဖြစ်သော ဖွေထိုင်းပါတီကိုဆန့်ကျင်နေကြပြီး ဖွေထိုင်းပါတီ အားဖျက်သိမ်းရန် တောင်းဆိုနေကြသောကြောင့် ဖြစ်ပါသည်။

လက်ရှိအချိန်တွင် ဖွေထိုင်းပါတီ၏ ပါတီဝင်တစ်ယောက်မဟုတ်တော့သော သက်ဆင်က ပါတီကိုထိန်းချုပ် နိုင်ရန်ကြိုးစားနေပြီး ထိုသို့ပါတီကိုမောင်းနှင်ထိန်းကျောင်းဖို့ကြိုးစားအားထုတ်နေသည့် ဖခင်၏အပြုအမူ များကို သမီးဖြစ်သူ ပေတုန်တန်ရှင်နာဝပ် ကလည်းခွင့်ပြုထားသည်ဟု ယမန်နေ့ဩဂုတ်လ ၂၆ ရက်တွင် ထိုင်းသတင်းဌာနများက ဖော်ပြခဲ့ကြလေသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်တွင် အမည်မဖော်လိုသူတစ်ဦးက ဖွေထိုင်းပါတီကိုဖျက်သိမ်းပေးရန် ထိုင်း ရွေးကောက်ပွဲကော်မရှင်ထံတောင်းဆိုထားသည်ဟုလည်း Thai PBS ကဖော်ပြသည်။

ထိုင်းဝန်ကြီးချုပ်အဖြစ် ယခင်ကတာဝန်ထမ်းဆောင်ခဲ့သော ထဝီဆင် သည် ရာထူးခန့်အပ်ရာတွင် ရိုးသား မှုမရှိခဲ့သည့်အတွက် ပြီးခဲ့သောဩဂုတ်လ ၁၄ ရက်တွင် ဝန်ကြီးချုပ်ရာထူးကဖယ်ရှားခံလိုက်ရပြီးနောက် ပေတုန်တန်သည် ထိပ်တန်းရာထူးနေရာသို့ ရုတ်တရက်ရောက်လာခဲ့သူဖြစ်သည်။

ထဝီဆင်သည် ပီချစ်ချူအန်ဘန်အား ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ ပီချစ်သည် ရှင် နာဝပ်မိသားစု၏ သက်တမ်းရှည်ရှေ့နေတစ်ဦးဖြစ်ကာ လာဘ်ပေးလာဘ်ယူမှုဖြင့်ထောင်ကျခဲ့ဖူးသူလည်း ဖြစ်သည်။

ထဝီဆင်သည် ပီချစ်အား အစိုးရအဖွဲ့ဝင်အဖြစ်ခန့်အပ်ခဲ့သည့်အတွက် ဝန်ကြီးချုပ်နေရာကဖယ် ပေးလိုက်ရ ပါတော့သည်။ ပီချစ်သည် ၂၀၂၄ ခုနှစ် ဧပြီလ ၂၇ ရက်ကနေ ၂၀၂၄ ခုနှစ် မေလ ၂၁ ရက်အထိ ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။

ထိုင်းပြည်တွင်း မီဒီယာများ၏ဖော်ပြချက်များအရဆိုလျှင်တော့ ထိုင်းအမျိုးသားအဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင် – NACC ထံတွင်လည်း ပေတုန်တန် ရှင်နာဝပ်နှင့်ပတ်သက်သည့် နောက်ထပ်တိုင်ကြား ချက်တစ်စောင် လက်ခံရရှိထားသည်ဟုသိရသည်။

သူမဝန်ကြီးချုပ်မဖြစ်လာမီ ပြီးခဲ့သောဇူလိုင်လတုန်းက ပေတုန်တန်သည် မိသားစုဝင်များနှင့်အတူ ခေါင်း ရိုင်မြို့သို့ အလည်အပတ်သွားရောက်ခဲ့ပြီး ထိုသို့သွားရောက်ခဲ့စဥ်တုန်းကလည်း နိုင်ငံ့တာဝန်ရှိသူတစ် ယောက်အဖြစ်ဖြင့် ငွေကြေးဆိုင်ရာအကျိုးကျေးဇူးများလက်ခံရယူခဲ့သဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးမှုများပြုလုပ်ပေးရန် တိုင်ကြားခံထားခြင်းဖြစ်ပါသည်။

ပေတုန်တန် အား NACC ထံတိုင်ကြားထားသူမှာ စစ်တပ်ကျောထောက်နောက်ခံပြုထားသော ပလန်ပရာ ချာရတ်ပါတီဝင် Ruangkrai Leekitwattana ဖြစ်သည်ဟုသိရသည်။

ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ထိုင်းနိုင်ငံတွင် နိုင်ငံရေးအရအကျိုးဆက်ကြီးမားသောဖြစ်ရပ် ၂ ခုဖြစ်ပွား ခဲ့ပြီး အထက်တွင်ဖော်ပြခဲ့သည့် ဖွေထိုင်းပါတီဖျက်သိမ်းရန်နှင့်ခေါင်းရိုင်မြို့ခရီးစဥ်အပေါ် စုံစမ်းစစ်ဆေး ပေးရန်ဆိုသော ဤတောင်းဆိုမှု ၂ ခုကလည်း ယင်းအကျိုးဆက်များအပေါ်အခြေခံပြီး ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်ဩဂုတ်လ ၁၄ ရက်က ဝန်ကြီးချုပ် ထဝီဆင် ဖယ်ရှားခံလိုက်ရသည့်အပြင် Move Forward ပါတီကိုဖျက်သိမ်းရန်လည်း ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဩဂုတ်လ ၇ ရက်တွင်အမိန့်ချခဲ့ လေသည်။

Move Forward ပါတီသည် ထိုင်းနိုင်ငံတွင်တင်းတင်းကြပ်ကြပ်ပြဋ္ဌာန်းသည့် တော်ဝင်အသရေ ဖျက်မှုဆိုင် ရာဥပဒေကိုပြင်ဆင်ရန် ကတိပြုထားသောပါတီလည်းဖြစ်သည်။(ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက Move Forward ပါတီကိုဖျက်သိမ်းဖို့အမိန့်ချပြီးမကြာခင်မှာပဲ အစားထိုးပါတီအဖြစ် ပြည်သူ့ပါတီကိုလျင် မြန်စွာ ဖွဲ့စည်းနိုင်ခဲ့သည်)

ဤတိုင်ကြားမှုအသစ်များက သက်ဆင်ဆန့်ကျင်သူများအတွက် အခွင့်အလမ်းကောင်းကြီးတစ်ခုဖြစ်သည် နှင့်အညီ တော်ဝင်ဝါဒီများအတွက်လည်း သက်ဆင်ကိုဖိနှိပ်ဖို့ အခါအခွင့်ကောင်းဖြစ်သည်ဆိုသော်ငြား ယခု လစီရင်ထုံးများအပြီးမှာလည်း ထိုင်းနိုင်ငံ၏တရားရုံးများ၌ နောက်ထပ်စွက်ဖက်မှုအသစ်များ ထပ်မံပေါ် ပေါက်လာနိုင်ဖွယ်ရာရှိနေပါသည်။

ဖွေထိုင်းပါတီသည် ကွန်ဆာဗေးတစ်များ၊ စစ်တပ်ကျောထောက်နောက်ခံပြုပါတီများနှင့်ပူးပေါင်းပြီး ညွှန့် ပေါင်းအစိုးရဖွဲ့စည်းရန် နိုင်ငံရေးသဘောတူညီမှုရရှိခဲ့ပြီးနောက် ပြည်ပတွင် ၁၅ နှစ်ကြာ ပြည်ပဘဝဖြင့်နေ ထိုင်ခဲ့ရသော သက်ဆင်သည် ယမန်နှစ် ဩဂုတ်လတွင် ထိုင်းနိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့သည်။ သက် ဆင်အားဖယ်ရှားပြီးအာဏာမသိမ်းခင်ကတည်း သူနှင့်အတူတိုက်ပွဲဝင်ခဲ့ကြသောအင်အားစုများလည်း ညွှန့် ပေါင်းအစိုးရအဖွဲ့တွင် ပါဝင်နေပါသည်။

ထိုင်းနိုင်ငံကိုပြန်ရောက်ပြီးနောက် သက်ဆင်သည် ၎င်း၏ပုဂ္ဂလဘဝလွတ်လပ်မှုများကို ထုတ်ဖော်ပြသခဲ့ပြီး နိုင်ငံအနှံ့ခရီးသွားခဲ့ကာ ဒေသတွင်းရှိနိုင်ငံရေးသမားများအပြင် မြန်မာနိုင်ငံပဋိပက္ခတွင် ကြားဝင်ဖျန်ဖြေသူ အဖြစ်ဆောင်ရွက်ရန်ကိုပင် ကမ်းလှမ်းခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ ၃၁ ယောက်မြောက်ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခံထားရသော အသက် ၃၈ နှစ်အရွယ်ရှိ ၎င်း၏ သမီးဖြစ်သူသည် နိုင်ငံရေးအတွေ့အကြုံနည်းပါးသူဖြစ်သည့်အလျောက် လက်ရှိအစိုးရသစ်၏မူဝါဒများချ မှတ်ရာတွင် သက်ဆင်၏ဩဇာလွှမ်းမိုးမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေလိမ့်မည်ဟု လူအများကယူဆထား ကြလေသည်။ ၎င်း၏သမီးဖြစ်သူအပေါ်တွင်လည်း သက်ဆင်၏ဩဇာလွှမ်းမိုးမှုများ မြင့်တက်လာခဲ့ပါ သည်။

သက်ဆင်ကို ကြည့်ရသည်ကလည်း ထိုင်းနိုင်ငံကိုပြန်ရောက်ပြီးနောက်ပိုင်း တက်ကြွနေပုံပေါ်ပါသည်။ ထိုင်း နိုင်ငံကိုပြန်လာပြီး ၎င်း၏မြေးများနှင့် ဘဝ၏လက်ကျန်အချိန်များအား ကုန်ဆုံးလိုပါသည်ဟုလည်း ပြည်ပ တွင်ရှိစဥ်တုန်းက သက်ဆင်ပြောဆိုခဲ့ဖူးလေသည်။

ထိုင်းနိုင်ငံကိုပြန်ရောက်ပါမှလည်း သက်ဆင်နှင့် ကွန်ဆာ ဗေးတစ်ထူထောင်ရေးတို့ကြားက ဆယ်စုနှစ် ၂ စု ကြာနိုင်ငံရေးစစ်ပွဲကို ပြန်လည်သက်တမ်းတိုးနိုင်မည် လည်းဖြစ်ပေသည်။ လက်ရှိမှာလည်း သက်ဆင်သည် ၎င်းပြည်ပတွင်ရှိစဥ်တုန်းကပေးခဲ့သော ကတိကဝတ် များကိုကျော်လွန်ပြီးဖြစ်ပုံလည်းပေါ်ပါသည်။

ဖွေထိုင်းပါတီနှင့်ပတ်သက်သော တိုင်ကြားချက်များနှင့်ပတ်သက်၍ စိုးရိမ်စရာမရှိပါဟုတော့ ဖွေထိုင်းပါတီ ၏တာဝန်ရှိသူများကဆိုကြသည်။ ဖွေထိုင်းပါတီဖျက်သိမ်းရေးနှင့်ပတ်သက်သည့် တိုင်ကြားချက်များအ ကြောင်း သူသိရှိထားသော်လည်း သက်ဆင်က ဖွေထိုင်းပါတီကို မောင်းနှင်နေသည်ဆိုခြင်းမှာ မဟုတ်ပါဟု ပါတီ၏လွှတ်တော်အမတ်ဖြစ်သူ Wisuth Chainarun က ဘန်ကောက်ပို့စ်ကိုပြောခဲ့ပါသည်။

“ပါတီကို ဝန်ကြီးချုပ်ဟောင်း သက်ဆင် က အမိန့်တွေပေးနေတယ်ဆိုတာ မဟုတ်ပါဘူး။ အဲဒီလိုလုပ်တာ မျိုးကိုလည်း ကျွန်တော်မမြင်မိဘူး”ဟု Wisuth ကပြောသည်။

“ယုတ်ဆွအဆုံး ပါတီအစည်းအဝေးတွေမှာ သက်ဆင်ရှိနေရင်တောင် အမိန့်ပေးစေခိုင်းတာမျိုး မရှိခဲ့ပါဘူး။ သူ့အင်တာဗျူးတွေမှာပြောတာတွေကလည်း နိုင်ငံအကြောင်းတတ်ကျွမ်းနားလည်ထားတဲ့ ဝန်ကြီးချုပ် ဟောင်းတစ်ယောက်အနေနဲ့ သူ့ကိုယ်ပိုင်အမြင်တွေကိုပဲပြောတာပါ။ သူ့ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေ ပေါ့။ အဲဒီတော့ ပါတီက သူ့ညွှန်ကြားချက်ကိုလိုက်နာနေသလားဆိုတာက နောက်ကိစ္စတစ်ခုဖြစ်ပြီး ဒီနှစ်ခု ကမတူပါဘူး” ဟုလည်း ၎င်းကဖြည့်စွက် ပြောကြားခဲ့ပါသေးသည်။

ပါတီ၏ ယခင်ပြောရေးဆိုခွင့်ရှိသူ Prompong Nopparit ကတော့ ပါတီနှင့် ပေတုန်တန်ရှင်နာဝပ်တို့အပေါ် ဆန့်ကျင်ရှုတ်ချခဲ့ကြသည့် အဆိုပါတိုင်ကြားချက်များအပေါ် အပြစ်တင်ပြောဆိုလိုက်လေသည်။ ထိုင်း သတင်းဌာနတစ်ခုဖြစ်သော Thai Enquirer ကလည်း Prompong Nopparit သည် တိုင်ကြားစာနောက် ကွယ်က လက်မည်းကြီးများကိုဝေဖန်ခဲ့ပြီး “ဒီလူအိုလူဟောင်းကြီးတွေရဲ့အစီအစဥ်တွေကအန္တရာယ်ရှိတယ်” ဟု ပြောဆိုခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

ဖွေထိုင်းပါတီ၏ပြဿနာက ပါတီနောက်ကွယ်တွင် သက်ဆင် ရှိနေသည်ဟူသော စွပ်စွဲချက်များအပေါ် ငြင်း ဆန်၍မရနိုင်ဖြစ်နေခြင်းနှင့် သူသည် သမီးဖြစ်သူအား အကြံဉာဏ်မျှသာပေးပါသည်ဆိုသော်လည်း ၂၀၀၇ ခုနှစ်စက်တင်ဘာ ၁၂ ရက် ဖွေထိုင်းပါတီစတင်ထူထောင်ချိန်ကတည်းကစ၍ ပါတီနောက်ကွယ်တွင် သက် ဆင်သည် အမှန်တကယ်ဩဇာရှိနေခြင်းဖြစ်သည်။ သို့သော် သက်ဆင်၏ ပုဂ္ဂလလှုပ်ရှားမှုမှန်သမျှအားလုံး ကိုတော့ ထိုအရာများက အကူအညီမပေးနိုင်ပါ။

ပြီးခဲ့သော သတင်းပတ်မှာတော့ သက်ဆင်က ထိုင်းပြည်သူများအားမိန့်ခွန်းပြောကြားခဲ့ပြီး ယင်းက သက် ဆင် ထိုင်းနိုင်ငံပြန်ရောက်ပြီးနောက်ပိုင်း ပထမဆုံးပြောကြားခဲ့သောမိန့်ခွန်းလည်းဖြစ်ခဲ့ပါသည်။ အဆိုပါ မိန့် ခွန်းတွင် သက်ဆင်က ထိုင်းနိုင်ငံအတွက် ၎င်း၏ကိုယ်ပိုင်စီးပွားရေးအမြင်များ ဖော်ထုတ်ပြသခဲ့ပြီး ယင်း တွင် ဖွေထိုင်းပါတီ၏အကြီးမားဆုံးသောအပြောင်းအလဲတစ်ခုဖြစ်သည့် “Digital Wallet” လှုပ်ရှားမှု အစီ အစဥ်ကိုထောက်ခံခဲ့သလို ထိုင်းနိုင်ငံ၏အိမ်ထောင်စုကြွေးမြီပြဿနာများကိုဖြေရှင်းရန်အတွက် ၎င်း၏စိုး ရိမ်သောကကိုလည်းဖော်ပြခဲ့ပါသေးသည်။

ထိုအရာများဆောင်ရွက်ပြီးနောက်မှာတော့ သက်ဆင်သည် ၎င်းနိုင်ငံရပ်ခြားတွင်ရှိနေစဥ် ပြည်နှင်ဒဏ်ခံ ထားသူတစ်ယောက်အဖြစ်ကနေ ထိုင်းနိုင်ငံကိုမလာရောက်ခင်အချိန်တုန်းကပြောဆိုခဲ့သော ကတိကဝတ် နှင့် ကန့်သတ်ချက်များအားကျော်လွန်သွားပြီဖြစ်သည်ဟု ထိုင်းနိုင်ငံရေးနယ်ပယ်တဝန်းက ပြစ်တင်ဝေဖန်မှု များချက်ချင်းထွက်ပါလာခဲ့ပါတော့သည်။

တစ်ချိန်တည်းမှာပင် ဖွေထိုင်းနှင့် အသစ်ဖွဲ့စည်းလိုက်သော ပြည်သူ့ပါတီတို့သည် တရားရုံးများ၏စည်း ကမ်းပိုင်းဆိုင်ရာထိန်းသိမ်းမှုများနှင့် ပြိုင်ဘက်ပါတီများအပေါ်အပြစ်ပေးခြင်းများနှင့်ပတ်သက်၍ စိန်ခေါ်မှု တစ်ရပ်ဖြစ်လာပုံပေါ်သည်။

ပြည်သူ့ပါတီစတင်ထူထောင်ချိန်ကတည်းကပင် ပါတီအပေါ် ထိုင်းပြည်သူအများအပြားကထောက်ခံခဲ့ကြ ပါသည်။ ပါတီကလည်း ဘုရင်စနစ်ကိုကာကွယ်သည့်ဥပဒေ ရာဇဝတ်ပုဒ်မ ၁၁၂ ကိုပြင်ဆင်ရန် ဆက်လက် ကြိုးစားသွားမည်ဟု ကတိပြုထားခဲ့ပါသည်။ ထို့ပြင် နိုင်ငံရေးပါတီများ ဖျက်သိမ်းခြင်းဆိုင်ရာဥပဒေကို ပြင် ဆင်ရန်အတွက် ပြည်သူ့ပါတီခေါင်းဆောင် နက်ထာဖောင် ရူရန်ပန်ယာဝတ်နှင့်တွေ့ဆုံသွားမည်ဟု ဖွေထိုင်း ပါတီ၏အကြီးအကဲဖြစ်သူ Wisut Chainarun ကဆိုပါသည်။

ပြီးခဲ့သည့်ဩဂုတ်လ ၁၄ ရက်တွင် ထိုင်းဝန်ကြီးချုပ်ဟောင်း ထဝီဆင် အားဖြုတ်ချလိုက်သည့်ကိစ္စက အလွဲ သုံးစားမှုများအတွက် လမ်းဖွင့်ပေးထားသလိုဖြစ်နေပြီး အလွန်မသေချာမရေရာသည့်ကိစ္စတစ်ခု ဖြစ်လာခဲ့ သည်ဟုလည်း ၎င်းကဆိုပါသည်။

သေချာသည်ကတော့ ထိုင်းနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများ နက်နက်ရှိုင်းရှိုင်းဆောင်ရွက်ဖို့လိုအပ် နေသေးသလို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကလည်း နိုင်ငံရေး ပဋိ ပက္ခများဆီ နှစ်ဖက်အဖွဲ့ကို ပိုမိုတွန်းပို့နိုင်ဖွယ်ရှိနေပါတော့သည်။

မှီးငြမ်း – Thailand’s Pheu Thai Party Hit With New Legal Challenges – The Diplomat

Author

  • thanlwinkhet
    thanlwinkhet

    View all posts
Share. Facebook Twitter WhatsApp
Previous Articleမြန်မာ့အရေးစည်း ၃ စည်းကို ချဉ်းကပ်လာတဲ့ တရုတ်ရဲ့ခြေလှမ်း
Next Article မြန်မာ့ပဋိပက္ခအပေါ် အကျိုးသက်ရောက်မှုကြီးမားသော ဘင်္ဂလားဒေ့ရှ်အောင်ပွဲ
thanlwinkhet
  • Website

Related Posts

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

တရုတ်လိုလားတဲ့ရှမ်းမြောက်နဲ့ TNLA စစ်ရေးအပြောင်းအလဲ

May 11, 2025

မြန်မာ့အရေး ပိုပြီးရှင်းလင်းတဲ့မူဝါဒလိုအပ်

May 11, 2025

Leave A Reply Cancel Reply

Recent Posts

  • မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 
  • မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ
  • မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ
  • NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း
  • ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 

မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ

မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ

NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း

ယခင်သတင်းများ

  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

မြန်မာနိုင်ငံသား သေဆုံးမှုအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ 

May 24, 2025

မင်းကင်း လေယာဉ်ဗုံးကြဲခံရ၍ ဒဏ်ရာရသူများ ဆေးရုံပို့ရာတွင် ခက်ခဲနေ

May 24, 2025

မွန်ပြည်နယ်မှ စစ်ဘေးရှောင်များ ဝမ်းရောဂါနှင့် အရေးပြားရောဂါဖြစ်ပွားနေ

May 24, 2025

NMSP (AD) နှင့် MLA ပေါင်းစည်းပြီး ရာမညမွန်တပ်တော်-RMA ဖွဲ့စည်း

May 24, 2025

ကရင်ပြည်နယ်၊ တပ်မဟာ ၆ရှိ ဘလယ်ဒိုတပ်စခန်းကို KNLA ဦးဆောင်သော တပ်ပေါင်းစုများ ပြန်လည်သိမ်းပိုက်

May 24, 2025

ပြည်ပသို့ ထွက်ခွာခွင့် အေအေ ပိတ်ပင်မှုအပေါ် ရခိုင်လူငယ်တွေ ကြိုဆိုသလား

May 23, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.