ကောင်းချစ်အောင်
သြဂုတ် ၂၉၊ ၂၀၂၄။
ခေတ်အဆက်ဆက် မြို့ပြနိုင်ငံတွေထူထောင်ရာမှာ အင်အားဗဟိုချက်ဖြစ်ခဲ့တဲ့ အလယ်ပိုင်းမြေပြန့်ဒေ သဟာ ခုလက်ရှိမှာလည်း စစ်ကောင်စီတဖြစ်လည်း မြန်မာစစ်တပ်အင်အားထုထည်ကြီးမားစွာရှိနေတဲ့ ဒေသဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်မှာ တကျော့ပြန်စတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲတွေ ကနေတဆင့် တော်လှန်ရေးတပ်တွေဟာ အလယ်ပိုင်းဒေသကို ထိုးဖောက်ဝင်ရောက်လာနေတာ ဖြစ်ပါတယ်။
ရှမ်း-မန်းစစ်ဆင်ရေး နှစ်လတာအတွင်း တော်လှန်ရေးတပ်တွေဟာာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး တိုင်းထဲက သပိတ်ကျင်းခရိုင်တစ်ခုလုံးနီးပါးကို ထိန်းချုပ်လိုက်နိုင်ပြီး တိုင်းမြို့တော်မန္တလေးမြို့ကို စစ် ရေးအရ ဖိအားပေးထားနိုင်နေပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စိုးမိုးနယ်မြေနဲ့ တအာင်းတပ်မတော် (TNLA) သိမ်းပိုက်ထားတဲ့ မြို့တွေနဲ့နယ်မြေတဆက်တည်းဖြစ်သွားကာ တော်လှန်ရေးတပ်တွေအတွက် အရှိန်ပိုအားကောင်းလာ စေတာလည်း ဖြစ်ပါတယ်။
သုံးပွင့်ဆိုင်နေရာက ခရိုင်အသစ်
*****************
ဗြိတိသျှအုပ်ချုပ်စဉ်မှာတော့ သပိတ်ကျင်းမြို့ဟာအထက်မြန်မာနယ်မြေကို သိမ်းပိုက်ပြီးချိန်မှာ မိုးကုတ် လို ပတ္တမြားမြေဒေသတွေဆီကို မြစ်ကြောင်းခရီးဝင်ပေါက်ထွက်ပေါက်တစ်ခုဖြစ်ခဲ့တယ်လို့ သိရပါ တယ်။
မူလအရ သပိတ်ကျင်းမြို့ဟာ ပတ္တမြားမြေခရိုင်အတွင်းက သပိတ်ကျင်းခရိုင်ခွဲရဲ့ နယ်ပိုင်ရုံးစိုက်ရာ မြို့ ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီခရိုင်ခွဲကို မြို့နယ်အဖြစ်ပြောင်းပြီး ကသာခရိုင်အတွင်း ထည့်သွင်း ခဲ့ပါတယ်။
၁၉၆၅ ခုနှစ် အောက်တိုဘာလ ၁ ရက်ကစလို့တော့ သပိတ်ကျင်းမြို့ဟာ မိုးကုတ်မြို့နယ်နဲ့အတူ မန္တလေး ခရိုင်အတွင်း သွတ်သွင်းခံရပြီး အဲဒီနောက် ပြင်ဦးလွင်ခရိုင်အောက်မှာပါဝင်နေပါတယ်။
စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊ ဧပြီ ၃၀ ရက်မှာ ခရိုင်အသစ်တွေတိုးချဲ့ဖွဲ့စည်းခဲ့ပြီး ပြင်ဦးလွင်ခရိုင် ထဲက စဉ့်ကူး၊ မိုးကုတ်၊ သပိတ်ကျင်းမြို့နယ်တွေကို သပိတ်ကျင်းခရိုင်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါ တယ်။
သပိတ်ကျင်းခရိုင်ဟာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့နဲ့ နီးကပ်စွာရှိနေပြီး အချက်ချာနေရာမှာ ရှိနေပါတယ်။ ဧရာဝတီမြစ်ကူးတံတား ရတနာသိင်္ခကနေတဆင့် စဉ့်ကူးမြို့နယ်က နေ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်နဲ့ တိုက်ရိုက်ချိတ်ဆက်ထားသလို မန္တလေး-မြစ်ကြီးနား ကားလမ်းပေါ်မှာ လည်း ရှိနေပါတယ်။
ဒါ့အပြင် မိုးကုတ်မြို့ကနေတဆင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နဲ့လည်း ကားလမ်းအချိတ် အဆက်ရှိနေတာ ဖြစ်ပါတယ်။
နှစ်လအတွင်း သိမ်းပိုက်နိုင်ခဲ့တဲ့ မြို့လေးမြို့
********************
တအာင်းတပ်မတော်- TNLA က နောင်ချို၊ မိုးမိတ်၊ ကျောက်မဲမြို့တွေကို ထိုးစစ်ဆင်နေချိန်မှာ ပြည်သူ့ ကာကွယ်ရေးတပ်- PDF တွေက မန္တလေးတိုင်းစစ်မျက်နှာမှာ တိုက်ပွဲတွေ ဖော်ဆောင်ခဲ့ပါတယ်။
မန်း- PDF တပ်ရင်း ၄ ရင်းပါဝင်တဲ့ မိုးကုတ်ဗျူဟာ၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ ညောင်ဦးခရိုင်တပ် ရင်းတွေနဲ့အတူ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဟန်ချက်ညီညီ ထိုးစစ်ဆင်ခဲ့ပြီး ရွှေဘိုခရိုင်တပ် ရင်းတွေကလည်း မန်း-PDF ယူနီဖောင်းဝတ်ကာ တိုက်ပွဲဝင်ခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်ထဲမှာ ပထမဆုံးသိမ်းပိုက်နိုင်ခဲ့တဲ့မြို့ဟာ စဉ့်ကူးမြို့ဖြစ်ပါတယ်။ စဉ့် ကူးမြို့သိမ်းတိုက်ပွဲဟာ သုံးပတ်ကျော်ကြာမြင့်ခဲ့ပြီး ဇူလိုင် ၁၇ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဇူလိုင် ၁၉ ရက်မှာ စစ်ကောင်စီဘက်က မြို့ကိုပြန်လည်ရယူနိုင်ရေးအတွက် စစ်ကြောင်းထိုးလာခဲ့ပေမယ့် မ အောင်မြင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့လုံးကျွတ်နီးပါးပျက်စီးခဲ့ရပေမယ့် တော်လှန်ရေးတပ်တွေက မြို့ကို ဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့ပြီး နောက်ဖြစ်လာမယ့် ထိုးစစ်တွေအတွက် ခြေကုပ်ယူထားနိုင်ခဲ့ ပါတယ်။
ရှမ်းပြည်နယ်နဲ့ထိစပ်နေတဲ့ မိုးကုတ်မြို့ကိုလည်း တော်လှန်ရေးတပ်တွေက ဇူလိုင် ၂၄ ရက်မှာ သိမ်းပိုက် နိုင်ခဲ့ပြန်ပါတယ်။ စစ်ကောင်စီအခြေချစစ်ဗျူဟာတစ်ခုရှိတဲ့ မိုးကုတ်မြို့တိုက်ပွဲဟာလည်း တစ်လနီးပါး ကြာမြင့်ခဲ့တာပါ။
မိုးကုတ်မြို့အရှေ့ခြမ်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ရေကန်တောင်၊ တာဝါတိုင်နဲ့ ပတ္တမြား စေတီ တပ်စခန်းတွေကို ဇူလိုင်လ ၁၈ ရက်မှာ သိမ်းပိုက်နိုင်ပြီးနောက် ကျန်ရှိနေသေးတဲ့ တပ်စခန်း လေးခုအပါအဝင် မိုးကုတ်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဩဂုတ် ၁၁ ရက်မှာ တကောင်းမြို့ပေါ်က စစ်ကောင်စီတပ်တွေ အထိုင်ချတဲ့ လေးမျက်နှာဘုရား၊ စစ် ကောင်စီအထွေထွေအုပ်ချုပ်ရေးရုံး၊ တိုက်နယ်ဆေးရုံနဲ့ ရဲစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ စတင်ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက်နှစ်ရက်မြောက်မှာ အပြီးသတ်ထိန်းချုပ်နိုင်ခဲ့တာ လည်း ဖြစ်ပါတယ်။
မန်း- PDF ကတော့ သပိတ်ကျင်းမြို့နယ်ထဲက စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင်နေပြီး ဩဂုတ် လ ၁၁ ရက်အထိ စခန်း ၉ ခုအထိကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် မန်း- PDF ကလည်း ကွင်း (၅၀၀) စစ်ကောင်စီတပ်စခန်းကို ဩဂုတ်လ ၂၅ ရက်မှာ သိမ်းပိုက် လိုက်ပါတယ်။ လက်ရှိမှာ မိုးကုတ်-စဥ့်ကူးလမ်းပိုင်းကြားရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံး ကင်း စင်သွားပြီဖြစ်တယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီလို့ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ သပိတ်ကျင်းမြို့ကို ဩဂုတ်လ ၁၇ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၂၅ ရက် မနေ့က သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါ တယ်။
မြို့သိမ်းတိုက်ပွဲမှာ ပြင်ဦးလွင်၊ မန္တလေး၊ ရွှေဘိုနဲ့ ကန့်ဘလူခရိုင်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လည်း ပါဝင်တယ်လို့ NUG က ပြောပါတယ်။ တိုက်ပွဲအတွင်း သပိတ်ကျင်း၊ မိုးကုတ်နဲ့ စဥ့်ကူးမြို့နယ် တွေကို အုပ်ချုပ်ရတဲ့ခရိုင်စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးစိုးမင်းသူကို ဖမ်းဆီးရမိပြီး လက်နက်ခဲ ယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြပါတယ်။
၉ ရက်ကြာတိုက်ပွဲမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးအလုံးပေါင်း နှစ်ရာကျော် ကြဲချတိုက် ခိုက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဘက်က ၄ ဦး သေဆုံးသွားတယ်လို့ အမှတ် (၁) စစ်ဒေသကလည်းဆိုပါ တယ်။
အချိတ်ဆက်ပိုအားကောင်းလာမယ့် ထိုးစစ်
********************
သပိတ်ကျင်းမြို့နယ်ထဲမှာ ခုနစ်မိုင်၊ လေးမိုင်၊ အမှတ် ( ၂ ) စစ်အခြေခံ လေ့ကျင့်ရေးတပ်၊ အမှတ် (၁၃) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းစတဲ့ တပ်စခန်းတွေ ကျန်ရှိနေသေးပြီး အဲဒီစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ရင် သပိတ်ကျင်းခရိုင်တစ်ခုလုံးဟာ စစ်ကောင်စီကင်းစင်နယ်မြေ ဖြစ်လာမှာဖြစ်ပါတယ်။
ခရိုင်တစ်ခုလုံးကိုသာ အပြည့်အဝထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ခုခံတွန်းလှန်စစ်အားကောင်းတဲ့ စစ်ကိုင်း တိုင်းနဲ့ မြောက်ပိုင်းညီနောင်အဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ နယ်မြေချင်းချိတ် ဆက်သွားခဲ့ပြီ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံတပ်ရင်း ၁၀၀ ကျော် ရှိနေတာဖြစ်ပါ တယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း စစ်ကောင်စီက မူဆယ်၊ သီပေါ၊ မိုင်းရယ်၊ တန့်ယန်းမြို့ (၄) မြို့ကိုသာ ထိန်းချုပ်ထားနိုင်တော့တာ ဖြစ်ပါတယ်။
သပိတ်ကျင်းမြို့နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ ထီးချိုင့်မြို့နယ်၊ မြတောင်ရွာက စစ်ကောင်စီစခန်းကို လည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပြီး ဖြစ်ပါတယ်။
ဧရာဝတီမြစ်သာခြားတဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲမှာလည်း စစ်ကောင်စီက လက်နက်တပ်ဆင် ပေးထားတဲ့ ပျူစောထီးရွာတွေ အများအပြားရှိနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ မန္တလေးအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ မြစ်ကြီးနားမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ဟာ လည်း ကုန်းကြောင်း၊ရေကြောင်းအရ ဆက်သွယ်ရေးပြတ်တောက်သွားခဲ့ရတာဖြစ်ပါတယ်။
အဲဒီအချိန်မှာပဲ စစ်ကိုင်း-ကချင်အစပ်မြို့တွေဖြစ်တဲ့ ထီးချိုင့်၊ အင်းတော်နဲ့ ပင်လည်ဘူးမြို့တွေကို တော် လှန်ရေးတပ်တွေထောင်နဲ့ချီက တပြိုင်နက်တိုက်ခိုက်နေပြီ ဖြစ်ပါတယ်။
တော်လှန်ရေးတပ်တွေအနေနဲ့ သပိတ်ကျင်းခရိုင်ကို သိမ်းပိုက်နိုင်ခဲ့တာဟာ နောက်ထပ်နယ်မြေတွေ ဆက်လက်သိမ်းပိုက်နိုင်ဖို့အတွက် လမ်းကြောင်းပွင့်သွားတဲ့ ပုံစံဖြစ်နေပါတယ်။