• ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
Facebook Twitter Instagram
Trending
  • ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်သို့ နှစ်ပတ် တစ်ကြိမ်ခန့် စစ်ကောင်စီက အင်အားဖြည့်
  • ဖားကန့်ရှိ ယမ်းဂိုဒေါင်များ ထပ်မံပေါက်ကွဲမည်ကို ဒေသခံများစိုးရိမ်နေ
  • ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသူ ၄၃ ဦးအား ပြန်ပို့
  • ဒေသခံ ၆၀၀၀ ကျော်ကို ကျေးရွာမှ ထွက်ခွာရန် ပအိုးဝ်ပြည်သူ့စစ် ဖိအားပေး
  • သံတွဲ နေရာ သုံးခုကို စစ်ကောင်စီ ဗုံးကြဲ၍ စစ်ဘေးရှောင်များ ထိခိုက်‌သေဆုံး
  • လားရှိုးကနေ MNDAA ဘာကြောင့် ဆုတ်ခွာခဲ့ရသလဲဆိုတာ
  • အောင်ဇေယျစစ်ကြောင်း ရှေ့ဆက်တိုးလာ၍ ပူးပေါင်းတပ်နှင့် ထိတွေ့ တိုက်ပွဲဖြစ်
  • ငလျင်ဒဏ်ကြောင့် နိုင်ငံရေးအကျဉ်းသား ၄၉ ဦး သေဆုံးမှု စစ်ကောင်စီ ဖုံးကွယ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • စီးပွားရေးသတင်း
  • နိုင်ငံတကာသတင်း
  • အားကစား
  • ကာတွန်း
  • ရေဒီယို
သံလွင်ခက်
You are at:Home»ဆောင်းပါး»ခရစ်ယာန်ဘာသာကြောင့် တရုတ်ကွန်မြူနစ်ပါတီ ပြိုကွဲနိုင်မလား
ဆောင်းပါး

ခရစ်ယာန်ဘာသာကြောင့် တရုတ်ကွန်မြူနစ်ပါတီ ပြိုကွဲနိုင်မလား

thanlwinkhetBy thanlwinkhetNovember 28, 2022No Comments3 Mins Read
Facebook Twitter WhatsApp
Share
Facebook Twitter WhatsApp

Loading

တရုတ်နိုင်ငံမှာသုံးစွဲတဲ့ ” မြေအောက်ဘုရားရှိခိုးကျောင်း” ဆိုတဲ့ အသုံးအနှုန်းက တရုတ်အစိုးရ ခွင့်မပြုတဲ့ ” တရုတ်ကက်သလစ်ဘုရား ရှိခိုးကျောင်း ” ကို ရည်ညွှန်းတဲ့ ဝေါဟာရဖြစ်ပါတယ်။

အဲဒီ မြေအောက် ဘုရားရှိခိုးကျောင်းတွေဟာ တရုတ်နိုင်ငံက ခွင့်ပြုထားတဲ့ ” တရုတ်မျိုးချစ်ကက်သလစ်အဖွဲ့အစည်း(CPCA ) ”နဲ့ ဆက်စပ် ပတ်သက်တာမျိုး မရှိသလို သူတို့ကိုယ်သူတို့ ” သစ္စာရှိတဲ့ ဘုရားကျောင်း ” လို့ ခေါ်ဆိုလေ့ ရှိပါတယ်။

တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ပြီးတဲ့ ၁၉၅၀လွန်နှစ်တွေကစပြီး မြေအောက်ဘုရားရှိခိုးကျောင်းတွေ တရုတ်နိုင်ငံမှာ ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး တရုတ်နိုင်ငံက ခွင့်ပြုထားတဲ့ ” တရုတ်မျိုးချစ်ကက်သလစ်အဖွဲ့အစည်း(CPCA) ” နဲ့ ခွင့်ပြုချက်မရတဲ့ “မြေအောက် ဘုရားရှိခိုးကျောင်း ” ကြား တင်းမာမှုတွေ ရှိလာခဲ့ပါတယ်။

မြေအောက်ဘုရားရှိခိုးကျောင်းတွေရဲ့အခြေအနေပုံမှန်ပြန်ဖြစ်ဖို့ ဗာတီကန် နဲ့ တရုတ်ကွန်မြူနစ်ပါတီကြား သဘောတူညီချက်တရပ်ကို ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ခရစ်ယာန်ဂိုဏ်းကွဲတွေ ဘယ်လိုပဲရှိခဲ့ ရှိခဲ့ ၊ လက်မှတ်ထိုးပြီး ၃ နှစ်ကျော်ကြာပြီး နောက်မှာတော့ ခရစ်ယာန်ဘာသာဝင်တွေကို တရုတ်ကွန်မြူနစ်ပါတီရဲ့နှိပ်ကွပ်မှုက အမြင့်ဆုံးရောက်ခဲ့ပါတယ်။ ယဉ်ကျေးမှုတော်လှန်ရေးပြီးတဲ့နောက်ပိုင်း အပြင်းထန်ဆုံးနှိပ်ကွပ်မှုလို့ ဆိုပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ နှစ်တရာပြည့်အခမ်းအနားကို နိုင်ငံအနှံ့ ကျင်းပနေချိန်မှာပဲ တရုတ်ကွန်မြူနစ်ပါတီကို အကြီးမားဆုံးစိန်ခေါ်သူတွေဟာ ခရစ်ယာန်ဘာသာနဲ့ အခြား ဘာသာရေးယုံကြည်သူတွေ ဖြစ်နေခဲ့ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ချိန်ကစပြီး ဘာသာရေးထိန်းချုပ်မှုတွေက ကွန်မြူနစ်စနစ်အလေ့အကျင့်အတွက် အစိတ်အပိုင်းတရပ် ဖြစ်လာခဲ့ပါတယ်။ ရလာဒ်အနေနဲ့ ဘုရားရှိခိုးကျောင်းတွေဟာ မျိုးချစ်အဖွဲ့အစည်းတွေအဖြစ် အသွင်ပြောင်းသွားခဲ့တာပါပဲ။

ဗာတီကန်နဲ့ သဘောတူ လက်မှတ်ထိုးခဲ့တဲ့ ၂၀၁၈ ကစပြီး ခရစ်ယာန်ဘာသာဝင်တွေအပေါ် ကန့်သတ်ချက်က ပိုပြီးပြင်းထန်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး တရားဝင် အသိအမှတ်မပြုထားတဲ့ ဘုရားရှိခိုးကျောင်းအများစုကို ပိတ်ထားခဲ့ပါတယ်။ ပိတ်ခံလိုက်ရတဲ့ ဘုရား ရှိခိုးကျောင်းတွေထဲမှာ အစိုးရခွင့်ပြုထားတဲ့ ၊ တရားဝင် အသိအမှတ်ပြုထားတဲ့ ဘုရားရှိခိုးကျောင်း အနည်းစုလည်း ပါဝင်နေပါတယ်။ ထင်ရှားတဲ့ ပရိုတက်စတင့် ဓမ္မဆရာတချို့ကိုဖမ်းဆီးပြီး ထောင်ဒဏ်နှစ်ရှည် ကျခံစေခဲ့ပါတယ်။ ဘုရားရှိခိုးကျောင်းတက်တဲ့ ယုံကြည်သူ ငါးထောင် နဲ့ တစ်သောင်းကြား ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ တရုတ်နိုင်ငံမှာရှိတဲ့ ပရိုတက်စတင့် သုံးပုံ နှစ် ပုံလောက်ဟာ ရဲတွေလက်ကလွတ်အောင် မြေအောက်ဘုရားရှိခိုးကျောင်းတွေကို အသုံးပြုလာခဲ့ကြရပါတယ်။

ဘာသာရေးအပေါ် တရုတ်အစိုးရက ဘယ်လောက်အထိ နှိပ်ကွပ်ခဲ့သလဲဆိုရင် အသက် ၁၈ နှစ်မပြည့်မချင်း ဘယ်ဘာသာတရားရဲ့ တရားတော်တွေကိုမှ သင်ကြားခွင့် မပေးခဲ့တာပါ။ အစိုးရရုံးတွေမှာဆိုရင်လည်း ရာထူးအတွက် ခွဲခြားဆက်ဆံတာ ခံရသလို ယုံကြည်သူတွေဆိုရင် အသေးစိတ် အချက်အလက်တွေကအစ ပေးရပါတယ်။

တချို့အသင်းတော်တွေမှာဆိုရင်လည်း သခင်ယေရှု နဲ့ မယ်တော်မာရီရဲ့ ပုံတော်တွေနေရာမှာ သမ္မတရှီကျင့်ဖျင်ရဲ့ပုံနဲ့ အစားထိုးလိုက်ပါတယ်။ သာသနာရေးဝန်ကြီးဌာနကိုဖျက်သိမ်းလိုက်ပြီး ဘာသာရေးဆိုင်ရာ ယုံကြည်မှုကို ကိုင်တွယ်နိုင်ဖို့အတွက် အရပ်ဘက် အဖွဲ့အစည်းအားလုံးကို ဖိအားပေးဖို့ရည်ရွယ်ထားတဲ့ United Force အောက် ရွှေ့ပြောင်းခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ခရစ်ယာန် ချေမှုန်းရေးဆိုတာ အခုမှ ပေါ်ပေါက်လာတဲ့ အသစ်အဆန်း မဟုတ်သလို ထူးဆန်းတဲ့ ကိစ္စတခုလည်း မဟုတ်ပါဘူး။ တရုတ်ကွန်မြူနစ်ပါတီ (CCP) အနေနဲ့ ဘာသာရေး ယုံကြည်သူတွေအပေါ် အမြဲ ကန့်သတ်ထားပါတယ်။ ယုံကြည်ခြင်းဆိုင်ရာနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတွေနဲ့ ဆက်ဆံရတဲ့အခါ တရုတ်ဧကရာဇ်တွေအနေနဲ့ ဝရုန်းသုန်းကား အဖြစ်မျိုး မကြာခဏ ရင်ဆိုင်ရလေ့ရှိပါတယ်။

ကိုးရာစု ၊ Tang မင်းဆက် ၊ ဧကရာဇ် Wuzong လက်ထက်မှာ နိုင်ငံတွင်း နိုင်ငံခြားသြဇာလွှမ်းမိုးမှုတွေကိုဖယ်ရှားဖို့ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ပါတယ်။ သူ့ လက်ထက်မှာဆိုရင် တရုတ်နိုင်ငံ ပြင်ပဘာသာရေးတွေ ဖြစ်တဲ့ဗုဒ္ဓဘာသာ ၊ အိန္ဒိယအယူဝါဒ ၊ ခရစ်ယာန် နဲ့ အေဒီ သုံးရာစုလောက်က ပါရှန်းပရောဖက် Mani တည်ထောင်ခဲ့တဲ့ အယူဝါဒ (Manichaeism) စတာတွေကို ပစ်မှတ်ထား ဖျက်ဆီး တိုက်ခိုက်ခဲ့ပါတယ်။

၁၉ ရာစု ၊ Qing မင်းဆက်လက်ထက်မှာတော့ တရုတ်နိုင်ငံဟာ နိုင်ငံရပ်ခြားကလာတဲ့ ဘာသာတရားတွေကို ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ပါတယ်။ အဲဒီအချိန်ဟာ တရုတ်အင်ပါယာကြီးကို ဖြိုခွဲဖို့ ခရစ်ယာန် နဲ့ ခရစ်ယာန် သာသနာပြုတွေဟာ အနောက်တိုင်း အင်ပါယာ အင်အားစုတွေ နဲ့ အနီးကပ် ဆက်နွယ်နေကြချိန်လည်း ဖြစ်ပါတယ်။တရုတ်သမိုင်းပညာရှင်တွေကတော့ အဲဒီကာလကို “အရှက်ကွဲခဲ့ရတဲ့ ရာစုနှစ် ” လို့ ခေါ်ဆိုခဲ့ကြပါတယ်။ နိုင်ငံတစ်ဝှမ်း အစ္စလာမ်မစ်တွေ ပုန်ကန်ထကြွတာနဲ့ တိုင်ပေတော်လှန်ရေးကြောင့် တရုတ်အီလိုက်တွေရဲ့ စိတ်တွင်းမှာ နိုင်ငံခြားဘာသာတရားကို ကြောက်ရွံ့တဲ့စိတ်တွေသာ ပိုပြီး အမြစ်တွယ်လာခဲ့ပါတယ်။

မကြာသေးတဲ့ နှစ်တွေအတွင်း အစ္စလာမ်ဘာသာဝင်တွေဟာ ခရစ်ယာန်တွေထက်ပိုပြီး တရုတ်အစိုးရရဲ့ ပစ်မှတ်ထား တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ ဒီလိုတိုက်ခိုက်ခံရတဲ့အကြောင်းကတော့ ဝီဂါမျိုးနွယ်စုတွေလို တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ ပိုပြီးနီးစပ်တဲ့ အတွက်ကြောင့်ပါ။ ရှင်ကျန်းပြည်နယ် အနောက်ပိုင်းဒေသမှာဆိုရင် ဝီဂါမွတ်ဆလင်တွေအပေါ် တရုတ်အစိုးရက လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခဲ့ပါတယ်။ ဝီဂါမွတ်ဆလင်တွေရဲ့ လူမျိုးရေး နဲ့ ဘာသာရေး ဝိသေသ လက္ခဏာတွေကို ဖျက်ဆီးဖို့ ရည်ရွယ်ထားတဲ့ ပြန်လည်ပညာပေးရေး စခန်းတွေမှာ အနည်းဆုံးလူ တစ်သန်းနီးပါးကို တရုတ်အစိုးရက ပိတ်လှောင်ထားပါတယ်။ ( အမျိုးသမီးတွေ အပေါ် အုပ်စုဖွဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်) တရုတ်အလယ်ပိုင်းဒေသက Hui မျိုးနွယ်လို အခြား မွတ်ဆလင်အုပ်စုတွေရဲ့ ယုံကြည်မှုအပေါ် ပိုပြီးကန့်သတ်တာတွေ လုပ်ဆောင်နေပါတယ်။

အန္တိမ ရည်မှန်းချက်ကတော့ ဘယ်လို ဘာသာရေး ၊ လူမျိုးရေး အမှတ်အသားတွေကိုမဆို ဖြုတ်ချ ၊ ဖျက်ချပစ်ဖို့ပါပဲ။ ဒီလိုမှ လုပ်မထားရင်လည်း တချိန်ချိန်မှာ တရုတ်ကွန်မြူနစ်ပါတီကို စိန်ခေါ်မှုတရပ် ဖြစ်လာနိုင်ပါတယ်။ ဘာသာရေး အတွေးအခေါ်က ပါတီအတွေးအခေါ်ကို လွှမ်းမိုးနိုင်တဲ့အတွက် ဘာသာရေးကို တရုတ်ကွန်မြူနစ်ပါတီက ပိုပြီးကြောက်လန့်နေပါတယ်။ အထူးသဖြင့် တိဘက် နဲ့ ဝီဂါလို ခွဲထွက်ရေးအမျိုးသားရေးဝါဒ ကြီးထွားလာတဲ့အခါ ပါတီအတွေးအခေါ်နဲ့ ဝေးအောင်လုပ်နိုင်တယ်လို့ ယူဆလာကြပါတယ်။

ခရစ်ယာန်ကတော့ အဓိကပါပဲ။ ပါတီဝင် သန်း ၉၀ ကျော်ရှိချိန်မှာ ခရစ်ယာန်ဘာသာဝင် သန်း ၁၀၀ ကျော် ရှိနေပါတယ်။ လာမယ့် ၂၀၃၀ အတွင်း တရုတ်နိုင်ငံမှာ ခရစ်ယာန် အရေအတွက် သန်း ၂၅၀ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယုံကြည်ချက်ခြင်းမတူတဲ့ ကက်သလစ် နဲ့ ပရိုတက်စတင့်တွေအကြား စည်းလုံးညီညွှတ်မှုကို ဖြစ်စေတဲ့ အရာအားလုံးက တရုတ်ကွန်မြူနစ်ပါတီကို ခြောက်လှန့်နေပါတယ်။

တရုတ်ကွန်မြူနစ်ခေါင်းဆောင်တွေဟာ ဆိုဗီယက်ယူနီယံ ပြိုကွဲရခြင်းအကြောင်းကို နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့ပြီး ကက်သလစ် နဲ့ ပရိုတက်စတင့် ယုံကြည်မှု ၂ မျိုးစလုံးက အရှေ့ဥရောပမှာ ကွန်မြူနစ်ဝါဒကို ပြိုကွဲစေခဲ့တဲ့ အခန်းကဏ္ဍတခု ဖြစ်ခဲ့တယ်ဆိုတာ နားလည်ထားပြီး ဖြစ်ပါတယ်။

ပိုပြီးဂရုစိုက်ရမှာက ဆိုရှယ်လစ်တန်ဖိုး ဖြစ်တဲ့အတွက် တရုတ်ခေါင်းဆောင်တွေ ခရစ်ယာန်ဘာသာဝင်တွေကို ကြောက်ရွံ့တဲ့အကြောင်းက အံ့သြစရာတော့လည်း မဟုတ်ပါဘူး။

အကြွင်းမဲ့ အာဏာရှင်စနစ်ကို ခုခံတွန်းလှန်တဲ့နေရာမှာ ဘာသာရေးက အရင်းအမြစ်တခုအဖြစ် ရှိနေဆဲပါ။

ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေအနေနဲ့ ဖြစ်လာမယ့် အကျိုးဆက်တွေကို ထိတ်လန့်တဲ့အတွက် ပါတီနဲ့ ထိပ်တိုက်မတွေ့အောင် ရှောင်လေ့ရှိပြီး အလျှော့ပေးလိုက်လျောဖို့ ဆန္ဒရှိကြပါတယ်။

Ref: Foreign Policy
Photo-EPRC

Author

  • thanlwinkhet
    thanlwinkhet

    View all posts
featured features
Share. Facebook Twitter WhatsApp
Previous ArticleNUG ဝန်ကြီးများကို စာရင်းစစ်ချုပ် ငွေစာရင်းစိစစ်နေ
Next Article KNDF နှင့် မဟာမိတ်တပ်များ သုံးလအတွင်းပူးပေါင်း တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၅ ဦးသေဆုံး
thanlwinkhet
  • Website

Related Posts

လားရှိုးကနေ MNDAA ဘာကြောင့် ဆုတ်ခွာခဲ့ရသလဲဆိုတာ

June 8, 2025

တရုတ်အမြတ်ထွက်တဲ့ စစ်ကောင်စီရွေးကောက်ပွဲ

May 25, 2025

သဘာဝဘေးနဲ့ လူလုပ်ဒုက္ခသံသရာကြီးထဲက မြန်မာနိုင်ငံ

May 18, 2025

Leave A Reply Cancel Reply

Recent Posts

  • ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်သို့ နှစ်ပတ် တစ်ကြိမ်ခန့် စစ်ကောင်စီက အင်အားဖြည့်
  • ဖားကန့်ရှိ ယမ်းဂိုဒေါင်များ ထပ်မံပေါက်ကွဲမည်ကို ဒေသခံများစိုးရိမ်နေ
  • ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသူ ၄၃ ဦးအား ပြန်ပို့
  • ဒေသခံ ၆၀၀၀ ကျော်ကို ကျေးရွာမှ ထွက်ခွာရန် ပအိုးဝ်ပြည်သူ့စစ် ဖိအားပေး
  • သံတွဲ နေရာ သုံးခုကို စစ်ကောင်စီ ဗုံးကြဲ၍ စစ်ဘေးရှောင်များ ထိခိုက်‌သေဆုံး

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်သို့ နှစ်ပတ် တစ်ကြိမ်ခန့် စစ်ကောင်စီက အင်အားဖြည့်

ဖားကန့်ရှိ ယမ်းဂိုဒေါင်များ ထပ်မံပေါက်ကွဲမည်ကို ဒေသခံများစိုးရိမ်နေ

ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသူ ၄၃ ဦးအား ပြန်ပို့

ဒေသခံ ၆၀၀၀ ကျော်ကို ကျေးရွာမှ ထွက်ခွာရန် ပအိုးဝ်ပြည်သူ့စစ် ဖိအားပေး

ယခင်သတင်းများ

  • June 2025
  • May 2025
  • April 2025
  • March 2025
  • February 2025
  • January 2025
  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Business
  • Podcast
  • Radio
  • Uncategorized
  • ကျားဖြန့်
  • ကွပ်ပျစ်စကားဝိုင်း
  • ငလျင်သတင်း
  • စီးပွားရေးသတင်း
  • ဆုတောင်းစကား
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပင်မစာမျက်နှာ
  • ပြည်တွင်းသတင်း
  • ပြည်ပသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မီးလောင်မှုသတင်း
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • သဘာဝပတ်ဝန်းကျင်
  • အင်တာဗျူး
  • အားကစား
လူဖတ်အများဆုံး သတင်းများ

ကျောက်ဖြူ ဓညဝတီ ရေတပ်ဌာနချုပ်သို့ နှစ်ပတ် တစ်ကြိမ်ခန့် စစ်ကောင်စီက အင်အားဖြည့်

June 9, 2025

ဖားကန့်ရှိ ယမ်းဂိုဒေါင်များ ထပ်မံပေါက်ကွဲမည်ကို ဒေသခံများစိုးရိမ်နေ

June 9, 2025

ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လုပ်ကိုင်နေသူ ၄၃ ဦးအား ပြန်ပို့

June 9, 2025

ဒေသခံ ၆၀၀၀ ကျော်ကို ကျေးရွာမှ ထွက်ခွာရန် ပအိုးဝ်ပြည်သူ့စစ် ဖိအားပေး

June 9, 2025

သံတွဲ နေရာ သုံးခုကို စစ်ကောင်စီ ဗုံးကြဲ၍ စစ်ဘေးရှောင်များ ထိခိုက်‌သေဆုံး

June 8, 2025

လားရှိုးကနေ MNDAA ဘာကြောင့် ဆုတ်ခွာခဲ့ရသလဲဆိုတာ

June 8, 2025
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.